လုရှန်း အစကတော့ မသွားချင်ပေမဲ့လည်း အရင်က ငွေတစ်ထောင်မျက်နှာကြောင့် သွားဖို့ဆုံးဖြတ်ထားသည်။
ဟောင်ရန်မြို့ရဲ့ အကြီးဆုံးစားသောက်ဆိုင်ဖြစ်သော တန်ရှန်စားသောက်ဆိုင်၌။
လုရှန်းနဲ့ ချုစစ်ဟန်တို့က တစ်ယောက်ကိုတစ်ယောက် ခဏလောက် စိုက်ကြည့်ပြီး ”သခင်လေး ဘာလို့ ကျွန်မနဲ့ တွေ့ချင်တာလဲ?”
ချုစစ်ဟန် ခေါင်းအနည်းငယ်မော့ပြီး ပြတင်းပေါက်ကိုကြည့်နေ၏။
ဘေးနား တိတ်တဆိတ်ရပ်နေတဲ့ ချုယွမ် ခေါင်းညိတ်တယ်။ ထို့နောက် ပြတင်းပေါက်ကို တွန်းဖွင့်လိုက်၏။
ချက်ချင်းဆိုသလို အနက်ရောင်ပုံရိပ် တခြားခေါင်မိုးဆီ ပျံတက်သွား၏။
ချုယွမ် ပြတင်းပေါက်က ခုန်ဆင်းပြီး သူတို့နောက်သို့ လိုက်သွားတော့သည်။
လုရှန်း ဂရုမစိုက်ဘဲ တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းစူ၏။
ချူဆီဟန်ကို ကာကွယ်ဖို့ သူတို့ဒီမှာရှိနေသည်ဟု သူမ ထင်ခဲ့တယ်။ သူမတို့ကို စောင့်ကြည့်တာလို့ သူမ မမျှော်လင့်ထားဘူး။
“မနက်ဖြန်ကျရင် လင်းဂျန်အိမ်တော်ကို ပြန်မှာ။ ဒါကိုယူထား။”
ချုစစ်ဟန် သူမရှေ့ ကျောက်စိမ်းဆွဲသီးကို ချလိုက်တယ်။ လုရှန်း ကျောက်စိမ်းဆွဲသီးကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့သွား၏။
“ဒါကို ဘာလို့ပေးတာလဲ?”
“ဒီကျောက်စိမ်းဆွဲသီးကို ယူထား။ ပြဿနာတစ်ခုခုကြုံရရင် မက်မွန်ဉယျာဉ်စာအုပ်ဆိုင်က စားသောက်ဆိုင် ပိုင်ရှင်ကို မင်းရှာနိုင်တယ်။ လူသတ်မှုနဲ့ မီးရှို့မှုကလွဲရင် ဘယ်အရာမဆို မင်းကို ကူညီပေးနိုင်တယ်။”
“ကျွန်မအတွက် အန္တာရယ်မရှိဘူး။” လုရှန်း ကျောက်စိမ်းဆွဲသီးကို နောက်သို့ တွန်းလိုက်ပြီး ပြုံး၏။
“တရားသူကြီးချု ရှင့်ကို ကယ်တင်နိုင်တဲ့သူက ကိုယ်ပိုင်ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးလို့ ထင်နေတာလား။”
ချုစစ်ဟန် ခဏမျှ တိတ်ဆိတ်သွား၏။ နောက်တော့ ရုတ်တရက် ရယ်မောတယ်။
သူမ မလိုချင်တာကြောင့် သူ သူမကို အတင်းအကြပ် မပေးတော့။ ချုစစ်ဟန် ကျောက်စိမ်းဆွဲသီးကို သိမ်းဆည်းပြီးနောက် “ဒါဆို စားကြရအောင်။”
သူ ဘာမှလုပ်ဖို့ မရည်ရွယ်ပါဘူး။ ဟောင်ရန်မြို့က မထွက်ခွာခင် သူမနဲ့ ကောင်းမွန်တဲ့နှုတ်ဆက် နေ့လည်စာ စားချင်ရုံတင်။
စားပွဲဝိုင်းတွင် အရသာရှိတဲ့ ဟင်းပန်းကန်များနဲ့ ပြည့်နေ၏။ လုရှန်း ဒီလို ဇိမ်ခံအစားအစာကို သူမဘဝတွင် ဒုတိယအကြိမ်တွေ့ဖူးတာဖြစ်တယ်။
ပထမအကြိမ်မှာ ချုစစ်ဟန်ရဲ့ ဧည့်ခံမှုဖြစ်တယ်။ ဒုတိယ အကြိမ်မှာလည်း သူဧည့်ခံတာ ဖြစ်ပေသည်။
တန်ရှန်စားသောက်ဆိုင်တွင် ကျွေးတဲ့ ဟင်းလျာတွေက ဈေးမကြီးဘူး။ သာမန်ဟင်းပွဲ ၁ ပွဲ၊ အစိမ်းရောင် အသီးအရွက်များပင်လျှင် ငွေတုံး ၁ တုံးကုန်ကျတယ်။
အနည်းဆုံး ငွေ ၁၀၀ မပါပဲ လာစားလို့ မရနိုင်ဘူး။
ဘယ်လောက်တောင် ဖြုန်းတီးလိုက်သလဲ?
လုရှန်း သူမရဲ့ နှလုံးသားထဲ ဆူပူကြိမ်းမောင်းနေပေမဲ့လည်း သူမရဲ့ လက်ကတော့ အသားပန်းကန်ကို လှမ်းနေတာ သတိမပြုခဲ့ပါ။
ချုစစ်ဟန် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းပါးဖန်ခွက်ထဲက ဝိုင်သောက်ဖို့ ခေါင်းမငုံ့ခင် သူ့နှုတ်ခမ်းတွေက အပြုံးတခုပေါ်လာ၏။
လုရှန်း ဝိုင်သောက်ပြီး စားပွဲပေါ်ချလိုက်ကာ မျက်မှောင်ကြုံ့ပြီး ဝေဖန်တယ်။ “မလုံလောက်ဘူး။”
ချုစစ်ဟန် ဒီအသံကိုကြားချိန် တူဖြင့် လှုပ်ရှားနေသည့် သူ့လက်ချောင်းများ ရပ်တန့်သွားတယ်။ သူ လုရှန်း ကိုကြည့်ပြီး “မင်းရဲ့ လေယူလေသိမ်းက ဟောင်ရန်မြို့ရဲ့ လေယူလေသိမ်းနဲ့ မတူဘူး။ အဲဒီအစား၊ မြို့တော်ကလူတစ်ယောက်နဲ့ ပိုတူတယ်။”
ဉာဏ်ရည်ထက်မြက်သည့် ချုစစ်ဟန်သည် သိတက်စ အရွယ်တည်းက မြို့တော်တွင် ကျောင်းတက်ခဲ့သည်။ သူ မြို့တော်ကလူများရဲ့ လေယူလေသိမ်းကို သဘာဝကျကျ နားလည်သဘောပေါက်သည်။
“ဘာလို့လဲ? ဟောင်ရန်မြို့က လူတွေလည်း မြို့တော်ရဲ့ လေယူလေသိမ်းအတိုင်း ပြောလို့ မရဘူးလား?”
သူမရဲ့ သဘောထားကို လျစ်လျူရှုကာ ချုစစ်ဟန်က “မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ မင်း ငယ်ငယ်ကတည်းက ဟောင်ရန်မြို့မှာ နေထိုင်ခဲ့တာပဲလေ။ မင်းဘာလို့ မြို့တော်ရဲ့ လေယူလေသိမ်းအတိုင်း ပြောနိုင်သလဲဆိုတာ ငါအရမ်းသိချင်တယ်။”
“အဲဒါက ဘာအခက်အခဲရှိလို့လဲ” လုရှန်း မျက်ခုံးပင့်တင်လိုက်တယ်။ “လေ့လာချင်သရွေ့တော့ သင်ယူလို့ မရနိုင်တာ ဘာမှမရှိဘူး။ ဂျာဗားစကား ဘယ်လိုပြောရမှန်းတောင် သိတယ်။ ယုံလားတော့မသိဘူး?”
ချုစစ်ဟန် မျက်တောင်တဖျပ်ဖျပ်ဖြင့် ရူပ်ထွေးသွားကာ မေး၏။ “အဲ့ ဂျာဗားက ဘယ်မှာလဲ?”
လုရှန်း စကားမပြောနိုင် ဖြစ်သွားတော့သည်။
သူမ ချောင်းဟန့်ပြီး ” ကျွန်မ အဓိပ္ပါယ်မရှိတာ လျှောက်ပြောနေတာ။”
“အိုး။”
သူတို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားပြန်၏။
အခန်းတွင်းလေထု ပိုဆိုးလာချိန် ချုယွမ် ပြန်ရောက်လာတယ်။
သူ့ကို နှုတ်ဆက်ပြီးနောက် ချုစစ်ဟန်ရဲ့ နားထဲသို့ တိုးတိုးလေးမပြောခင် ချုယွမ် လက်ဖက်ရည်အနည်းငယ်သောက်၏။
လုရှန်း ‘သခင်နဲ့ အစေခံ’ ကို တချက်ကြည့်ကာ စကားမပြောပါ။
သူတို့ပြောနေတာ ကြားနိုင်တယ်ဆိုတာကို သူမ မပြောပြချင်ဘူး။ သူများရဲ့ ကိုယ်ရေးကိုယ်တာကိစ္စထဲ ဝင်မပါချင်ပါ။ သူမရဲ့ အကြားစွမ်းရည် အရမ်းကောင်းတာကိုလည်း အပြစ်တင်လို့ မရပြန်ဘူး။
ချုစစ်ဟန်က ‘သူတို့နှစ်ယောက်ဟာ ချုစစ်လင်းရဲ့ လူ မဟုတ်ဘူးလို့ ပြောခဲ့သည်။’ သူတို့က တခြားတဖက်က ဖြစ်ပုံပေါ်သည်။ ဘယ်က လာသလဲဆိုတာ သူတို့မသိရသေး။