Switch Mode

အခန်း(၁၀၁)-မျိုးနွယ်ဟောင်းများအငြင်းပွားခြင်း

အရင်မျိုးနွယ်ဟောင်းတွေနဲ့ အငြင်းပွားတာရော ဟုတ်ရဲ့လား။

ရှီမာလိုင်စကားစပြောသည်နှင့် ရှီမာယူယူအလန့်တကြားဖြစ်သွားသည်။

“ဟူး… သမီးကို ဒါတွေကို ဘယ်တုန်းကမှပြောဖို့အစီအစဉ်မရှိခဲ့ဘူး၊ ဒါပေမယ့်ထပ်ဖြစ်လာပြီး အဘိုးရုတ်တရက်သေသွားရင် ဘာတွေဖြစ်လဲဆိုတာသမီးမသိလိုက်မှာစိုးလို့” ရှီမာလိုင်သက်ပြင်းချသည်။

သူ၏ ဝန်ခံမှုနှင့် တုံ့ဆိုင်းမှုကို ရှီမာယူယူတွဲမြင်လိုက်သောအခါတွင်တော့ သူ့လက်အားဆုပ်ကိုင်ကာ ပြောလိုက်သည် “အဘိုး သမီးတို့ကလည်း ရှီမာမျိုးနွယ်ရဲ့ မျိုးဆက်တွေပဲ၊ အဘိုးရဲ့ ဝန်ထုတ်ဝန်ပိုးတွေကို မျှပေးလို့ရပါတယ် သမီးပြောတာဟုတ်တယ်မဟုတ်လား”

ရှီမာလိုင် ရှီမာယူယူ၏လက်ကိုပုတ်လိုက်သည်။ ဒီမြေးမလေးကတော့ တကယ်ပဲ ရင့်ကျက်လာပြီး တခြားတစ်ယောက်ကိုရင်ထဲထိအောင်လုပ်နိုင်တာပဲ”

“ဒါကိုအရင်ကစဉ်းစားဖူးတာရှိလား၊ တခြားမျိုးနွယ်တွေက မျိုးနွယ်ခွဲတွေရှိပြီး ရှီမာမျိုးနွယ်ကပဲ မျိုးနွယ်တစ်ခုထဲပဲရှိတာလေ” ရှီမာလိုင်မေးလိုက်သည်။

ထိုအကြောင်းကို ရှီမာယူယူစဉ်းစားကြည့်သည်၊ ကိစ္စတစ်ခုခုရှိသည့်ပုံပင်။ တခြားမျိုးနွယ်များတွင် မျိုးနွယ်ခွဲများရှိသော်လည်း သူတို့ရှီမာမျိုးနွယ်တွင်တော့ ရှီမာလိုင်နှင့် ရှီမာယူယူ၊ သူမအစ်ကိုလေးယောက်သာရှိသည်။

ပထမပိုင်းတွင် ထိုအကြောင်းကိုသူမ မစဉ်းစားမိပေ။ အဘယ့်ကြောင့်ဆိုသော် သူမအရင်ဘဝတွင် မျိုးနွယ်များသည် ထိုမျှလောက် အားကောင်းခြင်းမရှိသောကြောင့်ဖြစ်သည်။ သို့သော်၊ အခုစဉ်းစားကြည့်လျှင် ဒီကမ္ဘာတွင် ထိုအကြောင်းအရာသည် ဆီလျော်သည်။ ဒီနေရာတွင် မျိုးနွယ်များသည် အုပ်စုများဖြင့် ဖွဲ့စည်းထားသည်။ မျိုးနွယ်ဝင်နည်းသော မျိုးနွယ်သည် သိပ်မရှိပေ။

ထို့အပြင် သူတို့တွင် တခြားဆွေမျိုးများလည်း မရှိပေ။

“အဘိုး သမီးတို့ တခြားမျိုးနွယ်ခွဲက ဆွေမျိုးတွေက သေသွားတာလား” ရှီမာယူယူမေးလိုက်သည်။

ရှီမာလိုင်ခေါင်းရမ်းကာပြောလိုက်သည် “သူတို့သေသွားတာမဟုတ်ဘူး၊ နှင်ထုတ်ခံရတာ”

“နှင်ထုတ်ခံရတာဟုတ်လား”

“ဟုတ်တယ် ပြီးတော့ အဘိုးတို့က ဒီနယ်မြေမှာ ချုပ်နှောင်ခံထားတာ”

“ဒီမြေကနေ ချုပ်နှောင်ခံထားရတယ် ဟုတ်လား” ရှီမာလိုင် သူမကိုပြောသောအကြောင်းများကြောင့် လုံးဝစိတ်ရှုပ်ထွေးသွားလေသည်။ ဒါကချုပ်နှောင်ခံရတယ်ဟုတ်လား၊ သူတို့က ထောင်ထဲမှာနေနေရတလား။

“တကယ်တော့ ဒုံချန်းနိုင်ငံက ရီလင်းတိုင်းပြည်က အပိုင်းတစ်ခုပဲ၊ သမီးအဲဒါသိတယ်မလား” ရှီမာလိုင်မေးလိုက်သည်။

ထိုအကြောင်းသည် သူမသိပြီးသားဖြစ်၍ ရှီမာယူယူခေါင်းညိတ်လိုက်သည်။

“တကယ်တော့ ဒုံချန်းနိုင်ငံက ရီလင်းတိုင်းပြည်ရဲ့ချုပ်နှောင်ခံရတဲ့နယ်မြေပဲ” ရှီမာလိုင်ပြောလိုက်သည် “ဒီနိုင်ငံကလူတွေက ဒီနေရာကနေ ပြည်နှင်ဒဏ်ပေးခံထားရတာပဲ၊ ဒီမျိုးနွယ်တွေမှာ လူတွေများနေတာက သူတို့က ဒီနေရာမှာအချိန်အကြာကြီးရှိနေခဲ့တော့ တဖြည်းဖြည်းများလာတာ၊ အဘိုးတို့ကတော့ ဒီနေရာမှာ ရောက်တာသိပ်မကြာသေးတော့ မျိုးနွယ်မများသေးဘူး”

“အဘိုး၊ ဒီဒုံချိန်းနိုင်ငံက ချုပ်နှောင်ခံထားရတယ်လို့ ဘာလို့ပြောတာလဲ” ရှီမာယူယူ စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ဒုံချန်းနိုင်ငံက အဆင့်မြင့်တဲ့ဝိညာဉ်သားရဲတွေအပြည့်ရှိတဲ့ တောင်တွေနဲ့ဝိုင်းနေတာမို့လို့ပဲ၊ အဲနေရာတွေကြောင့် ဒီနေရာကိုထောင်လိုမျိုးဖြစ်နေတာပဲ၊ သူတို့အပြင်ထွက်ချင်ရင်  သိပ်ကြာမှာမဟုတ်ဘူး ဆိုဖီယာတောင်တန်းမှာ သေသွားနိုင်တယ်” ရှီမာလိုင်ပြောလိုက်သည် “ဒုံချန်းနိုင်ငံမှာ သယံဇာတတွေရှိတယ်၊ တခြားနေရာတွေနဲ့လုံးဝကွဲပြားတယ်၊ တခြားနေရာတွေနဲ့ယှဉ်ရင်တော့ ဒီနေရာက ထောင်လိုပါပဲ”

“အဘိုးပြောသလိုဆိုရင် သမီးတို့က သဘာဝပထဝီအတိုင်း တားဆီးထားတဲ့ ပိတ်နေတဲ့နေရာမှာ နေနေရတယ်ပေါ့” ရှီမာယူယူပြောလိုက်သည်။

ရှီမာလိုင်ခေါင်းညိတ်လိုက်သည်။

“ဒါဆို အဘိုး၊ သမီးတို့က ဘာလို့ဒီနေရာကို ပြည်နှင်ဒဏ်ပေးခံရတာလဲ” ရှီမာယူယူမေးလိုက်သည်။

“အဘိုးတို့ကဘောင်သွင်းခံရတာ” ရှီမာလိုင်ထိုသို့ပြောနေချိန်တွင် တုန်ယင်နေခဲ့သည်။ “အပြင်မှာဆိုရင် အဘိုးတို့ ရှီမာမျိုးနွယ်က မျိုးနွယ်ကြီးပဲ ဒါပေမယ့် သမီးရဲ့ အဘိုးရဲ့အဖေကအချုပ်ခံရတော့ မျိုးနွယ်ခွဲကလူတွေက  အချိန်တိုအတွင်းအဖမ်းခံရပြီး အဘိုးတို့လည်း ချုပ်နှောင်ခံရပြီး မိသားစုကနေနှင်ထုတ်ခံရတာပဲ၊ အဘိုးတို့ကို ချုပ်နှောင်တဲ့သူတွေကလည်း အဘိုးတို့ကို လိုက်ပြီးသတ်တာပဲ၊ ရွေးချယ်စရာမရှိခဲ့ဘူး၊ သူက လွတ်မြောက်အောင် အဘိုးတို့ကို ဆိုဖီယာတောင်တန်းကိုခေါ်သွားတယ်၊ ဒါပေမယ့် ဆိုဖီယာတောင်တန်းက အန္တရာယ်တွေနဲ့ပြည့်နေတာဆိုတော့ အဘိုးတို့အဖွဲ့က ဘက်ပေါင်းစုံကနေအန္တရာယ်တွေကြုံခဲ့ရတယ်၊ အဘိုးရဲ့ အဖေနဲ့ အမေက မလွတ်မြောက်နိုင်ခဲ့ဘူး.. ကံကောင်းစွာနဲ့ပဲ အဘိုးတစ်ယောက်ထဲကျန်ခဲ့တယ်၊ တကယ်တော့ အဘိုးလည်း တိရစ္ဆာန်တွေရဲ့အတိုက်ခိုက်ကိုခံရတော့မလို့ပဲ ဒါပေမယ့် အဘိုးရဲ့ကယ်တင်ရှင်ပေါ်လာပြီး အဘိုးကို ဆိုဖီယာတောင်တန်းကနေ ဒုံချန်းနိုင်ငံကိုခေါ်ခဲ့တာပဲ”

ထိုအချက်အားပြောပြီးသည်နှင့် ရှီမာလိုင် ရှီမာယူယူအားစိုက်ကြည့်လိုက်ကာ ထိုလူသည် သူမ၏အဖေဖြစ်သည်ကိုတော့ မပြောမိပေ။

“အဲနောက်မှာတော့ အဘိုးဘဝအသစ်စပြီး အဘိုးရဲ့စွမ်းအားတွေတိုးအောင် ကြိုးစားခဲ့တယ်၊ ကံကောင်းစွာနဲ့ပဲ အဘိုးရဲ့ အရည်အချင်းကမဆိုးတော့ အောင်မြင်နိုင်ခဲ့တယ်၊ ဒုံချန်းနိုင်ငံရဲ့ ဘုရင်ရဲ့ အရေးပေးတာကိုခံရတဲ့ စစ်သူကြီးဆိုတဲ့ဂုဏ်ပုဒ်ကိုတောင်ရနိုင်ခဲ့တယ်”

“အဘိုးကိုဒဏ်ရာရအောင်လူနဲ့ အရင်က သမီးတို့မျိုးနွယ်ကိုနှင်ထုတ်တဲ့လူနဲ့ကတူလား”

ရှီမာယူယူခန့်မှန်းလိုက်သည်။

“အင်း…” ရှီမာလိုင်ခေါင်းညိတ်လိုက်သည်။ “အဲတစ်ယောက်က အဘိုးနဲ့ အတူကြီးလာခဲ့တဲ့ သူငယ်ချင်းပဲ၊ သူက ရွှေမြွေအသီးအကြောင်းကိုဘယ်လိုသိလဲတော့မသိဘူး ပူလွောင်တောင်တန်းကိုရောက်နေခဲ့တယ်၊ အစတုန်းက အဘိုးတို့သန်မာတော့ အဆင့်အတူတူပဲ ဒါပေမယ့် သူ့ရဲ့တိုက်ခိုက်တဲ့အတွေ့အကြုံက အဘိုးကိုမယှဉ်နိုင်ဘူး.. အဘိုးနိုင်တော့မယ့်ဆဲဆဲမှာ သူ့ခန္ဓာကိုယ်က ရှည်ပြီးရုပ်ဆိုးတဲ့သတ္တဝါထွက်လာပြီး အဘိုးကိုတိုက်ခိုက်တာ့တာပဲ… အဲအချိန်မှာ တစ်ခုခုမှားနေတယ်ဆိုတာ ခံစားရပြီး ချက်ချင်းထွက်ပြေးလာရတာပဲ”

“အဘိုးလွတ်လာတယ်ဆိုတာ အဲလူရောသိလား” ရှီမာယူယူအနည်းငယ်စိုးရိမ်မိသည်။

“သူသိမယ်မထင်ဘူး” ရှီမာလိုင်ပြောလိုက်သည် “အဲလူရဲ့စရိုက်ကို အဘိုးသိတယ်၊ သူကအမြဲတမ်း သူ့ကိုယ်သူအထင်ကြီးတယ်၊ သူ့ဆီက အဲနတ်ဆိုးသတ္တဝါကြောင့်အဘိုးဒဏ်ရာရတော့ အဘိုးတစ်ရက်တောင်မခံနိုင်ဘူးလို့ အဘိုးအသက်မရှင်နိုင်ဘူးလို့သူထင်နေမှာပဲ၊ အဘိုးကံကောင်းလို့ အသက်ရှင်တာကိုခံစားမိရင်လည်း အဘိုးဘယ်မှာလဲဆိုတာ သူသိမှာမဟုတ်ဘူး၊ သူအဘိုးကို ရှာချင်တယ်ဆိုရင်တော့ ဒုံချန်းနိုင်ငံကမသေးတော့ ရှာဖို့ရက်အတော်ကြာမှာပဲ၊ ဒါပေမယ့် ဒါမျိုးလောက်နဲ့ သူအချိန်ဖြုန်းမှာမဟုတ်ဘူး”

“ဘာလို့လဲ”

“အဘိုးမှတ်ထားတာမမှားရင် ရှီမာမျိုးနွယ်မှာ မကြာခင်ပွဲဖြစ်တော့မယ်၊ အဲဒါကြောင့် အားလုံးပြန်ရမယ် ဒါမှမဟုတ်ရင် သူတို့အပြစ်ပေးတာကိုခံရလိမ့်မယ်၊ သူကအချိန်ကြာတာကို မခံနိုင်ဘူး” ရှီမာလိုင်ပြောလိုက်သည်။

“ဒါပေမယ့် ဒီနေ့ပြီးသွားရင်တော့ ဖြစ်နိုင်သေးတယ်” ရှီမာယူယူတွေးလိုက်သည် “အဘိုးဘယ်မှာလဲဆိုတာ သူသိရင် အဘိုးကမိသားစုရဲ့ခေါင်းဆောင်ဆိုတာလည်း သိနေမှာပဲ၊ သက်သေတွေကို ဖယ်ရှားဖို့အစီအစဉ်ရှိရင်တော့ သမီးတို့ရဲ့လာမယ့်နေ့တွေကတော့ ဖြတ်ကျော်ဖို့လွယ်မယ်မထင်ဘူး”

“အဘိုးလည်းအဲလိုထင်တယ်” ရှီမာလိုင်သက်ပြင်းချလိုက်သည်။

ရှီမာလိုင်၏မျက်မှောင်ကြုတ်သွားသည်ကို ရှီမာယူယူတွေ့သည်နှင့် ပြုံးပြကာ ပြောလိုက်သည် “အဘိုး၊ အရမ်းကြီးစိုးရိမ်ဖို့မလိုပါဘူး သမီးတို့ခန့်မှန်းတာပဲရှိပါသေးတယ်၊ ဒီကိုလာဖို့အဲလူက အချိန်အကုန်မခံနိုင်ဘူးလို့ ဘယ်သူသိမလဲ၊ အဘိုးမြန်မြန်ပြန်ကောင်းဖို့ အားထုတ်ပြီးမှ နောက်လာမယ့်အကြောင်းတွေကို နောက်မှပြောလို့ရတယ်”

ရှီမာယူယူ၏အပြုံးကိုမြင်သည်နှင့် သူ၏စိုးရိမ်မှုများသည် အနည်းငယ်လျော့နည်းသွားလေသည်။ ဘယ်လိုကိစ္စပင်ရှိပါစေ သူ သူမကိုကာကွယ်မည်ဟူသော ဆုံးဖြတ်ချက်ကိုချလိုက်ပြီးဖြစ်သည်။

ရှီမာလိုင်ဒဏ်ရာများ ကုသရန်တရားထိုင်သည်အထိ ရှီမာယူယူစောင့်ပြီးမှ အခန်းမှထွက်လာခဲ့လိုက်သည်။ သူမအခန်းမှထွက်လာသည်နှင့် သူမမျက်နှာမှ အပြုံးများပျောက်ကွယ်သွားပြီး စိုးရိမ်မှုများနေရာယူသွားတော့သည်။

အဲလူကအခုရောက်မလာရင်တောင် သေချာပေါက်ခြိမ်းခြောက်နေမှာပဲ။

“ကြည့်ရာတာ ငါ့အစ်ကိုတွေရဲ့အားတွေမြင့်လာအောင်နည်းလမ်းရှာရတော့မယ်၊ ဒါမှမဟုတ်ရင် အဲလူတွေလာရင် ပြန်တိုက်ဖို့အားမရှိပဲနေလိမ့်မယ်”

ရှီမာယူယူ ဝိညာဉ်ပုလဲအတွင်းဝင်ကာ ကျန်ရှိသော ရွှေမြွေအသီးငါးလုံးအား ပြေးကြည့်လိုက်သည်။

အခုတော့ သူတို့အားတွေတိုးစေဖို့ သုံးရမယ့်တစ်ခုတည်းသောအရာဖြစ်သည်။ သို့သော် အခုလောလောဆယ်တွင် သူမ မည်သည့်ဆေးမှမဖော်နိုင်သေးပေ။

“ဆေးတွေအပေါ်မှီခိုအပြင် တခြားနည်းလမ်းရှိတယ်” ဝိညာဉ်လေး သူမဘေးတွင်ပေါ်လာသည်။

“တခြားနည်းလမ်းဟုတ်လား” ရှီမာယူယူ ဝိညာဉ်လေးအားမြင်သည်နှင့် ပြေးသွားလိုက်ကာပြောလိုက်သည် “ဝိညာဉ်လေး တခြားနည်းလမ်းကဘာလဲ”

“မင်းရဲ့ အခုလုပ်နေတဲ့ ကပ်ဖားရပ်ဖားလုပ်နေတာက ရုပ်ဆိုးလိုက်တာ” ဝိညာဉ်လေး သူမအား အထင်သေးစွာပြောလိုက်သည်။

ရှီမာယူယူ သူ့အားရိုက်ပြီး အော်လိုက်သည် “ဘာကပ်ဖားရပ်ဖားလုပ်တာလဲ မြန်မြန်ပြော တခြားနည်းလမ်း ဘာသုံးလို့ရတာလဲ”

Comment

Leave a Reply

Options

not work with dark mode
Reset