ဟောင်ရန်မြို့က ရွာသူရွာသားများက အစပ်အစားအစာတွေ မစားကြပေ။ သူတို့ရဲ့ ဟင်းလျာတွေက အရသာပေါ့လွန်းသည်။
ဒီမင်းဆက်မှာ ငရုတ်သီးမရှိသေးဘူးထင်သည်။ ဒီနေရာရဲ့ ပတ်ဝန်းကျင်နဲ့ လူနေမှုပုံစံက စုန့်မင်းဆက်ရဲ့ ဂျန်နန်ပြည်နယ်နဲ့ ဆင်တူသည်။
သို့သော် စုန့်မင်းဆက်နဲ့ ကွဲပြားသည်။
သူမ၏ ဆရာက မတွေ့ဖူး မမြင်ဖူးတဲ့ အရာတွေ အများကြီးရှိတယ်လို့ မကြာခဏ ပြောခဲ့ဖူးသည်။ ဥပမာအားဖြင့်၊ အချို့သောမင်းဆက်တွေက အရင် ထွန်းကားခဲ့ပေမဲ့ အရေးမပါလွန်းတာမို့ အလွယ်တကူ လျစ်လျူရှုခံခဲ့ရသည်။
လုရှန်း အရင်ဘဝက ခြံဝန်းထဲ ငရုတ်သီးအနည်းငယ်ကို စိုက်ထားပေမဲ့ အသီးမသီးသေးပေ။
သူမက အာကာသလက်ကောက်တွင် အစားအစာများစွာ ကျန်ရှိနေသေးသော်ငြား ကလေးနှစ်ယောက် စားဖို့အဆင်မပြေမှာစိုး၍ ငရုတ်သီးမထည့်ရဲချေ။
သို့သော် ဒီနေ့ရေချိုကျောက်ပုစွန်ထဲ အစပ်နည်းနည်းထည့်ထားတယ်။
“ဒုတိယအစ်မ၊ အနံ့အရမ်းကောင်းတယ်။”
လုရှင်းမှာ ကျောက်ပုစွန်ပန်းကန်လုံးကြီးကို ငုံ့ကြည့်လိုက်သည်။
လုရှန်းကို အခွံနွှာပြီး ကျွေးလိုက်သည်။
သူတို့ စပ်မှာကို လုရှန်းစိုးနေမိသော်ငြား သူတို့လေးတွေ ဘာမှမပြောချေ။
သူ့ညီမငယ် ထမင်းစားနေသည်ကို ကြည့်ရင်း လုဂျန်လည်း ကောက်ကိုင်ပြီး လုရှန်းလို အခွံ့နွှာကာ ပါးစပ်ထဲထည့်လိုက်သည်။ လုဂျန် ချက်ချင်းပင် မယုံကြည်နိုင်စွာ မျက်လုံးဝိုင်းစက်သွားလေသည်။
“ဒုတိယအစ်မ အရသာရှိလိုက်တာ!”
လုရှန်း ရယ်မောရင်းဖြင့် “အရသာရှိရင် များများစား။ မင်းမျက်လုံးတွေကို လက်နဲ့မသုတ်နဲ့ ဟုတ်ပြီလား။”
“နားလည်ပြီ!”
လုရှန်း ပြုံးပြီး လုရှင်းကို လှမ်းကြည့်လိုက်သည်။ သူမရဲ့ ပါးစပ်ထဲ ထည့်ဖို့လည်း မမေ့ချေ။
လုရှန်း အစားအသောက်ကို ပျော်ပျော်ပါးပါး စားသောက်နေစဉ် သူမနဲ့ ပတ်သက်တဲ့ ကောလာဟလများ တောမီးကဲ့သို့ ပျံ့နှံ့သွားသည်ကို အဒေါ်ယုက လာမပြောခင်အထိ မသိခဲ့ပေ။
သွမ့်မိသားစုက လုရှန်းတံတိုင်းဆောက်ရန် အုတ်များဝယ်ပြီး ရေကန်တူးရန် တစ်စုံတစ်ဦးကိုပင် ငှားရမ်းခဲ့ကြောင်း တွေ့ရှိခဲ့သည်။
သွမ့်မိသားစုက သူမက မြို့ထဲရှိ သခင်ငယ်ရဲ့ ကိုယ်လုပ်တော်ဖြစ်အောင် ပြင်ဆင်နေတယ်လို့ပြောခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ်ကို ရောင်းစားပြီး ဝင်ငွေရခဲ့တယ်လို့လည်း ပြောခဲ့လေသည်။
သွမ့်ကျန်း အခုရွာမှာ မရှိသောကြောင့် ဒီလိုပြောတဲ့သူက သူမဟုတ်ချေ။ သွမ့်မိသားစု လိမ်နေတာဖြစ်ရမည်။
သို့သော် လုရှန်း သိပ်စိတ်မ၀င်စားမိချေ။
ပညာရှိတဲ့သူက ကောလဟာလကို မယုံတတ်ဘူးလေ။
သူမရဲ့ တုံ့ပြန်မှု ကင်းမဲ့နေတာကို ကြည့်ရင်းဖြင့် အဒေါ်ယု ပိုသက်တောင့်သက်သာ ဖြစ်သွားမိသည်။
လုရှန်း ဒီသတင်းကြားလို့ မိုက်မဲတာတစ်ခုခုလုပ်မှာကို စိုးမိခဲ့သည်။ ဂုဏ်သတင်းတစ်ခုသည် မိန်းကလေးတစ်ယောက်အတွက် အရမ်းအရေးကြီးသည်။
လုရှန်းမှာ သွမ့်ကျန်းနဲ့ စေ့စပ်ကြောင်းလမ်းမှုကို မလုပ်တော့သော်လည်း အခြားသူအမြင်မှာ သူမရဲ့ ဂုဏ်သိက္ခာပျက်စီးနေပြီလို့ ထင်နေကြသည်။
ထပ်ပေါင်းပြောရရင် လုရှန်း ပျောက်ကွယ်သွားပြီး ပြန်ရောက်လာပြီး နောက်ပိုင်းတည်းက ခရိုင်တရားသူကြီးနဲ့ ချူမိသားစုတို့မှ တစ်စုံတစ်ယောက်ထပ် လာရောက်ခြင်းမရှိတော့ချေ။
ချုမိသားစုက လုရှန်းကို လက်ထပ်တော့မည်မဟုတ်ဟု ရွာရှိလူတိုင်းက တိတ်တဆိတ်သဘောတူခဲ့ကြတယ်။
သူတို့ မျက်နှာပေါ်မှာ ဘယ်သူမှ ဘာမှ မပြောကြပေမဲ့ ထမင်းစားပြီးရင် ဆွေးနွေးတဲ့ ခေါင်းစဉ်အဖြစ် တိတ်တဆိတ် သဘောထားခဲ့ကြသည်။
အဒေါ်ယု နှစ်သိမ့်ပေး၏။ “အရမ်းအတွေးမလွန်နဲ့။ သူတို့လိုချင်တာကို ပြောနိုင်တယ်။ အဒေါ်တို့က အပြစ်ကင်းတာပဲ။ အဒေါ်တို့ သူတို့ကို မကြောက်ဘူး။”
လုရှန်း ပြုံးပြီး ခေါင်းညိတ်တယ်။ “ကျေးဇူးတင်ပါတယ် အဒေါ်ယု။ စိတ်မပူနဲ့၊ ကျွန်မစိတ်မဆိုးဘူး။”
“အဲဒါကောင်းတယ်!” အဒေါ်ယု ခေါင်းညိတ်လိုက်သည်။ “သမီးရဲ့ အစ်ကိုလျန်နဲ့ ချွေးမက လယ်ထဲ သွားကြတယ်။ အားယွမ်က အိမ်မှာတစ်ယောက်တည်း။ အဒေါ် ပြန်မှရမယ်။”
“အဒေါ် … ခဏ။”
လုရှန်း ကျောက်ပုစွန်ပန်းကန်လုံးကို ယူပြီး “ဒါလေးမြည်းကြည့်ပါအုန်း။ ကျွန်မရဲ့ ကျောက်ပုစွန်တွေပါ။”
“?” အဒေါ်ယု မျက်မှောင်ကြုံ့ပြီး “ဒါ ဘာကြီးလဲ? နာမည်က ထူးဆန်းသလို ကြည့်ရတာလည်း ထူးဆန်းပါတယ်။ စားလို့ရလား?”
“ဟုတ်!”လုရှန်း ခေါင်းညိတ်ရင်းဖြင့် “အရသာရှိတယ်။”
သူမရဲ့ လေးနက်တဲ့ အမူအရာများကို မြင်သော်ငြား အဒေါ်ယု သံသယဝင်နေသေးသည်။
လုရှင်းနဲ့ လုဂျန်တို့ ဝံပုလွေလိုစားသောက်နေတာ မြင်တော့ အဒေါ်ယု လက်ခံလိုက်သည်။
“ဒါကို အဒေါ် ဘယ်လိုစားရမှာလဲ? ဒီအနီရောင်ပစ္စည်းတွေက ဘာလဲ?”
“ခေါင်းခွံ ဖယ်လိုက်။ ဒီအနီက ငရုတ်သီး။ အနည်းငယ်အရသာရှိတယ်။ နည်းနည်းပဲ ထည့်ထားတာ မစပ်ဘူး။”
အဒေါ်ယု လုရှန်းကို ကျေးဇူးတင်စကား ပြောပြီး ထွက်လာခဲ့သည်။