“ယူယူ မင်းက မိန်းကလေးဆိုတာသေချာတာပဲ ဘာလို့ယောက်ျားလေးယောင်ဆောင်ထားတာလဲ” ဖက်တီးကျူမေးလိုက်သည်။
ရှီမာယူယူ နှုတ်ဆိတ်သွားပြီးမှ ပြောလိုက်သည် “ငါလည်းမသိဘူး၊ အဘိုးက အဲလိုခိုင်းတာပဲ ဘာလို့လဲဆိုတာတော့ သူမပြောပြဘူး”
“စိတ်ချပါ အခုလေးတင် ငါတို့တိုင်ပင်ပြီးသွားပြီ အဲဒီအကြောင်းကို ဘယ်သူ့ကိုမှမပြောပါဘူး၊ မင်းက မိန်းကလေးဆိုတာ ငါတို့ပါးစပ်ကနေ ဘယ်တော့မှမထွက်စေရဘူး”
“အင်း… မင်းတို့ပြောမှာ မဟုတ်ဘူးဆိုတာ ငါသိပါတယ်” ရှီမာယူယူအခိုင်အမာပြောလိုက်သည်၊ သူတို့တွင် ထိုအကြောင်းကို ပြောနိုင်ချေရှိပါက သူတို့အား ကယ်ခဲ့မည်မဟုတ်ပေ။
“ဟူး….”
သူတို့ဘေးမှလာသော အိပ်ပျော်နေသည့်အသံကို ကြားရသည်နှင့် ရှီမာယူယူနှင့်တခြားသူများသည် လက်ရှိအခြေနေအားသတိရလိုက်ကြသည်။
“အဲလူတွေက ဘယ်သူတွေလဲပြီးတော့ ငါတို့ကိုဘာလို့ထိခိုက်အောင်လုပ်တာလဲ” ဝေကျိရွှီသည် မျက်မှောင် ကြုတ်ကာ မြေပေါ်တွင်လဲနေကြသော ထိုလူတစ်စုအားကြည့်ပြီး ပြောလိုက်သည်။
“ညာဘက်အစွန်ဆုံးက လူကိုသေချာကြည့်ကြည့်” ရှီမာယူယူပြောလိုက်သည်။
ညာဘက်အစွန်ဆုံးက လူဟုတ်လား…
ဖက်တီးကျူထိုသူအား ချချိန်တွင် သူသည် နံရံနှင့် မျက်နှာချင်းဆိုင်အနေအထားဖြစ်ကာ ဘယ်သူမှ သူ့အား သတိမထားမိပေ။
ရှီမာယူယူ ပြောသည်ကို ကြားမှသာ ဖက်တီးကျူ ပြေးသွားပြီး ဒီဘက်လှည့်လာစေရန် ကန်လိုက်သည်။
“သူလား” ဖက်တီးကျူသည် တအံ့တသြဖြင့် ပြောထွက်သွားသည်။
“ဖက်တီးကျူ မင်းသူ့ကိုသိတာလား” ဝေကျိရွှီပြောလိုက်သည်။
“ငါတင်သိတာမဟုတ်ဘူး မင်းတို့လည်းသိတယ်” ဖက်တီးကျူသည် ထိုလူ၏ မျက်နှာအား အားလုံးမြင်စေရန် တစ်လှမ်းထပ်ကန်လိုက်သည်။
“သူလား”
“ဘယ်လိုလုပ်သူဖြစ်နေရတာလဲ….”
ထိုလူအားမြင်ချိန်တွင် သူတို့သုံးယောက်သည် အံ့သြသွားကာ ဝံပုလွေအုပ်နှင့်တွေ့ခဲ့သည်ကို သတိပြန်ရလိုက်သ်ည်။ ထိုအချိန်တုန်းက ထူးဆန်းသည်ဟု ထင်ခဲ့ကြသည်၊ အခုတော့ ထိုလူသည် တမင်ရည်ရွယ်၍ ဝံပုလွေအုပ်အား ဦးဆောင်ခဲ့သည်။
“ဒီလူတွေက ငါတို့ကို သတ်ပြီးရင်းသတ်ဖို့ကြိုးစားနေတာပဲ” ဝေကျိရွှီသည် လက်သီးအား ကျစ်ကျစ်ဆုပ်ထားသည်။ သူ၏ စိတ်ကောင်းများကသာ တားမထားလျှင် သူအားလုံးအား ချက်ချင်းသတ်မိလိမ့်မည်။
“အဲလူတွေက ဘယ်သူတွေလဲ ဘာလို့ငါတို့ကိုသတ်ချင်တာလဲ” ဝူရန်ဖေနားမလည်တော့ပေ။
“ဘာလို့လဲဆိုတာ ငါသိတယ်ထင်တယ်” ဖက်တီးကျူပြောလိုက်သည်။
“မင်းသိတာလား” ဘေဂုံထန်သည် ဖက်တီးကျူအားကြည့်ကာ ဘယ်လိုသိသလဲဆိုတာကို မေးမြန်းချင်နေသည်။
ဖက်တီးကျူသည် ထိုလူဘေးသွားကာ နောက်တစ်ချက်ကန်လိုက်လေသည်။ သူ့မျက်နှာအားကြည့်ကာ ပြောလိုက်လေသည်။ “ငါဒီကောင်ကိုသိတယ်၊ သူက ငါတို့ထက်တစ်တန်းကြီးတယ်၊ သူကရှောင်ဟူလို့ခေါ်တယ်”
“ဆိုလိုချင်တာက ဒီလူတွေက ငါတို့ကျောင်းကပေါ့” ဝေကျိရွှီမေးလိုက်သည်။
ဖက်တီးကျူခေါင်းညိတ်ကာ ပြောလိုက်သည် “ဒီရှောင်ဟူက ဝူထီအန်းနဲ့အတန်းအတူတူပဲ အဲဒီဝူထီအန်းက နာလန်လန်ကို ကြွေနေတယ်လို့ငါကြားတယ်”
“မင်းပြောချင်တာက သူတို့က နာလန်လန်ကို ကျောင်းထွက်ရအောင် လုပ်လိုက်လို့ လက်စားချေချင်လို့ ငါတို့ကို ဒုက္ခရောက်အောင်လုပ်တာပေါ့” ရှီမာယူယူပြောလိုက်သည် “တစ်နေ့လုံး မင်းတို့အားလုံးကို ဝန်ထုတ်ဝတ်ပိုးဖြစ်အောင်လုပ်တာငါပေါ့”
“ယူယူ မင်းအဲလိုမပြောပါနဲ့၊ ငါတို့က တစ်ဖွဲ့တည်းပဲ ဝန်ထုတ်ဝန်ပိုးဆိုတာမျိုးမရှိပါဘူး၊ မင်းကြောင့်သာမဟုတ်ရင် ငါတို့တော့ ထနောင်းပိုးမြွေရဲ့ နေ့လည်စာဖြစ်သွားတော့မှာ” ဝေကျိရွှီပြောလိုက်သည်။
“ဟုတ်တယ် ယူယူ အဓိပ္ပာယ်မရှိတာတွေမတွေးနဲ့” ဖက်တီးကျူပြောလိုက်သည် “ဒီလူတွေက ငါတို့ကျောင်းက လူတွေဆိုတာသိပြီဆိုတော့ ငါတို့ဘာလုပ်ကြမလဲ၊ ဒီလူတွေကို ဘယ်လိုဖြေရှင်းကြမလဲ”
သူထိုသို့ပြောလိုက်သောအခါ အားလုံးငြိမ်ကျသွားတော့သည်။ သူတို့စဉ်းစားပုံအတိုင်းဆိုလျှင် မျက်လုံးအတွက် မျက်လုံး၊ သွားအတွက်သွား ဖြစ်ရမည်။ ထိုလူများသည် သူတို့အားသတ်ချင်ခဲ့သည်၊ ထို့ကြောင့် သူတို့အသက်အား ကယ်ရန်အကြောင်းမရှိပေ။
သို့သော် ထိုလူများသည် ကျောင်းမှဖြစ်သူကို သူတို့အခုသိသွားပြီ။ ကျောင်းစည်းကမ်းများအရ တခြားကျောင်းသားများအား ထိခိုက်အောင်မလုပ်ရပေ၊ မဟုတ်ပါက ကျောင်းထွက်ရမည်ဖြစ်သည်။
အားလုံး၏အကြည့်များသည် ရှီမာယူယူပေါ်တွင်ကျရောက်လာသည်။ သူမသည် ဆုံးဖြတ်ရန် အသင့်တော်ဆုံးဖြစ်သည်ကို ယူဆသောကြောင့်ဖြစ်သည်။
ရှီမာယူယူပြုံးကာပြောလိုက်လေသည် “ငါတို့ သူတို့တစ်ယောက်ကိုမှ မမှတ်မိဘူး၊ ပူလွောင်တောင်တန်းမှာ ငါတို့ကို သတ်ဖို့ကြိုးစားတဲ့သူတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာပဲ လက်တုန့်ပြန်တယ်ဆိုတာဖြစ်သင့်တယ်လေ၊ ငါတို့ဒီလူတွေက ဘယ်သူတွေလဲဆိုတာမသိခဲ့ဘူး ဟုတ်တယ်မလား”
ရှီမာယူယူ ထိုသို့ပြောသောအခါ အားလုံးသည် ကြက်သေသေသွားကြလေသည်။
“ဟုတ်တယ်၊ ငါတို့ဒီလူတွေကိုမသိကြဘူး၊ သူတို့ဘာအုပ်စုလဲဆိုတာတောင်မသိဘူး၊ သူတို့ ငါတို့ကို ဘာလို့ဒုက္ခရောက်အောင်လုပ်တာလဲဆိုတာတောင်မသိဘူး” ပထမဆုံးတုန့်ပြန်သူမှာ ဘေဂုံထန်ဖြစ်၍ ရှီမာယူယူအားပြန်ဖြေလိုက်သည်။
ပူလွောင်တောင်တန်းသို့ ဝင်ထွက်နေသူများမှာ များပြားလှသည်။ သူတို့အားသတ်ရန် ကြိုးစားသည့်သူအား သေချာပေါက်လက်တုန့်ပြန်မည်ဖြစ်သည်။ သူတို့အား မတော်တဆသတ်မိပါကလည်း ကျောင်းမှ ဘာမှတတ်နိုင်မည်မဟုတ်ပေ။
ပြီးတော့ သူတို့ရဲ့ သရုပ်မှန်ကိုတောင် မသိခဲ့ပါ။
“ဟုတ်တယ် ငါတို့ သူတို့ကို မမှတ်မိဘူး” ဝေကျိရွှီသည် ခေါင်းညိတ်ကာ အခိုင်အမာပြောလိုက်သည်။
“ဒီလိုဆိုရင် ငါတို့မမှတ်မိတဲ့သူတွေကို ဘာလုပ်ကြမလဲ၊ ငါတို့ကို သတ်ချင်နေတုန်းပဲလား” ဝူရန်ဖေပြောလိုက်သည်။
ထိုစကားကြားသောအခါ ရှီမာယူယူ လျှို့ဝှက်စွာပြံးလိုက်သည်။ ဒီလူတွေ တစ်ယောက်ချင်းစီသည် ရိုးသားချင်ယောင်ဆောင်သော်လည်း အကျင့်မှာ ဆိုးလှသည်။
“ငါတို့ဘာလုပ်လုပ် ဒီတောင်မှာ သူတို့ကို အသက်ရှင်လျင်မထားခဲ့နိုင်ဘူး” ဘေဂုံထန်ပြောလိုက်သည် “တခြား အကြံမရှီရင် သူတို့အသက်ကို ကိုယ်တိုင်သတ်ရလည်းကိစ္စမရှိဘူး”
“မင်းရဲ့ လက်ကိုအညစ်ပတ်မခံနဲ့” ရှီမာယူယူပြောလိုက်သည် “ငါတို့ကို တိုက်ဖို့ဝိညာဉ်သားရဲကို ဘယ်လိုသုံးရမလဲဆိုတာ သူတို့သိမှတော့ ငါတို့လည်းအဲလိုပြန်လုပ်ရမယ်”
“ယူယူ မင်းမှာဘာအကြံကောင်းရှိလဲ” ရှီမာယူယူ၏ မျက်လုံးဝင်းလက်သွားသည်ကို ဖက်တီးကျူမြင်သည်နှင့် သူမတွင်တခြားအကြံကောင်းရှိနေသည်ကို သိလိုက်ရသည်။
“ဒါက… အချိန်ကျရင်မင်းတို့သိမှာပါ” ရှီမာယူယူ ဘာမှမပြောပဲ လျှို့ဝှက်စွာပြုံးနေတော့သည်။
သူမပြုံးသည်ကို တခြားသူများမြင်သော်အခါ သူမအကြံအားသိသောကြောင့် ထပ်မမေးတော့ပေ။
“အင်…ယူယူ….” ထိုအကြောင်းအားပြောပြီးသည်နှင့် ဘေဂုံထန်သည် တစ်ခုခုအားပြောရန် တုန့်ဆိုင်းနေသကဲ့သို့ ရှီမာယူယူအားကြည့်လိုက်သည်။
ရှီမာယူယူ ချက်ချင်းသဘောပေါက်လိုက်သည်။ အတွေးတစ်ချက်နှင့်ပင် ရွှေမြွေအသီးသည် သူမလက်ပေါ်တွင် ပေါ်လာလေသည်။
သူမ ရွှေမြွေအသီးအား လက်ဆင့်ကမ်းပေးကာ ပြောလိုက်သည် “မင်းအရင်ယူထားဦး၊ ရွှေမြွေအသီးက အကြာကြီးထုတ်ထားလို့မရဘူး အဲလိုမဟုတ်ရင် ဝိညာဉ်သားရဲတွေကို ဆွဲဆောင်ပြီးရောက်လာဦးမယ်”
“ဒါက တကယ်ပဲရွှေမြွေအသီးပေါ့” ဖက်တီးကျူသည် ရွှေမြွှေအသီးအား အံ့သြစွာကြည့်လိုက်သည် “ယူယူ မင်းဘယ်လိုရလာတာလဲ”
“အဲကြောင်းမမေးကြနဲ့ ကိုယ့်လူတို့” ရှီမာယူယူ ဘေဂုံထန်အား ရွှေမြွေအသီးအားပေးလိုက်သည်နှင့် သူမသည် မှော်ဝင်လက်စွပ်အတွင်းသိမ်းလိုက်လေသည်။
“ယူယူ ကျေးဇူးပါ”
ရှီမာယူယူမပြောသော်လည်း ထိုအရာသည်လွယ်ကူမည်မဟုတ်ကြောင်းကို အားလုံးသိကြသည်။ အထူးသဖြင့် ဝိညာဉ်သားရဲများစွာ ကာထားကြသည်မဟုတ်လား။
ရှီမာယူယူ သူတို့သုံးယောက်အားကြည့်ကာ ပြောလိုက်သည် “မင်းတို့လည်းမျှယူလို့ရတယ်၊ ဒါပေမယ့် အဲဒါကို တိုက်ရိုက်မျိုချရင် အားပေါက်ကွဲပြီး လူတစ်ယောက်ရဲ့ခန္ဓာကိုယ်က ခံနိုင်မှာမဟုတ်ဘူး၊ မင်းတို့ အခုအသီးကိုယူချင်လား ဒါမှမဟုတ်ရင် ဆေးယူမလား”
ဖက်တီးကျူနှင့် တခြားသူများသည် ခဏတာမျှစဉ်းစားကာ ပြောလိုက်သည် “အသီးက လူတွေအတွက် သိပ်အသုံးမဝင်တော့ ငါဆေးယူမယ်”
“ငါလည်း ဆေးလုံးပဲယူမယ်” ဝေကျိရွှီပြောလိုက်သည်။
ဝူရန်ဖေသည် ခဏတမျှစဉ်းစားကာပြောလိုက်သည် “ငါအသီးယူမယ်”
အကြောင်းအရာအား ရှီမာယူယူမမေးတော့ပဲ အသီးအားထုတ်ကာ ဝူရန်ဖေအား လက်ဆင့်ကမ်းပေးသောအခါ သူသည် ချက်ချင်းပင် သိမ်းဆည်းထားလိုက်သည်။
အရင်က သူတို့သဘောတူထားသည်မှာ သူတို့သည် နာလန်မျိုးနွယ်လူများ၏ ကိုယ်ပေါ်သို့အမှုန့်များဖြူးကာ လူစုခွဲစေရန်ဖြစ်သည်။ သူတို့သည် လိုချင်သည်ကို ရခဲ့သည်။
နောက်ဆုံးတွင် သူမသည် ရွှေမြွေအသီးကိုရခဲ့ကာ ဝိညာဉ်ပျက်ဆီးနေသော သူမအတွက် အဖိုးတန်ပစ္စည်းဖြစ်ခဲ့သည်။ ထို့အပြင် သူမကိုယ်ပိုင်နေရာသို့ရွေ့ပြောင်းခြင်းသည် အချိန်တိုအတွင်း ရွှေမြွေအသီးရင့်မှည့်လာနိုင်သည်ဟု ဝိညာဉ်လေးပြောသည်။ မကြာခင်မှာပဲ ရွှေမြွေအသီးထပ်ရလိမ့်မယ်လို့ ဘယ်သူသိမှာလဲ။
ဆေးအတွက်ဆိုရင်တော့ မိုရှားသူမအား ကူညီနိုင်သည်။ သူမလုပ်ရမည့်အရာမှာ ဖော်စပ်သည့်အတောအတွင်းတွင် ဝိညာဉ်စွမ်းအင်အားထည့်ခြင်းသည် လုံလောက်ပြီဖြစ်သည်။
ရှီမာယူယူ ရက်ရောသည်ကို သူတို့မြင်တွေ့လိုက်ရသောအခါ သူတို့လေးယောက်သည် စိတ်လှုပ်ရှားမိပြီး ထိုအဖွဲ့သည် အရင်ကထက်ပို၍ စည်းလုံးသွားကြလေသည်။