Switch Mode

Chapter 42 – စမ်းသပ်မှု (၃)

စမ်းသပ်မှု (၃)

အဲဒါသူမပဲ။

လုရှန်း အံ့သြသွား၏။

ဒီမိန်းကလေးက သူမအတွက် အပိုငွေမရှိဘူးလို့ ပြောဖူးတယ်။ သူမကို အကြွေခြောက်ပြားနှင့် ပန်းသီးတစ်လုံး ပေးခဲ့သည်။

“မိန်းကလေး ယု ဘာလို့ဒီမှာရှိနေတာလဲ?”

လူတိုင်း တီးတိုးပြောကြတယ်။

ယုရှန်သည် အရာရှိ တစ်ဦးဖြစ်ပြီး သူ့တွင် ကြီးမားတဲ့ မိသားစု နောက်ခံရှိတယ်။

တခြားသူတွေမပြောနဲ့ ခရိုင်တရားသူကြီးတောင်မှ ယုမိသားစုကို လေးစားမှုပြရသည်။

ဒါကြောင့် ယုမင်ယွဲ့ကိုမြင်ချိန်တွင် လူတိုင်းက သံသယဖြစ်နေကြပေမဲ့ သူတို့ နာနာခံခံ သူမအတွက် လမ်းဖယ်ပေးကြသည်။

အစပိုင်းတွင် စိုးရိမ်နေတဲ့ ကန်းရူမား ယုမင်ယွဲ့ကိုတွေ့ချိန်တွင် ရပ်သွားတာကို လုရှန်း တွေ့လိုက်သည်။ ကန်းရူမားသည် ယုမင်ယွဲ့ မှိန်းမောစွာ စိုက်ကြည့်နေ၏။

ခဏအကြာတွင် သူမက ယုမင်ယွဲ့၏ ဘေးနားသို့ ပျံဝဲလာပြီး အရေးတကြီးပြော၏။ “မင်ယွဲ့၊ နင် ငါ့ကို ကယ်တင်ဖို့ အစ်ကိုအားမင် ကိုကူညီရမယ်။”

ယုမင်ယွဲ့ တစ်စုံတစ်ခုကို အာရုံခံစားလိုက်ပုံရပြီး၊ ဘေးကိုတချက်ကြည့်ပြီး မျက်မှောင်ကြုံ့လိုက်သည်။

“မိန်းကလေးယု၊ မင်းဘာလို့ တရားရုံးကို နှောင့်ယှက်တာလဲ?”

ကျန့်ဝေ ရုတ်တရက် ထရပ်ပြီး မျက်ဝန်းကျဉ်းမြောင်းသွား၏။

ယုမင်ယွဲ့ ကျန့်ဝေကို လျစ်လျူရှုကာ၊ ခရိုင်တရားသူကြီးကို တိုက်ရိုက်ပြောလိုက်သည်။ “အရှင်၊ အားမင်က လူသတ်သမားမဟုတ်ဘူး။”

“မင်းဘာကိုဆိုလိုတာလဲ?” ခရိုင်တရားသူကြီး ပြင်းထန်သောအသံနဲ့ မေးမြန်း၏။

“အားမင်ကို ကန်းမိသားစုက ထုတ်ပယ်ပြီးနောက်၊  ရူမားက သူ့ကို ကျွန်မရဲ့အိမ်ကိုခေါ် သွားပေးဖို့ တစ်စုံတစ်ဦးကို ရှာခိုင်းခဲ့တယ်။ ရက်အနည်းငယ်ကြာမှ အားမင်က ကန်းမိသားစု ဆုံးပါးခဲ့တာကို သိခဲ့တာပါ။”

“ဒီလိုပြောဖို့ ဘာအထောက်အထားရှိလဲ?”

ခရိုင်တရားသူကြီးက စကားမပြောခင် ကျန့်ဝေ စိတ်မရှည်စွာ ပြန်ပြောလိုက်၏။

ယုမင်ယွဲ့က ကျန့်ဝေရဲ့ စကားကိုကြားချိန်တွင် အစေခံတစ်ဦးကို ပစ္စည်းယူဆောင်လာဖို့ လက်ပြလိုက်၏။

ခရိုင်တရားသူကြီး ထိုပစ္စည်းကိုစိုက်ကြည့်၏။ ထိုပစ္စည်းသည် လှပသောလက်ရေးနဲ့ စာတစ်စောင်ဖြစ်တယ်။ အကြံပေးသည် တချက်ကြည့်ပြီး ကန်းရူမားရဲ့ လက်ရေးဖြစ်ကြောင်း ခေါင်းညိတ်ပြသည်။

“လူကြီးမင်း အားမင်ဟာ ဒီစာတစ်စောင်တည်းနဲ့လူသတ်တာမဟုတ်ဘူးလို့ ညွန်ပြလို့မရဘူး!” ကျန့်ဝေသည် ဆောလျင်စွာ ဦးညွှတ်ပြီး “အဲဒီအစေခံက မိန်းကလေးယုနဲ့ ပြောလို့မရနိုင်လောက်တဲ့ ဆက်ဆံရေးရှိနေမယ်ဆိုတာ ဘယ်သူသိမှာလဲ?”

“မင်း…”

အပြစ်တင်ခံရတဲ့ ယုမင်ယွဲ့က ဒေါသတကြီး ဖြစ်သွား၏။

ယုမင်ယွဲ့ ဒူးထောက်ကာ ခရိုင်တရားသူကြီးကို ပြောလိုက်သည်။ “အရှင် ကျွန်မနဲ့ အားမင် ကြားမှာ ဘာမှမရှိပါဘူး။ ယုမိသားစုရဲ့ အိမ်ကလူတိုင်း ဒါကိုသက်သေပြနိုင်တယ်!”

ကျန့်ဝေ အေးစက်စက်ပြုံးပြီး “အိမ်မှာရှိတဲ့လူတိုင်းက ယု မိသားစုနဲ့ သက်ဆိုင်တယ်။ မင်းတို့တစ်ယောက်နဲ့တစ်ယောက် စကားတိုက်ထားသလားဆိုတာ ဘယ်သူသိမှာလဲ?”

“ရှင် ကျွန်မကိုစွပ်စွဲနေတာ!”

ယုမင်ယွဲ့ ဒေါသထွက်လွန်းလို့ မျက်နှာနီရဲတက်သွား၏။

ယုမင်ယွဲ့သည် ကျန့်ဝေရဲ့ ညစ်ညမ်းသော မျက်နှာကို ကြည့်ပြီး ကောင်းကောင်းရိုက်နှက်ဖို့ ဆန္ဒရှိနေ၏။

လုရှန်း ကလှည့်ပတ်သွားလာနေသော ကန်းရူမားကို လက်ချောင်းဖြင့် ချိတ်လိုက်သည်။

ကန်းရူမားရဲ့ မျက်လုံးများ တောက်ပလာပြီး အလျင်အမြန်မေး၏။ “တာအို ဆရာမလေး၊ ရှင့်မှာ အစီအရင် ရှိလား?”

လုရှန်း ခေါင်းညိတ်တယ်။ သူမ သေးငယ်တဲ့ အဝါရောင် ဂါထာစာရွက်ကို ထုတ်ပြီး  ကျန့်ဝေရဲ့ နောက်ကျော၌ထားခဲ့သည်။ ထို့နောက်     သူမ ကန်းရူမားရဲ့  ဝိညာဉ်ပေါ်မှာ အခြားဂါထာစာရွက်ကို ကပ်လိုက်၏။

သူမက “ဒါက ယင်-ယန် ဂါထာစာရွက်၊ ဂါထာစာရွက် တစ်ယောက်ကိုယ်ပေါ် တစ်ယောက် ကပ်ထားသရွေ့ တစ်ယောက်ဝိညာဉ်၊ တစ်ယောက်ဆီ ဆက်သွယ်နိုင်ပြီး  မြင်နိုင်တယ်။”

လုရှန်း အမျိုးသမီးဟဲနဲ့ လုဒါဟွားတို့ ဆက်သွယ်ကြဖို့ ဒီနည်းလမ်းကို ကနဦးတွင် အသုံးပြုခဲ့သည်။

ကန်းရူမား ဒီစကားကိုကြားချိန်တွင် ဝမ်းသာသွား၏။

“ကျန့်ဝေ၊ နင် ငါ့မိသားစုကိုသတ်ပြီး အစ်ကို အားမင်နဲ့ မင်ယွဲ့ကိုတောင် ဆဲဆိုဝံ့တယ်။ ကြောက်စရာကောင်းတဲ့ သေခြင်းတရားနဲ့ နင် သေလိမ့်မယ်!”

ကျန့်ဝေ အေးစိမ့်စိမ့်တိုက်ခတ်လာတဲ့ လေနုအေးကိုသာ ခံစားရပြီး အအေးဒဏ်ကြောင့် တုန်လှုပ်သွား၏။

သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ချိန်တွင် အားလုံး အရမ်းငြိမ်သက်နေတာကို တွေ့လိုက်ရသည်။  သူ မျက်မှောင်ကြုံ့သွားပြီး သူ့နားထဲ ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာ၏။

ကျန့်ဝေ၏ မျက်နှာက ဖြူဖျော့သွားပြီး ပတ်ဝန်းကျင်ကို ကြောက်လန့်တကြား လှည့်ကြည့်သည်။ ကျန့်ဝေ့ သူ့မျက်နှာရှေ့ မျက်ရည်တွေ ဝဲနေတဲ့ မျက်နှာကို မြင်လိုက်ရ၏။

ကျန့်ဝေ ခေါင်းကို အုပ်ပြီး သူ့လူအနောက် ပုန်းအောင်းကာ ထိတ်လန့်နေတော့သည်။

“သရဲ!”

အားလုံး သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေ၏။ ကျန့်ဝေ ရုတ်တရက် ရူးသွားသည်လားဟု သူတို့နားမလည်နိုင်အောင်ဖြစ်နေကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset