ကျန့်ဝေက ကန်းရူမားရဲ့ အလှကို ကာလအတန်ကြာ တောင့်တခဲ့ပြီး သူမကို အမြဲလက်ထပ်ချင်နေခဲ့သည်။
သို့သော် သူ့ရဲ့လိုလားစိတ်ကို မမြင်ရပေမဲ့ သူ့တွင် ကိုယ်လုပ်တော် အနည်းငယ်ရှိသည်။
ဒါ့အပြင် ဇိမ်ကျကျစားသောက်နေထိုင်မှုပုံစံနဲ့ လောင်းကစားအတွက် သူ့အချိန်တွေကို ဖြုန်းတီးသူလည်းဖြစ်တယ်။
သူဟာ ပလေးဘွိုင်တစ်ယောက်ဖြစ်တာကြောင့် ဟောင်ရန် မြို့မှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။
ကန်းရူမားဟာ သူမရဲ့အစေခံ အားမင်နဲ့ ချစ်နေတာအတော်ကြာပြီ။ ကျန့်ဝေက ဒီကိစ္စကို တစ်နည်းနည်းနဲ့ သိရှိပြီး ဒီသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။
ဒီသတင်းထွက်လာပြီးနောက် ကန်းမိသားစုသည် တုန်လှုပ်သွားခဲ့တယ်။ ကန်းမိသားစု၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ကန်းရူမားရဲ့ မိခင်ပြောပြသည့် နည်းလမ်းကိုအသုံးချခဲ့တယ်။
အားမင်က အစေခံတစ်ယောက်ဆိုပေမဲ့ မိသားစုက ကျန့်ဝေထက် အားမင်နဲ့အတူ လိုက်သွားစေချင်ခဲ့တယ်။
ဒါပေမယ့် ကျန့်ဝေလည်း ဒီအကြောင်းကို သိလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ သူ့ဒေါသကြောင့် ကန်းရူမားကို သတ်ရုံသာမက ကန်းအိမ်တော်ရှိ ရေတွင်းကိုလည်း အဆိပ်ခတ်ခဲ့တယ်။
သူက လူသတ်သမားများကို ငှားရမ်းပြီး ကန်းမိသားစုတစ်ခုလုံးကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ လုယက်တဲ့ အထောက်အထား အတုလုပ်ဖို့ အဖိုးတန် ပစ္စည်းအားလုံးကို လုယက်ခဲ့တယ်။
လွန်ခဲ့သည့် ရက်အနည်းငယ်တုန်းက အားမင်က ကန်းမိသားစုအတွက် စက္ကူများ မီးရှို့ဖို့ တိတ်တဆိတ်ပြန်လာခဲ့တယ်။ သို့သော် သူ့ကို လူသတ်သမားလို့သံသယရှိနေကြသည့် အရာရှိများနဲ့ ကြုံတွေ့ခဲ့ရတယ်။ ထို့နောက် စစ်ဆေးမေးမြန်းရန် ရုံးတော်ကို ခေါ်ဆောင်သွားခဲ့တယ်။
ထိုနေရာ၌ နားထောင်နေသည့် လုရှန်းက “အထောက်အထားမရှိရင် ငါပြောတာကို ဘယ်သူမှယုံမှာမဟုတ်ဘူး။”
“ငါ့မှာသက်သေရှိတယ်!” ကန်းရူမား အော်ပြောတယ်။ “ကျန့်ဝေက ကန်းမိသားစုရဲ့ ချမ်းသာမှုကို သူ့အိပ်ရာအောက်မှာ ထား ထားတယ် သူ့ကုတင်အောက်မှာ လျှို့ဝှက်အခန်းတစ်ခုရှိတယ်။ ဒါကို ကျွန်မ မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တယ်!”
ကျန့်ဝေ တာအိုဆရာ ဖိတ်ခေါ်ပြီး သူဝတ်ထားတဲ့ အဆောင်လက်ဖွဲ့ကြောင့်သာမဟုတ်ရင် ကန်းရူမား သူ့ကို သတ်ပြီးတာကြာပြီလေ။
“တာအိုဆရာမ ကျွန်မတို့ကို ကယ်တင်ပေးပါ!”
ကန်းရူမားရဲ့ ခန္ဓာကိုယ်က ပိုပိုအသွင်ပြောင်းလာတာမြင်တော့ လုရှန်း သတိကပ်သွား၏။
သူမက အာကာသလက်ကောက်က အနီရောင် စက္ကူထီးငယ်လေးကို အမြန်ထုတ်ကာ ဂါထာစာရွက်နဲ့အတူ မီးရှို့လိုက်တယ်။
“ဒါ…”
အနီရောင်စက္ကူထီးကိုမြင်တော့ ကန်းရူမားက လုရှန်းကို စူးစူးရဲရဲ စိုက်ကြည့်တယ်။
“ဒါ နင့်အတွက်။ နင့်ကို နေရောင်ခြည်က ကာကွယ်ပေးတယ်။ ယူလိုက်။”
“ကျေးဇူးတင်ပါတယ် တာအိုဆရာမ!”
ကန်းရူမား ထီးကိုသုံးကာ ထွက်သွား၏။
“သခင်မလေး၊ မင်းအခုဘာရှို့လိုက်တာလဲ။”
လမ်းသွားလမ်းလာတစ်ယောက်က မေးမြန်း၏။
လုရှန်း မျက်စောင်းထိုးကာ ပြုံးလိုက်တယ်။ “ဘာမှမဟုတ်ဘူး။”
ခေါက်ဆွဲရောင်းတဲ့ဆိုင်ကြီးတစ်ဆိုင်ကို တွေ့ကာ လုရှန်း ဝင်လာ၏။ သူမ နည်းနည်းဗိုက်ဆာလာလို့ အသားခေါက်ဆွဲမှာလိုက်သည်။
သူမ ဆိုင်ထဲဝင်ထိုင်ချိန်တွင် ကန်းအိမ်တော် ကွယ်လွန်ခြင်းအကြောင်းကို အနောက်စားပွဲမှ ကြားရသည်။
“ခရိုင်တရားသူကြီးက အားမင် လူသတ်တယ်လို့ ပြောပေမယ့် တရားသူကြီး ချု က သဘောမတူဘူး။ သူ့အပြောအရတော့ လူသတ်သမားက တခြားတစ်ယောက်တဲ့။”
“တရားသူကြီး ချု က သူ့စီရင်ချက်မှာ ဘယ်တုန်းကမှ အမှားမလုပ်ဖူးပေမဲ့ ဒီတစ်ခါတော့ သူမှားနေပြီ။ ကန်းမိသားစုရဲ့ ဘိုးဘေးက ကြင်နာတတ်သူဖြစ်ပြီး အခြားသူများကို ရန်ငြိုးထားခြင်းမရှိဘူး။ ဒီအားမင် အပြင် ဘယ်သူ လူသတ်နိုင်မှာလဲ?”
“မှန်တယ်။ ဒီလူ အိမ်တော်အပြင်ဘက် နှင်ထုတ်ခံရတာ လူတိုင်းတွေ့ဖူးတယ်။ ငါသာဆိုရင်လည်း အငြိုးထားမှာဘဲ။”
“သူတော်စင်တစ်ယောက်တောင် မှားဖူးတာပဲဟာ။ တရားသူကြီး ချုက အမှုအများအပြားတွင် ပါဝင်ပတ်သက်ခဲ့တယ်။ ကိစ္စတိုင်းကို မှန်ကန်စွာ စီရင်ဆုံးဖြတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”
လုရှန်း မျက်ခုံးပင့်လိုက်၏။
ဒီ ‘တရားသူကြီး ချု’ သည် မူလ လုရှန်း ကိုလက်ထပ်လိုသော လူအိုကြီးမဟုတ်လား?
သူ ဟောင်ရန်မြို့ကို ပြန်ရောက်ပြီလား?
သူ သူမကို လက်ထပ်ချင်သေးတာလား?
လူအိုကြီးကိုတွေ့ပြီး စည်းရုံးဖို့ ချုစစ်ဟန်ကိုရှာပြီး အကူအညီကိုယူသင့်လား?
သို့သော် လူအိုကြီးရဲ့စီရင်ချက်ကောင်းမွန်၏။ လူသတ်သမားသည် အခြားတစ်ယောက်ဆိုတာ သူသိသည်။
ဘယ်လိုပဲပြောပြော သူက အဘိုးကြီးဖြစ်တယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ထားလို့မရဘူး။
“တရားခွင့် စတင်ပြီ! အမှုစစ်ဆေးပြီ!”
လုရှန်း တင်းတိမ်သော အမူအရာနဲ့ ခေါက်ဆွဲဆိုင်မှ ထွက်လာစဉ်တွင် တစ်ယောက်ယောက် သူမ အရှေ့ဖြတ်ပြေးပြီး အော်ပြောသွား၏။
“လူကြီးမင်း ဘာအမှုများလဲ?”
သူမ ဒီလူကို အမြန်မေးလိုက်တယ်။
ထိုလူ အစကတော့ သူမရဲ့ ချုပ်ကိုင်မှုကနေ ရုန်းထွက်ချင်ပေမယ့် သူမရဲ့မျက်နှာကိုမြင်ချိန်တွင် ထိုလူရဲ့ မျက်မှာရဲတက်သွားလေ၏။ ထိုလူ က ခေါင်းကုတ်ရင်း”ကန်းမိသားစုရဲ့ လူသတ်မှု။”