“ဖုံးကွယ်နိုင်မယ်လို့ နင်ထင်နေတာလား?”
ကန်းရူမား သူ့နောက်ကို အနီးကပ်လိုက်လာပြီး “နင်က နတ်ဆိုးတစ်ကောင်ကိုတွေ့ပြီး ကန်းမိသားစုရဲ့ ဝိညာဉ်အားလုံးကို ကန်းအိမ်တော် မှာ ပိတ်ထားပေမဲ့ ငါ အိမ်အပြင်မှာ သေသွားတာကို နင်မေ့နေသလား?”
ကျန့်ဝေ သူမရဲ့ မျက်နှာကို စိုက်ကြည့်ပြီး ဘောင်းဘီကို ကိုင်လိုက်၏။
သူ့ခြေထောက်တွေ မြေကြီးပေါ်မှာ ဒူးထောက်သားကျသွားသည်။ ကျန့်ဝေ လက်နှစ်ဖက်ဖြင့် ခေါင်းကို ဖိပြီး “မလာနဲ့။ မလာနဲ့!”
သို့သော်လည်း သူဘယ်လိုပဲ အော်နေအော်နေ ကန်းရူမား သူ့ရှေ့မှာ ရပ်နေပြီး သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။
“ဝမ်းကွဲ ငါမှားသွားပါတယ်။ ငါ မှားပါတယ်! ငါ့ကိုလွှတ်!”
သူ့ရဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေကို မြင်ချိန်တွင် ခရိုင်တရားသူကြီးတောင်မတတ်နိုင်ပဲ မျက်မှောင်ကြုံ့သွား၏။
“ကျန့်ဝေ“
“သူ စောစောက အဆင်ပြေပါတယ်။ ဘာလို့ ရုတ်တရက်ကြီး ဒီလို အရူးစကားတွေ ပြောနေတာလဲ?”
ခဏအကြာ ကျန့်ဝေ ကွက်လပ်တစ်ခုဆီ အရူးအမူးပြေးလာပြီး “ဝမ်းကွဲ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပြုပါ။ အဒေါ်၊ ဦးလေးနဲ့ ကျန်တဲ့ ဝိညာဉ်တွေကို ကန်းအိမ်တော်ကနေ လွှတ်ပေးဖို့ ဘုန်းကြီးကို ပြောလိုက်ပါ့မယ်။ ကန်းမိသားစုဆီကရသမျှ ဘာမှမထိဖူးဘူး။ ငါယူထားတဲ့ ရတနာတွေအားလုံးကို ငါပြန်ပေးမယ်။”
သူ့စကားက လူတိုင်းကို ထိတ်လန့်စေခဲ့သည်။
“အားမင်နဲ့ သူခိုးက ကန်းမိသားစုရဲ့ ဘဏ္ဍာတွေကို အညီအမျှခွဲခဲ့တာ မဟုတ်ဘူးလား? သူတို့က ဘာလို့ ကျန့်ဝေ ဆက်စပ်နေတာလဲ?”
“အခုမှ သူ့ညီမကို ဝမ်းကွဲလို့ ခေါ်တယ်။ သူ့ဝမ်းကွဲက မိန်းကလေးကန်းမဟုတ်လား? မိန်းကလေးကန်းက လက်စားချေဖို့ ပြန်လာတာလား?”
“အဲ့ဒါဆိုရင် လူသတ်သမားက ကျန့်ဝေလား?”
“သူကိုယ်တိုင် ဝန်ခံနေတာလား?”
ခရိုင်တရားသူကြီးရဲ့ အပြုအမူ အလွန်ရုပ်ဆိုးသွား၏။
အရင်က ချုစစ်ဟန်ရှေ့တွင် သူသည် အားမင်ဟာ လူသတ်သမားလို့ ကောက်ချက်ချခဲ့ဖူးသည်။ ချုစစ်ဟန်ရဲ့ နောက်ကွယ်မှာအမှုကိုပိတ်နိုင်စေရန် ပထမဦးစွာ လုပ်ဆောင်ပြီးနောက်ပိုင်းတွင် သတင်းပို့ရန်ပင်ရည်ရွယ်ခဲ့သည်။
သို့သော် ကျန့်ဝေသည် တရားရုံးတွင် ရုတ်တရက် ရူးသွပ်သွားပြီး ရတနာများက သူ့လက်ထဲ ရှိနေတယ်လို့ ပြောလာသည်။
ဒါ ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်သလို ဖြစ်မနေဘူးလား?
သူသည် ဆယ်စုနှစ်တစ်ခုကျော် အမှုအခင်းများတွင် ပါဝင်ပတ်သက်ခဲ့ပေမဲ့ ဒီစီရင်ချက်မှာ နှစ်နှစ်မျှသာ တာဝန်ထမ်းဆောင်ဖူးသူထက် ဆိုးရွား၏။
ဒီသတင်းသာ ပျံ့နှံ့သွားခဲ့ရင် သူ ရယ်မောစရာ ဖြစ်လာတော့မှာ သေချာသည်။
ခရိုင်တရားသူကြီး ပြစ်တင်ရှုံ့ချပြီး အေးစက်စက်ဆို၏။ “ကျန့်ဝေ တရားရုံးကို အနှောင့်အယှက်ပေးတယ်။ သူ့ကို ဆွဲထုတ်လိုက်။”
ဘေးမှာရပ်နေတဲ့ အစောင့်တွေက ကျန့်ဝေကို အမြန်ဆွဲထုတ်ကြသည်။
စောစောက ကျန့်ဝေရဲ့ ဒူးထောက်နေရာက စိုစွတ်နေပြီး လူတိုင်း ရယ်မောချင်လွန်းလို့ ပါးစပ်ကို ဖုံးထားကြ၏။
ယုမင်ယွဲ့ အခွင့်အရေးယူကာ ပြောလိုက်၏။ “အရှင်လည်း ကြားတာပဲ။ ကျန့်ဝေက လူသတ်သမားပဲ!”
ခရိုင်တရားသူကြီးက “လူသတ်သမား ဘယ်သူဆိုတာ ငါ့မှာ တရားစီရင်ခွင့်ရှိတယ်။ အားမင် မင်းရဲ့ ရာဇ၀တ်မှုကို ဝန်ခံလား?”
ဒီကိစ္စမှာ ခရိုင်တရားသူကြီးသည် သူက အမှားလုပ်ထားပြီးဖြစ်လို့ ဒီအတိုင်းမြောပါသွားဖို့ပဲ တတ်နိုင်တော့သည်။ မဟုတ်ရင် ခရိုင်တရားသူကြီးရဲ့ ဂုဏ်သိက္ခာ ဘယ်ရောက်သွားမလဲ?
ဒါ့အပြင် ကျန့်ဝေက ကန်းမိသားစုရဲ့ ဘဏ္ဍာတစ်ဝက်ကို ပေးမယ်လို့ ကတိပေးထားခဲ့သည်။
ကန်းမိသားစုတွင် မြို့အသီးသီး၌ ပိုင်ဆိုင်မှုတွေ အများကြီးရှိသည်။ တည်းခိုခန်း ၁၀ ခုကျော်နဲ့ အခြားဆိုင်များ ပေါင်းရင် နှစ်စဉ်ဝင်ငွေ တစ်သန်းကျော် ရှိသည်။ အကယ်၍ သူ တစ်ဝက်ကို ပိုင်ဆိုင်ခဲ့ရင် ချု မိသားစုက ရှန်းကွမ်းမိသားစုကို ဆက်လက် ဖိနှိပ်နိုင်ဉီးမှာလား?။
ဒါ့အပြင် အားမင်ရဲ့ဘဝက ဈေးပေါသည်။ သူ သေတော့ကော ဘာဖြစ်သလဲ? သနားဖို့တောင်မကောင်းဘူး။
ယုမင်ယွဲ့ မယုံနိုင်စွာ မျက်လုံးပြူးသွား၏။
ဘေးပတ်ဝန်းကျင်ရှိ လူတွေများ စကားမပြောရဲကြဘူး။ သူတို့ အတွင်းပိုင်း ဇာတ်လမ်းကို မသိခဲ့ကြဘူး။
လုရှန်း မျက်မှောင်ကြုံ့နေပြီး တစ်ခုခုပြောမည့်အချိန် အသံတစ်ခု ကြားဝင်နှောက်ယှက်သည်။
“လူကြီးမင်းရှန်းကွမ်း သူ့ကို ပြစ်မှုဝန်ခံအောင် အတင်းအကြပ်ကြိုးစားနေတာလား?”
အစိမ်းရောင်ကို ၀တ်ဆင်ထားသော ချုစစ်ဟန်သည် ဝင်လာပြီး ခရိုင်တရားသူကြီးအား တင်းမာသောအကြည့်ဖြင့် စိုက်ကြည့်၏။
ခရိုင်တရားသူကြီးရဲ့ မျက်နှာက ဖြူဖျော့သွားပြီး အလျင်စလို မတ်တပ်ရပ်ကာ ဦးညွတ်လိုက်သည်။
“ငါမဝံ့ရဲပါဘူး။”
“မဝံ့ဘူးလား?” ချုယွမ် အေးစက်စွာ အော်ပြောတယ်။ “သခင် မရှိချိန် မင်းက ဒီအမှုကို လျို့ဝှက်ဖို့ကြိုးစားတယ်။ မင်းက သူ့ကို ဝန်ခံဖို့ အတင်းကြိုးစားနေတာ မဟုတ်ဘူးလား?”
သူ့ကင်းထောက်တွေ အချိန်မီရောက်လာလို့ မဟုတ်ရင် ဒီအမှု ပြီးသွားလိမ့်မည်။
ချုယွမ် အရှေ့ကို လျှောက်သွားပြီး လူအုပ်ကို ရင်ဆိုင်လိုက်သည်။ “လွန်ခဲ့တဲ့ တစ်လခွဲလောက်က ကျန့်ဝေရဲ့ လူ နှစ်ယောက်ဟာ မိန်းကလေးကန်းကို အိတ်နဲ့ ပိတ်မိပြီး သေတဲ့အထိ ရိုက်နှက်ခဲ့တယ်။ ပြီးတော့ သူမရဲ့ အလောင်းကို တောထဲတွင် စွန့်ပစ်ခဲ့ကြတယ်။ ကန်းအိမ်တော်က ရေတွင်းကိုလည်း လျှို့ဝှက်အဆိပ်ခတ်ခဲ့ကြတယ်။ အဲဒီ့ညက ကျန့်ဝေက မိုးသည်းထန်စွာရွာသွန်းနေချိန် ဟောင်ရန်မြို့က ထွက်ခွာသွားခဲ့တယ်။ သူက လုပ်ကြံသတ်ဖြတ်သူငှားဖို့ မှောင်ခိုခန်းမသို့ သွားပြီး ကန်းအိမ်တော်ရဲ့ ရတနာများကို သူ့ဘာသာသူ သွားယူခဲ့တယ်။”