Switch Mode

အခန်း(၁၀၃)-သားရဲအား ထိန်းကျောင်းခြင်း

ရှီမာယူရန်သည် စိတ်ထဲတွင် သံသယဝင်မိသော်လည်း ရှီမာယူယူပြောသော အကြောင်းများသည် သူတို့သာသိသော အကြောင်းများဖြစ်သည်။

သို့သော် သူ့မျက်စိရှေ့တွင် စကားပြောနေသော သူ၏ရင်းနှီးသော ညီမလေးသည် အမှန်တကယ်ပင် ထူးဆန်းနေခဲ့သည်။ ဘယ်ရှုထောင့်ကပင်ကြည့်ပါစေ လုံးဝပင်ကွဲပြားသည့်နှစ်ယောက်ဖြစ်နေသည်။

“ဒါပေမယ့် ဆေးပညာကိုမင်းဘယ်အချိန်ကသင်လိုက်တာလဲ”

သူထိုအတိုင်းမေးသည်ကို ရှီမာယူယူကြားသည်နှင့် သူမသရုပ်မှန်ကိုယုံပြီဆိုသည့်သဘောပင်။ သူမပြောသည်မှာ “ကျွန်တော့်ခန္ဓာကိုယ်က ချိပ်တံဆိပ်အကြောင်းကို အဘိုးက အစ်ကို့ကိုပြောဖူးလား”

“ချိပ်တံဆိပ်ဟုတ်လား” ရှီမာယူရန် မျက်ခုံးများ ပင့်လိုက်သည်။ သူထိုအကြောင်းကို မကြားဖူးသည့် ပုံပင်။ သို့သော် သူမထိုကဲ့သို့ပြောသည်ကို နားထောင်လျှင် ညာနေသည့်ပုံမပေါ်ပေ။ “အဲဒါဘာအကြောင်းလဲ”

ရှီမာယူယူ ပခုံးတွန့်ကာပြောလိုက်သည် “ကျွန်တော်လည်းမသိဘူး၊ ဒါပေမယ့် အဲအကြောင်းကိုပြောတဲ့အချိန်မှာ အရင်ဘဝက မှတ်ဉာဏ်တွေမှတ်မိလာတယ်၊ ပြီးတော့ အဲချိပ်တံဆိပ်ကြောင့်ပဲ ကျွန်တော့်မှတ်ဉာဏ်အစိတ်အပိုင်းတွေကို ချိပ်တံဆိပ်ခံထားရတာပဲ၊ နောက်ပြီးတော့ ကျွန်တော်ဒဏ်ရာရတော့ ချိပ်တံဆိပ်ပွင့်သွားပြီး မှတ်ဉာဏ်တွေပြန်မှတ်မိသွားတာပဲ၊ အဲဆေးပညာက အရင်ဘဝကသိတဲ့အရာပဲ”

“အရင်ဘဝကမှတ်ဉာဏ်တွေဟုတ်လား” ရှီမာယူရန်သည် အနည်းငယ်လက်ခံနိုင်စွမ်းမရှိသည်ကို ခံစားမိသော်လည်း အခုချိန်တွင်တော့ အကောင်းဆုံးရှင်းပြနိုင်သည့်နည်းလမ်းပင်။ “မင်းအခုလုပ်နေတဲ့အပြုအမူတွေက အရင်ဘဝကလုပ်နေတဲ့ဟာတွေလို့ မင်းရဲ့ စရိုက်တွေလည်းပြောင်းလဲသွားတယ်လို့တော့ မင်းမပြောနဲ့နော်”

သူမချုပ်နှောင်ခံရပြီး အဖွဲ့အစည်း၏ရှင်းလင်းမှုကို စဉ်းစားလိုက်၊ အလွန်နာကျင်မှုကို ခံစားရသောရှီမန်ယူယူကို စဉ်းစားလိုက်နှင့် သူမ မျက်နှာမကောင်းပေ။

သူမပြုံးကာပြောလိုက်သည် “အစ်ကိုလေး အဲဒါတွေက ပြီးသွားတဲ့မှတ်ဉာဏ်ဟောင်းတွေပါ၊ သူတို့ကို အဲအကြောင်းကိုမပြောလည်း ရပါတယ်”

ရှီမာယူယူ စိတ်မကောင်းစရာကိစ္စများကိုတွေးနေသည်ကို ရှီမာယူရန်သိသဖြင့် သူ့မေးခွန်းကိုဆက်မမေးတော့ပေ။ သူတို့နှစ်ယောက်သည် တိတ်ဆိတ်မှုဖြင့် ဖြေရှင်းပြီးသားဖြစ်သွားသည်။

“အစ်ကိုလေး ဒါက တခြားအစ်ကိုတွေကိုပြောမယ်ဆိုရင်လည်း ပြောလိုက်ပါ၊ လျှို့ဝှက်ချက်အဖြစ်ထားဖို့ မပြောပါဘူး” ရှီမာယူယူ ဆက်ပြီးတိတ်ဆိတ်လိုခြင်းမရှိတော့ပဲ ပြောလိုက်သည်။

“မင်းကငါ့ရဲ့ ညီလေး၅ဖြစ်ရင်ပြီးရော အဲဒါတွေက အရေးမကြီးပါဘူး” ရှီမာယူရန် ပြုံးကာပြောလိုက်သည်။

“ကျေးဇူးပါ အစ်ကိုလေး” ရှီမာယူယူ သူ့အားစိတ်ရင်းနှင့် ကျေးဇူးတင်သည်ကို ရှီမာယူရန်ကြည့်လိုက်သည်။

“ငါကမင်းရဲ့ အစ်ကိုပဲ မင်းကိုကာကွယ်ချင်တာက သဘာဝပဲလေ၊ အဲဒါကို သူတို့သတိမထားမိရင် သူတို့က ညံ့လို့ပဲ၊ ငါသူတို့ကိုမပြောလို့မဟုတ်ဘူး”

“ဟုတ်တယ် အစ်ကိုလေးကအတော်ဆုံးဆိုတာ ကျွန်တော်သိတယ်” ရှီမာယူယူပြုံးကာပြောလိုက်သည် “အစ်ကိုလေး ကျွန်တော်တစ်ခုလောက်အကူအညီတောင်းချင်လို့”

“ဘာလဲ” ရှီမာယူရန်မေးလိုက်သည်။

“ကျွန်တော် ပူလွောင်တောင်တန်းကိုပြန်သွားချင်တယ်၊ သူတို့ကိုခေါ်ပြီးအရင်ပြန်သွားပါ့လား၊ အဘိုးကို ပြောလိုက်ရင် မသွားခိုင်းမှာစိုးလို့”

ရှီမာယူရန် မျက်ခုံးများပင့်လိုက်သည်။ “ဒါဆိုငါ့ကို သိအောင်ပြောတိုင်းငါကမင်းကို လွတ်ဖို့သဘောတူမယ်ထင်လား၊ ပူလွောင်တောင်တန်းက အရမ်းအန္တရာယ်များတယ် မင်းကိုတစ်ယောက်တည်း ဘယ်လိုလုပ်လွှတ်မလဲ”

“အစ်ကိုလေး ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော်ပူလွောင်တောင်တန်းမှာ တစ်ယောက်ထဲတုန်းကလည်း လအတော်ကြာနေခဲ့တာပဲ မေ့သွားပြီလား” ရှီမာယူယူပြောလိုက်သည် “အဲတုန်းက ဖြေရှင်းဖို့ကိစ္စတစ်ခုရှိလို့ မစိုးရိမ်ပါနဲ့ တောင်ကနေထွက်တာနဲ့ ကိုယ့်ဘာသာဘယ်လိုပြန်ရမလဲဆိုတာ သိပါတယ်”

“ဒါပေမယ့်…”

“ကျွန်တော်က အရင်ကနဲ့မတူတော့ဘူး၊ ဘဝနှစ်ခုက မှတ်ဉာဏ်တွေရှိနေတာပဲ အသက်ကိုနောက်စရာသဘောမထားပါဘူး” ရှီမာယူယူပြောလိုက်သည် “ဒီလိုလုပ်ရအောင်၊ အစ်ကိုလေး အဘိုးကိုဖြေရှင်းဖို့ကူညီပေး၊ ကျွန်တော်အရင်သွားမယ်”

သူမပြောပြီးသည်နှင့် ရှီမာယူရန်၏ ပြန်အဖြေကိုမစောင့်တော့ပဲ သူမချက်ချင်းပင်လှည့်ထွက်သွားလေသည်။

ရှီမာယူယူထွက်သွားသည်ကို ရှီမာယူရန်စောင့်ကြည့်ပြီး ရယ်ကာ ခေါင်းရမ်းနေလေသည်။ “ဒီကောင်ကတော့ သူမရဲ့ စိတ်မရှည်ပုံကတော့ အရင်ကအတိုင်းပဲ”

သူထကာ ရှီမာယူယူလမ်းမအတိုင်းပြေးထွက်သွားသည်ကို ပြတင်းပေါက်မှကြည့်လိုက်သည်။ သူကြည့်နေသည်ကို သူမခံစားရသဖြင့် လှည့်ကြည့်ကာ လက်ဝေ့ပြလိုက်သည်။

“အစ်ကိုလေး ဒါကိုလျှို့ဝှက်ချက်အဖြစ်ထားဖို့ ကူညီပေးပါ”

ထိုသို့ပြောသည်နှင့်အတူ လက်ဟန်ခြေဟန်ပါလုပ်ပြလိုက်သေးသည်။

ရှီမာယူရန် သူမအားပြန်မဖြေသော်လည်း စိတ်ထဲတွင်တော့ ရှီမာလိုင်ပြန်လာလျှင် ဘာပြောရမလဲဆိုသည်ကို တွေးနေသည်။ သူမက လျှို့ဝှက်ချက်အဖြစ်ထားဖို့ပြောပြီဆိုတော့ သူမပူလွောင်တောင်တန်းကိုသွားမည်ကို ဘယ်သူမှမသိစေချင်သည့်ပုံပင်။

ရှီမာယူယူပြသွားသောခြေဟန်လက်ဟန်အားစဉ်းစားကြည့်လျှင် သူမအပေါ်ရှီမာယူရန်၏ ယုံကြည်မှုသည် အနည်းငယ်တိုးသွားသည်။ ထိုခြေဟန်လက်ဟန်သည် သူတို့အချင်းချင်း လျှို့ဝှက်ချက်အဖြစ်ထားရှိလိုလျှင် ပြသောအပြုအမူပင်ဖြစ်သည်။ သူမ မသိလိုက်ဘာသာလုပ်လိုက်သော အပြုအမူသည် သူ့ညီမအစစ်မှန်ပင်ဖြစ်သည်။ အယောင်ဆောင်မဟုတ်ပေ။

သူဉာဏ်ကောင်းသည်ဆိုရင်တောင် ဝိညာဉ်ပြောင်းသွားနိုင်သည့် ဖြစ်နိုင်ချေကို မစဉ်းစားမိပေ။ ထို့အပြင် ရှီမာယူယူသည် ရှီမာအိမ်အား သူမကိုယ်ပိုင်အိမ်ကဲ့သို့စောင့်ရှောက်သည်၊ သူတို့အား မိသားစုဝင်ကဲ့သို့ဆက်ဆံသည်၊ ပြီးနောက်သူတို့သည် သူမအား အစစ်အမှန်ရှီမာယူယူကဲ့သို့ ဆက်ဆံသည်။

“ဟူး.. တကယ်ဆော့တဲ့ကလေးပဲ…” သူသက်ပြင်းချလိုက်ကာ ထွက်သွားရာ သူ့ခြေလှမ်းများသည် အရင်ကထက်ပေါ့ပါးနေခဲ့သည်။

ရှီမာယူယူ မြို့မှထွက်သွားကာ ရာဟွောင်အားခေါ်ပြီး ပူလွောင်တောင်တန်းသို့ဦးတည်ခဲ့လေသည်။ ရှီမာယူရန် ဘယ်လိုဖြေရှင်းမလဲဆိုသည်ကို သူမ မသိပါ၊ သို့သော် သူမသည် ရှီမာလိုင်နှင့်တခြားသူများကို ဦးဆောင်ပြီး အိမ်ပြန်ခေါ်သွားနိုင်မည်ကို သူမယုံကြည်သည်။

ရာဟွောင်သည် နှေးကွေးခြင်းမရှိပဲ လျင်မြန်စွာပင် သူတို့အား ပူလွောင်တောင်တန်းသို့ခေါ်ဆောင်သွားလေသည်။

အခု သူမလက်ရှိမစ်ရှင်သည် ရှင်းသည်၊ ဝိညာဉ်သားရဲအချို့ဖမ်းရန်ဖြစ်သည်။ သူမသည် ဝိညာဉ်သားရဲဘယ်အဆင့်ကနေ ထိန်းကျောင်းရမည်ကို သူမမသိပါ၊ သူမ အဆင့်အနိမ့်ဆုံးဝိညာဉ်သားရဲမှ စတင်၍ ထိန်းကျောင်းရမည်။

သူမသည် အင်ပါယာသားရဲကျမ်းကို နောက်ထပ်အကြိမ်အနည်းငယ်ဖတ်ပြီး နည်းလမ်းများနှင့် အရေးကြီးသောအပိုင်းများကို ကျက်မှတ်သည်။ ထို့နောက်တွင်တော့ ပထမအဆင့်ဝိညာဉ်သားရဲများဖမ်းရန် ရာဟွောင်နှင့် ဟိန်းသံလေးကို လွှတ်လိုက်လေသည်။

သူမ အင်ပါယာသားရဲကျမ်းအား ပထမဆုံးအသုံးပြုခြင်းကြောင့် ရှီမာယူယူစိတ်လှုပ်ရှားနေခဲ့သည်။ အဆင့်နိမ့် ဝိညာဉ်သားရဲသည် ရာဟွောင်နှင့် ဟိန်းသံလေး၏ ဝိညာဉ်ဖိအားကြောင့် မြေပေါ်တွင် တုန်ယင်နေခဲ့သည်။

ရှီမာယူယူလျှောက်သွားလိုက်ကာ သူ၏ခေါင်းပေါ်သို့လက်တင်လိုက်လေသည်။ ထို့နောက် အင်ပါယာဝိညာဉ်ကျမ်းတွင် ပြဌာန်းထားသည့်အတိုင်းလိုက်လုပ်ကာ သူမအတွင်းဝိညာဉ်စွမ်းအင်ကို ပြောင်းကာ သူမနှင့် ဝိညာဉ်သားရဲကြားတွင် ဆက်သွယ်မှုရရန်ကြိုးစားကြည့်သည်။

ရာဟွောင်နှင့် ဟိန်းသံလေးသည် ဘေးတွင်ရပ်ကာ စောင့်ကြည့်နေလေသည်။ သူတို့သည် သူမအား အနှောင့်အယှက်ဖြစ်မည်စိုး၍ စကားတစ်ခွန်းမှမပြောပဲ စာချုပ်ဆက်သွယ်မှုသုံး၍သာ စကားပြောကြလေသည်။

“ဟိန်းသံလေး၊ ထိန်းကျောင်းခံရတဲ့ခံစားချက်ကဘယ်လိုလဲ” ရာဟွောင်ပြောလိုက်သည်။

ထိုအချိန်တုန်းက သူကစပြီး ရှီမာယူယူအား သခင်အဖြစ်ခစားမည်ဟုပြောခဲ့သည်၊ ထိန်းကျောင်းခံရသည့် ခံစားချက်ကိုသူမသိပေ။

“ငါကဘယ်လိုသိမှာလဲ” ဟိန်းသံလေးပြောလိုက်သည် “ငါလည်းထိန်းကျောင်းမခံရဖူးဘူး”

“မင်းက ထိန်းကျောင်းခံရပြီး စာချုပ်ချုပ်လိုက်တာမဟုတ်ဘူးလား” ရာဟွောင် ဟိန်းသံလေးအား တအံ့တသြကြည့်လိုက်သည်။

“ဟင်း..ဟင်း.. အဲအချိန်တုန်းက ယူယူငါ့ကို လှည့်စားတုန်းက ငါအသက်ဘယ်လောက်ရှိပြီလဲမသိဘူး၊ ပြီးတော့ ငါသူမနောက်ကို လိုက်ရုံအပြင်မရှိခဲ့ဘူး၊ ဟူး… အခုပြန်စဉ်းစားရင် မျက်ရည်တွေပဲပြည့်လာတယ်”

ဟိန်းသံလေး သရုပ်ဆောင်နေသည်ကို ရာဟွောင်ကြည့်ရင်းနှင့် မှတ်ချက်တစ်ခုပေးလိုက်သည်၊ သူသရုပ်ဆောင်တတ်တာပဲ။

“ပြောပါဦး၊ ငါတို့သခင်က ဝိညာဉ်သားရဲတွေကိုထိန်းကျောင်းနိုင်ပါ့မလား” အချိန်ကြာစွာ ရှီမာယူယူမအောင်မြင်သည်ကို ရာဟွောင်မြင်သည်နှင့် မသေချာစွာမေးလိုက်မိသည်။

“ဒါပေါ့” ဟိန်းသံလေးသည် အချိန်မရွေး၊ နေရာမရွေး လှုပ်ခပ်ခြင်းမရှိပဲ ရှီမာယူယူအား ယုံကြည်သည် “ဘယ်လိုပဲဖြစ်ဖြစ်၊ ယူယူက မလုပ်ချင်တာပဲရှိမယ်၊ မလုပ်နိုင်တာမရှိဘူး”

ရှီမာယူယူ ဝိညာဉ်သားရဲအားထိန်းကျောင်းပြီးသည်နှင့် ဟိန်းသံလေးပြောသောစကားများကို ကြားသောအခါ သူ့အား စကားမပြောပဲကြည့်လိုက်လေသည်။

ဒီကောင်ကတော့ သူမကို အလွန်အကျွံယုံကြည်နေခဲ့သည်။ သူမ အားကောင်းလာသောအချိန်တွင် သူမလုပ်ချင်သည့်အရာကို ဘယ်လိုလုပ် လုပ်နိုင်သည်ကို သူမမသိပေ။

“ယူယူ မင်းထိန်းကျောင်းတာပြီးပြီလား” အဆင့်နိမ့် ဝိညာဉ်သားရဲမြေပေါ်တွင် လဲနေသည်ကို မြင်သည်နှင့် ဟိန်းသံလေး ပျံသန်းလာကာမေးလိုက်သည်။

“အင်း… အင်ပါယာဝိညာဉ်သားရဲကျမ်းကိုသုံးတာ ပထမဆုံးအကြိမ်ဆိုတော့ ငါမရင်းနှီးသေးတော့ အမှားလုပ်မိတာနဲ့ အချိန်ကုန်တာပဲအဖတ်တင်ပါတယ်” ရှီမာယူယူပြောလိုက်သည်။

ထိုအရာသည် အင်ပါယာသားရဲကျမ်းသည် အားကောင်း၍လား၊ ဒါမှမဟုတ် သူမ၏စိတ်အတွင်းအားသည် သန်မာလျက်နှင့် သားရဲထိန်းကျောင်းသည့် သခင်များအတိုင်းမြန်မြန်သုံးလိုက်၍လား သူမမသိပါ။ အထူးသဖြင့် ထိုအရာသည် သူမ၏ပထမဆုံးအကြိမ်ဖြစ်သည်။

သားရဲထိန်းကျောင်းသည့် ကုန်သည်ကြီးများအသင်းသည် သူမ ပထမဆုံးအကြိမ်၌ပင် အောင်မြင်သည်ကိုသိပါက မုန်တိုင်းထန်သွားလိမ့်မည်။


Comment

Leave a Reply

Options

not work with dark mode
Reset