Switch Mode

Chapter 45 – ကန်းရူမားရဲ့ ပြန်လည်ပေးဆပ်ခြင်း။

ကန်းရူမားရဲ့ ပြန်လည်ပေးဆပ်ခြင်း။

သတင်းကြားပြီးနောက် ရဲရင့်သောလူအချို့ လျှို့ဝှက်စွာ လာရောက်ကြည့်ရူကြသည်။

သို့သော် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ကန်းအိမ်တော် ရွှေရောင်အလင်းတန်းများနဲ့ လွှမ်းခြုံထားတာမြင်ချိန်တွင် တုန်လှုပ်သွားကြသည်။

ကျန့်ဝေသည် ကန်းရူမား၏ ဝိညာဉ်ကို မြင်ပြီးကတည်းက မှိန်းမောနေ၏။ အခြားသူများမေးသောအခါ မဖြေပဲ မှားပါတယ်လို့ တိုးတိုးလေး ရွတ်ဆို၏။

ချုစစ်ဟန်က ချုယွမ်ကို အစောင့်တွေနဲ့အတူ ကျန့်အိမ်တော်ဆီသွားပြီး ပစ္စည်းရှာခိုင်းခဲ့သည်။ ခဏအကြာတွင် ပစ္စည်းတွေ ပြန်သယ်လာကြသည်။

ရွှေ၊ ငွေ၊ ကျောက်မျက်များအပြင် ဘွဲ့တံဆိပ်အမျိုးမျိုးနှင့် ကျော်ကြားသော ပန်းချီကားများလည်း ပါဝင်၏။

ဒါတွေကိုကြည့်ရင်း သူတို့ မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်ကြသည်။ ကန်းမိသားစုသည် ခိုင်မာသောအခြေခံအုတ်မြစ်ရှိခဲ့သည်လေ။

ခိုင်လုံသောအထောက်အထားဖြင့် ကျန့်ဝေ သဘာဝကျစွာ ထောင်ချခံရသည်။

ကျန့်ဝေ ငယ်စဉ်က သူ့အမေကို ဆုံးရှုံးခဲ့ရတယ်။ နောက်ပိုင်းမှာ သူ့အဖေက ဖျားနာပြီး တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။

ကျန့်မိသားစုသည် အစပိုင်းတွင် ကန်းမိသားစုနှင့် တန်းတူဖြစ်တယ်။ သို့သော် သူတို့မည်မျှချမ်းသာသည်ဖြစ်စေ ကျန့်ဝေလို တစ်စုံတစ်ယောက်၏ လက်ထဲတွင် ဖျက်ဆီးခံရမှာဖြစ်တယ်။

ကျန့်ဝေ ထောင်ကျတဲ့နေ့ သူ့ကိုယ်လုပ်တော်တွေသည် ကျန့်အိမ်တော်၏ အဖိုးတန်ပစ္စည်းတွေကို ထုပ်ပိုးပြီး ဟောင်ရန်မြို့ကနေ ထွက်သွားခဲ့ကြသည်။

တစ်ဖက်တွင်၊ လုရှန်းက ‘ဝိဉာဏ်နှိမ့်ချခြင်းမန္တန်’ ကို ချိုးဖျက်ပြီး ကန်းအိမ်တော်ရှိ ရာနှင့်ချီသော သေဆုံးသူများရဲ့ ဝိညာဉ်များကို ငရဲသို့ အောင်မြင်စွာ ပို့ဆောင်ခဲ့သည်။

“တာအိုဆရာမ ကျေးဇူးပြုပြီး ကျွန်မ အနောက်လိုက်ခဲ့ပါ!”

ကန်းရူမား ရှေ့တွင် မျောပါနေပြီး လမ်းကို ဦးဆောင်၏။

လုရှန်း သံသယရှိသော်လည်း အနောက်သို့ လိုက်လာခဲ့သည်။

အနောက်တောင်အရပ်ရှိ အခန်းတစ်ခုထဲ ကန်းရူမား ဝင်သွားတာကို သူမတွေ့လိုက်သည်။

လုရှန်း အနောက်ကို လိုက်လာရင်း အခန်းက အမျိုးသမီးအခန်းဖြစ်ကြောင်း သိလိုက်သည်။

အခန်းကို အလွန်သပ်ရပ်စွာ အလှဆင်ထား၏။ သို့သော် တစ်လခွဲကြာ မည်သူမှ မသန့်စင်ထားတာကြောင့် စားပွဲပေါ်တွင် ဖုန်မှုန့်ပါးပါးလေးများရှိနေသည်။

“တာအို ဆရာမ၊ အိပ်ယာပေါ်က ဖျာကိုလှန်ပေးပါဉီး။”

နားထောင်ပြီးနောက် လုရှန်း တက်လာပြီး ဖျာကိုလှန်လိုက်၏။

“အလယ်မှာ လျှို့ဝှက်ခန်းရှိတယ်။ ကျေးဇူးပြုပြီး ခေါက်ပြီး ဒီသစ်သားဘုတ်ကို ဖယ်လိုက်ပါ။”

လုရှန်း သူ့အမိန့်ကို လိုက်နာ၏။ သစ်သားပျဉ်ပြားကို ထုတ်ယူလိုက်သောအခါ အတွင်း၌ သစ်သားသေတ္တာကို တွေ့လိုက်ရသည်။

သူမ သစ်သားသေတ္တာကို ထုတ်ကာ ကန်းရူမားကို တိတ်တဆိတ်ကြည့်၏။

ကန်းရူမား ပြုံးပြီး “ဒါက ကျွန်မရဲ့အမေက ကျွန်မအတွက် ဝယ်ထားတဲ့ ခန်းဝင်ပစ္စည်းပဲ။ ဆိုင်တစ်ဆိုင်နဲ့ အိမ်တော်တစ်ခု။ နှစ်ခုစလုံးက မြို့ရဲ့တောင်ဘက်မှာ။ နောက်မှကြည့်ဖို့ ခေါ်သွားမယ်။ မူလက မြေဧကတစ်ရာ ရှိခဲ့တယ်။ ဒါပေမယ့် ကျွန်မထွက်သွားချိန် စာရွက်စာတမ်းယူခဲ့ပေမဲ့ ကျွန်မ ကျန့်ဝေရဲ့လက်ထဲ အဆုံးသတ်ခဲ့တယ်။”

ကျန့်ဝေ အကြောင်းပြောစဉ် ကန်းရူမား သွားတင်းတင်းကြိတ်ကာ ဆို၏။

“ကန်းမိသားစုမှာ တခြားဆွေမျိုးတွေ မရှိဘူး။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ သေချာပေါက် အသိမ်းခံရလိမ့်မယ်။ သို့သော် တရားသူကြီးချူ ကတော့ထက်မြတ်တယ်။ ခရိုင်တရားသူကြီးနှင့် ကျန့်ဝေတို့ တရားမဝင် သဘောတူညီချက်တစ်ခုရှိတယ်ဆိုတာ သူသိတယ်။ ဒါကြောင့် တရားသူကြီးချု ထိုပစ္စည်းဉစ္စာတွေကို ဟောင်ရန်မြို့မှာ သိမ်းဆည်းထားမှာမဟုတ်ဘူး။”

“တရားသူကြီးချုကို သိပ်ယုံတယ်လား?” လုရှန်း မျက်ခုံးပင့်တင်ကာ မေးလိုက်သည်။

ကန်းရူမား ပြုံးပြီး ခေါင်းညိတ်၏။ “တရားသူကြီးချူက ပြတ်ပြတ်သားသားနဲ့ ရိုးသားတယ်။ သူသည် သဘာဝအားဖြင့် ကျွန်မရဲ့ ယုံကြည်မှုကို ခံထိုက်သူလည်းဖြစ်တယ်။”

လုရှန်း ပြုံးပြီး ဒီအကြောင်းအရာကို ဆက်မဆွေးနွေးပေ။

“တာအိုဆရာမ၊ မင်းရဲ့ မဟာကရုဏာကို ဒီအသေးအမွှားလေးနဲ့ပဲ ကျွန်မ ပြန်ဆပ်နိုင်တယ်။ ရှင် စိတ်မရှိဖို့ မျှော်လင့်တယ်!”

ဒီစကားကိုပြောပြီးနောက်၊ ကန်းရူမား လုရှန်းအား ရိုသေစွာ ဦးညွှတ်၏။

လုရှန်းက မငြင်းဆန်ဘဲ သေတ္တာကို နေရာလွတ် လက်ကောက်ထဲထည့်လိုက်တယ်။

ကန်းရူမား တအံ့တသြ ကြည့်နေပေမဲ့ နောက်ထပ် မမေးရဲပေ။

အိမ်မှထွက်လာပြီးနောက် ကန်းရူမားသည် လုရှန်းကို ဆိုင်ကိုလည်ပတ်ရန် ခေါ်သွား၏။

ဆိုင်က လမ်းနဲ့ အရမ်းနီးသည်။ ပြန်လည်မွမ်းမံထားပြီးဖြစ်တာမို့ လုပ်ငန်းဖွင့်လှစ်ရန် နည်းပါးနေသေးကြောင်း သိရသည်။

အိမ်တော်သည် ချူအိမ်တော်ဘေးတွင်ရှိတယ်။

“အဲဒီတုန်း မင်းအမေ ဝယ်တုန်းက အနီးနားက တစ်ယောက်ယောက် သိလား?” လုရှန်း စိတ်လှုပ်ရှားစွာ မေးလိုက်တယ်။

ပြောင်းရွှေ့လာသောအခါတွင် ပိုင်ဆိုင်မှု ခိုးယူသည်လို့ စွပ်စွဲခံရမည်ကို လုရှန်း စိုးရိမ်နေ၏။

ကန်းရူမား ချိုသာစွာ ပြုံးတယ်။ “မကြောက်ပါနဲ့ တာအိုဆရာမ။ အမေက အိမ်အကူတစ်ယောက်ရဲ့ နာမည်အောက် ဒီအိမ်ကြီးကို တိတ်တဆိတ် ဝယ်ခဲ့တယ်။ အဲဒီအိမ်အကူမှာ သားသမီးတွေ မရှိဘူး။ သံသယဝင်ခံရရင် အမည်နာမကို ပြောပြပြီး သူမရဲ့ ဆွေမျိုးဖြစ်ကြောင်း ပြောလိုက်ရုံပဲ။”

လုရှန်း ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်တယ်။ “အဲဒါကောင်းတယ်!”

Comment

Leave a Reply

Options

not work with dark mode
Reset