ရှီမာလိုင်အားကာကွယ်ပေးရန် ရှီမာယူယူသည် အခန်းထဲတွင်သာ ကျင့်ကြံခြင်းဖြင့် ညတာကိုကုန်ဆုံးခဲ့လေသည်။ သူမခုံအား အိပ်ရာဘေးသို့ရွေ့ကာ ထိုင်ပြီးဝိညာဉ်ပညာအား စတင်လေ့ကျင့်တော့သည်။
ဒုတိယနေ့မနက်ခင်းတွင် နွေးထွေးသော နေအလင်းရောင်သည် အိမ်အတွင်းသို့ထိုးဖောက်ဝင်ရောက်လာသည်။
ရှီမာလိုင် မျက်လုံးများဖြည်းညင်းစွာဖွင့်လာသည်။ ရှီမာယူယူ၏ခန္ဓာကိုယ်တွင် ကျရောက်နေသော နေရောင်ခြည်များကိုမြင်သော်အခါ တောက်ပေသော မျက်နှာအားတွေ့မြင်လိုက်ရသည်။
တစ်ညလုံးကျင့်ကြံပြီးနောက် မနေ့ကကျန်ရှိသော ပင်ပန်းမှုများကြောင့် လုံးဝပင်အိပ်မောကျခဲ့သည်။ ရှီမာယူယူ အားရပါးရသမ်းကာ မျက်လုံးဖွင့်လိုက်သည်။
“အဘိုး နိုးလာပြီလား” ရှီမာလိုင် သူမအားကြည့်နေသည်ကို မြင်သောအခါ သူမစိတ်လှုပ်ရှားလွန်း၍ ခုံမှပင် ထခုန်မိသည်။
ရှီမာလိုင်ခေါင်းညိတ်ကာ သူမအား နွေးထွေးစွာကြည့်လိုက်သည်။ ပြီးခဲ့သည့် သူ၏အခြေအနေသည် ရူးမိုက်သော သူမအား ကြောက်စေလိမ့်မည်ကို တွေးမိလိုက်သည်။
“ယူယူ အဘိုးဒီမှာရှိတာဘယ်လိုသိလဲ”
“အစ်ကိုလေးနဲ့ အစ်ကိုငယ်ကို တောင်မှာတွေ့ခဲ့တာ၊ အဘိုးဒီမှာနေနေတယ်လို့ သူတို့ပြောလို့” ရှီမာယူယူပြောလိုက်သည် “သြော် အဘိုးနိုးလာပြီဆိုတော့ အစ်ကိုလေးနဲ့ကျန်တဲ့သူတွေကိုခေါ်ရဦးမှာပဲ၊ အဘိုးကပြန်လာပြီး ဒဏ်ရာတွေနဲ့ သတိမေ့နေတော့ သမီးတို့အားလုံးကြောက်သွားကြတာ”
သူမပြောပြီးနောက်တွင် အမြန်ပြေးထွက်သွားကာ ရှီမာယူရန်နှင့် ရှီမာယူရန်အား ခေါ်ဆောင်လာလေသည်။
“အဘိုး နိုးလာပြီလား၊ ဘယ်နေရာကအဆင်မပြောတာရှိလဲ”
အဆင်ပြေသည်ကို ပြရန်ရှီမာလိုင်ခေါင်းရမ်းလိုက်သည်။
“ရှောင်လင်း၊ မနက်စာအတွက် ဆန်ပြုတ်ကို တည်းခိုခန်းပိုင်ရှင်ကို ပြုတ်ခိုင်းလိုက်” ရှီမာယူယူ ရှောင်လင်းအားပြောလိုက်လေသည်။ ခဏတာမျှစဉ်းစားပြီးနောက်တွင် ဒီနေရာမှ အချက်အပြုတ်သည် အဆင်ပြေပါ့မလားဟုတွေးကာ စိတ်ပြောင်းသွားပြီးပြောလိုက်သည် “ထားလိုက်တော့၊ ငါကိုယ်တိုင်လုပ်မယ်၊ အစ်ကိုလေး ဒီမှနေပြီး အဘိုးကိုကြည့်ပေး ကျွန်တော်မနက်စာသွားချက်လိုက်ဦးမယ်”
ရှောင်လင်းသည် တန့်ပြန်ချိန်တောင်မရလိုက်ပဲ ရှီမာယူယူသည် ထွက်သွားလေသည်။
ရှီမာယူယူသည် ရှီမာလိုင်အားကယ်နုင်မည်ကို သူမထင်ခဲ့မိပေ။ သူ့သခင်မျက်စိပြန်မှိတ်သွားသည်ကို ကြည့်ပြီး မျက်လုံးများအနည်းငယ်နီလာကာ အိပ်ရာဘေးတွင်ဒူးထောက်လိုက်ပြီး “စစ်သူကြီးရဲ့ အခိုင်းအစေတွေက စစ်သူကြီးကို စောင့်ရှောက်ဖို့တာဝန်မဲ့ခဲ့ပါတယ်၊ အဲအတွက်ကြောင့် စစ်သူကြီးကို ထိခိုက်ဒဏ်ရာရစေခဲ့ပါတယ်၊ ကျေးဇူးပြုပြီး ဒီအခိုင်းအစေတွေကို အပြစ်ပေးပါ”
“ရှောင်လင်း မင်းထတော့၊ မင်းကို မလိုက်ခိုင်းတာ ငါပါ၊ မင်းကို ဘာမှလုပ်စရာအကြောင်းမရှိဘူး” ရှီမာလိုင် နိုးလာသော်လည်း အားနည်းနေသေးသဖြင့် သူ့အသံသည် အားလျော့နေသံပါသည်။
“ရှောင်လင်း မင်းထသင့်ပြီ၊ အဘိုးကမင်းကိုအပြစ်မတင်ပါဘူး” ရှီမာယူရန်ပြောလိုက်သည်။
ရှီမာယူလီ ရှောင်လင်းဘေးသွားကာ ဆွဲထူလိုက်သည်။ ထို့နောက်ရှီမာလိုင်ဘက်လှည့်ကာပြောလိုက်သည် “အဘိုး၊ ဒီတစ်ခါ အဘိုးရဲ့ အခြေအနေကဘယ်လောက်အန္တရာယ်ကြီးသွားလဲ အဘိုးမသိဘူးမလား၊ ညီလေး ၅ကသာ အဘိုးကိုမကယ်ခဲ့ရင် အဘိုးကိုဆုံးရှုံးမှာ ကြောက်….”
သူစကားကိုဆုံးအောင်မပြောသော်လည်း အားလုံးနားလည်ကြသည်။
“ယူယူက ငါ့ကိုကယ်ခဲ့တာလား” ရှီမာလိုင်အနည်းငယ် အံ့သြသွားသည်။
ရှီမာယူရန်ခေါင်းညိတ်ကာ ပြောလိုက်သည် “ဟုတ်တယ်၊ ကျွန်တော်တို့ဧည့်ခန်းကိုရောက်တော့ ရှောင်လင်းက အခန်းကထွက်ပြီး သခင်ကြီးရှီဆီအဘိုးကို ခေါ်သွားမယ်လို့ပြောတယ်၊ ဒါပေမယ့် ညီလေး၅က အဘိုးက စမ်းသပ်ပြီး မြန်မြန်မကုရင် နေ့တစ်ဝက်အတွင်းအဘိုး အသက်ဆုံးရှုံးမယ်လို့ပြောတယ်၊ ပြီးတော့ သူ အဘိုးရဲ့ ရင်ဘတ်မှာ အပ်စိုက်ပြီး တစ်ရက် နှစ်ရက်လောက်ထားထားတာ”
“ဟုတ်တယ်၊ ကျွန်တော်တို့ ဆရာဝန်တွေခေါ်ပြီးကြည့်ခိုင်းသေးတယ် ဒါပေမယ့် သူတို့လည်းမသိဘူးဆိုပြီးပြောကြတာ၊ ပြီးတော့ ဒီအချိန်အတွင်းမှာ ညီလေး၅က အဘိုးကိုကယ်ဖို့နည်းလမ်းတွေ့ပြီး တစ်ညလုံးဂရုတစိုက်ကြည့်ပေးတာပဲ၊ ဒီနေ့အဘိုးနိုးလာမယ်ပြောတာပဲ ပြီးတော့ ဒီမနက်မှာအဘိုးနိုးလာတာပဲ”
“ယူယူက ငါ့ကိုဘယ်လိုများကယ်လိုက်တာလဲ” သူ့အချစ်တော်မြေးမက သူ့အားကယ်သည်ကို ကြားပြီးနောက် သူအထူးသဖြင့် ဝမ်းသာမိသည်။
“ကျွန်တော်တို့လည်းမသိဘူး၊ သူမက အကုန်အပြင်ထွက်ခိုင်းထားတာ” ရှီမာယူလီပြောလိုက်သည်။
သူမအား အဆိပ်ဖြေပေးသည့်သူအား တွေးမိကာ သိချင်မိသည်၊ သူမအားသင်ပေးတဲ့ ထိုသူက ဘယ်သူပါလိမ့်။
အခုထိတော့ ရှီမာယူယူအားနောက်ကွယ်မှာ ကူညီသည့်သူအား ရှီမာလိုင်တွေးနေမိသည်။
သူအားနည်းနေသောကြောင့် ရှီမာလိုင်စကားများများစားစားမပြောပေ။ ရှီမာယူရန်နှင့် ကျန်သောသူများသည် အိပ်ရာဘေးတွင်ရပ်ကာ စောင့်ရှောက်လျက်ရှိသည်။
ခဏအကြာတွင် ရှီမာယူယူသည် ဆန်ပြုတ်ပန်းကန်လုံးအားယူလာသည်။ သူမ ရှီမာယူရန်နှင့် ကျန်သောသူများအား ပြောလိုက်သည် “အစ်ကိုလေး အစ်ကိုငယ်၊ စားဖိုဆောင်ထဲမှာ ဆန်ပြုတ်နည်းနည်းချန်ထားတယ်၊ ကျွန်တော်ဒီမှာနေပြီးအဘိုးကို တိုက်လိုက်ဦးမယ်၊ အစ်ကိုတို့အားလုံးသွားပြီး တစ်ခုခုစားလိုက်ဦး၊ တစ်နေ့လုံးဘာမှလည်းမစားရသေးဘူးလား”
“ကောင်းပြီ” ရှီမာယူရန်နှင့် တခြားသူများသည် ရှီမာယူယူချက်ပြုတ်ထားသော အစားအသောက်များကို စားဖူးသဖြင့် အရသာတွေ့ကြသည်။ ထို့အပြင် သူတို့သည် တစ်နေ့တာအတွက် မစားရသေးသဖြင့် ဆာလောင်နေကာ အားလုံးထွက်သွားလိုက်ပြီး ရှီမာယူယူသာ ရှီမာလိုင်အား စောင့်ရှောက်ရန်ထားခဲ့လိုက်သည်။
ရှီမာယူယူ စားပွဲပေါ်တွင် ပန်းကန်လုံးတင်ကာ အိပ်ရာပေးသို့လာကာ ပြောလိုက်သည် “အဘိုး၊ ထိုင်ဖို့လုပ်ပေးမယ်၊ အဲဒါကိုမှီထားနော်”
ရှီမာလိုင်ခေါင်းညိတ်ကာ သူမအားကို အမှီပြုကာ ပြင်ဆင်ထားသော ခေါင်းအုံးပေါ်သို့ မှီလိုက်လေသည်။
“အဘိုး ဒါကဆေးဆန်ပြုတ်ပါ၊ ဆေးလည်းထည့်ကျိုထားတယ်၊ ဒါက အဘိုးရဲ့ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်မှာပါ” ရှီမာယူယူ ခွံ့ကျွေးရင်းပြောနေသည်။
သူ့အားနှင့် ယှဉ်လျှင် ရှီမာယူလီ၏ ကတိပေးတောင်းဆိုချက်သည် နည်းပါးသည်။ အရင်က သူသည် ရှီမာယူယူအား မနက်စာအတွက် တောင်းဆိုခဲ့သည်။ သူမအတွင်ထိုအလေ့အကျင့်ရှိမည်ဟု ထင်သောကြောင့်ဖြစ်သည်။ အခုတော့ သူ့အတွက် အထူးပြင်ဆင်ပေးသည်မှာ ဆန်ပြုတ်ဖြစ်နေခဲ့သည်။
“ယူယူက တစ်ခါချက်တိုင်းအရသာပိုကောင်းလာတယ်” ဆန်ပြုတ်ရနံ့သည် သားရည်ကျလောက်စရာဖြစ်သည်။ တစ်ဇွန်းစားလိုက်ရုံနှင့်ပင် တစ်ကိုယ်လုံးမှ ပင်ပန်းမှုများပျောက်သွားသကဲ့သို့ပင်။ သူ့ခန္ဓာကိုယ်မှ အားအင်များပြန်ရလာသည်။
“အဘိုးကြိုက်ရင် ယူယူဒါကိုအမြဲချက်ကျွေးပါမယ်” ရှီမာယူယူပြုံးကာပြောလိုက်သည်။
“ဟားဟား ဟုတ်ပါပြီ” ထိုစိတ်လှုပ်ရှားစရာစကားလုံးများ ရှီမာလိုင်ကြားပြီးနောက် အိမ်လာရန် ငြင်းသော ထိုသူအားတွေးမိရာ စိတ်ခံစားချက်များ ပြည့်နှက်သွားလေသည်။
မိန်းကလေးများသည် ဝါဂွမ်းကပ်အင်္ကျိကဲ့သို့ နွေးထွေးပြီး ရင်းနှီးမှုရှိသည်ဟု ပြောကြသည်။ ထိုအထဲတွင်မှ သူ့မြေးမလေးသည် အနွေးထွေးဆုံးဖြစ်သည်။
မြေးအဘိုးနှစ်ယောက်သည် နွေးထွေးသော နေရောင်ခြည်အောက်တွင် ထိုင်ကာဆန်ပြုတ်သောက်နေကြသည်။ ဆန်ပြုတ်သောက်ပြီးနောက် ရှီမာယူယူသည် ရှီမာလိုင်၏ပါးစပ်အား လက်ကိုင်ပဝါဖြင့် သုတ်ပေးလိုက်သည်။ ထိုအရာသည် ရှီမာလိုင်၏စိတ်ထဲတွင် ဖော်မပြနိုင်သော ချိုမြိန်မှုကိုခံစားလိုက်ရသည်။
ရှီမာယူယူ ပန်းကန်လုံးအား စားပွဲပေါ်တွင် သွားထားပြီးပြန်လာကာ ပြောလိုက်သည် “အဘိုး နေလို့ကောင်းလာပြီလား”
“အင်း.. ဆေးဆန်ပြုတ်ကမဆိုးဘူး ခန္ဓာကိုယ်ကနွေးပြီး ကောင်းလာတယ်” ရှီမာလိုင်ပြောလိုက်သည်။
“ကောင်းတာပေါ့” ရှီမာယူယူပြောလိုက်သည် “အဘိုး ဒဏ်ရာကဘယ်လိုရလာတာလဲ”
“ဘာမှမဟုတ်ပါဘူး အပြင်ထွက်တော့ အရင်ရန်သူဟောင်းနည်းနည်းတွေ့ခဲ့ရုံပါ”
“အဘိုး သမီးကိုမလိမ်နဲ့” ရှီမာယူယူပြောလိုက်သည် “နတ်ဆိုးသတ္တဝါတွေက ရီလင်းတိုင်းပြည်မှာ ပေါ်လာစရာအကြောင်းမရှိဘူး၊ သာမာန်ရန်သူသာဆိုရင် အဘိုးရဲ့ကိုယ်ထဲမှာ နတ်ဆိုးရွှီချန်ထားတဲ့ ခြေချောင်းခြောက်ခုကြွက်ကြောင့်ဒဏ်ရာရမှာမဟုတ်ဘူး”
“နတ်ဆိုးသတ္တဝါလို့ သမီးပြောလိုက်တာလား” သူမသိခါစက တုန့်လှုပ်သည်ထက်မနည်း ရှီမာလိုင်အံ့သြကာ ရှီမာယူယူအားကြည့်လိုက်သည်။
ရှီမာယူယူခေါင်းညိတ်ကာ ပြောလိုက်သည် “အဘိုးမှာ ဒုက္ခပေးမယ့် သာမာန်ရန်သူမရှိဘူးဆိုတော့ သမီးမှန်းကြည့်တာပါ၊ ပြီးတော့ ရီလင်းတိုင်းပြည်တစ်ခုလုံးမှာ အဘိုးကအားအကောင်းဆုံးဆိုတော့ ဒဏ်ရာရအောင်လုပ်မယ့်သူမရှိဘူးလေ”
“ဆိုတော့ ထူးဆန်းတဲ့သတ္တဝါက အဘိုးကိုတိုက်ခိုက်တာက နောက်ဆုံးတော့ နတ်ဆိုးသတ္တဝါဖြစ်နေတာကိုး” ရှီမာလိုင်ရေရွတ်လိုက်သည်။
“အဘိုး သမီးကိုမပြောသေးဘူးလား” ရှီမာယူယူပြောလိုက်သည်။
“ဟူး…သမီးက အရင်ကထက်ကိုရန်လိုတတ်လာတာပဲ” ရှီမာလိုင်ပြောလိုက်သည် “လူတစ်ယောက်လုံးတောင်ပြန်လာနေပြီပဲ၊ ဆိုတော့ အဘိုးပြောပြဖို့…”
“အဘိုး၊ အဘိုးရဲ့အသက်ကိုထိခိုက်အောင်လုပ်တာဆိုတော့ သွေးရိုးသားရိုးတော့မဟုတ်ဘူး၊ သူအခုပြန်သွားတာက နောက်ထပ်ပြန်မလာဘူးလို့ပြောလို့မရဘူး၊ အဘိုးပြောမပြဘူးဆိုရင် နောက်တစ်ခါသူနဲ့တွေ့ရင် သမီးတို့ဘာလုပ်ရမှန်းသိမှာမဟုတ်ဘူး” ရှီမာယူယူစကားဖြတ်ပြောလိုက်ရာ ရှီမာလိုင် တိတ်ဆိတ်သွားလေသည်။
ထိုအကြောင်းအား အချိန်တစ်ခုပြောပြီးနောက်တွင်တော့ ရှီမာလိုင်သက်ပြင်းရှည်ချလိုက်ကာ ပြောလိုက်သည် “ဟူး….ဒါက အရင်တုန်းကမျိုးနွယ်တွေရဲ့ အငြင်းပွားမှုတစ်ခုပဲ…..”