လမ်းပေါ်ပြန်ရောက်ချိန်တွင် လုရှန်း ပြောလိုက်သည်။ “မင်းရဲ့ ချစ်သူလေးဆီကို သွားလည်မှာမဟုတ်လား?”
ကန်းရူမားရဲ့ ဝိညာဉ် အနည်းငယ် မူးဝေနေ၏။ သူမမှာ တဒင်္ဂခံစားချက်တွေ မကျန်တော့တာ သိသာသည်။
“လူသားနဲ့ သရဲတစ္ဆေတွေက မတူညီတဲ့လမ်းကို လျှောက်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အလွန်အကျွံကြည့်ခြင်းက ခွဲခွာဖို့ တွန့်ဆုတ်မှုကိုသာ တိုးပွားစေတယ်။”
ကန်းရူမားရဲ့ မျက်လုံးများ ငုံ့ကာ ပြုံး၏။ “သစ်သားသေတ္တာအောက်ခြေမှာ ပစ္စည်းသုံးမျိုးရှိတယ်။ အစ်ကို အားမင်ကို ပေး ပေးဖို့ မျှော်လင့်တယ်။”
လုရှန်းကြားချိန်တွင် လျှို့ဝှက်နေရာမှ ရှာတွေ့ပြီး ထုတ်ယူခဲ့သည်။
အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် ကြမ်းပြင်တွင် ဒုတိယအလွှာရှိနေကြောင်း သူမ သိလိုက်တယ်။
ဒုတိယအလွှာကို ဖွင့်ပြီးနောက် ပိုင်ဆိုင်မှုအမည်ပေါက်အပြင် ဆယ်ဧကစာ လယ်မြေအမည်ပေါက်လည်း ရှိနေသည်ကို နားလည်လိုက်သည်။ နာမည်က လီမင် ဖြစ်ပြီး စကားဝါ ဆံညှပ်တစ်ခုလည်းရှိ၏။
“ကျွန်မ အမေက အစ်ကိုအားမင် အတွက် ဒီမြေကွက်ကို ဝယ်ခဲ့တယ်။ ဒါက သူ့မွေးရပ်မြေမှာ။ အဲဒီတုန်းက သူ မလိုချင်ခဲ့ဘူး။”
“သူ ဒီဆံညှပ်ကို ပေးခဲ့ပေမယ့် မဝတ်ခဲ့ဘူး။ ငါ အမြန်ထွက်လာခဲ့တော့ ယူဖို့ မေ့ခဲ့တယ်။”
ကန်းရူမား အတိတ်ကို တွေးနေရင်း နူးညံ့သော အပြုံးတစ်ခု သူမရဲ့နှုတ်ခမ်းပေါ်တွင် ပေါ်လာသော်လည်း သွေးမျက်ရည်များ ပါးပြင်ပေါ်သို့ စီးကျလာ၏။
ကံကြမ္မာက တခြားသူကိုအရူးလုပ်တတ်သည်။
လုရှန်း မထိန်းနိုင်ဘဲ သက်ပြင်းချမိသည်။
သူမ ကန်းရူမားကို ပြုံးပြီး “စိတ်မပူပါနဲ့၊ ငါ မင်းအတွက် ပစ္စည်းတွေပို့ပေးမယ်။”
ကန်းရူမား ခေါင်းညိတ်၏။ “ကျွန်မ ဒီလောကကနေ ထွက်သွားသင့်တာ ကြာပါပြီ။ ဒါပေမယ့် လွှတ်မချနိုင်ခဲ့ဘူး။ အခု ကျွန်မ ဆန္ဒတွေ ပြီးမြောက်သွားပြီဆိုတော့ ကျွန်မ မနေတော့ဘူး။ အဖေနဲ့အမေ ကျွန်မကိုစောင့်မျှော်နေလောက်ပြီ။ ကျွန်မ သွားသင့်ပြီ။”
လုရှန်း ခေါင်းညိတ်လိုက်၏။
ထိုအချိန်တွင် ကောင်းကင်ပေါ်၌ နက်ရိူင်းသည့် တွင်းနက်တစ်ခု ပေါ်ထွက်လာ၏။ အနက်ရောင်နှင့် အဖြူ ပုံရိပ်နှစ်ခု ဝိညာဉ်ချိတ်ဓားကို ကိုင်ကာထွက်ပေါ်လာ၏။
ကန်းရူးမား လုရှန်းကိုပြုံးပြကာ သူတို့ဆီ လျှောက်သွားလေသည်။ ထို့နောက် တွင်းနက်ထဲ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
အနက်ရောင် တွင်းနက်ထဲကို မဝင်ခင် အဖြူ၊ အနက် ပုံရိပ်နှစ်ခု လုရှန်းကို ခေါင်းညိတ်ပြကြသည်။
တွင်းနက် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
“အခု အရမ်းအေးသွားသလိုပဲ တစ်ခုခုခံစားမိလား?”
“ငါ လည်း ခံစားရတယ်။ ခဏပဲ ကြာတာ ထူးဆန်းလိုက်တာ!”
လမ်းသွားလမ်းလာနှစ်ယောက် လက်နှစ်ဖက်ကို ပွတ်သပ်ပြီး လုရှန်းရှေ့ဖြတ်လျှောက်သွားကြ၏။
လုရှန်း လမ်းပေါ် ပြန်မတက်ခင် လက်ထဲက ပစ္စည်းတွေကို ကြည့်ဖို့ အကြည့်ပြန်ရုတ်လိုက်သည်။
သူမ ယုအိမ်တော်ကို လမ်းညွှန်ဖို့ မေးလိုက်သည်။ ကြင်နာတဲ့လမ်းသွားလမ်းလာ တစ်ဦးက သူမကို ဝင်ပေါက်ဆီ ခေါ် သွားပေးခဲ့သည်။
လုရှန်း ရှေ့ကို လျှောက်လာပြီး တံခါးခေါက်လိုက်၏။ ခဏအကြာတွင် တံခါးဖွင့်လာ၏။
“မိန်းကလေး မင်းဘယ်သူကိုရှာနေတာလဲ?”
တံခါးဖွင့်ပေးသူမှာ အသက်လေးဆယ်ကျော် အဘွားကြီးဖြစ်သည်။
လုရှန်း နာခံစွာပြုံးပြီး “မင်္ဂလာပါ အဒေါ် မိန်းကလေးယု ကိုရှာနေတာပါ။”
အိမ်အစေခံ ခေါင်းညိတ်ပြပြီး “ဒါဆို မင်း ငါတို့ သခင်မလေးကို ရှာနေတာလား။ ငါ့နောက်လိုက်ခဲ့။”
ယုအိမ်တော်သည် ကန်းအိမ်တော်ထက် များစွာကြီးမားသည်။ မိသားစုနှစ်စုသည် ရင်းနှီးသောဆက်ဆံရေးရှိပြီး မျိုးဆက်သုံးဆက်အထိ ရင်းနှီးသောဆက်ဆံရေးရှိခဲ့တယ်လို့ ဆိုကြသည်။
ကန်းရူမားနဲ့ ယုမင်ယွဲ့တို့သည် ရင်းနှီးသော သူငယ်ချင်းများဖြစ်ကြသည်။ အခုအချိန်ကစပြီး ကန်းမိသားစုတွင် ဘယ်သူ့မှမရှိတော့တာ သနားစရာဖို့ကောင်းလှ၏။
ယုမင်ယွဲ့သည် ဧည့်ခန်းအပြင်ဘက်ရှိ စင်္ကြံတွင် စောင့်နေ၏။ အထဲတွင် သမားတော်သည် အားမင်ကိုကုသပေးနေသည်။
“သခင်မလေးကို ဧည့်သည်တစ်ယောက် လာရှာတယ်!”
အသံကြားချိန်တွင် ယုမင်ယွဲ့ ခေါင်းမော့ကြည့်သည်။ လုရှန်းကို မြင်ချိန်တွင် စိတ်ရူပ်ထွေးစွာ မျက်မှောင်ကြုံ့သွား၏။
လုရှန်း သူမကိုပြုံးပြပြီး “မိန်းကလေးယု ကျွန်မကို မေ့သွားပြီလား?”
“ငါတို့အရင်ကတွေ့ဖူးလား?” ယုမင်ယွဲ့ စိတ်ရှုပ်သွား၏။
ဒီလို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို မြင်ဖူးခဲ့ရင် သူမ ထိုမိန်းကလေးအပေါ် အထင်အမြင်တချို့ ရှိမှာပင်။
သို့သော် အရှေ့က မိန်းကလေးနဲ့ အရမ်းကိုမရင်းနှီးပါ။
လုရှန်း၏ အကြောင်းအရာကို မရှက်မကြောက်ဘဲပြောလိုက်။ “ငွေပြား ၆ ပြားနဲ့ ပန်းသီးတစ်လုံး လမ်းပေါ်က သူတောင်းစား။”
“ဟင်?” ယုမင်ယွဲ့ အံ့သြသွား၏။ “မင်းက အဲဒီ သူတောင်းစားလား?”
“ဟုတ်တယ်။” လုရှန်း ခေါင်းညိတ်ပြ၏။ “အဲဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်မ လမ်းပေါ်မှာ ငတ်သေသွားနိုင်တယ်။”
သူမရဲ့ နောက်ဆုံးစကားသည် အနည်းငယ်ရယ်ဖို့ကောင်းနေခဲ့၏။