Switch Mode

အပိုင်း(၉၅)-သွားအတွက်သွား၊ မျက်လုံးအတွက်မျက်လုံး

“အဘိုးဒီမှာရောက်နေတာ မင်းဘယ်လိုသိလဲ” ရှီမာယူရန် ရှီမာယူယူအားစိုက်ကြည့်လိုက်ရာ သူမစိတ်များသည် ထိုအကြည့်အားအောက်တွင် စတင်လှုပ်ရှားလာလေသည်။

“အဟွတ် အဟွတ် အင်း.. အဲနေ့က ကျွန်တော်တွေ့တယ်” ရှီမာယူယူ ကွေ့ဝှက်ကာပြောလိုက်သည် “အစ်ကိုလေး အစ်ကိုတို့ဒီရောက်နေတာကြာပြီဆို အဘိုးဒီရောက်နေတာဘယ်လိုသိလဲ”

“မနေ့က သူ့ကိုတွေ့တယ်၊ သူဆားမြို့မှာခဏနေပြီး ငါတို့ပြန်ရင်သူ့ကို ရှာဖို့ပြောလိုက်တယ်” ရှီမာယူရန်ပြောလိုက်သည်။ “ငါ့မေးခွန်းကို ရှောင်ဖို့မစဉ်းစားနဲ့၊ မနေ့က အဘိုးနဲ့တွေ့တော့ မင်းကိုတွေ့တယ်ဆိုတဲ့အကြောင်းမပြောပါဘူး၊ ဆိုတော့ သူက မင်းဒီရောက်နေတာ မသိဘူးဆိုတဲ့သဘောပဲ၊ ပြောပါဦး၊ အဘိုးကိုဘယ်မှာတွေ့တာလဲ၊ မင်းရွှေမြွေအသီးကို တိတ်တဆိတ်သွားခိုးတာမလား”

ရှီမာယူရန် အပြုအမူအားကြည့်၍ ရှီမာယူယူ ခေါင်းအား ထိုလူများဆီသို့လှည့်ကာ “ကျွန်တော် အဝေး အဝေးကြီးက မြင်လိုက်တာ၊ အဲဒီကိုမသွားပါဘူး”

“ငါမင်းကို ယုံမယ်ထင်လား” ရှီမာယူရန်တစ်ချက်ကြည့်လိုက်သည်နှင့် ရှီမာယူယူသည် အဝေးအဝေးကြီးက မြင်တာမဟုတ်သည်ကို သိလိုက်သည်။

ရှီမာယူယူ အမှန်တကယ်ပင် ရွှေမြွေအသီးအား ယူရန်သွားသည်ဟု ရှီမာယူလီကြားသည်နှင့် ချက်ချင်းပင် အော်လိုက်သည်။ “ညီလေးငါး ဘာလို့အဲလို အန္တရာယ်များတဲ့နေရာကိုသွားရတာလဲ၊ အဲပစ္စည်းက ကျွမ်းကျင်သူတွေနဲ့ ဝိညာဉ်သားရဲတွေကိုဆွဲဆောင်နိုင်တယ်ဆိုတာ မင်းမသိလို့လား၊ အပျော်အနေနဲ့သွားကြည့်မယ်ဆိုရင်တောင် အရမ်းအန္တရာယ်များတဲ့နေရာပဲ၊ မင်းကတော့ တကယ်ပဲ…. အဘိုးသာသိရင် မင်းကိုဘယ်လိုလုပ်မလဲစောင့်ကြည့်လိုက်ဦးမယ်”

ရှီမာယူလီပြောသည်ကို ကြားသည်နှင့် သူမချက်ချင်းပင် ခေါင်းထောင်လာသည်။

“အစ်ကိုလေး အစ်ကိုငယ် ဒါကို လျှို့ဝှက်ထားပေးပါ၊ ဒီအကြောင်းကို အဘိုးကိုမသိစေပါနဲ့” ရှီမာယူယူ သနားစရာပုံစံဖြင့် မျက်လုံးများအရောင်လက်ကာ သူတို့အားကြည့်ပြီး ချစ်စရာကောင်းသည့်အသွင်လုပ်တော့သည်။

အရင်ကသာဆိုလျှင် သူမထိုကဲ့သို့ပြုလုပ်ခြင်းသည် ထူးဆန်းနေလိမ့်မည်။ သို့သော် သူမ အစ်ကိုများရှေ့တွင်မို့သာ အရှက်ကြောက်အားမခံစားရခြင်းဖြစ်မည်။

“အင်.. ဒါအရေးကြီးတဲ့ကိစ္စပဲ၊ ဘယ်လိုလုပ် လျှို့ဝှက်ထားရမှာလဲ” ရှီမာယူရန်သည် အေးစက်စွာအပြစ်တင်သည်၊ “မင်းမှာတစ်ခုခုဖြစ်ခဲ့ရင် ငါတို့ဘယ်လိုခံစားရမလဲ၊ အဘိုးဘယ်လောက်ဝမ်းနည်းလိုက်မလဲ”

“ကျွန်တော် မှားသွားပါတယ်” ရှီမာယူယူသည် သူမအမှားအား အမှန်အတိုင်းပင် ဝန်ခံလိုက်သည်။

သူမတွင် အကြောင်းပြချက်များစွာရှိသော်လည်း သူမအားချစ်သောသူ၏ စိုးရိမ်မှုနှင့် တွေ့သောအခါ ဝန်မခံပဲမနေနိုင်ပါ။

“မင်းမှားတယ်ဆိုတာ သိရင်ပြီးတာပဲ” သူမသည် ရှီမာယူရန်၏ အေးစက်ကာ ခက်ထန်သောမျက်နှာနှင့် အပြစ်တင်ခံနေရသည်ကို ရှီမာယူလီတွေ့သဖြင့် သူမအားသနားသွားကာ ပြောပေးလိုက်သည်။

“ဟုတ်တယ်၊ အစ်ကိုလေး ဒေါသမထွက်ပါနဲ့ ကျွန်တော်သိချင်လို့သွားချောင်းကြည့်ရုံပါ နောက်ဆိုမလုပ်တော့ပါဘူး” ရှီမာယူယူသည် အလွန်လေးနက်စွာဖြစ်နေကာ သူမရင်ဘတ်အားပုတ်ကာ ကတိမပေးရုံတမယ်ပင်ဖြစ်သည်။

“အင်း….” ရှီမာယူလီကဲ့သို့ ရှီမာယူရန်သည် စကားကောင်းကောင်းမပြောပဲ ခက်ထန်သော မျက်နှာဖြစ်နေတုန်းပင်ဖြစ်သည်။

ရှီမာယူလီ ရှီမာယူယူအား မျက်စိမှိတ်ပြလိုက်သည်နှင့် သူမ နားလည်လိုက်သည်။ သူမသည် ရှီမာယူရန်၏ အင်္ကျိထောင့်ကိုဆွဲကာ သူမ ခန္ဓာကိုယ်အားလှုပ်ရမ်းလိုက်သည်။

“အစ်ကိုလေး ကျွန်တော်မှားတာသိပါပြီ စိတ်မဆိုးပါနဲ့တော့၊ စိတ်ဆိုးနေရင် ကျွန်တော့ သေးငယ်တဲ့နှလုံးသားက ခုန်ခုန်လာပြီး အမလေး မဖြစ်ဘူး ဒဏ်ရာတွေက ထပ်နာလာပြန်ပြီ”

“ညီလေးငါး၊ ဘယ်နေရာနာတာလဲ” ရှီမာယူလီ စိုးရိမ်စွာမေးလိုက်သည်။

“ဟူး နေရာတိုင်းနာနေတာ” ရှီမာယူယူ စိတ်ထိခိုက်စွာပြောလိုက်သည်။

“တော်လောက်ပြီ.. မင်းဟန်ဆောင်နေတယ်ဆိုတာ ငါသိတယ်” ရှီမာယူရန် ရှီမာယူယူအား မတတ်သာစွာကြည့်လိုက်ရလေသည်။ ဒီကောင်အရင်ကထက် ဘယ်လိုလုပ် လူပါးပိုဝလာတာလဲ၊ “ဒီအကြောင်းကို အဘိုးကိုမပြောတော့ဘူး၊ ဒါပေမယ့် ဂရုမစိုက်ပဲ ဒီလိုထပ်လုပ်ရင် အဘိုးကိုမပြောဖို့ မပြောနဲ့ ငါအရင်မင်းကိုအပြစ်ပေးမှာ”

ရှီမာယူရန်ထိုသို့ပြောသည်ကို ကြားသည်နှင့် ပြဿနာမှာ ဖြေရှင်းပြီးသားဖြစ်နေသည်ကို သူမသိလိုက်သည်။ ရှီမာယူယူပျော်ရွှင်စွာ ပြုံးကာပြောလိုက်သည် “နောက်တစ်ခါမဖြစ်စေရပါဘူး ဟုတ်ပြီလား”

သူမပြောပြီးသည်နှင့် စိတ်ထဲတွင် နောက်တစ်ခွန်းပြောမိလေသည် “နောက်တစ်ခါ အစ်ကိုတို့ကို မသိစေရဘူး”

သူမ စိတ်ထဲတွင်တွေးနေသည်များကို ရှီမာယူရန်သာသိပါက သေချာပေါက်ဒေါသထွက်လို့ သေသွားလောက်သည်။

“ကောင်းပြီ ဒီနေ့တော့ ဆက်နားတော့၊ မနက်ဖြန်မင်းရဲ့ အခြေနေကိုကြည့်မယ်၊ မဖြစ်နိုင်ဘူးဆိုရင် နောက်တစ်ရက် ထပ်စောင့်မယ်၊ ငါတို့ခရီးလမ်းကြောင်းကို အပြင်မှာသွားတိုင်ပင်လိုက်ဦးမယ်”

စကားပြောပြီးနောက် ရှီမာယူရန်ထွက်သွားသည်နှင့် နောက်မှ ရှီမာယူလီလိုက်သွားလေသည်။ သူသည် ရှီမာယူယူအား အဆင်ပြေသည်ဟု အချက်ပြကာ လှည့်ထွက်သွားလေသည်။

ရှီမာယူယူ ခေါင်းအုံးပေါ်သို့ပြန်လှဲလိုက်သည်၊ ထိုကဲ့သို့အမှားမျိုးကို လုပ်လိုက်သည့်အတွက် သူမကိုယ်သူမ အပြစ်တင်လိုက်သည်။ သို့သော် သူမ မိသားစုကြောင့်ပင် နွေးထွေးမှုကိုခံစားရသည်။

ရှီမာယူရန်နှင့် ရှီမာယူလီတို့ထွက်သွားသည်နှင့် ဝေကျိရွှီသည် ဘေဂုံထန်အားတွဲကာ အထဲသို့ဝင်လာသည်။ သူမ၏ သရုပ်မှန်ကြောင့်ပင် သူတို့ငါးယောက်ကြားက ဆက်ဆံရေးသည် ပို၍ ခိုင်မြဲလာသည်။ အနည်းဆုံးတော့ ဘေဂုံထန်သည် သူမအား မိန်းကလေးကိစ္စများကို ပြောပြလာသည်။

သူမ အိပ်ရာပေါ်တွင် လှဲနေသော်လည်း သူမဒဏ်ရာများသည် မျက်စိနှင့်မြင်ရသော အပြင်ပန်းသည် သက်သာနေပြီဖြစ်သည်။

နောက်တစ်နေ့တွင် အားလုံးပြန်ရန်အတွက် သူမအရိုးထဲမှ ဘယ်လောက်နာနာ ရှီမာယူယူဂရုမစိုက်တော့ပဲ ခရီးထွက်ရန် ဇွတ်လုပ်တော့သည်။ ရှီမာယူရန်သည်လည်း မဖျောင်းဖျနိုင်သဖြင့် သူတို့သည် ခရီးစတင်ထွက်တော့သည်။

သို့သော် သူတို့တောင်တန်းမှမထွက်ခင် ဖြေရှင်းစရာကိစ္စများရှိနေသေးသည်။

“ယူယူ သူတို့ကို အခုနိုးလိုက်ရတော့မလား” ဖက်တီးကျူမေးလိုက်သည်။

“အင်း… မနိုးဘူးဆိုရင် ဘယ်တရားပါ့မလဲ” ရှီမာယူယူဆေးပုလင်းအားထုတ်ကာ ဖက်တီးကျူအား ပစ်ပေးလိုက်သည်။ “သူတို့နှာခေါင်းအောက်ကို ထားလိုက်ပြီးအနံ့ရှုခိုင်းလိုက်”

ဖက်တီးကျူသည် သူမပြောသည့်အတိုင်းလုပ်ကာ ဆေးပုလင်းအား ရှုစေပြီး ထစေလိုက်သည်။

“ရှီမာယူယူလား” အဖွဲ့ခေါင်းဆောင် ဝူထီရန်သည် နိုးနိုးချင်းပင် ရှီမာယူယူအားမြင်လိုက်ရသည်။

“ငါ့ကိုမှတ်မိသေးတာပဲ၊ နိုးလာပြီထင်တယ်” ရှီမာယူယူပြောလိုက်သည် “သူရက်နည်းနည်းလောက်မစားရတော့ အခုအားနည်းနေတယ်မလား”

“မင်းဘာလုပ်မလို့လဲ” ရှောင်ဟူသည် ရှီမာယူယူမျက်နှာမှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်သွားသည်ကို တွေ့လိုက်ရသဖြင့် ရုတ်တရက် ကြက်သီးများထကာ အအေးဓာတ်များ တက်လာလေသည်။

“ဘာမှမလုပ်ပါဘူး မင်းတို့အားလုံးဆီက နည်းနည်းလောက်ပဲသင်လိုက်ရတာပါ” ရှီမာယူယူပြောလိုက်သည် “ဒီအဆိပ်ဖြေဆေးက အချိန်ခဏပဲပြေသွားမယ်၊ ဒါပြီးတာနဲ့ မင်းတို့အားတွေပြန်လျော့သွားလိမ့်မယ်၊ ဖက်တီး မင်းကိုယ်ပေါ်မကျအောင်ဂရုစိုက် မဟုတ်ရင် ငါမင်းကို ဂရုမစိုက်ပဲပစ်ပေးတယ်ဆိုပြီးအပြစ်မတင်နဲ့”

ဖက်တီးကျူ ပုလင်းအားဖမ်းလိုက်ကာ ထိုလူများ၏ ခန္ဓာကိုယ်ပေါ်သို့ဖြူးလိုက်ကာ ပြောလိုက်သည် “အေးဆေးပေါ့ ငါအဲလောက်မတုံးပါဘူး”

ငါးယောက်လုံးအား ဆေးမှုန့်ဖြင့် ဖြူးပြီးနောက် အားလုံးသည် ဂူမှထွက်လာကြလေသည်။

“ငါတို့ကို ဘာလုပ်လိုက်ကြတာလဲ” ဝူထီရန်သည် ကြောက်ရွံ့မှုအားခံစားရပြီး ရှီမာယူယူအား အော်လိုက်လေသည်။

တခြားသူများသည် ထွက်သွားကြကာ ဖက်တီးကျူသည် လှည့်ပြီးပြောလိုက်လေသည် “မင်းတို့ဆီကသင်ထားတာလို့ ငါတို့ပြောပြီးပြီမလား၊ အခုတော့ ဝိညာဉ်သားရဲတွေနဲ့ ကြည်နူးတာကို သေချာလေးခံစားလိုက်ဦး”

သူပြောပြီးသည်နှင့် လှည့်မကြည့်ပဲထွက်သွားတော့သည်။

ရှီမာယူယူထွက်သွားပြီးမကြာမီပင် ဝိညာဉ်သားရဲအနည်းစုသည် အနံ့ခံကာ ဂူအပြင်မှ အထဲသို့ဝင်လာကြလေသည်။ သူတို့သည် ဝူထီရန်နှင့် လူတစ်စုအားတွေ့သော်အခါ စိတ်ရိုင်းများဝင်လာပြီး အရိုးတစ်စမှမကျန်အောင် ရှင်းလင်းလိုက်ကြလေသည်။

“ယူယူ သူတို့ခန္ဓာကိုယ်မှာ ဖြူးလိုက်တာကဘာလဲ” ရှီမာယူယူဘေးမှ ရှီမာယူရန်မေးလိုက်လေသည်။ သူတို့သည် ဂူမှထွက်လာသည်မှာ အနည်းငယ်ဝေးသောနေရာတွင်ရောက်နေပေမယ့် ဝူထီရန်နှင့် သူ့လူများ မချိမဆံအော်သံကို ကြားနေရဆဲဖြစ်သည်။

“ဘာမှတော့မဟုတ်ပါယူး ဝိညာဉ်သားရဲတွေကို ဆွဲဆောင်နိုင်တဲ့ ဆေးမှုန့်ပါ” ရှီမာယူယူ ပြန်ဖြေသည်။

“အဲဒါမျိုး မင်းမှာဘာလို့ရှိနေတာလဲ” ရှီမာယူရန်မေးလိုက်သည်။

“ကျွန်တော်တို့မလာခင်က ယူလာတာ” အပြင်လူများလည်းရှိနေသဖြင့် ရှီမာယူယူတွေ့ကရာဖြေလိုက်သည်။

ထိုလူများသည် သူမအစ်ကို၏ အဖွဲ့ဝင်များဖြစ်သော်လည်း သူတို့နှင့် မသိကျွမ်းသောကြောင့် သူမအကြောင်းကို ပေးသိရန် အစီအစဉ်မရှိပေ။


Comment

Leave a Reply

Options

not work with dark mode
Reset