Switch Mode

အပိုင်း(၉၆)-ပြင်းထန်သော ဒဏ်ရာများကြောင့်မေ့လဲခြင်း

ရှီမာယူရန်နှင့်တခြားသူများတွင် ရှီမာယူယူ၏ ဆေးအကြောင်းသဲလွန်စများမရှိသည့်အပြင် ထိုဆေးအား သူမကိုယ်ပိုင်ပြုလုပ်နိုင်သည့် စွမ်းရည်အား လုံးဝထင်ထားမည်မဟုတ်ပေ။

“အခုလက်ရှိသွားပုံမျိုးနဲ့ဆို ဒီရက်ပိုင်းအတွင်းထွက်လို့ရမှာပါ” စကားလမ်းကြောင်းအသစ်စပြောသူမှာ ဝေကျိရွှီဖြစ်သည်။

“နောက်ဆုံးတော့ ငါတို့ထွက်နိုင်တော့မယ်၊ တောင်မှာအနေကြာတော့ ကိုယ့်ကိုယ်တောင် ဝိညာဉ်သားရဲအဖြစ်ပြောင်းသွားပြီထင်နေတာ” ဖက်တီးကျူရယ်လိုက်သည်။

“မင်းက အရိုင်းအစိုင်းနဲ့တူတယ်၊ အဲဒါကပဲ မင်းကိုတောင်မှာကျန်စေနိုင်တဲ့ အချက်ပဲ” ရှီမာယူယူ နောက်ပြောင်လိုက်သည်။

“ငါက ရိုင်းစိုင်းကြမ်းကြုတ်တယ်ဆိုတာဘာအဓိပ္ပာယ်လဲ၊ အဟင်း အဟင်း ငါ ဒီသခင်ကြီးက မြို့တော်မှာပဲ နေလာတော့၊ ဒီတောင်မှာ ၆လ ၁နှစ်နေရလို့ကတော့ ရူးသွားမှာပဲ” ဖက်တီးကျူပြောလိုက်သည်။

“ဟူး.. မင်းကတော့လေ မင်းရဲ့စိတ်က မငြိမ်းချမ်းတော့ ဝူရန်ဖေနဲ့ ဘေဂုံထန်က မင်းထက်ပိုအားကောင်းနေတာလေ” ရှီမာယူယူ သူ့ခေါင်းအားရိုက်ကာ သက်ပြင်းချလိုက်သည်။

ငါးယောက်ထဲတွင် သူသည်အားအနည်းဆုံးဖြစ်သည်ကို စဉ်းစားလိုက်လျှင် ဖက်တီးကျူသည် ရှက်ရွံသလို ပခုံးတွန့်ကာ ရှီမာယူယူပြောသောစကားများကို မငြင်းဆန်ပေ။ သို့သော် ရှီမာယူယူထက် နောက်မကျစေရဘူးဟု စိတ်တွင် ကျိန်လိုက်လေသည်။ သူထိုကဲ့သို့ ကတိအတိအကျပေးနိုင်သည်မှာ နောက်ဆိုရင် ကျင့်ကြံခြင်းတွင် အားစိုက်၍ အဆင့်များကျော်ကာ တိုးလာရန် လုပ်ဆောင်မည်ဖြစ်သည်။

သူတို့ခရီးစဉ်သည် ချောမွေ့ကာ ထူးခြားမှုမရှိပေ။ သူတို့ဝိညာဉ်သားရဲအနည်းငယ်နှင့် တွေ့ခဲ့သော်လည်း သူတို့ဆယ်ယောက်အားနှင့် ပြဿနာမရှိပေ။

သုံးရက်အကြာတွင် ဝိညာဉ်သားရဲများ၏ကျောပေါ်တွင်စီးကာ နောက်ဆုံးတွင် ပူလွောင်တောင်တန်းမှ ထွက်လာနိုင်ခဲ့လေသည်။

ဝိညာဉ်သားရဲများသည် သူတို့အား ဆားမြို့သို့ခေါ်ဆောင်သွားလေသည်။ ရှီမာယူယူသည် ရှီမာယူရန်၏ ဝိညာဉ်သားရဲကျောတွင်ထိုင်ကာ ကောင်းကင်ပြာခြုံလွှမ်းထားသော တောင်ထိပ်အားလှည့်ကြည့်ကာ စိတ်တွင် ခံစားချက်များပြည့်နေလေသည်။

ဘေဂုံထန်သည် ဝေကျိရွှီ၏ဝိညာဉ်သားရဲကျောတွင်ထိုင်နေရာမှ ရှီမာယူယူနောက်ပြန်လှည့်ကြည့်သည်ကို တွေ့သည်နှင့် သူတို့ပြန်ကြည့်ကာ ခံစားချက်များသည် တူညီနေသည်။

ဒီတစ်ခေါက် သူတို့ခရီးစဉ်တွင် ကိစ္စအများကြီးကြုံတွေ့ရလိမ့်မည်ဟု ဘယ်သူမှထင်မထားပေ။ အချိန်တိုင်းတွင် သူတို့သည် အသက်ဘေးကျရောက်ခဲ့ပြီး အတူတကွလုပ်ဆောင်ကာ ကယ်တင်ပြီး ဂရုစိုက်မှုျနှင့် စိုးရိမ်မှုများကို ပြသခဲ့ကြသည်။ အစပိုင်းတွင် မစ်ရှင်လုပ်ဆောင်ရန်သာ ရောက်လာကြပြီး နောက်တွင်တော့ သေခြင်း၊ ရှင်ခြင်းကြားမှ စစ်မှန်သော ရဲဘော်ရဲဘက်များဖြစ်သွားကြလေသည်။

ဘေဂုံထန်နှင့် တခြားသူများလည်းနောက်ပြန်ကြည့်သည်ကို ရှီ်မာယူယူမြင်သောအခါ သူတို့နောက်ကျောသို့ ပြန်ကြည့်လိုက်လေသည်။ သူတို့သည်လည်း ပြန်ကြည့်လာသဖြင့် အပြန်အလှန် နားလည်သည့်သဘောဖြင့် ပြုံးလိုက်ကြသည်။

သူတို့၏ တုန့်ပြန်မှုကို ခံစားမိသည်နှင့် ဝူရန်ဖေနှင့် ဖက်တီးကျူတို့လည်း ကြည့်လိုက်ကြသည်။ တစ်ယောက်နှင့် တစ်ယောက်ကြည့်မိကြကာ ပျော်ရွှင်မှုသည် မျက်လုံးတွင် ရောင်ပြန်ဟပ်နေကြသည်။ နွေးထွေးမှုသည် နှလုံးသားထဲတွင်ပြည့်ကာ ထိုအဖွဲ့အတွင်းတွင် အစားမထိုးနိုင်သော နွေးထွေးမှုဖြစ်ပေါ်သွားလေသည်။

ဝိညာဉ်သားရဲများသည် သူတို့လူစုအား ဆားမြို့သို့ လျင်မြန်စွာခေါ်ဆောင်သွားလေသည်။

သူတို့ဆားမြို့သို့ရောက်သည်နှင့် ဝိညာဉ်သားရဲများကိုသိမ်းလိုက်ကာ ရှီမာလိုင်ရှိသည့်နေရာသို့ တိုက်ရိုက်ဦးတည်လိုက်ကြသည်။

တည်းခိုခန်းပိုင်ရှင်သည် ကောင်တာတွင်ငွေရေနေကာ လူအချို့ဝင်လာသည်ကို ကြားလိုက်ရသည်။ သူခေါင်းထောင်ကာ ပြုံးပြီးပြောလိုက်သည် “သြော် ဧည့်သည်တို့ ကျွန်တော်တို့တည်းခိုခန်းက သေးတော့ အခန်းတွေပြည့်နေပြီး အခန်းလွတ်မရှိပါဘူး၊ တောင်းပန်ပါတယ်၊ တခြားနေရာသွားပြီးရှာကြည့်ပါလား”

“ငါတို့ တစ်ယောက်ယောက်ကိုရှာဖို့လာတာပဲ” ရှီမာယူရန်ပြောလိုက်သည်။

“တစ်ယောက်ယောက်ကိုရှာဖို့လား၊ သူတို့ကိုလာရှာမယ်လို့ပြောတဲ့ ဧည့်သည်မရှိပါဘူး” တည်းခိုခန်းပိုင်ရှင်သည် သံသယဖြင့်ပြောလိုက်သည် “မင်းတို့အဖွဲ့ကိုတော့ပြောရမှာအားနာပါတယ် ဒီကလူတွေက အထူးတလည်ရှိရင်တော့ ငါ့ပြောပါတယ်၊ မဟုတ်ရင် သူတို့အနှောင့်အယှက်ဖြစ်လိမ့်မယ်”

ထိုအချိန်တွင် ကိုယ်ရံတော်နှစ်ယောက်သည် အောက်သို့ဆင်းလာသည်။ သူတို့သည် ရှီမာယူရန်နှင့် တခြားသူများအားမြင်သည်နှင့် ခြေလှမ်းသွက်ကာ ဆင်းလာပြီး အရိုအသေပေးကာ ပြောလိုက်သည် “သခင်လေး သုံး၊ သခင်လေး လေး၊ သခင်လေး ငါး ရောက်လာကြပြီလား”

“ရှောင်လင်း အဘိုးဘယ်မှာလဲ” ရှီမာယူရန်မေးလိုက်သည်။

“သခင်ကြီးက အပေါ်မှာပါ၊ မြို့တော်ကိုပြန်ဖို့ အထုတ်အပိုးတွေပြင်နေတာ၊ အခန်းကနေထွက်မှာမို့လို့ ဆင်းလာတာ” ရှောင်လင်းပြန်ပြောလိုက်သည်။

ရှောင်လင်းသည် ရှီမာလိုင်နောက်လိုက်သော ကိုယ်ရံတော်ဖြစ်သည်။ သူ၏ မျက်နှာအမူအရာအားကြည့်ပြီးနောက် ရှီမာယူယူမေးလိုက်သည် “အဘိုးဆီမှာ တစ်ခုခုဖြစ်တာမဟုတ်လောက်ပါဘူးနော”

ထိုအချိန်အတွင်း ရှီမာယူယူအကဲခတ်မြန်လိမ့်မည်ဟု ရှောင်လင်းမထင်မိပါ။ သူသည် ခဏတာမျှကြက်သေသေသွားပြီး ပြောလိုက်သည် “အမှန်ပဲ စစ်သူကြီးက ဒဏ်ရာရထားပြီး သူ့ကိုမြို့တော်ကို ပြန်ခေါ်သွားဖို့ပြင်နေတာ၊ မြိုု့တော်ရောက်ရင် အဆင့်မြင့်သခင်ရှီကိုရှာရမယ်”

“သူ့ကိုသွားရှာရမယ်ဟုတ်လား၊ ဒါဆို အဘိုးရဲ့ ဒဏ်ရာကပြင်းတယ်လို့ဆိုလိုတာလား” ရှီမာယူယူ တုန်လှုပ်သွားလေသည် “အဘိုးဘာဖြစ်ခဲ့တာလဲ”

“ကျွန်တော်တို့လည်း သေချာမသိဘူး၊ မနေ့က စစ်သူကြီးအပြင်ထွက်တော့ သူ့နောက်ကိုမလိုက်ခိုင်းဘူး၊ ပြီးတာနဲ့ သူဒီမနက်က ပြင်းထန်တဲ့ဒဏ်ရာနဲ့ ပြန်လာပြီး နေ့တစ်ဝက်လောက် သတိမေ့နေတာပဲ၊ ကျွန်တော်တို့ခေါ်လာတဲ့ ဆေးဆရာတွေလည်းကြံရာမရဖြစ်ပြီး ဆေးလုံးသခင်တွေခေါ်တော့လည်း အသုံးမဝင်ဘူး၊ အဲဒါကြောင့် သူ့ကို မြို့တော်ဆီပြန်ခေါ်သွားပြီး အဆင့်မြင့်သခင်ရှီဆီကိုခေါ်သွားမလို့ပါ” ရှောင်လင်း ပြန်ဖြေသည်။

“မထွက်သေးနဲ့ဦး၊ ငါအဘိုးကိုအရင်သွားကြည့်လိုက်ဦးမယ်” ရှီမာယူယူပြောပြီးသည်နှင့် အပေါ်သို့ပြေးတက်သွားလိုက်သည်။

“ရှောင်လင်း တည်းခိုခန်းပိုင်ရှင်ကို အားလုံးအတွက် အခန်းပြင်ခိုင်းလိုက်” ရှီမာယူရန်ပြောပြီးသည်နှင့် အပေါ်ထပ်သို့ပြေးတက်သွားလိုက်သည်။

ရှီမာယူလီသည် စကားတစ်ခွန်းမှမပြောပဲ နောက်မှလိုက်ကာ အပေါ်သို့တက်သွားလိုက်သည်။

ရှီမာယူယူ သူတို့အားဘာကြောင့်မသွားခိုင်းလဲဆိုသည်ကို ရှောင်လုံမသိပါ၊ သို့သော် ရှီမာယူယူခိုင်းသောကြောင့် သူပြန်လှည့်ကာ တည်းခိုခန်းပိုင်ရှင်အားပြောလိုက်သည် “အားလုံးအတွက် အခန်းစီစဉ်ပေး”

သူပြောပြီးသည်နှင့် အပေါ်ထပ်သို့ဦးတည်လိုက်သည်။

“ငါးယောက်မြောက်သခင်လေး” ရှီမာယူယူဒီမှာရှိနေခြင်းကို ကိုယ်ရံတော်များမြင်သည်နှင့် အံ့သြသွားလေသည်။ သို့သော် သူတို့အတွက် ရှီမာယူယူအချိန်မဖြုန်းတော့ပဲ တံခါးအား တွန်းကာဝင်သွားလိုက်သည်။

ရှီမာယူရန်နှင့် ရှီမာယူလီတို့သည် အပေါ်ထပ်သို့လာကာ ကိုယ်ရံတော်များကို ခေါင်းညိတ်ပြလိုက်ပြီး အခန်းသို့ အလောတကြီးဝင်လာလိုက်သည်။

ထိုအခန်းသည် ရှီမာယူယူ အရင်တစ်ခေါက်ကငှားခဲ့သော အခန်းနှင့် ဆင်တူသည်။ သူမ အခန်းသို့ဝင်သည်နှင့် ရှီမာလိုင်အိပ်ရာပေါ်တွင် လှဲနေသည်ကိုမြင်လိုက်ရသည်။

“အဘိုး”

သူမပြေးသွားလိုက်သောအခါ ရှီမာလိုင်၏မျက်လုံးများသည်ပိတ်နေပြီး မျက်ခုံးနှင့် နှုတ်ခမ်းများသည် နာကျင်မှုကြောင့်တုန်ယင်နေသည်။ သူ့အပေါ်တွင် အနက်ရောင်ရွှီများသည် ပျံဝဲနေပြီး ကြည့်ရုံနဲ့တင် အဆိပ်ရှိမှန်းသိသာနေသည်။

သူမလျင်မြန်စွာပင် ရှီမာလိုင်လက်အား ဆုပ်ကိုင်လိုက်ကာ သွေးကြောစမ်းလိုက်သည်။

ရှီမာယူယူ ထိုသို့လုပ်လိုက်သည်ကို ရှီမာယူရန်နှင့် ရှီမာယူလီတို့တွေ့သောအခါ ကြက်သေသေသွားကြသည်။ ရှီမာယူယူသွေးကြောစမ်းနေသည်ကိုကြည့်ကာ ထိုခဏတွင် သူမတွင်ဆေးပညာစွမ်းရည်မရှိခြင်းကို မေ့သွားကာ မေးလိုက်ကြသည် “ယူယူ အဘိုးဘယ်လိုနေလဲ”

ရှီမာယူယူ ဘာမှမပြောပေ။ သွေးကြောစမ်းပြီးနောက် သူမ ရှီမာလိုင်၏ လက်ကိုချကာပြေလိုက်သည် “အဘိုးခန္ဓာကိုယ်ထဲမှာ အဆိပ်တွေပျံ့နေတယ်၊ ဒါပေမယ့် အဲဒါပုံမှန်အဆိပ်မဟုတ်ဘူး”

ရှီမာယူယူ အကြံအိုက်သွားသည်။ အချိန်ခဏမျှ သူ့ခန္ဓာကိုယ်အားလေ့လာပြီးနောက် သူမရုတ်တရက် အပေါ်ဝတ်ကို ဆွဲချွတ်လိုက်ကာ အဘိုး၏ မည်းနက်နေသော ရင်ဘတ်အားဖွင့်လိုက်လေသည်။

“ဒါ..ဒါဘာလဲ” ရှီမာလိုင်၏ ရင်ဘတ်အားမြင်သည်နှင့် ရှီမာယူလီတအံတသြအော်လိုက်လေသည်။

ထို့အပြင် ရွှေမြွေအသီးပင်အောက်တွင် တရားထိုင်နေသော မိုရှားသည် သံသယများဖြင့် မျက်လုံးအားရုတ်တရက် ဖွင့်လိုက်သည်။

“အဲလိုဖြစ်သွားတာလား” ရှီမာလိုင်၏ ရင်ဘတ်ပတ်ပတ်လည်တွင် အနက်ရောင်ရွှီများရှိနေသည်ကို ရှီမာယူယူမြင်သည်နှင့် အသက်ပြင်းပြင်းရှုလိုက်သည်။ သူမမျက်နှာသည် လုံးဝပင်လေးနက်နေသည်။

“ယူယူ ဒါက….” ရှီမာယူရန်သည် ရှီမာယူယူအား ရှုပ်ထွေးစွာကြည့်လိုက်သည်။

“ဒါမျိုးကို ကျွန်တော်သိတယ်၊ စာအုပ်ထဲမှာဖတ်ဖူးတယ်” ရှီမာယူယူပြောသည်။

“ဒါဆို အဘိုးကိုဘယ်လိုကယ်လို့ရမလဲ မင်းသိတာပေါ့၊ မင်းမလုပ်နိုင်ရင် ငါတို့ချက်ချင်း ဖြတ်လမ်းတည်ဆောက်မှုကနေ မြို့တော်ကိုခေါ်သွားမယ်” ရှီမာယူလီပြောလိုက်သည်။

“အရမ်းနောက်ကျနေပြီ” ရှီမာယူယူခေါင်းရမ်းလိုက်သည် “ဖြတ်လမ်းတည်ဆောက်မှုကနေ မြို့တော်ကိုခေါ်သွားမယ်ဆိုရင် တစ်ရက်ကြာမယ်၊ အဘိုးထဲမှာရှိတဲ့ အဆိပ်က မပြေဘူးဆိုရင် နေ့တစ်ဝက်အတွင်းသေမှာ”

“ဘာပြောလိုက်တယ်”

ရှီမာယူယူပြောသည်ကိုကြားသည်နှင့် ရှီမာယူရန်နှင့် ရှီမာယူလီတို့သည် ကြံရာမရဖြစ်သွားသည်။ ရှီမာယူရန် အမြန်ဆုံးတုန့်ပြန်လိုက်ကာ ရှီမာယူယူ၏ပခုံးအားကိုင်ကာ ပြောလိုက်သည် “ညီလေးငါး၊ မင်းဒါကိုသိမှတော့ ဘယ်လိုရင်ဆိုင်ရလဲဆိုတာလည်းသိမှာပေါ့”

Comment

Leave a Reply

Options

not work with dark mode
Reset