Switch Mode

အပိုင်း(၉၉)-လူနာကဲ့သို့ဆက်ဆံခြင်း

မိုရှားခေါင်းညိတ်လိုက်သည်။ ရှီမာလိုင်၏ရင်ဘတ်မှ လက်သည်းရာများကိုမြင်သောအခါ သူ့အားအမြင့်ဆုံးဆေးကို ကျွေးရန်အချက်ပြလိုက်ပြီး သူ့ခန္ဓာကိုယ်တွင်စိုက်ထားသော အပ်များကို ဒီအတိုင်းဆက်ထားလိုက်သည်။

သူပြောသည့်အတိုင်းအမြင့်ဆုံးဆေးအား ရှီမာယူယူထုတ်ပြီး ရှီမာလိုင်၏ပါးစပ်အတွင်းသို့ထည့်လိုက်လေသည်။ ဆေးလုံးအားဝါးစားသည်ကို မြင်ပြီးနောက် အပ်များကို တစ်ဖက်သို့ပြန်လည့်လိုက်လေသည်။

မိုရှားသည် ညာဘက်လက်ကိုဆန့်ထုတ်ကာ ရှီမာလိုင်၏ရင်ဘတ်သို့တင်လိုက်သည်နှင့် အနက်ရောင် မီးခိုးဝိုင်းများသည် လက်ဖဝါးသို့ပျံ့နှံ့သွားလေသည်။

ရှီမာယူယူ သူ့အားစိုးရိမ်စွာကြည့်ကာ ရှီမာလိုင်၏ ခန္ဓာကိုယ်မှ နတ်ဆိုးရွှီအား ဘယ်လိုဖယ်ရှားရမည်ကို မသိဖြစ်နေသည်။

မိုရှားသည် အမှန်တကယ်ပင် ကျေနပ်အားရစွာလုပ်ဆောင်နေခဲ့သည်။ ရှီမာလိုင်၏ခန္ဓာကိုယ်မှ နတ်ဆိုးရွှီသည် သူ၏ နဂိုရန်သူဖြစ်သူနှင့်တွေ့သောကြောင့် ဖရိုဖရဲနှင့် ပြိုလဲလေသည်။ လက်သည်းရာခြောက်ခုသည် အသက်ရှိကဲ့သို့ပင် မရပ်မနားလှုပ်ရှားလေသည်။

သူမရှေ့တွင်ဖြစ်ပျက်နေသော အဖြစ်အပျက်များကြောင့် ရှီမာယူယူ ကြက်သေသေသွားသည်။ အစပိုင်းတွင် ရိုးရှင်းသော နတ်ဆိုးရွှီဟုထင်ထားသော်လည်း ထိုအရာသည် တကယ်တမ်းတွင် အသက်ရှိလိမ့်မည်ဟု ထင်မထားပေ။

နတ်ဆိုးလက်သည်းမှ ပြန်လည်တိုက်ခိုက်သည်ကို မြင်ရာတွင် မိုရှားသည် အသက်ပြင်းပြင်းရှုသွင်းကာ အားမြင့်လိုက်သောအခါ နတ်ဆိုးလက်သည်းသည် ရှီမာလိုင်၏ခန္ဓာကိုယ်မှ လိုလားခြင်းမရှိသကဲ့သို့ ထွက်သွားလေသည်။

နတ်ဆိုးလက်သည်းသည် ရှီမာလိုင်၏ခန္ဓာကိုယ်မှထွက်သွားသည်နှင့် ကျွီခနဲအသံသည် စူးရှစွာထွက်လာလေသည်။

“ခြေချောင်းခြောက်ခုနတ်ဆိုး ကြွက်လေးပဲ၊ ဒီမှာအမြစ်တွယ်ဖို့ကို မျှော်လင့်နေသေးတယ်၊ ငါ့ကိုစိန်ခေါ်တယ်ဟုတ်လား” မိုရှားလက်တွင်ဖမ်းမိသော နတ်ဆိုးလက်သည်းထဲရှိ နတ်ဆိုးရွှီ၏ အကြည့်များသည် သစ်ရွက်များလှုပ်ခပ်သကဲ့သို့ လှုပ်ရှားနေသည်။

မိုရှားအားအနည်းငယ်သုံးကာ နတ်ဆိုးလက်သည်းအား အနက်ရောင်မြူခိုးအသွင်ပြောင်းကာ သူ့လက်တွင် အနက်ရောင်မြူခိုးများ လွှမ်းမိုးသွားတော့သည်။

“ဒီလိုပဲပြီးသွားပြီလား” မိုရှား သူ့ကိုယ်ပိုင်နတ်ဆိုးရွှီကို ပြန်ထုတ်သည်ကို ရှီမာယူယူကြည့်ကာ မေးလိုက်သည်။

မိုရှားခေါင်းညိတ်ပြီးနောက် ဝိညာဉ်ပုလဲအတွင်းသို့ဝင်သွားလေသည်။

ရှီမာယူယူပြန်လည့်လိုက်ကာ ရှီမာလိုင်၏သွေးကြောကိုစမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်တွင် နတ်ဆိုးရွှီများ အနည်းငယ်လျော့သွားသည်ကို သူမခံစားလိုက်ရသည်။ သူတို့သည် နတ်ဆိုးရွှီအား နှင်ထုတ်ပြီးဖြစ်သော်လည်း သူ့တွင်သေချာပေါက် အားအင်များကုန်ခမ်းနေမည်ဖြစ်သည်။

သို့သော် ခန္ဓာကိုယ်အတွင်း ပြန်ကုစားပေးသော အမြင့်ဆုံးဆေး၏ အကျိုးသက်ရောက်မှုများကြောင့် တဖြည်းဖြည်း အားပြန်ပြည့်လာမည်။ သူ့အားအင်များ ပျက်ဆီးခြင်းအများအပြားမရှိခြင်းကို ယုံကြည်လျက် သတိပြန်ရရန်သာ စောင့်နေခဲ့သည်။

ရှီမာလိုင်တွင် ပြဿနာကြီးကြီးမားမား မဖြစ်နိုင်သည်ကို စစ်ဆေးပြီးမှပင် ရှီမာယူယူ၏ စိုးရိမ်နေသော စိတ်များ ငြိမ်သက်လာရသည်။ သူမ တံခါးနားလာကာ သက်ပြင်းချလိုက်ပြီး တံခါးဖွင့်ကာ သူမအား အပြင်တွင် စိုးရိမ်စွာစောင့်နေသော လူများအား ပြုံးပြလိုက်သည်။

“အစ်ကိုလေး၊ အစ်ကိုငယ် ပြီးသွားပြီ”

ရှီမာယူလီသည် စိုးရိမ်စွာဖြင့် အခန်းရှေ့တွင် ခေါက်တုန့်ခေါက်ပြန်လျှောက်နေခဲ့သည်။ ရှီမာယူယူထွက်လာသည်ကို မြင်သည်နှင့် တဟုန်ထိုးပြေးသွားကာ သူမပခုံးများကို ဆုပ်ကိုင်ပြီးမေးလိုက်သည် “ညီလေး ၅၊ အဘိုးအဆင်ပြေလား”

“ကံကောင်းစာနဲ့ပဲ မစ်ရှင်မကျရှုံးဘူး” သူမ ထွက်လာသည်နှင့် ရှီမာယူယူပြုံးကာ ရှီမာယူရန်နှင့် ရှီမာယူလီဆီသို့ တဟုန်ထိုးပြေးသွားလေသည်။ သူတို့သည် ထိုအနက်ရောင်ရွှီတွေ့မှသာ စိတ်ချသွားလေသည်။

“ညီလေး ရ ဒီတစ်ကြိမ်တော့ မင်းကိုတကယ်ကျေးဇူးတင်တယ်” ရှီမာယူယူ၏ ပခုံးအား ရှီမာယူလီပုတ်ကာ ပြောလိုက်သည်။

“ရှေးဟောင်းစာအုပ်ထဲကရှိတဲ့ဟာကိုအသုံးချဖို့ အခွင့်အရေးရရုံပါ” ရှီမာယူယူပြောလိုက်သည်။

“မင်းဘယ်လိုပဲပြောပြော ဒါကမင်းရဲ့အားစိုက်ထုတ်မှုကြောင့်ပဲ” ရှီမာယူရန်ပြောလိုက်သည် “အဘိုးက ဘယ်အချိန်သတိပြန်ရမှာလဲ”

“အဘိုးရဲ့ခန္ဓာကိုယ်က အဲဒီနတ်ဆိုးသတ္တဝါကြောင့် ဒဏ်ရာရထားတာ၊ အခုပြန်ကုစားနေတာဆိုတော့ မနက်ဖြန်ကို နိုးလာနိုင်တယ်”

“နတ်ဆိုးသတ္တဝါဟုတ်လား” ရှီမာယူရန် မျက်ခုံးများပင့်လိုက်သည်။ နတ်ဆိုးသတ္တဝါက ဒီမှာဘယ်လိုလုပ်ပေါ်လာတာလဲ။

“အင်း.. ကျွန်တော်သိသလောက်ကတော့ နတ်ဆိုးသတ္တဝါတွေက နတ်ဆိုးတိုင်းပြည်မှာပဲရှိတာ၊ အဘိုးက နတ်ဆိုးသတ္တဝါနဲ့ ဘယ်လိုတွေ့ပြီးဒဏ်ရာရလာတာလဲ ကျွန်တော်မသိဘူး” ရှီမာယူယူပြောလေသည် “အဘိုးနိုးလာတဲ့အထိစောင့်ပြီးမှ အဖြေရှာကြမယ်”

“အင်း.. အဘိုးနိုးလာတဲ့အထိစောင့်ပြီး မေးရမယ်” ရှီမာယူရန်ခေါင်းညိတ်လိုက်သည်။

“အစ်ကိုလေး၊ အစ်ကိုငယ် အစ်ကိုတို့က အဘိုးကိုတစ်နေ့လုံးစောင့်ရှောက်ပေးထားတာဆိုတော့ နှစ်ယောက်လုံးနားတော့၊ ကျွန်တော့်တာဝန်ထားလိုက်တော့”

“ကောင်းပြီ၊ ဒါဆို အဘိုးကို သေချာဂရုစိုက်” တစ်နေ့လုံး စိုးရိမ်မှုှများနှင့် ပူပန်မှုများဖြစ်ပြီးသည့်နောက်တွင် ရှီမာယူလီသည် စိတ်သက်သာရာရသွားသည်။

“ငါတို့ဘေးအခန်းမှာပဲရှိမယ် အဘိုးနိုးလာရင် ငါတို့ကိုခေါ်ဖို့သတိရဦး” ရှီမာယူရန်တိုက်တွန်းလိုက်သည်။

“အင်း စိတ်ချပါ ခေါ်လိုက်ပါမယ်” ရှီမာယူယူသည် ရှီမာလိုင်၏ အိပ်ရာဘေးတွင်ရပ်ကာ သူတို့နှစ်ယောက်အား လက်ပြလိုက်သည်။

ရှီမာယူလီအရင်ထွက်သွားပြီး နောက်မှ ရှီမာယူရန်လိုက်သွားသည်။ တံခါးပိတ်သောအခါ ပြန်လည့်ကြည့်ရာတွင် ရှီမာယူယူသည် ရှီမာလိုင်၏အိပ်ရာဘေးတွင်ထိုင်ကာ ရှီမာလိုင်အားကြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူမ အင်္ကျိများ ပြန်ဝတ်ပေးလိုက်ကာ ကွေးနေသော သူမနှုတ်ခမ်းများလည်း အနည်းငယ် ပင့်သွားသည်။

သူမတစ်ယောက်တည်း အိမ်တွင်ကျန်ခဲ့သောအခါ ဝိညာဉ်ပုလဲအတွင်းမှ မိုရှားအားဆက်သွယ်လိုက်သည်။

“မိုရှား ခြေချောင်းခြောက်ခုကြွက်က ဘာနတ်ဆိုးသတ္တဝါလဲ”

“အဲဒါက နတ်ဆိုးတိုင်းပြည်တစ်ခုလုံးမှာ အဆင့်အနိမ့်ဆုံး ရှားပါးတဲ့ နတ်ဆိုးသားရဲပဲ” မိုရှားဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

“နတ်ဆိုးသတ္တဝါက ဒုံချန်းမှာဘာလို့ပေါ်လာတာလဲ”

“အဲဒါက ထူးဆန်းနေတာပဲ” မိုရှားအချိန်ခဏမျှတွေးတောကာ ပြောလိုက်သည် “နတ်ဆိုးသတ္တဝါတွေက တစ်ဘဝလုံး နတ်ဆိုးတိုင်းပြည်မှာပဲ နေတာ၊ အခုဒီမှာပေါ်လာပြီဆိုတော့ သူတို့ဒီမှာနေပြီး လှည့်လည်သွားလာ နေပြီဆိုတာပြတာပဲ”

“နတ်ဆိုးမျိုးနွယ်တွေအများကြီးရောက်လာရင် ဘာဖြစ်မှာလဲ” ထိုအဆင့်နိမ့်သော ခြေချောင်းခြောက်ခုကြွက်တောင်မှ ရှီမာလိုင်အား ဒီလိုအခြေအနေဖြစ်အောင်လုပ်နိုင်ရင် နတ်ဆိုးမျိုးနွယ်က အုပ်စုအကြီးများ ရောက်လာရင် ရှီမာယူယူတွေးတောင်မတွေးရဲပေ။ ထိုအချိန်တွင် တိုင်းပြည်တွင်နေသော သက်ရှိသတ္တဝါတစ်ခုလုံး မျိုးဖြုတ်ခံရသည်နှင့် ျတူတော့မည်။

“စိတ်ချပါ၊ မင်းထင်သလိုဖြစ်မလာပါဘူး၊ အနည်းဆုံးတော့ အခုတော့မဟုတ်ဘူး” ရှီမာယူယူအတွေးအား အာရုံခံမိသည်နှင့် မိုရှားလှောင်ရယ်လိုက်သည်။

“ဘာလို့လဲ” ရှီမာယူယူမေးလိုက်သည်။

“ငါမင်းကိုမပြောဘူးလား၊ နတ်ဆိုးမျိုးနွယ်တွေက နတ်ဆိုးတိုင်းပြည်မှာပဲ ပိတ်လှောင်ခံရပါတယ်ဆို၊ ပိတ်လှောင်ခံထားရမှတော့ ဘယ်လိုလုပ် နတ်ဆိုးမျိုးနွယ်တွေ ထွက်လာနိုင်မလဲ၊ အဲလိုဖြစ်လာမယ်ဆိုရင်တောင် နတ်ဆိုးမျိုးနွယ်က ရိလင်းတိုင်းပြည်ကိုလာဖို့မရွေးချယ်ဘူး”

“ဘာလို့မရွေးချယ်တာလဲ”

“ကောင်းကင် ဥပဒေကြောင့်ပဲ”

ကောင်းကင် ဥပဒေအကြောင်းထပ်ပြောပြန်ပြီ။

ထိုအရာအားကြားရသည်မှာ ရှီမာယူယူအတွက် နှစ်ကြိမ်မြောက်၊ သို့သော် သူမ ထိုအရာအားနားမလည်သေးပေ။

“နားမလည်သေးဘူး” ရှီမာယူယူခေါင်းရမ်းလိုက်သည်။

“ဒီလိုရှင်းပြမယ်” မိုရှားပြောလိုက်သည် “ရိလင်းတိုင်းပြည်က နိမ့်ကျလွန်းတော့ အားအင်ကလည်းနည်းတယ်၊ တိုင်းပြည်အချင်းချင်း ငြိမ်းချမ်းဖို့အတွက် အဲဒါတွေက အမြင့်ပိုင်းနေရာတွေအတွက်တော့ ကန့်သတ်ချက်ပဲ ဒီလိုနေရာကို ဖျက်ဆီးဖို့မလာဘူး၊ ကောင်းကင်ဥပဒေက သဘာဝအတိုင်းသူတို့ရဲ့ အားတွေကိုကန့်သတ်ထားတယ်၊ ဒီမှာ အမြင့်ဆုံးအားနဲ့တူညီတာကိုပဲသုံးခွင့်ပြုထားတယ်”

“ဥပမာပြောရရင် သူတော်စင်အဆင့်လူက ဝိညာဉ်စစ်သည်အဆင့်အားကိုပဲသုံးလို့ရမယ်၊ ဟုတ်လား” ရှီမာယူယူမေးလိုက်သည်။

“ဟုတ်တယ်” မိုရှားပြောလိုက်သည် “သေးငယ်ပြီးအားနည်းတော့ ကောင်းကင်ဥပဒေက ကာကွယ်ထားတာပဲ၊ ပြီးတော့ နတ်ဆိုးတိုင်းပြည်နဲ့ ရိလင်းတိုင်းပြည်ရဲ့အတားအဆီးက အထူဆုံးပဲ၊ ပြောရမယ်ဆိုရင် အဲလူတွေက ဒီကိုရွေးချယ်ပြီးရောက်လာစရာမရှိဘူး၊ ရောက်လာတယ်ဆိုရင်တောင် အကျိုးရှိမှာ မဟုတ်ဘူး၊ သူတို့အဲလောက်အချိန်မဖြုန်းဘူး”

ထိုနေရာသည် အားနည်းသောနေရာဟု သူပြောလိုက်သောအခါတွင် သူမဒေါသထွက်မိသော်လည်း၊ နတ်ဆိုးမျိုးနွယ်လာပြီး သူမမိသားစုအား ထိခိုက်အောင်လုပ်မည်မဟုတ်ကြောင်းကြားသောအခါ မစိုးရိမ်တော့ပေ။

“ပြီးတော့ နတ်ဆိုးမျိုးနွယ်က မင်းထင်သလောက်လဲအားမကောင်းပါဘူး” ခဏအကြာတွင် မိုရှားထပ်ပြောလိုက်သည်။

“အဘိုးက သူတော်စင်ဝိညာဉ်ပဲ ဒါပေမယ့် နတ်ဆိုးတိုင်းပြည်က နတ်ဆိုးသားရဲသေးသေးလေးလောက်ကို မနိုင်ဘူးလေ၊ အဲဒါအားကြီးတာမဟုတ်ဘူးလား” ရှီမာယူယူမယုံကြည်ပေ။

“အဲဒီ ခြေချောင်းခြောက်ခုကြွက်တွေက သူတို့ရဲ့ လက္ခဏာရှိတယ်၊ ပြီးတော့ မင်းအဘိုးက ကြည့်ရတာ ခိုးကြောင်ခိုးဝှက်လုပ်ကြံခံရတာနေမှာ အဲဒါနဲ့ပဲ သူတို့ကိုအားကောင်းတယ်လို့မှတ်လိုက်တယ်ပေါ့ တခြားနတ်ဆိုး သားရဲတွေနဲ့တွေ့ရင် မင်းအဘိုးက ရှုံးမှာမဟုတ်ပါဘူး”

အဘိုးက ခိုးကြောင်ခိုးဝှက်အတိုက်ခံရတယ်ဟုတ်လား၊ ရှီမာယူယူ ရှီမာလိုင်အားကြည့်လိုက်သည်။ မနေ့က ဘာစကားမှမပြောပဲအပြင်ထွက်သွားကာ နတ်ဆိုးသတ္တဝါ၏ တိုက်ခိုက်ခြင်းကိုခံရပြီး ဒဏ်ရာအပြင်းအထန်ရလာတယ်။ နတ်ဆိုးတိုင်းပြည်က လူတွေဒီကမ္ဘာကိုမလာဘူးဆိုရင် ဒီခြေချောင်းခြောက်ခု ကြွက်ကို ဘယ်သူကသုံးပြီး အဘိုးကို ထိခိုက်စေချင်ရတာလဲ။

“အဘိုး မြန်မြန်ထမှဖြစ်မယ်…”

Comment

Leave a Reply

Options

not work with dark mode
Reset