Switch Mode

Chapter 52 – စာတစ်စောင်ပို့ခြင်း။

စာတစ်စောင်ပို့ခြင်း။

ချုစစ်ဟန် လုရှန်းကို မတွေ့တာ တစ်လခွဲလောက် ကြာခဲ့ပြီ။

ကန်းအိမ်တော်၏ စည်းစိမ်ဥစ္စာများကို သတင်းပို့ပြီးနောက် သူ လမ်းပေါ် “စျေးဝယ်” ထွက်ခဲ့သည်။ ကံမကောင်းတာက ၁လခွဲ အကြာ ဈေးဝယ်ထွက်ပြီးနောက် သူ လုရှန်းကို ဘယ်နေရာမှာမှ မတွေ့ရသေးပေ။

လင်းဂျန်အိမ်တော်ကို ပြန်ခါနီးဆဲဆဲ သူမကို တွေ့ခဲ့သည်။

ချုစစ်လင်းသည် သူ့ကို အနီးကပ် စောင့်ကြည့်နေပြီး သူ လုမိသားစုအိမ် ရူးသွပ်စွာသွားနေရင် လုရှန်း ပြသာနာဖြစ်မိမှာ စိုးမိ ခဲ့သည်။ ချုစစ်လင်းကြောင့် မဟုတ်ရင် သူ သူမဆီ သွားလည်တာ ကြာပြီ။

ဘယ်လောက်တောင် စိတ်ပျက်ဖို့ ကောင်းလိုက်သလဲ?

မကြာသေးခင်က ဒီမိန်းကလေး ဘာလုပ်နေသလဲ သူ မသိပါ။

ချုယွမ်သည် မကြာသေးခင်က သူ့သခင် ထူးထူးဆန်းဆန်းပြုမူနေတာ ခံစားမိ၏။

မနက်မိုးလင်းတိုင်း လမ်းတွေပေါ်ထွက်ပြီး နေ့တစ်ဝက်လောက် ဈေးဝယ်ထွက်လေ့ရှိတယ်။

သူ့သခင် ဘာလုပ်ချင်မှန်း မသိသလို ထပ်မေးလို့လည်း မရဘူး။ သူ နေ့တိုင်း သူ့သခင် အနောက်သို့ လိုက်ပါခဲ့သည်။

“သခင် ကျွန်တော်တို့ မနက်ဖြန်၊ သဘက်ခါ လင်းဂျန်အိမ်တော်ကို ပြန်ကြမယ်။ မပြီးသေးတဲ့ အလုပ်တွေရှိသေးလား?”

ချုယွမ် ဒီအကြောင်းကို တွေးပြီး ဂရုတစိုက်မေးရုံသာ တတ်နိုင်လေသည်။

သူတို့ နေ့တိုင်း ဒီလိုဈေးဝယ်ထွက်လို့ မရဘူး!

ချုစစ်ဟန် ဒီစကားကိုကြားချိန်တွင် ခြေလှမ်းများ ရပ်တန့်ပြီး ချုယွမ်ဘက်လှည့်ကာ “မင်း ငါ့အတွက် မိန်းကလေးလုဆီ ဘာလို့ စာသွားမပို့ပေးတာလဲ?”

ချုယွမ် နောက်ဆုံးတော့ သူ့သခင် ဘာတွေတွေးနေသလဲဆိုတာကို သိလိုက်တော့သည်။

သူ့သခင်က မိန်းကလေးလုကို လိုက်ရှာနေတာ။

“သခင် မိန်းကလေးလုကို လွမ်းနေရင် ဘာလို့ကိုယ်တိုင် သွားမရှာသလဲ?”

သူ့သခင်က ဘယ်တုန်းက မိန်းမလို တောင့်တောင့်ကြီး ဖြစ်သွားတာလဲ?

“ငါ သွားချင်တယ်၊ ဒါပေမယ့် ချုစစ်လင်းရဲ့ လူတွေ အနီးကပ်လိုက်နေတာလေ။ ငါတို့ ၂ ရက်အတွင်း ထွက်ကြမှာ သူမဆီ မလိုလားအပ်တဲ့ ဒုက္ခတွေ ပေးမိမှာ စိုးတယ်။”

သူ့ဘေးမှာ မရှိရင် ဘယ်သူမှ သူမကို ကာကွယ်မပေးမှာကို စိုးတယ်? ဆိုတော့ကား သခင်က မိန်ကလေးလုအတွက် စဉ်းစားပေးနေတာပေါ့?

သို့ပေမဲ့ မိန်းကလေးလုရဲ့ စွမ်းဆောင်ရည်နဲ့ဆိုရင် ဘယ်သူက သူမကို စော်ကားရဲမှာလဲ?

ချုစစ်လင်းရဲ့ ဒဏ်ရာက သူမကြောင့် မဟုတ်ဘူးလား?”

ချုယွမ် သူရဲ့သခင်က အလွန်အမင်း စိုးရိမ်လွန်နေတာ ခံစားမိသည်။ သို့သော် သူ့သခင်ရဲ့ အမိန့်ကို မနာခံလို့လည်းမရပါပေ။

“အမိန့်တော်အတိုင်းလိုက်နာပါ့မယ် သခင်!”

ချုစစ်ဟန် ခေါင်းညိတ်ပြပြီး စာရေးရန် အိမ်ကို ပြန်လာခဲ့သည်။ ထို့နောက် ချုယွမ်ကို သွားပေးရန် ပေးလိုက်တယ်။

ချုယွမ် လုမိသားစုသို့ ရောက်ချိန်တွင် ကြီးမားသောကွာခြားချက်ကို နားလည်သွားတယ်။

အုတ်တံတိုင်းသည် အရင်နဲ့ မတူတော့ဘဲ အုတ်တံတိုင်းကြီးတစ်ခု ဖြစ်နေပြီ။ တံခါးသည်လည်း ထင်းခွဲသားဖြင့် ပြုလုပ်ထားခြင်း မဟုတ်တော့ဘဲ ထူထဲသော သစ်သားတံခါးဖြစ်နေ၏။

ချုယွမ် လမ်းမှားလာသလားဟု သံသယစိတ်ဖြင့် ခြေလှမ်းများ ပြင်လိုက်သေးသည်။ ဘေးအိမ်က မြင်ကွင်းသည်  နောက်ဆုံးတစ်ခေါက် သူရောက်ဖူးတာနဲ့ အတူတူဖြစ်နေတာကို တွေ့လိုက်ရ၏။

နောက်တော့ ချုယွမ်ရှေ့ကို လျှောက်လာပြီး တံခါးခေါက်လိုက်တယ်။

“လာပြီ။”

တံခါးဝမှ မိန်းကလေး တစ်ယောက်ရဲ့ ပြတ်သားသောအသံ ထွက်ပေါ်လာ၏။

ခဏအကြာတွင် တံခါးပွင့်လာ၏။

ရွံ့တွေပေနေတဲ့လုရှန်း တံခါးနားတွင် ရပ်နေ၏။

ချုယွမ် သူမကို ကြည့်လိုက်ပြီး “မင်း..  ရွှံ့တွင်းထဲ လဲကျလာတာလား?”

“စောစောကမှ လယ်ထဲက ပြန်လာတာ။”

လုရှန်း စိတ်မချမ်းသာစွာနဲ့ ပြန်ဖြေ၏။ သူမ မှီရင်း ကြည့်လိုက်ချိန်တွင် မြင်းတစ်ကောင်သာ မြင်မိသည်။

အဲလူ မပါလာဘူးထင်တယ်။

“ဘာလို့ ဒီရောက်နေတာလဲ။?”

“စာလာပို့တာ။” ချုယွမ် အတွင်းပတ်ဝန်းကျင်ကို စူးစမ်းလိုသောကြောင့် ဝင်ရောက်ကြည့်ရှု့လိုက်တယ်။

ဥယျာဉ်ထဲ မမြင်ဖူးတဲ့ အပင်တွေ ရှိနေ၏။ သို့သော် အိမ်ကတော့ အရင်အတိုင်းဖြစ်သည်။

ခြံရဲ့ တစ်ဖက်တွင် လက်ကျန်အုတ်ခဲများ ရှိ၏။

“စာဘယ်မှာလဲ?”

“ဒီမှာ။”

ချုယွမ် သူ့ရင်ဘတ်ထဲက စာကို ထုတ်လိုက်၏။

လုရှန်း စာကိုယူလိုက်တယ်။ စာအိတ်ကို ဆုတ်ဖြဲပြီး စာကို ထုတ်လိုက်သည်။

ချုယွမ်လည်း စူးစမ်းချင်စိတ်ကြောင့် အကြောင်းအရာကို ကြည့်ပေမဲ့ လုရှန်း ရှောင်လိုက်သည်။

ချုယွမ် အပြစ်ရှိတဲ့ စိတ်ကြောင့် နှာခေါင်းကုတ်လိုက်တော့သည်။

ချုစစ်ဟန် စာထဲမှာ တခြားဘာမှမရေးထားဘူး။ လင်းဂျန်အိမ်တော်ဆီ ၂ ရက်အတွင်း ပြန်မယ်ဆိုသည့် အကြောင်းနှင့်     သူမပြန်ခင် သူမနဲ့ တွေ့ဖို့မျှော်လင့်ကြောင်း ရေးသားထားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset