Switch Mode

အပိုင်း(၉၃)-သူတော်စင် အဆင့်မြင့်သားရဲနတ်ဆိုး

“ဖက်တီး၊ ကျိရွှီ၊ မင်းတို့ဆေးလုံးကိုပေးဖို့ဆိုရင် အချိန်နည်းနည်းတော့လိုမယ်” ရှီမာယူယူပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့ ငါတို့အလျင်မလိုပါဘူး” ဖက်တီးကျူပြောလိုက်သည်။

သူတို့သည် ထိုအရာအားရရန်တွင် အားသေချာမစိုက်လိုက်ရပဲ ဝေစုရသည်ကိုပင်ကျေနပ်နေကြသည်။ အသီးသည် အဆင့်တက်စေနိုင်သောကြောင့် အချိန်စောင့်ဆိုင်းရခြင်းမှာ သူတို့အတွက်မပြောပလောက်ပေ။

“သြော် ဟုတ်သားပဲ ယူယူ နာလန်မျိုးနွယ်ကို ဖြူးခိုင်းတဲ့ဟာက ဘာလဲ” ဘေဂုံထန်မေးလိုက်သည်။

“ညို့ဓာတ်ပြင်းအမှုန့်” ရှီမာယူယူပြောလိုက်သည် “ခန္ဓာကိုယ်မှ အဲအနံ့စွဲသွားရင် ဘယ်လောက်လုပ်လုပ် အဲအနံ့ကို ပျောက်အောင်လုပ်လို့မရတော့ဘူး”

“အဲတော့ ဘာဖြစ်မှာလဲ” ဝူရန်ဖေမေးလိုက်သည်။

“အဲဒါက….ခဏစောင့်ကြည့်ရင် မင်းသိလိမ့်မယ်” ရှီမာယူယူ နတ်ဆိုးတစ်ကောင်ကဲ့သို့လှောင်ပြုံးပြုံးလိုက်လေသည်။

နာလန်မျိုးနွယ်သည် ရှီမာမျိုးနွယ်အား ပြဿနာရှာချင်ပါက သူတို့အားလုံးထွက်ရင်ဆိုင်စရာမလိုရန် သူမပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

“တော်ပြီ… ယူယူဒဏ်ရာရထားတော့ စကားအများကြီးမပြောနိုင်ဘူး၊ အားလုံးလည်းပင်ပန်းနေကြတာဆိုတော့ နားကြတော့” ဝူရန်ဖေပြောလိုက်သည်။

“အင်း”

ရှီမာယူယူနှင့် ဘေဂုံထန်တို့  အိပ်ရာပေါ်တွင် အိပ်နေကြသဖြင့် ဝူရန်ဖေနှင့် တခြားသူများသည် ဂူထဲတွင် နားနေရန် ရှာလိုက်ကြသည်။ သူတို့သည် အိပ်ရာကို မယူလာကြပါ၊ သွားလေရာပါသော ထိုင်ခုံများသာထုတ်လိုက်ကြသည်။

မကြာခင်တွင် ဂူသည် တိတ်ဆိတ်သွားပြီး အားလုံးသည် တစ်နေ့လုံးကြုံတွေ့ခဲ့ရသည်များကြောင့် ပင်ပန်းနေကြပြီး မြန်မြန်ပင် အိပ်ပျော်သွားကြသည်။

ရှီမာယူယူသည် ဝူရန်ဖေ၏မျက်နှာအား ဘေးတိုက်ကြည့်ကာ သူမ မျက်လုံးတွင် သံသယများ ပေါ်လာသည်။

အဆင့်လေးဆေးက ဒုံချန်းတိုင်းပြည်မှာ အလွန်ရှားပါးလှသည်။ သူပြောတော့ သူကမိဘမဲ့၊ အဲလိုတန်ဖိုးရှိတဲ့ ဆေးကိုဘယ်လိုရလာတာလဲ။ ပြီးတော့ ဘယ်လိုပဲကြည့်ကြည့် သူက သာမာန်လူနှင့် မတူသည်ကို သူမခံစားမိသည်။

သူမ သံသယများဝင်နေသော်လည်း ဘာမှမပြောပေ။ သူမတွင် လျှို့ဝှက်ချက်များရှိနေသကဲ့သို့ သူတစ်ပါးတွင်လည်း တခြားသူများ မသိစေချင်သည့်ကိစ္စများရှိပေလိမ့်မည်။

ညတစ်ညသည် လျင်မြန်စွာကုန်ဆုံးသွားပြီး သူမခန္ဓာကိုယ်အတွင်းမှ ရှီမာယူယူ၏ဆေးသည် အစွမ်းပြနေသည်။ သူမ၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ဒုတိယမြောက်နေ့၌ပင် အိပ်ရာပေါ်မှဆင်းကာ လမ်းလျှောက်နိုင်ပြီဖြစ်သည်။

“ယူယူ မင်းရဲ့ကုသနိုင်စွမ်းကတော့ မိုက်တယ်၊ အဆင်ပြေလား” ရှီမာယူယူအခြေအနေအားမြင်သောအခါ သူတို့သည် သူမအားပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသည်။

“ဝူရန်ဖေရဲ့ဆေးသက်ရောက်မှုက တကယ်ကောင်းလို့ပါ” သူမသက်သာခြင်းသည် ဆေးကြောင့်ဟု ရှီမာယူယူ မှတ်ယူကာပြောလိုက်သည်။

“ဘေဂုံ မင်းဘယ်လိုနေလဲ” ရှီမာယူယူ၏ သွယ်ဝှက်သောမေးခွန်းအား ဝူရန်ဖေပြန်မဖြေပါ၊ ဆက်ပြီး ဘေဂုံထန်ကို သူမမေးလိုက်သည်။

“ခြေထောက်က နည်းနည်းနာတာကလွဲပြီး ကျန်တာအဆင်ပြေပါတယ်” ဘေဂုံထန်ပြုံးပြီးပြန်ဖြေလိုက်သည်။

ရှီမာယူယူ သူမအားပေးသောဆေးသည် အဆင့်သိပ်မမြင့်သော်လည်း သူမဒဏ်ရာသည် ကြီးကြီးမားမား မဖြစ်သဖြင့် ကိစ္စသိပ်မရှိပေ။

“ဒီနေ့တစ်ရက်လောက်ထပ်နားကြရအောင်၊ မနက်ဖြန်မှ တခြားပစ္စည်းတွေသယ်ကြမယ်” ဝေကျိရွှီသည် ဘေးတွင်လဲနေသော လူများအားကြည့်ကာ ပြောလိုက်သည်။

သူပြောသော ပစ္စည်းဆိုသည်မှာ ထိုလူများကို ပြောခြင်းဖြစ်သည်မှာထင်ရှားလှသည်။

“မင်းတို့နှစ်ယောက်အရင်နားလိုက် စားဖို့တစ်ခုခုသွားရှာလိုက်ဦးမယ် ပြီးရင်ပြန်လာမယ်” ဝူရန်ဖေပြောလိုက်သည်။

“မလိုဘူး ငါ့မှာရှိတယ်” ရှီမာယူယူပြောလိုက်သည်။

“ဒါဆို ငါရေသွားခပ်လိုက်မယ်”

“ငါမှာ အဲဒါလည်းရှိတယ်” ရှီမာယူယူပြောလိုက်သည်။

“ဒါဆို ထင်းရော”

ထိုအရာလည်းသူမတွင်ရှိသည်ကို ပြောချင်သော်လည်း သူမအား အားလုံးသည် ဒိုရေမွန်ဟု မစဉ်းစားစေလိုသောကြောင့် ပြုံးက ခေါင်းရမ်းလိုက်သည်။

“ဒါဆိုငါထင်းချောင်းသွားရှာလိုက်ဦးမယ်” ဝူရန်ဖေ ထိုသို့ပြောပြီးထွက်သွားလေသည်။

“ငါတို့ ဒီနားမှာပဲရှိမယ်၊ တစ်ခုခုရှိရင် ကျယ်ကျယ်သာအော်လိုက် ငါတို့ပြေးလာမယ်”

သူပြောပြီးသည်နှင့် ဝေကျိရွှီနှင့် ဝူရန်ဖေတို့သည် ထွက်သွားကြလေသည်။

“သူတို့ဘာဖြစ်နေကြတာလဲ” သူတို့သုံးယောက် အလောတကြီးထွက်သွားသည်ကို ရှီမာယူယူမြင်သည်နှင့် ဘေဂုံထန်အား ရှုပ်ထွေးစွာကြည့်လိုက်လေသည်။

“အဟွတ် အဟွတ် သူတို့ပြောဖို့ ခက်ခဲတဲ့တစ်ခုခုရှိလာလို့နေမှာပေါ့” ဘေဂုံထန်ပြောလိုက်သည်။

“ဘာကိုပြောဖို့အဆင်မပြေတာလဲ၊ ဒါဆို အဲမှာဆိုပိုအဆင်ပြောတာလား” ရှီမာယူယူ နားလည်သွားကာ ခေါင်းညိတ်လိုက်သည်။

ပုံမှန်အတိုင်းဖြေလိုက်ရင်ရတာပဲ ဘာတွေခက်ခဲနရတာလဲ။ ရှီမာယူယူ သူမစိတ်ထဲတွင် သူတို့သုံးယောက်အား ဝေဖန်လိုက်သည်။

သို့သော် သူမ၏ သရုပ်မှန်အား သူတို့ဒီလောက်စဉ်းစားပြီး သူမရှေ့တွင်ဒီလိုကိစ္စတွေကိုပြောရန်ဝန်လေးနေမည်ဟု သူမ မထင်ခဲ့ပေ။ သူမသည် မိန်းကလေးဖြစ်ကြောင်းသိသည်နှင့် သူတို့သည် အနေရခက်နေကြသည်။

“ဘေဂုံ မင်းရွှေမြွေအသီးရပြီဆိုတော့ မင်းရဲ့စာချုပ်သားရဲကိုစားဖို့မြန်မြန်ပေးလိုက်တော့” ရှီမာယူယူပြောသည်။

“အင်း” ဘေဂုံထန်ခေါင်းညိတ်သည်။ အတွေးတစ်ချက်နှင့်ပင် ဂူထဲမှ အစိမ်းရောင်ငှက်တစ်ကောင်ပေါ်လာသည်။

“ဒါက…အဆင့်မြင့်နတ်ဆိုးလား” ရှီမာယူယူ မြောင်ဂျီ၏ ပုံပန်းသွင်ပြင်အားကြည့်ကာ အံ့သြစွာမေးလိုက်သည်။

အဆင့်မြင့်နတ်ဆိုးသည် ဖီးနစ်ငှက်အနွယ်ဝင်ဖြစ်ပြီး ရီလင်းတိုင်းပြည်တွင် ဖီးနစ်ငှက်မရှိဘူးဟု ဆရာပြောဖူးသည်။ သို့သော် ဘေဂုံထန်သည် အဆင့်မြင့်နတ်ဆိုးဖြစ်သည့် ဖီနစ်ငှက်နှင့် စာချုပ်ချုပ်ထားသည်။ ဆိုလိုသည်မှာ သူမသည် ပြည်မကြီးမှမဟုတ်ဘူးပေါ့။

ဘေဂုံထန်သည် လှည့်ကြည့်လိုက်သောအခါ အံ့သြမှုအပြည့်ဖြစ်နေသော ရှီမာယူယူအားမြင်မှ နားလည်သွားတော့သည်။ မြောင်ဂျီအားမြင်ပြီးမှ ရှီမာယူယူတချို့အကြောင်းအရာများကို သိသွားကြောင်း သူမသိသည်၊ သို့သော် ရှီမာယူယူသည်ထိုအကြောင်းအားပြောလိမ့်မည်မဟုတ်ကို သူမယုံကြည်သည်။

“မြောင်ဂျီ၊ မြောင်ဂျီ…” ဘေဂုံထန် မြောင်ဂျီအား အကြိမ်အနည်းငယ်ခေါ်ပြီးမှ မျက်စိပွင့်လာသည်။

“သခင်” မြောင်ဂျီ၏အသံသည် အားနည်းကာ မကျက်သေးသော ဒဏ်ရာများလည်းပေါ်လာသည်။ ဘေဂ့ုထန် အကြောင်းမရှိပဲ သူမအားခေါ်လိမ့်မည်မဟုတ်ကြောင်းကို သူမသိသည်။ ထို့ကြောင့် သူမမျက်လုံးများတောက်ပလာကာ “သခင် ကျွန်မကိုခေါ်တာ……..”

ဘေဂုံထန်ပြုံးကာ ရွှေမြွေအသီးအားထုတ်ပြီး မြောင်ဂျီ၏ နှုတ်သီးရှေ့တွင်ထားကာ ပြောလိုက်သည် “ဒီရွှေမြွေအသီးက ယူယူကယူလာတာ၊ မင်းသူမကို ကျေးဇူးတင်သင့်တယ်”

မြောင်ဂျီ အိပ်ရာပေါ်တွင်လှဲနေသော ရှီမာယူယူအား ကြည့်ကာ ကျေးဇူးတင်စွာဖြင့်ပြောလိုက်သည် “ကျေးဇူးတင်ပါတယ်”

ရှီမာယူယူလက်ဝေ့ပြကာ ပြောလိုက်သည် “မင်း မိသားစုသခင်က သူမဘဝအတွက် ငါ့ကိုကတိပေးထားပြီးသားဆိုတော့ မင်းငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး”

ထိုအကြောင်းအား မြောင်ဂျီကြားသည်နှင့် ဘေဂုံထန်အား အထိတ်တလန့်ကြည့်ကာ ပြောလိုက်သည် “သခင်၊ ဘာလို့အဲလိုလုပ်တာလဲ၊ မင်း တစ်ဘဝလုံးရဲ့ ပျော်ရွှင်မှုတွေကို ဒါအတွက် ပေးလိုက်တာဆိုရင် မြောင်ဂျီအဲဒါကို မယူဘူး”

“ကျွတ်” မြောင်ဂျီ၏ တုန့်ပြန်မှုကို သူမမြင်သောအခါ ရှီမာယူယူ ချက်ချင်းပင် ရယ်မောလိုက်သည်။

“မြောင်ဂျီ ယူယူက မင်းကိုစနေတာ” ဘေဂုံထန်ပြောလိုက်သည် “သူမက မိန်းကလေးပဲ ဘယ်လိုလုပ် ငါ့ဘဝကိုပေးလို့ရမှာလဲ၊ ဟုတ်သားပဲ ငါတို့ရွှေမြွေအသီးကို အပြင်မှာထားတာကြာနေပြီ၊ တခြားဝိညာဉ်သားရဲတွေကို ဆွဲဆောင်နေလိမ့်မယ်၊ မြန်မြန်စား ပြန်ပြီးတော့ သက်သာအောင်နေတော့”

“သခင် သူမကတကယ်ပဲ မိန်းကလေးလား” မြောင်ဂျီသည် ရှီမာယူယူအား သံသယဝင်စွာကြည့်နေဆဲပင်ဖြစ်သည်။ ရှီမာယူယူ မိန်းကလေးဖြစ်ကြောင်း သူမဘာလို့ သတိမထားမိရတာလဲ၊ သူမ ရနံ့တောင်မထွက်တာလေ။

“တော်ပြီ မြန်မြန်စားပြီး ပြန်လိုက်” ရှီမာယူယူပြောသည် “မင်းရဲ့ ခန္ဓာကိုယ်က ထိခိုက်ထားတင်မဟုတ်ဘူး၊ မင်းရဲ့ ပျက်စီးနေတဲ့ ဝိညာဉ်ကပါ မလင်းနိုင်တော့ဘူး၊ အဲဒါကြောင့်ပဲ ဒီလောက်အချိန်အကြာကြီး မင်းပြန်မကောင်းနိုင်သေးတာ၊ မင်းရဲ့ အားမြင့်တက်လာစေတာကလွဲရင် ရွှေမြွေအသီးက မင်းရဲ့ ဝိညာဉ်ကို ကုပေးလိမ့်မယ်၊ မင်းမြန်မြန်သွားပြီး အားဖြည့်လိုက်တော့”

မြောင်ဂျီသည် လုံးဝပင် အံ့သြသွားလေသည်။ သူမဝိညာဉ် ဒဏ်ရာရကြောင်းကို သူမဘယ်လိုသိတာပါလိမ့်။ ဘေဂုံထန်တောင်မသိတဲ့အရာလေ။

“သူမရဲ့ ဝိညာဉ်က ဒဏ်ရာရထားတယ်ဟုတ်လား၊ အဲဒါကြောင့် ဒီလောက်အချိန်အကြာကြီးသူမ ဒဏ်ရာတွေမကျက်တာကိုး” ဘေဂုံထန်ပြောလိုက်သည်။

“အဲလိုဆိုတော့ ငါအရင်ပြန်လိုက်ဦးမယ်” မြောင်ဂျီသည် ဘေဂုံထန်၏မျက်လုံးထဲမှ မေးခွန်းဆန်သော အကြည့်အား မြင်လိုက်သည်နှင့် ရွှေမြွေအသီးအား နှုတ်သီးဖြင့် ကောက်ယူကာ စာချုပ်နယ်မြေသို့ ပြန်သွားလေသည်။

ဘေဂုံထန်စိုးရိမ်နေသည်ကို မြင်သည်နှင့် ရှီမာယူယူပြုံးကာပြောလိုက်သည် “သူမက မင်းကိုမပြောချင်ဘူး ဘာလို့လဲဆိုတော့ မင်းစိုးရိမ်မှာကို မလိုလားလို့ပဲ၊ ဘာပဲဖြစ်ဖြစ် သူမမှာ ရွှေမြွေအသီးရှိနေပြီဆိုတော့ အချိန်တိုအတွင်း သူမပြန်ကောင်းလာမှာလို့ငါယုံတယ်၊ မင်းမစိုးရိမ်နဲ့တော့”

“ယူယူ မြောင်ဂျီရဲ့ဝိညာဉ်ဒဏ်ရာရထားတာမင်းဘယ်လိုသိလဲ” ဘေဂုံထန်မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါ့မှာဖောက်ထွင်းမြင်နိုင်တဲ့မျက်လုံးရှိတယ်လေ” ရှီမာယူယူ ရယ်ကာပြောလိုက်သည်။ ထိုအကြောင်းအား မိုရှား သူမအားပြောပြသည်ကိုတော့ သူမပြောမည်မဟုတ်ပေ၊ ထို့ကြောင့် စကားလမ်းကြောင်းလွဲကာ မေးလိုက်သည် “သြော်ဟုတ်သားပဲ ဟိုသုံးယောက်လာလို့ခုထိ ပြန်မလာသေးတာလဲ”

သူမ ပြောပြီးသည်နှင့် ခြေသံများကြားလိုက်ရလေသည်။ တောင်အတွင်းမှလာသော အသံများဆိုသည်မှာ ထင်ရှားလျက်၊ သို့သော် လူသုံးယောက်မဟုတ်ပဲ လူတစ်ဖွဲ့ဖြစ်နေသည်။

ဘေဂုံထန်သည်လည်း ထိုခြေသံများအားကြားသဖြင့် သူတို့နှစ်ယောက်သည် ဂူအဝင်ပေါက်အား နိုးကြားစွာ ဦးတည်သွားလိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset