Switch Mode

အခန်း(၁၀၄)-ဒဏ္ဌာရီလာ ရှေးဟောင်းသားရဲလား၊ နှာဗူးသားရဲလား

စာချုပ်ချုပ်ရန် ဝိညာဉ်သားရဲများရှာခြင်းတွင် ရှီမာယူယူအချိန်ကုန်ဆုံးနေသည်။ သူမသည် ပထမအဆင့်မှ သူတော်စင်အဆင့်ထိ တစ်ဆင့်ပြီးတစ်ဆင့်တက်သွားသော သားရဲဝိညာဉ်ကိုရှာနေခဲ့သည်။

သူမတောင်တန်းသို့ဝင်သည့် ငါးရက်မြောက်နေ့တွင် ပထမအဆင့်သူတော်စင်သားရဲအား ရှီမာယူယူထိန်းကျောင်းနိုင်ပြီဖြစ်သည်။ ထိုနေ့တွင် သူမပထမအဆင့် သူတော်စင်သားရဲအား ထိန်းကျောင်းပြီးနောက်တွင် သူမသည်လည်း အားအင်တက်လာကာ အဆင့်ငါးဝိညာဉ်သခင်ကို ကျော်ဖြတ်ကာ အဆင့်ခြောက်သို့တက်သွားလေသည်။

“ဒီအင်ပါယာသားရဲကျမ်းက သားရဲတွေကို ထိန်းကျောင်းရင်း ဝိညာဉ်သားရဲသခင်လည်းအဆင့်တက်လိမ့်မယ်လို့ ထင်မထားဘူး” အဆင့်တက်ပြီးနောက်တွင် သူမခန္ဓာကိုယ်အတွင်းမှ အားများတိုးလာသည်ကို ရှီမာယူယူခံစားမိ၍ ထင်ထားသည့်အတိုင်း နေထိုင်၍ကောင်းသည်ကို ခံစားမိသည်။

“ဒီလိုပဲလေ ဒါ့ကြောင့်ပဲ ဒီအင်ပါယာဝိညာဉ်သားရဲကျမ်းကို သားရဲထိန်းကျောင်းတဲ့သခင်တွေသဘောတွေ့ကြတာပေါ့” ဝိညာဉ်လေးပြောလိုက်သည် “ငါတို့ အရင့် အရင့် အရင် သခင်က သားရဲထိန်းကျောင်းတဲ့သခင်က အင်ပါယာဝိညာဉ်သားရဲကျမ်းကိုရချင်တယ်လို့ပြောဖူးတယ် ဘာလို့လဲဆိုရင် သားရဲထိန်းကျောင်းတဲ့သခင်တွေက အဆင့်မြင့်ဝိညာဉ်သားရဲတွေကိုထိန်းကျောင်းချင်တာကာ အချိန်ပေးရုံနဲ့တင် သူတို့ကိုယ်ပိုင်စိတ်ခွန်အားတိုးစေတဲ့အပြင် ကျင့်စဉ်ရဲ့ ကုန်ကျစရိတ်မှာလည်းနည်းတယ်လေ၊ အင်ပါယာသားရဲကျမ်းကိုရမယ်ဆိုရင် သားရဲတွေကိုထိန်းကျောင်းရင်း စွမ်းအားလည်းတိုးနိုင်တယ်၊ လွယ်လွယ်နဲ့လည်း…”

“ဝိညာဉ်လေး မင်းမှာတကယ်ပဲသခင်တွေအများကြီးရှိခဲ့တာလား” ရှီမာယူယူ ချွေးအေးများစိုရွှဲနေသည်။ သူ့တွင် အဂ္ဂိရတ်သခင်နှင့် ဝိညာဉ်ထိန်းကျောင်းသောသခင်ရှိခဲ့သည်။ လက်နက်တီထွင်သောသခင်နှင့် တည်ဆောက်မှုသခင်တို့ရှိခဲ့သည်ကိုသာ ပြောပြလိုက်ရင်တော့ သူမဒီထက်အံ့သြနေပေလိမ့်မည်။

“ဟွန်းဟွန်း” ဝိညာဉ်လေး နှာခေါင်းရှုံလိုက်သည်။ မတူညီသောအရည်အချင်းရှိသော အရင်သခင်များအကြောင်းကို သူထပ်ပြီး ရှီမာယူယူအားမပြောရန်ဆုံးဖြတ်လိုက်သည်။

“တော်ပြီ ဆက်ပြီးထိန်းကျောင်းမယ်” ရှီမာယူယူပြောလိုက်သည် “ဟိန်းသံလေး၊ ငါ ပထမအဆင့်သူတော်စင် သားရဲကိုထိန်းနိုင်ပြီဆိုတော့ နည်းနည်းစိတ်ချနေပြီ၊ ဆိုတော့ မင်းတတိယအဆင့်သူတော်စင်သားရဲကိုသာ ကူရှာပေး ဟုတ်ပြီလား”

“ကောင်းပြီ ယူယူ ငါ့ကိုစောင့်ပေး” ထိုစကားပြောပြီးသည်နှင့် ဟိန်းသံလေး ပျံသန်းသွားကာ မကြာမီတွင် သူနှင့်အတူ တတိယအဆင့်သူတော်စင်သားရဲကိုခေါ်ဆောင်လာလေသည်။

ဒီတစ်ကြိမ် သားရဲထိန်းကျောင်းသောအခါ အနည်းငယ်အားကုန်သည်ကို ရှီမာယူယူခံစားရကာ နောက်ပိုင်းတွင် ခက်ခဲလာသည်။

သူမ ထိန်းကျောင်းပြီးနောက်တွင် နဖူးမှချွေးများကို သုတ်လိုက်သည်။ သူမ ကိုယ်ပိုင်အားများကို အလွန်အကျွံသုံးလိုက်မိသည်နှင့်တူသည်။ သို့သော် သူတော်စင်အဆင့်သားရဲအားထိန်းကျောင်းမှုသည် ကျင်ချန်းနိုင်ငံတစ်ခုလုံးတွင် မြင်ဖူးခြင်းမရှိပေ။

ထိုသို့ဖြစ်ရခြင်းမှာ အင်ပါယာသားရဲကျမ်း၊ ဝိညာဉ်သန့်စင်သည့်ကျမ်းနှင့် သူမ၏ ဇွဲထက်သန်မှုနှင့် ပေါင်းစပ်လိုက်သောကြောင့်ပင်ဖြစ်သည်။

“ယူယူ မင်းအဆင့်လေးဟာယူချင်လား” သူမပြီးစီးသည်ကိုမြင်သည်နှင့် ဟိန်းသံလေးပျံသန်းကာ မေးလိုက်သည်။

ရှီမာယူယူခေါင်းရမ်းကာပြောလိုက်သည် “အဆင့်သုံးကိုထိန်းကျောင်းရတာတောင် အားကုန်နေပြီ၊ တခြားအဆင့်မြင့်တာကို ထိန်းရင်တော့ ငါပဲထိခိုက်သွားမှာပဲ၊ နောက်ထပ်အဆင့်သုံးရှိတဲ့ဟာတွေပဲ ရှာခဲ့ပေး၊ ငါအားပြန်ပြည့်လာမှ သူတို့ကိုထပ်ပြီးထိန်းကျောင်းမယ်”

“အဲဒါဆိုလည်း ပြီးတာပဲ” ဟိန်းသံလေး ပြောပြီးသည်နှင့် ထပ်မံပျံသန်းသွားလေသည်။

ဟိန်းသံလေးသည် ဝိညာဉ်သားရဲများကို အားတက်သရော ဖျားယောင်းခေါ်ဆောင်လာသည်ကို ရှီမာယူယူကြည့်ကာ သဘောကျ၍ ခေါင်းရမ်းမိတော့သည်။ ထို့နောက်တွင် ရာဟွောင်အားအစောင့်အဖြစ်ထားကာ သူမ စိတ်ခွန်အားများပြန်တိုးလာစေရန် တရားထိုင်ရန်အတွက် မျက်စိမှိတ်လိုက်တော့သည်။

ထိန်းကျောင်းသည့်အချိန်အတွင်း စိတ်ခွန်အားအသုံးပြုမှုအား ရပ်နားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်၍ ပြန်အားဖြည့်ရန် ရှီမာယူယူတစ်ညလုံးအချိန်ယူရသည်။ ဒုတိယနေ့တွင်မှပင် သူမလုံးဝအားပြန်ပြည့်လာခဲ့သည်။ ထိုဝိညာဉ်သားရဲများထိန်းကျောင်းရန်တစ်နေ့လုံးအချိန်ယူလိုက်၊ နောက်တစ်ညကို အားပြန်ပြည့်ဖို့အတွက်သုံးလိုက်နှင့် တစ်နေ့တစ်နေ့ကုန်ဆုံးကာ နောက်ဆုံးတွင် ထိုအဆင့်သုံးသူတော်စင်သားရဲအနည်းငယ်ကို ထိန်းကျောင်းပြီးစီးသွားသည်။

ထို့နောက်တွင် သူမသည်လည်း ပထမအဆင့်၊ဒုတိယအဆင့်၊ တတိယအဆင့် သူတော်စင်သားရဲများကို ကျင့်ကြံပေးကာ သူတို့အားလုံးကို ဝိညာဉ်ပုလဲအတွင်းသို့ သိမ်းထားလိုက်သည်။ ဝိညာဉ်ပုလဲ၏ လျှိုု့ဝှက်ချက်များကို သူတို့မသိစေရန် ဝိညာဉ်လေးအား သီးသန့်နေရာတွင် ထားခိုင်းထားလိုက်သည်။

“သခင် မင်းဒီမှာနေနေတာ လတစ်ဝက်ရှိတော့မယ်” ရှီမာယူယူ အနည်းနဲ့အများအဆင့်သင့်ဖြစ်နေသည်နှင့် ထိုသူတော်စင်သားရဲများ အနည်းငယ်ယဉ်ကျေးနေသည်ကို ရာဟွောင်မြင်သည်နှင့် သူမအား သတိပေးလိုက်သည်။

“အင်း.. ငါတို့မကြာခင်ထွက်သွားသင့်ပြီ” ရှီမာယူယူခေါင်းညိတ်လိုက်သည် “အခုမြို့တော်ကဘယ်လိုဖြစ်နေလဲ မသိသေးဘူး၊ ဟိန်းသံလေးပြန်လာတာစောင့်ပြီးမှ ပြန်သွားကြမယ်”

ထိုသို့ပြောပြီးနောက်တွင် စိတ်ထဲမှ ဟိန်းသံလေးအား ခေါ်လိုက်ကာ မကြာခင်ထွက်သွားမည့်အကြောင်းကို ပြောပြကာ မြန်မြန်ပြန်လာရန်၊ ဒါမှမဟုတ်ရင် သူ့အားဂရုမစိုက်ပဲ ထားခဲ့မည့်အကြောင်းကို ပြောလိုက်သည်။

“ရက်စက်လိုက်တဲ့ယူယူပဲ” ဟိန်းသံလေး ညည်းညူလိုက်ပြီး သူ့ဘေးတွင်ရှိသော ဝိညာဉ်သားရဲ ဘက်လှည့်ကာ ပျော်ရွှင်စွာစကားပြောလိုက်သေးသည် “ငါသွားရတော့မယ်၊ ဟူး… ငါ့ကိုအရမ်းမလွမ်းနဲ့နော်”

ထိုသို့ပြောပြီးနောက် ရှီမာယူယူဘက်ပျံသန်းကာ သူ့အားအင်တင်တင်နှင့် ကြည့်နေသော  မျောက်မလေးအားကျောခိုင်းလိုက်သည်။

ဟိန်းသံလေး၏ အဖြစ်အပျက်အခြေအနေကို ရှီမာယူယူခံစားမိသည်နှင့် မျက်နှာတစ်ခု လုံးမည်းမှောင်သွားတော့သည်။

ဒီကောင်ကတော့ မိန်းကလေးတွကို ဖျားယောင်းဖို့သွားတာပဲ..သြော်….မှားလို့၊ ဝိညာဉ်သားရဲတွေကို ဖျားယောင်းဖို့သွားတာပဲ..

“ယူယူ ငါပြန်လာပြီ” ဟိန်းသံလေးပြန်လာသည်နှင့် ရှီမာယူယူ၏ ရင်ခွင်ထဲသို့လှိမ့်လိုက်သည်။

ရှီမာယူယူ ဟိန်းသံလေးအား လည်ပင်းမှဆွဲကိုင်ပြီး သူမမျက်စိရှေ့တွင် ဘယ်ညာလှည့်ကြည့်သည်။

“ယူယူ မင်းဘာတွေကြည့်နေတာလဲ” ရှီမာယူယူ တအံတသြမျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်သော် ဟိန်းသံလေးမေးလိုက်သည်။

“မင်းက တကယ်ပဲရှေးဟောင်း ဒဏ္ဌာရီလာသားရဲဟုတ်ရော ဟုတ်ရဲ့လားလို့စစ်ဆေးနေတာ” ရှီမာယူယူပြောလိုက်သည်။

ဟိန်းသံလေး ခေါင်းအားဝေ့ရမ်းကာ ကိုယ့်ကိုကိုယ်အထင်ကြီးစွာပြောလိုက်သည် “ရှင်းရှင်းလင်းလင်းမြင်ရလား”

“ငါနှာဗူး သားရဲကိုပဲမြင်ရတယ်” ရှီမာယူယူ ဟိန်းသံလေးအား ပစ်လိုက်ကာ ရာဟွောင်ကိုယ်ပေါ်သို့ထိုင်ပြီး ပြောလိုက်သည် “သွားရအောင်”

အမိန့်ရသည်နှင့် ရာဟွောင် သူ့ခြေလက်များကို ဟန်ပြင်ကာ ပြေးတော့သည်။ ဟိန်းသံလေး လေထဲတွင် ကိုယ်ဟန်ကိုပြန်ထိန်းကာ သူတို့ထွက်သွားသည်ကို မြင်သည်နှင့် စောဒကတက်လိုက်သည် “ချောမောပြီး ယုံကြည်ချက်အပြည့်ရှိတဲ့ ဒဏ္ဌာရီလာရှေးဟောင်းသားရဲကို ဒီလိုဆက်ဆံတဲ့ မိန်းကလေးကတော့ အဆိပ်ပြင်းတဲ့သူပဲ၊ ဒါပေမယ့် တခြား တိရစ္ဆာန်အမတွေက ငါ့ကိုဆိုအရေးပေးကြပြီး ယူယူကဘာလို့ အမြဲတမ်း ကြမ်းတမ်းရတာလဲ၊ သူမက အရင်ဘဝက ယောက်ျားလေးမို့လို့လား… မဟုတ်ဘူးဆိုရင်လည်း ယူယူက အရင်ဘဝကသူတော့ မဖြစ်နိုင်ဘူး.. ဟူး… ရှုပ်ထွေးလိုက်တာ…”

အဖြေရှာ၍မရခင်မှာပင် ရှီမာယူယူနှင့် တခြားသူများသည် အဝေးသို့ရောက်နေပြီးကို မြင်လိုက်ကာ အမှီလိုက်ရတော့သည်။ သူသည် ရာဟွောင်၏ ဦးခေါင်းတွင်ထိုင်ကာ တပ်မှူးတစ်ယောက်၏ ကိုယ်နေဟန်ထားကဲ့သို့ အရှေ့သို့သာကြည့်နေခဲ့သည်။

ရာဟွောင်၏ အမြန်နှုန်းနှင့် သူတို့သည် ဆားမြို့သို့ လျင်မြန်စွာရောက်ရှိလာသည်။

ရှီမာယူယူ တည်းခိုခန်းသို့အရင်သွားလိုက်သည်။ ရှီမာလိုင်နှင့် တခြားသူများ လွန်ခဲ့သည့် ဆယ်ရက်ကပင် ထွက်သွားသည်ကို သူသိသည်နှင့် ဝိညာဉ်သခင်ကုန်သည်ကြီးများအသင်းသို့ တိုက်ရိုက်သွားကာ ဖြတ်လမ်းတည်ဆောက်မှုမှတစ်ဆင့် မြို့တော်သို့ ပြန်လာခဲ့လိုက်သည်။

တစ်ရက်အကြာတွင် ရှီမာယူယူမြို့တော်သို့ ရောက်ရှိကာ ချက်ချင်းပင် စစ်သူကြီးအိမ်တော်သို့ ဦးတည်လိုက်သည်။

“ငါးယောက်မြောက်သခင်လေး၊ နောက်ဆုံးတော့ ပြန်လာပြီလား” အိမ်တော်ထိန်းသည် ရှီမာယူယူအား မြင်သည်နှင့် စိတ်လှုပ်ရှားစွာပြေးလာလေသည်။

“ဟေး ဟေး ငါပြန်လာပြီ အဘိုးဘယ်မှာလဲ” ရှီမာယူယူပြုံးကာ မေးလိုက်သည်။

“စစ်သူကြီးက ခန်းမထဲမှာ” အိမ်တော်ထိန်းသည် ပြန်ဖြေသည်။

“ငါ အဘိုးကိုသွားရှာလိုက်ဦးမယ်” ရှီမာယူယူ သွားရန်ဟန်ပြင်နေတုန်းမှာပင် အိမ်တော်ထိန်းက တားလိုက်သည်။

“ငါးယောက်မြောက်သခင်လေး အခုမသွားတာကောင်းမယ်၊ နာလန်မျိုးနွယ်ကလူတွေ ဒီကိုရောက်နေတယ်” အိမ်တော်ထိန်းကပြောလိုက်သည်။

“နာလန်မျိုးနွယ်ကလူတွေက ဒီကိုရောက်နေတယ်ဟုတ်လား၊ နာလန်ဟီလား၊ သူတို့ကဘာလာလုပ်တာလဲ” ရှီမာယူယူမေးလိုက်သည်။

နာလန်ဟီနှင့် တခြားသူများကို ပြဿနာဖြစ်စေနိုင်သလားဟု သူမ ဘေဂုံထန်နှင့် ကျန်သောသူများကို ပြောခဲ့သည် မဟုတ်လား။ သူတို့ပြဿနာရှာဖို့အချိန်ရှိသေးတာလား။

“နာလန်ဟီမဟုတ်ဘူး၊ နာလန်မျိုးနွယ်က အကြီးအကဲပဲ သခင်လေးကိုတွေ့ချင်လို့တဲ့” အိမ်တော်ထိန်းပြောလိုက်သည် “ဒါပေမယ့် သူတို့ကြည့်ရတာ အဆင်မပြေဘူးလို့ စစ်သူကြီးကမြင်တယ်၊ တစ်ခုခုမကောင်းတာဖြစ်မှာစိုးတယ်၊ သခင်လေးပြန်လာရင် ခန်းမကိုမလာခိုင်းဖို့အမိန့်ပေးထားတယ်”

“အကြီးအကဲဟုတ်လား” သူမမှတ်ဉာဏ်ထဲမှ နာလန်မျိုးနွယ်မှ အကြီးအကဲကို ရှာဖွေကြည့်သည်။ သူသည် သူတော်စင် ဝိညာဉ်ကိုဖိနှိပ်နိုင်သော အားအကောင်းဆုံးလူဖြစ်သည်ဟု လူသိများသည်။

ရှီမာယူယူသည် အစပိုင်းတွင် ထိုအကြီးအကဲအားသွားတွေ့ရန်ခန်းမဆီသို့ ဦးတည်သော်လည်း အိမ်တော်ထိန်းသည် လွှတ်ပေးတာထက် သေသွားချင်သည်ဟု ပြောသည်။ ရှီမာလိုင်သည် အကြီးအကဲနှင့် သဘောတူညီမှုမရနိုင်ကြောင်းကို တွေးကာ ရှီမာယူယူနောက်ကြောင်းလှည့်ကာ အိမ်သို့ပြန်ခဲ့လိုက်သည်။

အိမ်တော်ထိန်းသည် နာလန်မျိုးနွယ်မှ လူများပြန်သွားမှသာ ရှီမာယူယူအပြင်ထွက်ရန် အချက်ပေးရန် အစောင့်များကို မှာကြားထားသည်။

သူမ ကိုယ်ပိုင်အိမ်သို့ရောက်လာသော်လည်း အိမ်တော်ထိန်းသည် သူမအနားမှထွက်မသွားသဖြင့် သူမ ငိုရမလား ရယ်ရမလားမသိတော့ပေ။

သူသည် သူမအား ငယ်ငယ်ကလိုပင် အလွယ်တကူ ဒဏ်ရာရနိုင်သကဲ့သို့ စောင့်ရှောက်သည်။ သူမ ဒဏ်ရာနည်းနည်းလေးရမည်ကိုပင် ကြောက်သည်။ ထိုအရာသည် သူမနှလုံးသားအား နွေးထွေးစေသည် ထိုအရာအား သူမနှလုံးသားထဲတွင် ထိန်းသိမ်းထားလိုက်သည်။

နာလန်မျိုးနွယ်အကြောင်းစဉ်းစားလိုက်လျှင် သူမစိတ်ထဲတွင် လှောင်ပြုံးပြုံးမိသည်။ သူမ အိမ်တော်ထိန်းအားခေါ်ကာပြောလိုက်သည် “အိမ်တော်ထိန်း မကြာခင်က နာလန်မျိုးနွယ်မှာ တစ်ခုခုဖြစ်တာမျိုးမရှိဘူးလား”

Comment

Leave a Reply

Options

not work with dark mode
Reset