Switch Mode

အခန်း(၁၀၆)-နာလန်မျိုးနွယ်တွင် မခန့်မှန်းနိုင်သော ပွဲရှိသည်

ရှီမာယူယူ၏ ပါးနပ်စွာ မျက်နှာအမူအရာပြောင်းသွားခြင်းသည် ရှီမာလိုင်၏ အရိပ်အကဲသိသော မျက်လုံးအားရှောင်ရှားနိုင်ခြင်းမရှိခဲ့ပါ။ သူ သူမအားစိုက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည် “အခုထိဝန်မခံသေးဘူးလား”

အသက်မပါသော ရယ်သံနှစ်ခုကို ရှီမာယူယူဖျစ်ညစ်ရယ်လိုက်ပြီး ပြောလိုက်သည် “အဘိုး… အဘိုးက မျောက်ဝံနဲ့တိုက်ခိုက်နေတာလို့ပြောတယ်မလား၊ ဘယ်လိုလုပ်သမီးတို့ကို မြင်တာလဲ”

ရှီမာလိုင်သူမအား တည့်တိုးဖော်ထုတ်ခြင်းမရှိသည်ကို တွေးကာ သူမ ဝန်ခံခြင်းမပြုပေ။

“အမ်း… အဘိုး သမီးကိုမမြင်ဘူး ဒါပေမယ့် ကျူမျိုးနွယ်ကကောင်စုတ်လေးကိုမြင်လိုက်တာ၊ သူ့ဘေးက လူသုံးယောက်ကလည်း သမီးတို့အဆောင်ကပဲဖြစ်နိုင်တယ်လေ၊ သူတို့အကုန်လုံး အဲမှာရှိနေမှတော့ ဒီလူက မရှိပဲမနေဘူးလေ” ရှီမာလိုက်ပြောလိုက်သည် “အဘိုး တိုက်နေတယ်ဆိုပေမယ့် သူတို့ကို ကြိုကြားကြိုကြားမြင်လိုက်တာ”

ရှီမာလိုင်ပြောသည်ကို ကြားသည်နှင့် ရှီမာယူယူတိတ်တဆိတ် အသက်ရှုထုတ်လိုက်သည်။ အခုချိန်ထိ တောင်စောင်းမှာ ရှိနေသည်ဟု ခန့်မှန်းရုံသာရှိသေးသည်။ ရွှေမြွေအသီးခိုးသွားသူမှာ သူမဖြစ်သည်ကို အဘိုးသိသွားပါက ထိုအဖြစ်အပျက်တွင် ပါဝင်သူမိုရှားကိုပါ ဖုံးကွယ်၍ရမည်မဟုတ်ပေ။ ထို့အပြင် သူမ သင်ခန်းစာကောင်းကောင်းအပေးခံရမည်မှာ အသေအချာပင်။

ပြောရမည်ဆိုလျှင် ရွှေမြွေအသီးအား အသီးအတိုင်းသုံးမည်မဟုတ်ပါ။ ထိုအချိန်ရောက်လာလျှင် သူမဆေးဖော်၍ သူတို့အား တိုက်ရိုက် ဆေးအဖြစ်ကျွေးခြင်းအဖြစ် ဖြေရှင်းပြီးသားဖြစ်သွားမည်။

“ဟဲ ဟဲ အဘိုးက မျောက်ဝံကြောင့် ဒဏ်ရာရမှာကိုမကြောက်ဘူးလား” စိုးရမ်မှုများမြင့်တက်နေသော စိတ်သည် ရှီမာယူယူ၏ ခန္ဓာကိုယ်အား သက်သာမှုရစေသည်။

“နာလန်မျိုးနွယ်တွေ ကြုံရတဲ့ကိစ္စက သမီးတို့အုပ်စုကြောင့်မလား”

ထိုစကားသည် မေးခွန်းဖြစ်သော်လည်း ရှီမာလိုင်၏ အသံအနေအထားသည် အတည်ပြုနေသည့် သဘောရှိသည်။

ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “သူတို့ပူလွောင်တောင်တန်းကနေပြန်လာတာနဲ့ ကျွန်တော်တို့ဆီလာပြီး ပြဿနာရှာမယ်လို့ပြောတာကြားလို့ သူတို့တောင်မှာပဲဆက်နေရအောင်လုပ်လိုက်တာ၊ ဒါနဲ့ အဘိုး အခုသူတို့တွေဘယ်လိုနေလဲ”

“ဘယ်လိုဖြစ်ရမှာလဲ….သူတို့ခေါ်သွားတဲ့ ကိုယ်ရံတော်တစ်ဝက်နီးပါးကသေသွားပြီ၊ မသေတဲ့သူတွေကတော့ လူဖြစ်ရှုံးသွားတာပေါ့၊ နာလန်လန်က အခုလောလောဆယ်အသက်လုနေရပြီး နာလန်ဟီကတော့ လက်တစ်ဖက်ပြတ်သွားတယ်” နာလန်မျိုးနွယ်၏ ကံဆိုးမိုးမှောင်ကျရောက်မှုကို ပြောနေစဉ်အတွင်း ရှီမာလိုင်၏ မျက်နှာမှ ကျေနပ်မှုသည် ဖုံးဖိမရပေ။

“သူတို့နှစ်ယောက်က မသေဘူူးလား” ရှီမာယူယူ စိတ်ပျက်စွာပြောလိုက်သည်။

ရှီမာလိုင် ရှီမာယူယူအားကြည့်ကာ ပြောလိုက်သည် “ဒါက နာလန်မျိုးနွယ်အတွက် နစ်နာမှုကြီးပဲ၊ အနည်းဆုံးတော့ အခု သူတို့ အဘိုးတို့မျိုးနွယ်ကိုတိုက်ရိုက်လာမတိုက်ရဲဘူး”

“ဒါဆို အဲဒီဖွတ်ကျားအဘိုးကြီးကရော သူက ပြဿနာရှာဖို့ဘာလို့လာတာလဲ” ရှီမာယူယူနှုတ်ခမ်းစူလိုက်သည်။

သူမ မျှော်လင့်ထားသည့်အတိုင်း နာလန်ဟီသည် ပူလွောင်တောင်တန်းတွင် အသတ်ခံရပါက မျိုးနွယ်၏ ခေါင်းဆောင် ဆုံးရှုံးသွားပြီး နာလန်မျိုးနွယ်သည် ကစဉ့်ကလျားဖြစ်မည်ကို ရင်ဆိုင်ရမည်။ သို့သော် သူလက်တစ်ဖက်သာပြတ်မည်ဟု သူမထင်မထားပေ။

“သမီးရဲ့ အခုအတွေးကမမှားဘူးဆိုပေမယ့် ဒီဘက်မှာသူတို့နည်းနည်းအားနည်းတယ်ဆိုပေမယ့် တခြားတစ်ဖက်မှာ အားကောင်းတဲ့အချက်ရှိနိုင်တယ်” ရှီမာလိုင်သက်ပြင်းချလိုက်သည်။

“ဘာဖြစ်လို့လဲ” ရှီမာယူယူ ရှုပ်ထွေးစွာ ရှီမာလိုင်အားကြည့်လိုက်သည်။

“သမီး မြို့တော်ကထွက်သွားတဲ့အချိန်အတွင်းမှာ ဘယ်သူမှမသိလိုက်ချိန်မှာ နာလန်မျိုးနွယ်က အဂ္ဂိရတ်ဆရာတွေကို သူတို့အိမ်တော်ကို ဖိတ်တယ်၊ သူက အဂ္ဂိရတ်ပညာ အဆင့်နှစ်လို့ ပြောနေတဲ့ ကောလဟလတွေလည်းရှိတယ်၊ ပြီးတော့ သူတို့ဆိုင်မှာ သူတို့ပစ္စည်းတွေ တိုးထားပြီး အဘိုးတို့စီးပွားရေးကို လုဖို့လောဘတက်နေတာ… သမီးရဲ့ အစ်ကိုကြီးနဲ့ အစ်ကိုလတ်က အဲဒါကို ဒေါသထွက်နေကြတာ” ရှီမာလိုင်ပြောလိုက်သည် “အဲဒါကလည်း အဘိုးရဲ့ နောက်ပိုင်းမကောင်းတဲ့ စိတ်ပြောင်းလွယ်တာကြောင့် အဘိုးနဲ့ အဂ္ဂိရတ်ပညာရှင်တွေနဲ့ ဆက်ဆံရေးကသိပ်မကောင်းတော့တာ နောက်ဆုံးတော့ အဲအချိန်ကစပြီး အဘိုးတို့ကို ရှေ့ထွက်ပြီး ဘယ်သူမှမကူညီတော့တာပဲ”

“သူတို့မျိုးနွယ်က ဘယ်လိုပဲဒီလိုလုပ်လုပ် သမီးတို့အိမ်ကိုလာပြီး အတင့်ရဲ ရဲမလား” ရှီမာယူယူအခွင့်ကောင်းယူကာ ပြောလိုက်သည် “ဒါပေမယ့် အဘိုး၊ စိုးရိမ်ဖို့မလိုပါဘူး၊ သူတို့မှာ အဆင့်နှစ် အဂ္ဂိရတ်ပညာရှင်ရှိတာမလား၊ သမီးတို့ဆီမှာလည်း တစ်ယောက်ရှိလာမှာပါ”

အဂ္ဂိရတ်ပညာရှင်များသည် ကျင့်ကြံသူများအတွက် မက်လောက်စရာဖြစ်သည့်အတွက် တချို့ကြေးစားများသည် အဂ္ဂိရတ်ပညာကို မက်မောကြသည်ကို သူမသိသည်။ နာလန်မျိးနွယ်တွင် အဂ္ဂိရတ်ပညာရှင်ရှိပါက သူတို့သည် အရေးသာမှုရကာ နေရာတစ်ခုအား သိမ်းပိုက်သွားနိုင်သည်။

သို့သော် ရှီမာမျိုးနွယ်တွင် မရှိမဖြစ်ထားရမည်မှန်သော်လည်း အဂ္ဂိရတ်ပညာရှင်အား ရှာဖွေရန်မဖြစ်နိုင်ပေ။ ရှီမာလိုင်နှင့် အဂ္ဂိရတ်ပညာရှင်များ ဆက်ဆံရေးမကောင်းသောကြောင့် သူတို့မျိုးနွယ်သို့ အဝင်အထွက်မရှိသည့် အချက်အပေါ်တွင် နာလန်မျိုးနွယ်ယုံကြည်ချက်ဖြစ်နေသည်။ သို့သော် ရှီမာမျိုးနွယ်အတွင်းတွင် အဂ္ဂိရတ်ပညာရှင် ပေါ်ထွက်လာမည်ကိုတော့ သူတို့ဘယ်တော့မှ ထင်ထားမည်မဟုတ်ပေ။

သူမ ဒီကမ္ဘာသို့စတင်ရောက်ရှိလာကာ ရှီမာလိုင်ပေးသော ဆေးကိုစားသောအချိန်ကို ရှီမာယူယူပြန်တွေးမိသည်။ သူတို့နှစ်ယောက်သည် ထိုအဂ္ဂိရတ်ဆရာများသည် ဘဝင်မြင့်သည်ဟု လှောင်ပြောင်သရော်ကာ သူမသည်ပင်လျှင် အဂ္ဂိရတ်ဆရာဖြစ်စေရမည်ဟု ပြောခဲ့သည်။ သူမ ထိုကဲ့သို့ပြောခဲ့သည်မှာ နှစ်တစ်ဝက်ပင်မရှိသေးပေ၊ သူမပြောသည့်အတိုင်း ဖြစ်လာတော့မည်ဖြစ်သည်။

“အဆင့်နှစ် အဂ္ဂိရတ်ပညာရှင်ဖြစ်တော့လည်း ဘာဖြစ်လဲ” သူမရေရွတ်လို်က်သည် “အဲဒီအဆင့်နှစ် အဂ္ဂိရတ်ပညာရှင်က ဘယ်လောက်အားကောင်းလဲဆိုတာ ကိုယ်တိုင်ပဲသိချင်တယ်”

“သမီးဘာပြောလိုက်တာလဲ” ရှီမာယူယူ သူမကိုယ်သူမစကားပြောနေသည်ကိုတွေ့သည်နှင့် ရှီမာလိုင်မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး အဘိုး၊ တခြားမရှိတော့ရင် သမီးအရင်ပြန်တော့မယ်” ရှီမာယူယူပြောလိုက်သည်။

“တခြားမရှိရင်ဆိုတာ ဘာကိုဆိုတာလဲ” သူမပြောရသေးသည်မှာ တစ်ခုခုကျန်ရှိနေမလားဆိုသည်ကို ရှီမာလိုင်တွေးကာ မေးလိုက်သည် “ပြီးခဲ့တဲ့ ဆယ်ရက်အတွင်းမှာ သမီးဘယ်တွေရောက်နေတာလဲ၊ သမီးရဲ့ အစ်ကိုလေးကတော့ သမီးလုပ်စရာရှိလို့အပြင်သွားတယ်ပဲပြောတယ်၊ သမီးဘယ်သွားလဲ၊ ဘာလုပ်ဖို့သွားလဲ သူမပြောဘူး၊ အဘိုးစိတ်ပူလို့သေတော့မယ်”

ထိုအခါမှပင် ဝိညာဉ်သားရဲများနှင့် ပတ်သတ်သည့် အခြေအနေကို ရှီမာယူယူပြန်သတိရသွားကာ ပြောလိုက်သည် “သမီး တကယ်ဘယ်မှမသွားပါဘူး၊ သမီးမပြန်ခင် ဝိညာဉ်သားရဲတွေကို ထိန်းကျောင်းဖို့အတွက် သူငယ်ချင်းသွားရှာတာပါ၊ အဲလူတွေ အချိန်မရွေးရောက်လာနိုင်တယ်လို့အဘိုးပဲပြောတာမဟုတ်ဘူးလား၊ သမီးတို့ အားတွေမြင့်ဖို့ နည်းလမ်းမရှိတော့ဘူးလို့ထင်ခဲ့တာ၊ နာလန်မျိုးနွယ်က ဝိညာဉ်သခင်တွေကို ဆွဲဆောင်တယ်မလား၊ ဒါဆိုရင် သမီးတို့က အချိန်အဆက်မိဖို့ ဝိညာဉ်သားရဲတွေကို အသုံးပြုရမယ်”

သူမပြောပြီးသည်နှင့် သူမဝိညာဉ်ပုလဲအတွင်းမှ ဝိညာဉ်သားရဲအနည်းငယ်ကို ခေါ်လိုက်သည်။ စာကြည့်ခန်းသည် အသွင်ပြောင်းထားသော ဝိညာဉ်သားရဲများဖြင့် ပြည့်နှက်သွားလေသည်။

သူ့မျက်စိရှေ့တွင်ပြောင်းလဲသွားသော အခြေအနေကြောင့် ရှီမာလိုင်အံ့သြသွားကာ ရှီမာယူယူအား ကြည့်ပြီးပြောလိုက်သည် “အဲဒါတွေ ဘယ်ကရတာလဲ”

“သမီးရဲ့ သူငယ်ချင်းက ရအောင်လုပ်ပေးမယ်လို့ပြောထားတာလေ မှတ်မိလား” ရှီမာယူယူပြောလိုက်သည် “ဒီအုပ်စုထဲက တစ်ဝက်ကသူတော်စင်သားရဲတွေ၊ တချို့ကတော့ အဆင့်သုံးသူတော်စင်သားရဲပဲ ဒီထဲကိ တချို့က သမီးအစ်ကိုတွေဖို့လေ၊ သူတို့ရဲ့ လက်ရှိအားက သူတို့ရဲ့ နှစ်ကောင်မြောက်ဝိညာဉ်သားရဲကိုတော့ ထိန်းကျောင်းလို့ရတယ်မလား၊ အဲထက်အဆင့်နိမ့်တဲ့အကောင်တွေကိုတော့ ဆိုင်မှာသွားရောင်းမယ်လေ၊ ဆေးကြောင့်ဖြစ်လာတဲ့ ဆုတ်ယုတ်မှုထဲက ပြန်ယူရမယ်၊ အဆင့်မြင့်တဲ့အကောင်တွေက စာချုပ်ချုပ်ရင် ယုံကြည်ရတဲ့အစောင့်တွေဖြစ်လာနိုင်တယ်၊ ဘယ်လိုထင်လဲ အဘိုး”

ထိုဝိညာဉ်သားရဲအားလုံးအား ရှီမာလိုင်စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သူအစကတည်းကပင် သားရဲထိန်းကျောင်းသူသခင်ကို ရှာဖွေ၍ အိမ်တော်မှလူများကို ဝိညာဉ်သားရဲများနှင့် စာချုပ်ချုပ်ခိုင်းစေလိုခဲ့သည်၊ သို့သော် အဆင့်မြင့် ဝိညာဉ်သားရဲများသည် ဈေးမပေါပေ။ သူတို့ သားရဲထိန်းကျောင်းသူသခင်များအသင်းသို့သွားလျှင်လည်း အဆင့်တစ်ထက်နိမ့်သော သူတော်စင်သားရဲများနှင့်သာ စာချုပ်ချုပ်နိုင်၍ ထိုအဆင့်ထပ် မြင့်သော သူတော်စင်သားရဲများသည် တစ်လတွင် တစ်ကြိမ်၊နှစ်ကြိမ်သာ တွေ့ရသည်။ သူတော်စင်သားရဲများဝယ်ယူခြင်းအပြင်၊ ထိန်းကျောင်းပေးသည့် စရိတ်တွင် ငွေကြေးအမြောက်အများကုန်ရဦးမည်။

ထိုပြဿနာအား သူမထွက်သွားသော အချိန်တိုအတွင်း ရှီမာယူယူဖြေရှင်းပေးမည်ကို သူထင်မထားခဲ့ပေ။ သူသည်ထိုအတွက် အလွန်အမင်းစိတ်လှုပ်ရှားမိကာ တစ်ချိန်ထဲမှာပဲ ရှီမာယူယူ၏ အမှားကင်းသော၊ အသေးစိတ်အစီအစဉ်အား ချီးကျူးမိသည်။ သူမအား အခုလက်ရှိအန္တရာယ်အား ပြောရသေးသည်၊ သူမသည် သူတို့အားအင်များတိုးစေရန် ဝိညာဉ်သားရဲများသုံးရန် တွေးမိပြီးနေပြီ။

“ဟုတ်သားပဲ သမီးမှာ နောက်တစ်ခုရှိသေးတယ်၊ အဲလူကာ ဝိညာဉ်သားရဲတွေကိုထိန်းကျောင်းတာက ပိုပြီးထူးခြားတယ်လို့ပြောတယ်၊ တစ်ယောက်ယောက်နဲ့စာချုပ်ချုပ်တယ်ဆိုရင် နှစ်ယောက်လုံးအဆင့်တိုးစေတယ်တဲ့၊ သူတို့အားကောင်းလာတဲ့အချိန်မှာ အဆင့်တိုက်ရိုက်တက်သွားတယ်တဲ့၊ ပြီးတော့ သခင်အဆင့်တက်တဲ့အချိန်မှာ ဝိညာဉ်သားရဲများအဆင့်တက်တယ်တဲ့” ရှီမာယူယူထပ်ပေါင်းပြောလိုက်သည်။

“ဘာပြောတယ်” သူနားကြားမှားသလားဟူ၍ ရှီမာလိုင်ထပ်မေးလိုက်သည် “သမီးပြောတာက စာချုပ်ချုပ်ပြီးရင်လည်း အဆင့်တက်နိုင်တယ်၊ ဘယ်အချိန်မဆို သခင်ကအဆင့်တက်ရင် ဝိညာဉ်သားရဲလည်းတက်မယ်လို့ပြောတာဟုတ်လား”

“အင်း.. သမီးကိုပြောတဲ့သူကတော့ အဲလိုပြောတာပဲ၊ သူစာချုပ်ချုပ်တဲ့ ဝိညာဉ်သားရဲကထူးခြားလို့နေမှာပါ၊ ဒါပေမယ့် အဲဒါဟုတ်ရဲ့လားတော့ သမီးမသိဘူး” ရှီမာယူယူပြောလိုက်သည် “အဘိုး… ဒီဝိညာဉ်သားရဲတွေကို ရှင်းဖို့ လူရှာလိုက်ပါဦး၊ နာလန်မျိုးနွယ်နဲ့ သူတို့ဆေးတွေကိုတော့ မကြာခင်ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်”

Comment

Leave a Reply

Options

not work with dark mode
Reset