သန်စွမ်းတဲ့လူ စကားပြီးတာနှင့် လုရှန်း အနီရောင်ပုံရိပ်လေးကို မြင်လိုက်သည်။
ကန်းရူမားဆိုတာ ပြောစရာမလိုဘူး။
လုရှန်း ထိုလူကို ကျေးဇူးတင်စကားပြောပြီး ကန်းရူမား အနောက်ကို အမြန်လိုက်သွားတယ်။
“သူမ အရမ်းလှတယ်။ ပန်းချီကားထဲက ထွက်လာသလိုပဲ သူမ ဘာလို့ ဒီလောက်တောင် တက်ကြွနေရတာလဲ?”
သန်မာသည့် ထိုလူ လုရှန်းရဲ့ နောက်ကျောကိုကြည့်ပြီးတော့ ခေါင်းယမ်း၏။ နောက်တော့ ထိုလူ အသံချဲ့စက်ကဲ့သို့ ဆက်နှိုးဆော်တော့သည်။
လုရှန်း စောစောရောက်တာမို့ ကြည့်ရှုသူ သိပ်မရှိပါ။
အနီရောင်ထီးကို ကိုင်ဆောင်ကာ အလွန်စိုးရိမ်နေတဲ့ပုံပေါက်နေတဲ့ ကန်းရူမားကို ချက်ချင်းတွေ့လိုက်သည်။
တရားခံကို ဖမ်းမမိသေးပေမယ့် လက်ရှိ ခန်းမထဲက လူတွေအားလုံး ရှိနေပြီဖြစ်သည်။
ကန်းရူမား လုရှန်းကိုတွေ့တွေ့ချင်း ပြေးလာ၏။
“တာအို ဆရာမ၊ အခု ဘာလုပ်ရမလဲ?”
ကန်းရူမား ဘာမှ မလုပ်နိုင်တာကြောင့် စိတ်ပူနေ၏။
“စိတ်မပူပါနဲ့!” လုရှန်း တိုးတိုးလေးပြော၏။ “စောင့်ကြည့်ရအောင်။”
ကြည့်ရှုသူများ ပိုမိုစုရုံးများပြားလာတာနဲ့ ‘တရားခံ’ ကို အမြန်ခေါ်ဆောင်လာ၏။
သူက ပိန်ပိန်ပါးပါးနဲ့ သူ့နောက်ကျောမှာ ကြာပွတ်အမာရွတ်တွေ အများကြီးနေသည်။ သူ့ခန္ဓာကိုယ်ပေါ်က သွေးများ မခြောက်သေး။
သူ့ခန္ဓာကိုယ်ကို အစောင့်တွေဆွဲလာကြသည်။ သူရဲ့ ရှုပ်ပွနေတဲ့ ဆံပင်တွေက သူ့မျက်နှာကို ဖုံးလွှမ်းနေတာမို့ သူ့ရဲ့ အမူအရာကို မမြင်ရပါ။
သူ့ဘေးပတ်လည် ပတ်ဝန်းကျင်တွင် သေခြင်းတရား ရှိနေ၏။ အသက်ရှင်လိုစိတ်မရှိတော့ဘူးဆိုတာ ထင်ရှားသည်။
လုရှန်းရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ မျက်မှောင်ကြုံသွား၏။ ကန်းရူမားသည် လျှောက်သွားပြီး အစောင့်နှစ်ယောက်ကို စူးစူးရဲရဲစိုက်ကြည့်နေ၏။
သူ့မျက်နှာပေါ်က သွေးတွေနဲ့ မျက်ရည်တွေက လုရှန်း ကို ထိတ်လန့်သွားစေတယ်။
ဒီအခိုက်အတန့်မှာ လူအုပ်ကြီး ရုတ်တရက် ရွေ့လျားလာပြီး သူတို့ဆီ လျှောက်လာကြသည်။
နားရွက်ကြီးကြီး မျက်လုံးသေးသေးလေး၊ အဆီကျနေသော လူတစ်ယောက်ကို သူ့လက်အောက်ငယ်သားများ ဝိုင်းရံထား၏။
ထိုလူ ဝင်ရောက်လာပြီး ရုတ်တရက် မြေပေါ်ဒူးထောက်ကာ “လူကြီးမင်း ကျွန်တော့် အဒေါ်ရဲ့မိသားစုအတွက် တရားမျှတမှု ရှာဖွေပေးပါ။ ဒီလူယုတ်မာက ကျွန်တော့် ဝမ်းကွဲကိုသတ်ရုံတင်မကဘဲ ကန်းမိသားစုရဲ့ရေတွင်းကိုလည်း အဆိပ်သင့်အောင်လုပ်ခဲ့တယ်။ ပိုမုန်းစရာကောင်းတာက သူက ကန်းမိသားစုကို လုယက်ဖို့ ဓားပြတွေနဲ့ပေါင်းပြီး လုပ်ခဲ့တယ်။ ကျွန်တော့် အဒေါ်၊ ဦးလေး၊ ဝမ်းကွဲတွေအတွက် တရားမျှတမှု ရှာဖွေပေးပါ။”
သူ၏မရပ်မနား ပြောနေသည့် စကားက ခရိုင်တရားသူကြီးကိုပင် ဝမ်းနည်းစွာ ခေါင်းငုံ့ကျစေပြီး ကြည့်ရှုသူများရဲ့ နှလုံးသားကို ထိမိခဲ့သည်။
ဘေးမှာရှိနေတဲ့ အားမင် လှုပ်တောင်မလှုပ်ပါ။ ရုပ်သေးရုပ်လို ငြိမ်သက်စွာ မြေပြင်ပေါ်တွင် လှဲနေ၏။
ကန်းရူမား အဆီများကို ကြိမ်ဖန်များစွာ ဆောင့်ကန်ကာ သူမရဲ့ အစွယ်များထွက်ပြီး ခြေသည်းများ တင်းရင်းလာ၏။ သို့သော် သူမ ကန်လိုက်တိုင်း ရွှေရောင်အလင်းတန်းတစ်ခု ကာစီးထား၏။
ကန်းရူမားရဲ့ သဘောထားကို ကြည့်ရင်း လုရှန်း သူမရှေ့တွင် လူသတ်သမားက ကျန့်ဝေ အစစ်အမှန်ဖြစ်တယ်ဆိုတာကို မှန်းဆခြင်းမရှိဘဲ သိလိုက်သည်။
“ဒီလူ တကယ်ကိုနှလုံးသားမဲ့တယ်။ လူပေါင်းများစွာကို သတ်ခဲ့တယ်။ သူ့မှာ လူသားဆန်မှု လုံးဝမရှိဘူး။”
“လူတစ်ယောက်ရဲ့ နှလုံးသားကို ကြည့်ရတာ ခက်တယ်။ သာမာန်အားဖြင့် ရိုးသားပုံရတယ်။ ဝံပုလွေနှလုံးသား သူ့အရေပြားအောက်မှာ ဝှက်ထားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားဘူး။”
“ဟုတ်တယ်၊ မိန်းကလေး ကန်းက ဟောင်ရန်မြို့ရဲ့ ကျော်ကြားတဲ့ သခင်မလေး ဖြစ်တယ်။ ပညာရှိကျောင်းသားတွေ ဘယ်လောက် သူမကိုတောင့်တလိုက်သလဲ? ဒီလူနဲ့ သူမက ထိုက်တန်လို့လား? သူက သူမနဲ့တိတ်တိတ်လေး အိပ်နေတယ်ဆိုတာ ကောလဟာလပဲနေမယ်။”
“ကျန့်ဝေက ပုံမှန်အားဖြင့် စိတ်မချရပေမယ့် တကယ်တော့ သူက လူသားတစ်ယောက်ပဲ။”
လူတိုင်း အားမင်ကို ဝေဖန်နေကြပြီး ကျန့်ဝေကို ချီးကျူးကြ၏။
ကန်းရူမား အလွန်စိုးရိမ်ပြီး ဒေါသတကြီး အော်လိုက်ပေမဲ့ ဘယ်သူကမှ မမြင်နိုင်ပါ။
လုရှန်း အဝါရောင် ဂါထာစာရွက်ကို ထုတ်ယူပြီး ကန်းရူမားကို ကူညီမည့်အချိန် လူအုပ်ကြီးများပြားလာ၏။ တစ်စုံတစ်ယောက် သူမကိုဝင်တိုက်မိသွားပြီး လက်ထဲက အဝါရောင်ဂါထာစာရွက် လက်ထဲမှ ပြုတ်ကျသွား၏။
ခဏကြာချိန် အဲဒီ အဝါရောင် ဂါထာစာရွက်ပျက်ဆီးသွား၏။
လုရှန်း ပြောစရာစကားမဲ့သွား၏။
သူမရဲ့ဂါထာစာရွက်တွေက အလွန်စျေးကြီးသည်။ ဒီအဝါရောင်ဂါထာစာရွက်ကြောင့် ငွေဘယ်လောက် ကုန်ခဲ့တယ်ဆိုတာကို ဒီလူတွေ သိကောသိကြရဲ့လား?
သူမ အရမ်းဒေါသထွက်တယ်!
လုရှန်း တရားခံက ဘယ်သူလဲဆိုတာ သိချင်ပေမယ့် ရင်းနှီးတဲ့မျက်နှာ မြင်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါ။