Switch Mode

အခန်း(၁၀၅)-မှတ်မိတုန်းလား

“ငါးယောက်မြောက်သခင်လေး ဘယ်လိုသိတာလဲ”

အိမ်တော်ထိန်းသည် ရှီမာယူယူအား အလွန်အံ့အားသင့်စွာကြည့်နေသည်။ ထိုနာလန်မျိုးနွယ် ပါဝင်သော ကိစ္စသည် အပြင်လူများအား လျှို့ဝှက်ချက်ဖြစ်သည်။ နာလန်မျိုးနွယ်၏ မကြာခဏဖြစ်နေသော အခြေအနေအား သူတို့စောင့်ကြည့်နေသည့် အချက်ကြောင့်သာမဟုတ်ရင် သူတို့လည်းထိုအကြောင်းအားသိရမည်မဟုတ်ပေ။

သို့သော် ငါးယောက်မြောက်သခင်လေးသည် အခုမှ မြို့တော်ကိုပြန်လာတာမဟုတ်လား၊ သူဘယ်လိုသိတာလဲ။

“အဟွတ် အဟွတ် ငါဒီတိုင်းခန့်မှန်းကြည့်တာပါ” ရှီမာယူယူပြောလိုက်သည် “မဟုတ်ရင် နာလန်မျိုးနွယ်က အကြီးအကဲက ငါတို့အိမ်ကိုမလာဘူး”

“နာလန်ဟီ ပူလွောင်တောင်တန်းသွားတုန်းက ဒဏ်ရာရလာတယ်လို့ ကျွန်တော်တို့ကြားတယ်၊ သူပြန်လာတော့ တံခါးပိတ်ပြီး အပြင်မထွက်တော့ဘူး၊ သူနဲ့အတူကိုယ်ရံတော်နည်းနည်းလောက်ပဲ အသက်ရှင်ပြီးပြန်လာတာပဲ၊ သူတို့ ဘာတွေနဲ့တွေ့ခဲ့ရလည်းတော့ ကျွန်တော်တို့လည်းမသိဘူး” အိမ်တော်ထိန်းသည် ပျော်ရွှင်မှု နည်းနည်းမှမရှိသော အသံနေအသံထားနှင့် သက်ပြင်းချလိုက်သည်။

ထိုသတင်းအားသူမကြားသည်နှင့် ရှီမာယူယူ၏ စိတ်များသည် ပျော်လွန်း၍ ခုန်ပေါက်နေခဲ့သည်။ သူမသိသည်၊ သူမတွက်ကိန်းမှားနိုင်စရာအကြောင်းမရှိပေ။

“သခင်လေး ပြန်လာပြီလား” ချွန်ဂျီအန်းနှင့် ယွန်ယူတို့သည် ရှီမာယူယူ၏ အသံကြားသည်နှင့် အိမ်ထဲမှ ထွက်လာကာ ရှီမာယူယူအား ပျော်ရွှင်စွာကြည့်နေကြသည်။

ရှီမာယူယူထွက်သွားပြီးနောက်တွင် သူတို့တွင်လုပ်စရာမရှိသဖြင့် စစ်သူကြီးသည် သူတို့အား ကျင့်ကြံခိုင်းထားသည်။ ရလဒ်ကတော့ ထိုလအနည်းငယ်အတွင်း သူတို့၏ အားများသည် တိုးတက်လာသည်။

ရှီမာယူယူ သူတို့နှစ်ယောက်အားမြင်သောအခါ ပြုံးကာမေးလိုက်သည် “မင်းတို့နှစ်ယောက် ဒီသခင်လေးကို လွမ်းနေတာလား”

“သခင်လေး ထပ်ပြီးစနောက်နေပြန်ပြီ” ချွန်ဂျီအန်းသည် ပြုံးကာပြန်ဖြေသည်။

“သခင်လေးက အိမ်မှာသိပ်မရှိတော့ ကျွန်မတို့သေချာပေါက်လွမ်းတာပေါ့” ယွန်ယူပြောလိုက်သည် “သခင်လေး၊ ဒီတစ်ခါအိမ်မှ ဘယ်လောက်နေဖို့အစီအစဉ်ရှိလဲ”

“ငါမနက်ဖြန်ကို ကျောင်းကိုသွားရမယ်” ရှီမာယူယူပြောလိုက်သည် “မင်းတို့ရဲ့ သခင်လေးက မင်းတို့အားတွေတိုးလာတယ်ဆိုတာတော့မြင်တယ်၊ ဒါပေမယ့် မင်းတို့ရဲ့ အချက်အပြုတ်ကတော့ တိုးတက်လာရဲ့လားမသိဘူး၊ သွားတော့ သခင်လေးအတွက် ညစာပြင်ပေး၊ ငါဗိုက်ဆာလွန်းလို့သေတော့မယ်”

ချွန်ဂျီအန်းနှင့် ယွန်ယူတို့သည် အကြည့်ချင်းဖလှယ်ကာ ချက်ချင်းပင်ပြောလိုက်လေသည် “နည်းနည်းလောက်စောင့်ပါသခင်လေး မင်းရဲ့ အစေခံကောင်မလေးတွေက အခုပဲပြင်ဆင်ပေးပါ့မယ်”

သူတို့စကားပြောပြီးသည့်နောက်တွင် သူတို့နှစ်ယောက်သည် အရိုအသေပေးကာ ချက်ပြုတ်ရန် မီးဖိုဆောင်သို့ဦးတည်သွားလေသည်။

ရှီမာယူယူ အိမ်သို့ပြန်သွားရန်အလုပ်တွင် အိမ်တော်ထိန်းသည် အိမ်ထဲတွင် ရပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ သူမ သူ့အား လက်ဝေ့ပြကာပြောလိုက်သည် “မင်းရဲ့ ကိစ္စတွေသွားလုပ်လိုက်ပါ၊ ငါဒီနေရာကိုပြန်လာမှတော့ နာလန်မျိုးနွယ်ရဲ့ လူအိုကြီးကိုထပ်မတွေ့တော့ပါဘူး”

အိမ်တော်ထိန်းသည် သူလုပ်စရာများရှိသည့်အလျောက် သူမအား တုန့်ဆိုင်းစွာကြည့်ကာ လက်အုပ်ချီပြီးပြောလေသည် “ဒါဆို ဒီအစေခံအိုကြီးကတော့ အရင်သွားပါတော့မယ်”

“သွားတော့ သွားတော့” ရှီမာယူယူ လက်ဝေ့ပြလိုက်သည်။ သူမ အိမ်တော်ထိန်းထွက်သွားသည်အထိ စောင့်ပြီးမှ အိမ်ထဲသို့ဝင်လာလိုက်သည်။

ထိုအချိန်တိုအတွင်းတွင် ချွန်ဂျီအန်းနှင့် ယွန်ယူတို့သည် ညစားအား သယ်ဆောင်လာသည်။ အံ့သြစရာကောင်းသော အသားနှင့် ဟင်းရွက်ပွဲများကို မြင်သည်နှင့် ရှီမာယူယူတံတွေးမြိုချမိတော့သည်။

“ဒီသခင်လေးမရှိတုန်း မင်းတို့ရဲ့ ဟင်းချက်တဲ့အရည်အချင်းက ဆိုးမသွားဘူးထင်တယ်”

သူတို့အား ချီးကျူးသည်ကို ကြားသည်နှင့် ချွန်ဂျီအန်းနှင့် ယွန်ယူတို့ပြုံးမိလိုက်ကြသည်။

“ငါးယောက်မြောက်သခင်လေး”

ရှီမာယူယူ စ,စားတုန်းမှာပဲ ကိုယ်ရံတော်တစ်ယောက်သည် အိမ်ထဲသို့အော်နေသည်။

ချွန်ဂျီအန်းသည် အပြင်ထွက်သွားကာ လျင်မြန်စွာပင် ပြန်ဝင်လာပြီး ပြောလိုက်သည် “သခင်လေး၊ သခင်ကြီးက သခင်လေးကိုခေါ်ဖို့ပြောလိုက်တယ်”

ရှီမာယူယူ ဟင်းပွဲများကိုကြည့်ကာ သက်ပြင်းချလိုက်ပြီး ပြောလိုက်သည် “ဒီသခင်လေးပြန်လာတာစောင့်ဦး ပြီးမှငါစားမယ်”

“သခင်လေး စစ်သူကြီးက သခင်လေးရဲ့အစားသောက်တွေလည်း ယူခဲ့ပါလို့ အဲဒီကိုယ်ရံတော်ကပြောတယ်” ချွန်အန်းထပ်ပြောလိုက်သည်။

“သြော် ဒါဆိုလည်း ယူသွားတာပေါ့”

ရှီမာယူယူ ရှီမာလိုင်၏ စာကြည့်ခန်းသို့သွားသည်နှင့် ချွန်ဂျီအန်းသည် ဟင်းပွဲများကို သယ်လာကာ သူမနောက်မှ လိုက်လာခဲ့သည်။ စာကြည့်ခန်းသို့ရောက်သောအခါ ရှီမာယူယူသူမအား ချထားရန်နှင့် ထွက်သွားရန်အချက်ပြလိုက်သည်။

အခန်းအပြင်တွင်စောင့်နေသော အစောင့်သည် ရှီမာယူယူအားမြင်သည်နှင့် တံခါးဖွင့်ပေးလိုက်လေသည်။

ရှီမာလိုင်သည် အသံများကြားချိန်တွင် တစ်စုံတစ်ခုအား ခေါင်းငုံ့ကာကြည့်နေသည်။ သူခေါင်းအားမမော့ပဲ ပြောလိုက်သည် “ဒီမှာထိုင်ပြီးစား”

ရှီမာယူယူသည် စားပွဲပေါ်တွင် စားစရာများတင်လိုက်ပြီး ရှီမာလိုင်၏ လက်ထဲမှစာယူရန် လက်လှမ်းလိုက်သည်။ သူ့လက်တွင် ပန်းကန်လုံးအားတင်ကာပြောလိုက်သည် “သမီးတို့စားနေတုန်းမှာ ဒါမျိုးတွေကြည့်ဖို့မလိုပါဘူး”

ရှီမာလိုင်သည် လက်ထဲမှစာအားချကာ သူမနှင့်အတူ ညစာစားတော့သည်။ သူတို့စားပြီးချိန်တွင် အစေခံများသည် ပန်းကန်များကို ယူသွားကာ လက်ဖက်ရည်များ ပြင်ဆင်ပေးလေသည်။

ရှီမာလိုင် မရပ်မနားလုပ်နေသည်ကို ရှီမာယူယူကြည့်ကာ ထိုအရာများသည် ဒီနေ့ထူးဆန်းနေသည်ကို သူမခံစားမိသည်။ သူမအချိန်အတော်ကြာပျောက်သွားသော်လည်း ဘာလုပ်ဖို့သွားသည်ကို သူမမေးပေ။ သူမအား လာခိုင်းသည့် အကြောင်းအရာကိုလည်းမပြောပြပဲ ညစာအတူစားကာ လက်ဖက်ရည်အတူသောက်နေခဲ့သည်။

“အဟွတ် အဟွတ် အဘိုး၊ တခြားမရှိရင် သမီးအရင်ပြန်နှင့်မယ်၊ မနက်ဖြန်ကို သမီးကျောင်းသွားမှာမို့လို့” ရှီမာလိုင်၏ ဒေါသထွက်နေသော သက်ပြင်းကို ရှီမာယူယူရိပ်မိသည်နှင့် လွတ်မြောက်မည့် အခွင့်အရေးကိုရှာတော့သည်။

“အလျင်မလိုပါနဲ့ မနက်ဖြန်ရောက်ဖို့အချိန်တွေလိုပါသေးတယ်” ရှီမာလိုင် ပါးစပ်အပြည့် လက်ဖက်ရည်သောက်ကာ လက်ဖက်ရည်ပန်းကန်လုံးအား ဖြည်းညင်းစွာချလိုက်သည်။

“အိုး” ရှီမာယူယူ လက်ဖက်ရည်ခွက်အားကောက်ယူကာ သောက်လိုက်သည်။ ထိုအချိန်တွင် ရှီမာလိုင် ဘာမှမပြောပေ။

“ဒီနေ့ နာလန်မျိုးနွယ်ကလူတွေလာတယ်” နောက်ဆုံးတွင် ရှီမာလိုင်အောင့်မထားနိုင်ပဲ စကားစတော့သည်။

“သမီးကြားပါတယ်” ရှီမာယူယူခေါင်းညိတ်ကာ ပြောပြီးနောက်တွင် တိတ်ဆိတ်မှုပြန်လွှမ်းမိုးသွားလေသည်။

ရှီမာလိုင် ရှီမာယူယူအား စိတ်ထဲတွင် သံသယစိတ်များဖြင့် ကြည့်လိုက်သည်။ အရင်ကဆိုလျှင် တစ်ခုခုဖြစ်လျှင် သူမသည် ငြိမ်မခံပေ၊ သို့သော် ဒီနေ့တွင် သူမတိတ်ဆိတ်လွန်းသည်၊ ထို့ကြောင့် သူ သူမအား ဆုံးမချင်သော်လည်း ပြောမထွက်ပေ။

သူ စိတ်များလှုပ်ရှားလာကာ သူမအား အပြစ်မတင်၍မဖြစ်တော့ပေ။

“သူတို့လာတဲ့အကြောင်းအရင်းကို သမီးသိမှာပဲ ဟုတ်တယ်မလား” ရှီမာလိုင်ပြောလိုက်သည်။

“အာ.. သမီးမသိဘူး” ရှီမာယူယူပြောလိုက်သည် “အိမ်တော်ထိန်းက သမီးကိုမပြောပြဘူး”

“သူတို့က သမီးကိုလာရှာတာ” သူမ မျက်နှာအမူအရာအား ဆန်းစစ်ကြည့်ရန် ရှီမာလိုင် ရှီမာယူယူအားကြည့်လိုက်သည်။ သို့သော် ရှီမာယူယူ၏ မျက်နှာအမူအရာသည် မပြောင်းလဲပဲ အပြစ်ရှိသည်ကို ပြသသည့် ပုံစံမဟုတ်ပေ။ နောက်တွင် သူ သူမအားတိုက်ရိုက်မေးလိုက်သည် “သမီးက နာလန်ရွှီကိုသတ်လို့ သမီးကိုရဲ့အသက်ကို သူတို့ကိုပေးဖို့ပြောတယ်”

ထိုအကြောင်းအားကြားသည်နှင့် နာလန်ရွှီနှင့် ပတ်သတ်နေသည်ကို ကောက်ချက်ချမိသည်။ သို့သော် နာလန်ရွှီမှာ ဘာမှမဖြစ်ဘူးလား။ သူမကိုလာပြီး ပြဿနာရှာနိုင်သေးတာပဲလား။

“ဟဲဟဲ သမီးလူတစ်ယောက်ကို သတ်မလား မသတ်ဘူးလားဆိုတာ သူတို့ပြောတဲ့ပေါ်မှာ မူတည်တာပဲ” သူမ အနည်းငယ်ပြုံးလိုက်သည်။

“သမီးပြောတဲ့ပေါ်မှာမူတည်တယ် မှန်လား” ရှီမာလိုင်ပြောလိုက်သည်။

ရှီမာယူယူခေါင်းညိတ်လိုက်သည်။ ရှီမာလိုင်အား ဖုံးကွယ်ထားလိုခြင်းမရှိသဖြင့် ပြောလိုက်သည် “သမီးအိမ်က ထွက်သွားတဲ့နေ့မနက်က ကျောင်းသွားတဲ့လမ်းမှာ သူက သမီးကိုသတ်မယ့် ဝိညာဉ်သခင်ကိုခေါ်လာတယ်၊ နောက်ဆုံးတော့ သမီးသူ့ကို သတ်လိုက်နိုင်ခဲ့တယ်”

တကယ်တော့ နာလန်ရွှီအသတ်ခံရသည့်နေ့က ရှီမာယူယူနောက်လိုက်သော ရှီမာလိုင်လွှတ်လိုက်သော ကိုယ်ရံတော်သည် လမ်းကြားတွင်ဖြစ်ခဲ့သည်များကို ပြောပြီးသားဖြစ်သည်။ ရှီမာယူယူ ဖုံးကွယ်ထားခြင်းမရှိသည်ကို ကြည့်ကာ ရှီမာလိုင်ပြောလိုက်သည် “အခုတော့ နာလန်ရွှီရဲ့အလောင်းကို နာလန်မျိုးနွယ်က ရှာလို့မရဘူး၊ ဘယ်သူမေးမေး သမီးငြင်းမှ အဆင်ပြေမယ်”

“ဟုတ်ကဲ့ သမီးနားလည်ပါတယ်” ရှီမာယူယူခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် ဒီနေ့ ဒီကိုသမီးကိုခေါ်တာက ဒီအကြောင်းပြောဖို့မဟုတ်ဘူး” ရှီမာလိုင်စကားလမ်းကြောင်းပြောင်းလိုက်သည် “နာလန်မျိုးနွယ်ကို နောက်ဆုံးလုပ်ခဲ့တဲ့အခြေအနေကိုပြောပါဦး”

“ဘာအခြေအနေလဲအဘိုး” ရှီမာယူယူ သူမ မမှတ်မိသေးပဲ ခေါင်းထောင်ကာ ရှီမာလိုင်အားမေးလိုက်သည်။

“ဒီတစ်ခါတော့ နာလန်ဟီက ရွှေမြွေအသီးကိုယူဖို့ ပူလွောင်တောင်တန်းကိုသွားတာ ပြန်လာတဲ့လမ်းမှာ ဝိညာဉ်သားရဲတွေနောက်ကလိုက်လာပြီး သူ့ကို သတ်ဖို့ကြိုးစားကြတယ်၊ အဲဒါသမီးနဲ့ပတ်သတ်တာပဲလား”

ရှီမာယူယူ နှလုံးခုန်မြန်လာသည်၊ သူဘယ်လိုသိလဲ။

သူမ ရွှေမြွေအသီးအတွက်တိုက်ခိုက်ခဲ့သည်ကို အဘိုးအားမသိစေချင်သဖြင့် ခေါင်းရမ်းကာ ငြင်းလိုက်သည် “အဘိုး၊ ဒီအခြေအနေက ဘယ်လိုလုပ် သမီးနဲ့ဆိုင်ရမှာလဲ၊ ဝိညာဉ်သားရဲတွေကို သွားစလို့ အလိုက်ခံရတာလည်းဖြစ်နိုင်တာပဲ”

“ပေါက်ကရပြောမနေနဲ့တော့” ရှီမာလိုင်ပြောလိုက်သည် “အဘိုး သမီးကိုမြင်တယ်”

ဘာ….

ထိုတစ်ကြိမ်တွင် ရှီမာယူယူအမှန်တကယ်ပင် မျက်လုံးပြူးသွားသည်။ ဖြစ်နိုင်ပါ့မလား၊ ထိုအချိန်က သူတို့ ရုပ်ဖျက်ထားသည်လေ၊ သူတို့မှတ်မိတုန်းလား…..

Comment

Leave a Reply

Options

not work with dark mode
Reset