လုရှန်း ခေါင်းမော့ပြီး ကောင်းကင်ကို မော့ကြည့်တယ်။ ညနေ ၃ နာရီကျော်နေပြီ။ ညစာ အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေသင့်ပြီ။
“မလိုပါဘူး။” သူမ ငြင်းဆိုလိုက်သည်။ “အိမ်မှာ မစားရသေးတဲ့ ကလေးနှစ်ယောက် ရှိသေးတယ်။ နောက်တခါမှပေါ့။”
သူမရဲ့ သဘောထားက အရင်ကနဲ့ မတူပါ။ သူမ အတော်လေး ရန်လုပ်နေ၏။
ချုစစ်ဟန် သက်ပြင်းချလိုက်တယ်။
“မင်း အခုပြန်တော့မှာလား?”
“အွန်း။”
သူမ မကျေမနပ် တုန့်ပြန်၏။
“မင်းကို အိမ်ပြန်ပို့ဖို့ ချုယွမ်ကို လိုက်ပို့ခိုင်းမယ်။”
“မလိုပါဘူး။ ကျွန်မ ကိုယ်တိုင် နွားလှည်းငှားလို့ရတယ်။ ကျွန်မ ရှင့်ကို အနှောက်အယှက်မပေးဝံ့ပါဘူး။”
သူမ ပြောဆိုပြီးနောက် နောက်ပြန်မလှည့်ဘဲ ထွက်သွားတော့သည်။
ချုစစ်ဟန်ရဲ့ အကြည့် လူအုပ်ထဲ သူမ ပျောက်ကွယ်သွားတဲ့အထိ သူမရဲ့ နောက်ကျောကို ကြည့်နေခဲ့တော့သည်။ ထို့နောက် သူ့အကြည့်များကို လျစ်လျူရှုကာ ပြန်ရုတ်လိုက်၏။
ချုယွမ် မမေးခင် ချီတုံချတုံ ဖြစ်နေ၏။ “သခင်၊ မိန်းကလေးလု ဒေါသထွက်နေတာလား?”
ချုစစ်ဟန် သူ့ကို အကြောင်းမပြန်ပါ။ ထို့အစား ခပ်ဖျော့ဖျော့ပြုံးပြီး ထွက်သွားတော့သည်။
အမှန်ပြောရရင် သူမက နောက်တခါမှလို့ ပြောခဲ့သည်။ ဒီအချက်ကိုကြည့်ရင် သူမ အရမ်းဒေါသမထွက်ဘူးဆိုတာ သက်သေပြနေသည်လေ။
ချုယွမ် သူ့သခင်ကို ကြည့်ရင်း အနောက်ကအမြန်လိုက်သွားသည်။
လုရှန်း ရွာသို့ ပြန်ရောက်ချိန်တွင် ညနေစောင်းနေပြီ။
လုဂျန်နဲ့ လုရှင်းတို့ အိမ်နီးချင်းအိမ်တွင် ညစာစားနေကြသည်။
အိမ်နီးချင်းရဲ့ မျိုးရိုးအမည်က လျန် ဖြစ်ပြီး စုစုပေါင်း လူလေးဦးရှိသည်။ အဒေါ်ယု၊ အဒေါ်ယုရဲ့သား၊ သူ့ချွေးမနှင့် မြေးတို့ဖြစ်သည်။ အဒေါ် ယု၏ ခင်ပွန်းဖြစ်သူကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အမဲလိုက်စဉ် အမြင့်တစ်နေရာကနေ မတော်တဆပြုတ်ကျပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ပြောကြသည်။
အဒေါ်ယုသည် ကြင်နာတတ်သူ ဖြစ်တယ်။ သူ့သားနဲ့ ချွေးမတွေက လူကောင်းတွေဖြစ်ကြသည်။ အဒေါ်ယုရဲ့ ခြေထောက်တွေ အားနည်းနေတာကို ရှာတွေ့ချိန်တွင် သားနဲ့ ချွေးမတို့သည် လေးလံတဲ့အလုပ်တွေ ခွင့်မပြုခဲ့ဘူး။ ထို့ကြောင့် သူသည် သူ့မြေးလေးကို ပြုစုစောင့်ရှောက်ဖို့ အိမ်မှာပဲ နေလေ့ရှိသည်။
အဒေါ်ယုရဲ့ မြေး၏နာမည်မှာ လျန်ယွမ်လို့ခေါ်ပြီး သုံးနှစ်သာရှိသေးသည်။ ထွားပြီး သဘောကျဖို့ကောင်းသည်။
လုရှန်း ရောက်ချိန်တွင် ပန်းသီးနဲ့တူတဲ့ မျက်နှာကို လှမ်းကြည့်လိုက်၏။ ကလေးရဲ့ ထွားကျိုင်းသောမျက်နှာ ပုံပျက်သွားသည်အထိ လက်ဖြင့် ဆွဲကားလိုက်၏။
ကောင်လေးက “ကျဲကျဲ… ဆိုးတယ် … ”
လုရှန်း တခစ်ခစ်ရယ်၏။
“ဒုတိယအစ်မ!”
လုဂျန်နဲ့ လုရှင်းတို့က ပျော်ရွှင်စွာ မတ်တတ်ထရပ်ကာ အရည်လဲ့နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်ကြသည်။
“အားရှန်း နောက်ကျတယ်။” အဒေါ်ယု အပြုံးဖြင့် ပြောလိုက်သည်။ “ငါ့ချွေးမ ဟင်းချက်ပြီးပြီ။ မြန်မြန်ထမင်းစားဖို့ ငါတို့နဲ့ အတူလာထိုင်ချည်..”
“ဘာလို့ အစ်ကိုလျန်နဲ့ ယောင်းမကို မတွေ့ရတာလဲ?”
အဒေါ်ယုနှင့် လျန်ယွမ်တို့အပြင် သူမရဲ့ ကလေးနှစ်ယောက်သာ စားပွဲတွင် ရှိနေသည်။
“နောက်ရက်တွေ မိုးရွာနိုင်တယ်။ မင်းရဲ့အစ်ကိုလျန် ရေမြောင်းထဲသွားတာ ပြန်မလာသေးဘူး။ မင်းရဲ့အစ်မကိုပါခေါ် သွားတယ်။ သူတို့ မြန်မြန်ပြန်လာသင့်ပြီ။”
လုရှန်း စားပွဲပေါ်က အစားအသောက်တွေကို ကြည့်လိုက်သည်။ ဘာမှမရှိတာ နားလည်လိုက်သည်။
အဒေါ်ယု ကလေးသုံးယောက်ရဲ့ ပန်းကန်ထဲ အစာနည်းနည်း ထည့်ပေး၏။ သူ့ပန်းကန်လုံးထဲမှာ ဂျုံယာဂုနဲ့ ပြည့်နေ၏။
“အသားပေါက်စီ ဝယ်ခဲ့တယ် … နွေးနေတုန်းပဲ။ ကျွန်မ အခုသွားယူလိုက်မယ်။”
လုရှန်း ပြုံးကာ မတ်တပ်ထရပ်လိုက်၏။ သူမ အိမ်မပြန်ခင် ကလေးနှစ်ယောက်၏ ကျောကို ပွတ်သပ်ပေးလိုက်၏။
အိမ်ပြန်ရောက်ချိန်တွင် ပထမဆုံး အိုးကိုဆေးကြောပြီး မီးမွှေး၏။ ထို့နောက် အမဲသားခြောက်အချပ် နှစ် ချပ်နဲ့ ဝက်သားကြော်ဖို့ ဝက်သားထုတ်လိုက်သည်။
မနေ့က နေရောင် တောက်ပခဲ့တာကြောင့် အမဲသား မြန်မြန်ခြောက်သွားခဲ့သည်။ ချက်ပြုတ်ရန် အချိန်အနည်းငယ်သာ ယူရမည်။
ချက်ချင်းဆိုသလိုပဲ မီးဖိုချောင်တစ်ခုလုံးက အမဲသားအနံ့တွေနဲ့ ပြည့်နှက်သွား၏။
လုရှန်း ပန်းကန်ပြားတစ်ချပ်ကို ယူပြီးကတ်ကြေး ဆေးဖို့ အိမ်ထဲဝင်လာ၏။ ထို့နောက် အမဲသားကို အတုံးသေးသေးလေးများ လှီးဖြတ်ပြီး ပန်းကန်ပြားပေါ် တင်လိုက်သည်။
သူမ သေးတဲ့အပိုင်းကို မြည်းစမ်းကြည့်၏။ အတော်တန် ငန်ပြီး တိုက်ရိုက်ဖြစ်ဖြစ် ဂျုံယာဂုနဲ့ဖြစ်ဖြစ် စားသုံးရန် အရသာကောင်းမွန်သည်။
သူမ တခြားပန်းကန်တစ်လုံးကိုယူကာ သူ့အိမ်နီးနားချင်းဆီသို့ မသယ်သွားခင် သူမ ဝယ်ထားသော အသားထုပ်ပေါက်စီကို ထည့်လိုက်၏။
သူမရောက်ချိန်တွင် လျန်ပင်နဲ့ အမျိုးသမီးချန်တို့ လက်ဆေးနေကြသည်။
“အားရှန်း ဒီမှာ!”
အမျိုးသမီးချန်း သူမကို ပြုံးပြုံးလေး နှုတ်ဆက်၏။
လုရှန်းသည် ပစ္စည်းများကို စားပွဲပေါ်တင်ပြီး အပြုံးဖြင့်ဆို၏။ “ယောင်းမနဲ့ အစ်ကိုလျန်ကို စိတ်အနှောင့်အယှက်ဖြစ်မိလို့ တောင်းပန်ပါတယ်။”
“အိုး!” အဒေါ်ယု မျက်မှောင်ကြုံ့သွား၏။ “အသားပေါက်စီ ဝယ်လာပြန်ပြီ? ဘာလို့အမဲသားပါ ယူလာတာလဲ? ဘယ်လောက်စျေးကြီးလိုက်သလဲ? ငါ့နှလုံးသား ဘယ်လောက်နာကျင်နေလဲ မင်းမသိဘူး။”
“ကောင်းသောအရာများကို မျှဝေသင့်တယ်။”
လုရှန်း နောက်ပြောင်ရင်း “ဒါ့အပြင် အားဂျန်၊ အားရှင်နဲ့ ကျွန်မက ဒီမှာစားနေကြတာလေ။ အဒေါ့် တစ်ယောက်တည်းကို ပေးတာမဟုတ်ပဲ။ ယောင်းမ မဟုတ်ဘူးလား?”
အမျိုးသမီးချန်း ညင်သာစွာ ပြုံးပြီ ။ “အားရှန်းရဲ့ စကားအတိုင်းပါပဲတော်။”