Switch Mode

Chapter 47 – ချုစစ်ဟန်က သူ့အမှားကို ဝန်ခံတယ်။

ချုစစ်ဟန်က သူ့အမှားကို ဝန်ခံတယ်။

“ကျွန်မ ဘာမှ မလုပ်ခဲ့ဘူး။”

ယုမင်ယွဲ့ ရှက်ရွံ့စွာ ခေါင်းကုတ်၏။

ယုမင်ယွဲ့သည် ကန်းအိမ်တော်က သတင်းဆိုးကြားကြားချင်း မြို့ကိုပြန်လာခဲ့သည်။

အိမ်တော်တွင် အားမင် ကန်းရူမားကို စောင့်နေဆဲဖြစ်တာကို သတိရသွားကာ ပိုက်ဆံများများစားစားမရှိဘဲ အပြေးရောက်လာခဲ့သည်။

ထိုအချိန်တုန်းက သူမ၏ အိတ်ကပ်ထဲက ကျန်သော ငွေပြား ၆ ပြားကို လုရှန်းအား ပေးခဲ့သည်။

ထိုအချိန်တုန်းက လုရှန်းသည် အစေခံလက်ထဲက ပန်းသီးကိုကြည့်ရင်း ပန်းသီးကိုပေးဖို့တောင်းဆိုခဲ့သည်။

“ကျွန်မ ဒီမှာနေတာ မင်းဘယ်လိုသိတာလဲ?“ ယုမင်ယွဲ့ သံသယစိတ်ဖြင့် မေးလိုက်တယ်။

“ဒီနေ့ မိန်းကလေးယု ဆီလာတာမဟုတ်ဘူး။”

လုရှန်း စကားပြောနေစဉ်တွင် မြေကွက် ပိုင်ဆိုင်မှု၊ လက်ကိုင်ပဝါနဲ့ ပတ်ထားသည့် ကျောက်စိမ်းဆံညှပ်ကို ထုတ်ယူလိုက်သည်။

“မိန်းကလေးကန်း မသေခင် ဒါတွေ ပေးခဲ့တယ်။ သူမက အားမင်လို့ ခေါ်တဲ့လူကို ပေးခိုင်းခဲ့တာ။ မတွေ့ရင် မင်းကို ရှာဖို့ သူမ ပြောခဲ့တယ်။ မင်းက အဲလူကို သိတယ်တဲ့။”

လုရှန်း လိမ်ညာမှုအချို့နဲ့ ပြောလိုက်၏။

” ရူမားက လား?”

ယုမင်ယွဲ့၏ မျက်လုံး ချက်ချင်းပင် နီရဲသွားတော့သည်။ ယုမင်ယွဲ့ ပစ္စည်းတွေ လက်ခံပြီး တစ်ချက်ကြည့်လိုက်သည်။ နောက်တော့ ပွေ့ဖက်ကာ ငိုတော့သည်။

လုရှန်း ဘာမှပြန်မပြောဘဲ ဘေးနားတွင် တိတ်တိတ်လေး ရပ်နေပေးခဲ့သည်။

ခဏကြာချိန်တွင် ယုမင်ယွဲ့ ငိုသံတွေ ရပ်သွားကာ “ကျွန်မအမေက သူမကိုတွေ့တုန်းက သေနေပြီလို့ ပြောတယ်။ အဲဒီ သားရဲကျန့်ဝေအပိုင်းပိုင်း ဖြတ်တောက်ခံရဖို့ ထိုက်တန်တယ်!”

“ပစ္စည်းတွေ ပို့ပေးပြီးပြီ။ ကျွန်မကို ခွင့်ပြုပါအုံး။”

ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးနောက် လုရှန်း နောက်ပြန်လှည့်ကာ “ မိန်းကလေးယု၊ အဲဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်တစ်ခေါက်တွေ့ကြမယ်။”

ယုမင်ယွဲ့ ဝမ်းနည်းပူဆွေးနေရဆဲမို့ စိတ်မရှည်ပါ။ ယုမင်ယွဲ့ ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီး အစေခံကို လိုက်ပို့ခိုင်းခဲ့သည်။

ယုအိမ်တော်မှ ထွက်လာချိန်တွင် လုရှန်းမတတ်နိုင်ပဲ သက်ပြင်းချလိုက်သည်။

သူမသည် မြို့တက်သည့် ခရီးစဉ်တွင် ပြဿနာများစွာ ကြုံတွေ့ရမယ်လို့ မမျှော်လင့်ထားပေ။

စျေးထဲဝင်ပြီး သူမလိုချင်တာမှန်သမျှဝယ်ပြီးနောက် ဘယ်သူမှမတွေ့ချိန် နေရာလွတ် လက်ကောက်ထဲထည့်လိုက်၏။ ထို့နောက်

သူမနဲ့ ကလေးနှစ်ယောက်အတွက် အဝတ်အသစ်နှစ်စုံ ဝယ်ရန် အထည်ဆိုင်ကို သွားသည်။

သူမထွက်လာချိန်တွင် ရုံးတော်မှ ပြန်လာပြီး အထည်ဆိုင်တစ်ဆိုင်ရှေ့ ဖြတ်သွားတဲ့ ချုစစ်ဟန်နဲ့ ချုယွမ်ကို ဝင်တိုက်မိတော့သည်။

“မိန်းကလေးလု မင်းဘာလို့ဒီကိုရောက်နေတာလဲ?” ချုယွမ် မေးမြန်း၏။

“ကျွန်မ တစ်ခုခုလာဝယ်တာ။”

သူမရဲ့ သဘောထားက နွေးထွေးပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်နဲ့ နှိုင်းယှဉ်ရင် ကွာခြားလို့နေ၏။

ချုစစ်ဟန် သူမကို တိတ်တဆိတ်ကြည့်ပြီး ခဏကြာတော့ ပြုံးကာ “မင်းသိသွားပြီလား?”

လုရှန်းသည် သူ့ကိုယ်ပိုင်နောက်ခံကို ရည်ညွှန်းတာ သိချိန်တွင် ရိုးသားစွာ ပြုံးပြီး ” အာဏာကြီးတဲ့ တရားသူကြီးမင်းက ကျွန်မနဲ့ ပုန်းလျှိုးကွယ်လျှိုး ဆော့ကစားဖို့ အားလပ်ချိန် ရှိဖို့ မမျှော်လင့်ထားဘူး။ အရမ်းဂုဏ်ယူမိပါတယ်။”

ချုစစ်ဟန်ခေါင်းညိတ်လိုက်တယ်။ “အဲဒါ  ကိုယ့်အပြစ်ပါ။”

ချုယွမ် အံ့သြသွား၏။ တရားသူကြီးက သူ့အမှားကို တခြားသူတွေဆီ ဘယ်တုန်းက ဝန်ခံဖူးလို့လဲ?

မဟုတ်ဘူး။ သခင်က ဘယ်တော့မှမမှားဘူး။

“အဲလိုလား?“ လုရှန်း ရိုးသားစွာ ပြုံး၏။ “အတိတ်က မသိနားမလည်ခဲ့ဘူး။ ကျွန်မ ရှင့်ကို မတော်တဆ စော်ကားမိခဲ့ရင် ကျေးဇူးပြုပြီး  ကျွန်မရဲ့ မသိနားမလည်မှုအတွက် ခွင့်လွှတ်ပါ။”

ချုစစ်ဟန်သည် သူမ ဒေါသထွက်နေပြီး သူ့ကို အပြစ်တင်နေမှန်း သိသည်။

“မင်း ဘာလိုချင်လဲ?”

လုရှန်း သူ့ကို စိတ်ရှုပ်ထွေးစွာကြည့်ကာ စကားမပြောပေ။

“မင်းငါ့ကို ခွင့်လွှတ်ဖို့ ငါဘာလုပ်ရမလဲ?”

သူမ သူ့နောက်ခံကို သိထားပြီးဖြစ်ပေမဲ့လည်း ထိုလူက ပြောဆိုနေဆဲ။

လုရှန်း သံသယများဖြင့် မျက်ဝန်းကျဉ်းမြောင်းသွားပြီး ချက်ချင်းရယ်မောလိုက်၏။ “ခွင့်လွှတ်ခြင်းအကြောင်းပြောရင် ကျွန်မလို သာမန်ပြည်သူက ရှင့်ရဲ့ခွင့်လွှတ်မှုကိုတောင်းခံသူ ဖြစ်သင့်တာပါ။ ရှင် ဘာမှမမှားပါဘူး။ ရှင် ဘာလို့ ခွင့်လွှတ်စေချင်တာလဲ။ ဒီစကားကို နောက်ပြန်ဆုတ်စို့လား?”

သူမ မပြောသင့်တဲ့စကား ပြောခဲ့တာကို သူမသိသည်။ သို့သော် အမှန်တကယ်ကို သူ အရင်ဆုံး သူ့နောက်ခံကိုဖုံးကွယ်ထားခဲ့သူဖြစ်သည်။

ဒါကို သူမ ကိုယ်သူမ အပြစ်တင်လို့ မရဘူး။

ဒါတွေအားလုံး သူ့အပြစ်ပဲ!

“ဒါဆို မင်းကို ခွင့်လွှတ်တယ်။” ချုစစ်ဟန်သည် သူ၏ကြီးကျယ်ခမ်းနားတဲ့ ရောင်ဝါကို ဆုံးရှုံးတာ ရှားပါးလွန်းလှသည်။

“ဒါဆိုရင် မိန်းကလေးလု နေ့လည်စာစားဖို့ ငါနဲ့ လိုက်ဖို့ ဆန္ဒရှိလား?”

Comment

Leave a Reply

Options

not work with dark mode
Reset