နောက်တနေ့။
လုရှန်း ဥယျာဉ်ကို ရေလောင်းပြီး သူ့အခန်းနဲ့ ခြံတံခါးကို သော့ခတ်တယ်။ လုဂျန်နဲ့ လုရှင်းကို အိမ်နီးနားချင်းတစ်ယောက်ရဲ့ ထိန်းကျောင်းမှုအောက်ထားခဲ့ပြီး မြို့ထဲ သွားတယ်။
သူမရဲ့ မီးဖိုချောင်ရှိ ပန်းကန်များနဲ့ ဒယ်အိုးများက အနည်းငယ် ဟောင်းနွမ်းနေတယ်။ ဒယ်အိုးက အောက်ခြေကို မြင်နေရပြီ။ သူမ အသစ်အချို့ကို ဝယ်ရမယ်။
သူမ မြို့ထဲကို ဝင်လိုက်သည်တာနဲ့ ပြင်းထန်သော ယင် လေထုက သူမမျက်နှာကို လာရိုက်ခတ်၏။
လုရှန်း မျက်မှောင်ကြုံသွား၏။ “နေ့လည်ခင်းကြီး ယင် လေပြင်းတွေ ဘာကြောင့် စီးဆင်းနေရတာလဲ?”
လုံလောက်သော ယန်စွမ်းအင်ပမာဏက အသုံးမဝင်သည့် မကျေနပ်ချက်တွေ အများကြီးရှိနေသည့် ယင် စွမ်းအင်ကို ထိန်းထားနိုင်တယ်။
“သမီး၊ ဘာပြောလိုက်တာလဲ?”
နွားလှည်းပေါ်မှ လိုက်လာသော အဘွားကြီး သူမ ရေရွတ်သံကို ကြားတော့ မေးခွန်းထုတ်၏။
လုရှန်း ခေါင်းယမ်းတယ်။ “ဘာမှမဟုတ်ဘူး။”
တောင်မြို့အဝင်ဝတွင် ကန်းအိမ်တော်ရှိသည်။ လုရှန်း အိမ်ကြီးနားမှဖြတ်သွားစဉ် သူမ ရပ်တန့်လိုက်၏။
တင်းကျပ်စွာ ပိတ်ထားတဲ့ အိမ်တော်ကြီးမှ ပြင်းထန်သည့် ယင်စွမ်းအား ထွက်လာတာကို သူမရိပ်မိသည်။
ဒီအိမ်တော်မှာ တံဆိပ်တစ်ခုရှိနေသည်။
“အေးပါ မိန်းကလေး၊ အဲဒီနားမှာ မသွားနဲ့။ အဆင်မပြေဘူး” အဘွားအိုက သတိပေးတယ်။
“ဘာလို့လဲ?”
အဘွားအိုက အသံလျှော့ပြီး ရှင်းပြတယ် “လွန်ခဲ့တဲ့လတစ်ဝက်လောက်က ကန်းအိမ်တော်က ဖျက်ဆီးခံခဲ့ရပြီး လူရာပေါင်းများစွာ သေဆုံးခဲ့တယ်။ အဲဒီနေ့က မိုးသည်းစွာရွာပြီး အိမ်တော်ကြီး တစ်ခုလုံး သွေးစွန်းခဲ့တာ ကြောက်စရာကြီး!”
“လူသတ်သမားကို ဖမ်းမိပြီလား?” လုရှန်းက မေးတယ်။
“အဖမ်းခံရတယ်လို့ ကြားတယ်။ ကန်းမိသားစုရဲ့ ကျွန် တဲ့ ။ မိသားစုထဲက မိန်းကလေးတစ်ဦးနဲ့ သူ့ရဲ့ဆက်ဆံရေးကို ဖော်ထုတ်ခံခဲ့ရပြီး သူ့ကို ထုတ်ပယ်ခဲ့တယ်လို့ ပြောတယ်။ မနာလိုစိတ်ကြောင့် ရေတွင်းကို အဆိပ်ခတ်ပြီး အားလုံးကို သတ်ပစ်ခဲ့တာတဲ့။”
စကားပြောပြီးနောက် အမျိုးသမီးရဲ့ ခန္ဓာကိုယ် တုန်ခါသွားကာ ထိတ်လန့်သောအမူအရာဖြင့် ခြင်းတောင်းကို သယ်ပြီး အမြန်ပြေးထွက်သွားတော့သည်။
လူသတ်သမားကို ဖမ်းမိပြီဆိုတည်းက အိမ်တော်ထဲ ဘာလို့ ယင်စွမ်းအားတွေရှိနေသေးတာလဲ?
“ထူးဆန်းတယ်။”
လုရှန်းက ကန်းအိမ်တော် ကြီးကိုကြည့်ပြီး ထွက်ခွာဖို့ ပြင်ဆင်၏။
ရုတ်တရက် လေတိုက်လာပြီး ပုံသဏ္ဍာန်မရှိသော အနက်ရောင် အရိပ်တစ်ခု သူမရှေ့တွင် လွင့်ပျံလာ၏။
လုရှန်း မော့ကြည့်ချိန်တွင် သူမရဲ့လျစ်လျူရှုတဲ့ အကြည့် အေးစက်စက် ဖြစ်သွား၏။
“တာအို ဆရာမ၊ ငါ့မိသားစုက ဒီအိမ်တော်ထဲ ပိတ်မိနေပါတယ်။ ငါတို့ မထွက်နိုင်ဘူး။ ကျေးဇူးပြုပြီး ငါတို့ထွက်လို့ရအောင် ကြင်နာမှုတချို့ပေးနိုင်မလား?”
အမှောင်ရိပ်သည် တဖြည်းဖြည်း လှပသော မိန်းကလေးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမ ပဝါထုတ်ကာ မျက်ရည်စများသုတ်ပစ်နေ၏။
“မင်းကဘာလို့ငါ့နောက်လိုက်နေတာလဲ?”
လုရှန်း အသံတိုးတိုးနဲ့ မေးတယ်။
“ငါ ကန်းရူမားက တာအိုဆရာမ ပိုင်တဲ့ ရောင်ဝါကို မြင်တယ်။ ဖြောင့်မတ်တဲ့ ကျင့်ကြံသူဖြစ်မယ်လို့ ငါထင်တယ်။ အဲဒါကြောင့် မင်းကိုရှာဖို့ ရောက်လာတာပါ။”
“ကျွန်မက ဖြောင့်မတ်တဲ့ ကျင့်ကြံသူ မဟုတ်ဘူး။”
လုရှန်းပြုံးပြီး “မင်းတို့အားလုံး ပိတ်မိနေတယ်ဆို မင်းဘာလို့ ထွက်လာရတာလဲ?”
“ကျွန်မက အိမ်တော်ထဲ သေတာမဟုတ်လို့။”
ကန်းရူမား ခေါင်းယမ်းလိုက်ပြီး “အဲဒီတုန်းက အမေက အစ်ကိုအားမင်နဲ့ ခိုးပြေးဖို့ သဘောတူခဲ့တယ်။ ဒါပေမယ့် ကန်းအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် အစ်ကို အားမင်က ကျွန်မကို အိမ်နောက်ဖေးတံခါးကနေ မလွှတ်ခင် ရည်ရွယ်ချက်ရှိရှိ ကန်ထုတ်ပစ်ခဲ့တယ်။”
“ဒါပဲ… အိမ်ကထွက်ပြီး သိပ်မကြာခင် အိတ်ထဲပိတ်မိနေခဲ့တယ်။ တစ်ယောက်ယောက်က တုတ်နဲ့ရိုက်သတ်တာခံရတယ်။”
ကန်းရူမား ပြောနေရင်း သွေးမျက်ရည်များက ပို၍ပင် ပြင်းထန်လာ၏။
“နောက်တော့ ကျန့်ဝေ သားရဲလုပ်ခဲ့တာကို သိလိုက်ရတယ် အစ်ကို အားမင် မဟုတ်ဘူး”
ထို့နောက် ကန်းရူမား၏ ပတ်ဝန်းကျင်ရှိ အနက်ရောင်ရောင်ဝါက ပိုမိုပြင်းထန်လာတယ်။
“စိတ်အေးအေးထား! စိတ်အေးအေးထားပါ!”
ကန်းရူမား စိတ်အေးသွားသည်ကို မြင်တော့ လုရှန်း မျက်မှောင်ကြုံ့ပြီး “တစ်နည်းအားဖြင့် မင်းမိသားစုကို သတ်ခဲ့တဲ့လူက မိသားစုကနေ ထုတ်ပယ်ခံခဲ့ရတဲ့လူမဟုတ်ပဲ ကျန့်ဝေ ပေါ့?”
“ဟုတ်တယ်!”
ကန်းရူမား ထိတ်လန့်တုန်လှုပ်စွာ ဆို၏။ “ဒါဆို တာအိုဆရာမ ကျေးဇူးပြုပြီး၊ အစ်ကို အားမင် ကို ကယ်တင်ပေးပါ။ သူက အပြစ်ကင်းတယ်!”
” ကျန့်ဝေနဲ့ မင်းရဲ့ဆက်ဆံရေးကဘာလဲ?” လုရှန်း မေးတယ်။
“သူက ကျွန်မရဲ့ဝမ်းကွဲ”
နောက်တော့ ကန်းရူမားက လုရှန်း ကို အဖြစ်အပျက်တစ်ခုလုံးရှင်းပြတယ်။