အပိုင်း(၉၁)-မင်းက ပြားကပ်နေတဲ့ရင်ဘတ်လို့မပြောနဲ့

ဝေကျိရွှီ ဟိန်းသံလေး၏ နောက်ကျောပေါ်သို့ ဘေဂုံထန်အားတင်လိုက်ကာ ရှီမာယူယူအားကြည့်လိုက်လေသည်။ သူမျက်မှောင်ကြုတ်လိုက်ကာ မေးလိုက်သည် “ရန်သူတွေဟုတ်လား”

“ငါတို့ကို ဒီကိုခေါ်လာတဲ့သူတွေလား” ဖက်တီးကျူမေးလိုက်သည်။

“အမ်… သူတို့သတိမေ့အောင်ငါလုပ်ထားတယ်၊ သူတို့အားလုံး ဟိုနေရာမှာလဲနေကြတယ်” ရှီမာယူယူပြန်ဖြေလိုက်သည်။

“ယူယူ မင်းက ကယ်ရုံတင်မဟုတ်ဘူး အဲလူတွေကိုပါဖမ်းမိတယ်၊ ငါမင်းကိုလေးစားသွားပြီ” ဖက်တီးကျူအံ့အားသင့်စွာပြောလိုက်သည်။

“သွားရအောင်.. သူတို့ကိုသယ်သွားပြီး ဒီနေရာကနေထွက်သွားရအောင်” ဝူရန်ဖေသည် ရှီမာယူယူအား ဟိန်းသံလေးကျောပေါ်တင်လိုက်ကာ ဖက်တီးကျူအားပြောလိုက်သည်။

“အင်း..”

ဖက်တီးကျူလှည့်ထွက်ကာ သူတို့ရှိသည့်နေရာသို့ပြေးသွားပြီး အမှန်တကယ်မြေပေါ်တွင်လဲနေသည်ကိုတွေ့လိုက်ရသည်။ သူတို့အား ဟိန်းသံလေးကျောပေါ်မတင်ခင်တွင် အားလုံးကိုကြိုးဖြင့်စည်းလိုက်လေသည်။

ဖက်တီးကျူအားစောင့်ပြီးနောက် ဟိန်းသံလေးသည် အားလုံးအားခေါ်ဆောင်သွားပြီး ထိုနေရာမှထွက်ခွာခဲ့ကြသည်။

တစ်နာရီအကြာတွင် ဟိန်းသံလေးသည် ဂူတစ်ခုအားတွေ့ကာ ရှီမာယူယူနှင့် တခြားသူများကို ခေါ်ဆောင်သွားလေသည်။

“ဒီနေရာကမဆိုးဘူး၊ ဒီမှာပဲငါတို့ဒဏ်ရာတွေကို ကုကြမယ်” ရှီမာယူယူ ထိုနေရာအားချီးကျူးကာ ပြောလိုက်သည်။

ဖက်တီးကျူ ပထမဆုံးဆင်းလိုက်သည်။ သူငါးယောက်လုံးကို လက်ကမ်းကာ တစ်ယောက်ချင်းစီကို ဂရုတစိုက်မြေပေါ်သို့ ဆင်းသက်စေလိုက်သည်။ ထို့နောက် ဝေကျိရွှီနှင့် ဝူရန်ဖေတို့သည် အတူတကွ အကူအညီပေးပြီး အားလုံးကို ချပေးလိုက်ကြသည်။

ရှီမာယူယူသည် သူမ၏ ကြီးမားသော အိပ်ရာအားထုတ်ယူလိုက်ပြီး သူမနှင့် ဘေဂုံထန်တို့နားရန် ပြင်ဆင်လိုက်သည်။ ဝေကျိရွှီနှင့် ဝူရန်ဖေတို့သည် သူတို့နှစ်ယောက်လုံးအား အိပ်ရာပေါ်သို့တင်လိုက်ကြသည်။

“ကျိရွှီ… ငါအခု လှုပ်လို့မရဘူး… သူမရဲ့အရိုးတွေ ပြန်ဆက်ဖို့ မင်းကိုနည်းလမ်းပြောပြမယ်” ရှီမာယူယူပြောလိုသည်။

“ယူယူ အရိုးတွေဘယ်လိုဆက်ရမယ်ဆိုတာတောင် မင်းသိတာလား” ဖက်တီးကျူသည် တအံ့တသြဖြင့် ရှီမာယူယူအားကြည့်လိုက်သည်။

“အရင်က အတွေ့အကြုံအရပေါ့” သူမပြောပြီးသည်နှင့် ပျဉ်ချပ်နှစ်ခုသည် သူမလက်တွင်ပေါ်လာလေသည်။ “ဒါကိုသုံးရင် အဆင်ပြေတယ်”

“အမ်.. ဘယ်လိုလုပ်ရမလဲမင်းငါ့ကိုပြော အဲအတိုင်းလိုက်လုပ်မယ်” ဝေကျိရွှီပြောရင်းနှင့် သစ်သားပျဉ်ချပ်နှစ်ခုအားယူလိုက်သည်။

ထို့နောက် ရှီမာယူယူသည် ဝေကျိရွှီအား ဘေဂုံထန်၏ ခြေထောက်များကို ကျကျနနစည်းရန် ညွှန်ကြားလိုက်ပြီး ဘေဂုံထန် သက်တောင့်သက်သာရှိရန် အဝတ်များချွတ်ရန်လိုသဖြင့် အားလုံးအား ဂူအပြင်ထွက်ရန် ပြောလိုက်သည်။

သူတို့ ဂူအပြင်သို့ရောက်သောအခါ ဖက်တီးကျူနှင့် တခြားသူများသည် သူတို့သိရှိခဲ့ရသော လျှို့ဝှက်ချက်ကို ပြန်တွေးတောမိသွားသည်။

“ယူယူက တကယ်ပဲမိန်းကလေးလား” ဖက်တီးကျူသည် ထိုအချက်အား အခုထိလက်မခံနိုင်သေးပါ “တခြားသူတွေသာ ယူယူက မိန်းကလေးဆိုတာကို သိသွားရင် တစ်မြို့လုံးတော့ မိုးကြိုးပစ်သွားမှာပဲ”

ဝေကျိရွှီနှင့် တခြားသူများလည်း မရှင်းလင်းသေးပါ။ သူတို့သည် အမြဲတမ်း ရှီမာယူယူအား ယောကျ်ားလေးအဖြစ်တွေးထားခဲ့ကြသည်။ သူမသည် မိန်းကလေးဖြစ်သည့် သတင်းအား ကျင့်သားရရန်လိုသေးသည်။

“စစ်သူကြီးအိမ်တော်က သူမကို ယောက်ျားလေးယောင်ဆောင်ခိုင်းတာ ထူးခြားတဲ့အကြောင်းတစ်ခုတော့ရှိရမယ်၊ အဲဒါကို ဖုံးကွယ်ထားရင်ပိုကောင်းမယ်လို့ ငါထင်တယ်” ဝူရန်ဖေပြောလိုက်သည်။

“ငါလည်းအဲလိုတွေးတယ်” ဝေကျိရွှီပြောလိုက်သည် “ရှီမာယူယူရဲ့ တကယ့်သရုပ်မှန်က မိန်းကလေးဆိုတာကို ဘယ်သူမှမသိပုံထောက်ရင် စစ်သူကြီးအိမ်တော်က ဒါကိုလျှို့ဝှက်ချက်တစ်ခုအနေနဲ့ထားတာပဲ၊ ယူယူက တခြားသူတွေကိုသိစေချင်ရင် သူမကိုယ်တိုင်ပြောတော့မှာပေါ့၊ သူမဘာမှမပြောတော့၊ ရှောင်လွဲလို့မရတဲ့အခြေအနေကြောင့်ဖြစ်မယ်”

“အင်း… မင်းတို့ပြောတာမှန်တယ်၊ သူမအခက်မတွေ့အောင် ငါတို့ဘာမှမမေးတာကောင်းမယ်” ဖက်တီးကျူသည် သဘောတူညီသည့် အနေနှင့် ခေါင်းညိတ်လိုက်သည်။ “ဒါပေမယ့် ယူယူက အဆင့်ငါးဝိညာဉ်သခင်ပဲ အဲဒါကတော့ တကယ်ကိုမယုံနိုင်ဘူး”

“ဟုတ်တယ်” ဝူရန်ဖေ ခေါင်းညိတ်လိုက်သည်။

သူတို့သည် ဂူအဝတွင် အချင်းချင်းစကားပြောပြီးနောက်တစ်ခဏအကြာတွင် ဝင်လို့ရပြီဟု ဘေဂုံထန်မှ ပြောလိုက်လေသည်။

ဖက်တီးကျူနှင့်တခြားသူများသည် ရှီမာယူယူအိပ်ရာပေါ်တွင်လှဲနေသည်ကို တွေ့လိုက်ရသည်။ တိုက်ပွဲအတွင်းတွင် ကျောက်တုံးဖြင့် ခြစ်မိသောကြောင့် သူမပါးပြင်တွင် ရှည်လျားသော ခြစ်ရာကြီးဖြစ်နေသည်။ ခြောက်သွေ့သောသွေးများကို သန့်စင်လိုက်သောအခါ ပိုထင်ရှားလာသည်။

“ယူယူ မင်းရဲ့ဒဏ်ရာတွေက…” ဝေကျိရွှီမေးလိုက်သည်။

“ကိစ္စမရှိဘူး၊ နှစ်ရက်လောက်လဲနေလိုက်ရင် သက်သာသွားမှာပါ” ရှီမာယူယူပြောလိုက်သည်။

“ငါပြောတာက.. မင်းရဲ့မျက်နှာက ဒဏ်ရာက… အနာရွတ်ကျန်ခဲ့မှာပေါ့” ဝေကျိရွှီမေးလိုက်သည်။

သူမသာ ယောက်ျားလေးဖြစ်ပါက ကိစ္စမရှိပါ။ သို့သော် သူမသည် မိန်းကလေး… ထို့ကြောင့် ရုပ်ရည်သွင်ပြင်အား ဂရုစိုက်ရန်လိုအပ်သည်။ မိန်းကလေးတစ်ယောက်၏ မျက်နှာတွင် အနာရွတ်ရှိခြင်းသည် သူမအား ကျင့်ကြံရန်လက်လျော့ခိုင်းသည်နှင့် တူညီသည်။

ရှီမာယူယူ နားမလည်သလိုမျက်တောင်ခတ်လိုက်သည်၊ ပြီးမှ ဝေကျိရွှီပြောသည်ကို သဘောပေါက်ကာ ပြန်ပြောလိုက်လေသည် “ကိစ္စမရှိပါဘူး ငါအနာရွတ်ပျောက်ဆေးလိမ်းလိုက်ရင် အဆင်ပြေသွားမှာပါ”

“အဲလိုဆိုကောင်းတာပေါ့”

ဝေကျိရွှီပြောပြီးသည်နှင့် အားလုံးသည် အနေရခက်သော အခြေအနေသို့ပြောင်းသွားတော့သည်။

“မင်းတို့ဘာဖြစ်နေကြတာလဲ” သူတို့ သူမအားကြည့်သောအကြည့်သည် ထူးဆန်းနေသဖြင့် ရှီမာယူယူကြက်သီးများထလာသည်။

“အဟွတ် အဟွတ် ယူယူ၊ မင်း မိန်းကလေးဆိုတာကို သိတော့ ငါတို့ဘယ်လိုတုန့်ပြန်ရမလဲဆိုတာတောင် မသိတော့ဘူး” ဖက်တီးကျူပြောလိုက်သည် “ဒါပေမယ့် မင်းစဉ်းစားကြည့် ဒီနေ့အဖြစ်အပျက်သာ မဖြစ်ခဲ့ရင် မင်းက မိန်းကလေးဆိုတာ သိရမှာတောင်မဟုတ်ဘူး၊ မင်းက ဘာလို့ယောက်ျားလေးယောင်ဆောင်တာလဲ၊ အဲဒါကြောင့် မင်းက တစ်လမ်းသွားလို့ကောလဟလထွက်သွားတာလား။

“အဟွတ် အဟွတ် ငါကဘယ်လိုလုပ် တစ်လမ်းသွားဖြစ်ရမှာလဲ” ဖက်တီးကျူ၏စကားအား ရှီမာယူယူဒေါသထွက်သွားကာ အသက်ရှုရန်ပင် ကြပ်သွားသည်။ ပြီခဲ့သည့်တစ်ခေါက်က မိန်းမလှလေးများသွားကြည့်ချိန်တွင် သူတို့ပြားကပ်နေသည့်ရင်ဘတ်များအကြောင်းပြောဖူးသည်လေ။ ထိုအကြောင်းကို သူမှတ်မိလိမ့်မည်ကို သူမထင်မထားပေ။

“မင်းက ပြားကပ်နေတာမို့လို့ မင်းမှာအဲဒါတွေရှိမှန်း ငါတို့သတိမထားမိတာ မဟုတ်လား” သူပြောပြီးသည်နှင့် ဖက်တီးကျူသည် သူ့ရင်ဘတ်အား ပွတ်လိုက်ပြီး သူ့အပြုအမူသည် ညစ်ပတ်သောအမူအရာကဲ့သို့ဖြစ်နေသည်။

“သွားသေလိုက် အရူးဖက်တီး အား…” ရှီမာယူယူ အော်လိုက်သည်နှင့် သူမခန္ဓာကိုယ်မှ ဒဏ်ရာများကြောင့် နာကျင်မှုများခံစားလိုက်ရသည်၊ သူမမျက်နှာအမူအရာသည် ချက်ချင်းပင်အေးစက်သွားတော့သည်။

“မင်း ပိုသတိထားသင့်တယ်” ဘေဂုံထန်သည် အိပ်ရာဘေးတွင်ထိုင်ကာ ရှီမာယူယူအား ဖိရန် လက်ကိုဆန့်ထုတ်လိုက်သည်။ ထို့နောက် သူမဝေဖန်လိုက်သည် “ဖက်တီး ယူယူက အခုတစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ပြည့်နေတာ၊ မကျိုးတဲ့နံရိုးကိုမရှိတော့ဘူး မင်းကသူ့ကိုစနေသေးတယ်”

“ငါကသူ့ကို ပွင့်ပွင့်လင်းလင်းပြောတာပါ” ဖက်တီးကျူသည် သူမှားသွားသည်ကိုခံစားရ၍ လည်ပင်းအားပွတ်လိုက်လေသည်။

ရှီမာယူယူ သူတို့၏ အမြင်အားဘယ်လိုရှောင်တိမ်းလဲဆိုသည်ကို သူသိချင်သေးသည်။

“ငါတို့လည်း အဲဒါကိုသိချင်တယ်” ဝေကျိရွှီသည် ရှီမာယူယူအား စူးစမ်းလိုက်သည်။

ဝူရန်ဖေသည် ရှီမာယူယူအား စိုက်ကြည့်လိုက်သည်၊ သူ့အကြည့်အဓိပ္ပာယ်မှာ သိသာလွန်းသည်။

“အဟွတ် အဟွတ် ယူယူ သူတို့ကိုပြောပြလိုက်ပါတော့၊ မဟုတ်ရင် သူတို့မင်းကို ဆက်တိုက်ကြည့်နေလိမ့်မယ်” ဘေဂုံထန် သတိထားပြီးပြောလိုက်သည်။

သူမလည်းသိချင်သည်ကိုတော့ ဝန်မခံချင်ပေ။

ရှီမာယူယူမျက်လုံးများဝေ့ကြည့်ကာ ပြောလိုက်သည် “ငါ့ရင်ဘတ်က လေယာဉ်ပြေးလမ်းလိုပြားကပ်နေတာဘာလို့လဲဆိုတာ ငါမပြောမချင်းမင်းတို့ လက်လျော့မှာမဟုတ်ဘူး၊ အဲဒါက ငါ့ရဲ့ပုံရိပ်ကိုလည်း ဖုံးကွယ်ထားတဲ့အရာပဲ၊ အာ.. ငါ့လက်ချောင်းက လက်စွပ်ကြောင့်ပဲ ငါဝတ်ထားတာနဲ့ မင်းတို့ ငါ့ကို ယောက်ျားလေးလိုမြင်လိမ့်မယ်”

သူမပြောပြီးသည်နှင့် လက်စွပ်အားချွတ်လိုက်သည်။ သူမ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပုံစံပြောင်းသွားတော့သည်။

ဝေကျိရွှီနှင့် တခြားသူများသည် ရှီမာယူယူလက်စွပ်အားချွတ်ခြင်းသည် မိန်းကလေးအသွင်ပြောင်းလိမ့်မည်ကို ထင်မထားပါ။ အားလုံးသည် အလွန်အမင်းအံ့သြသွားလေသည်။

ရှီမာယူယူ လက်စွပ်အားလျင်မြန်စွာပြန်ဝတ်လိုက်သောအခါ မိန်းကလေးခန္ဓာကိုယ်သည် ပျောက်ကွယ်သွားတော့သည်။ အားလုံး၏ ရှေ့တွင် မိန်းကလေးတစ်ယောက်မရှိခဲ့ သကဲ့သို့ ယောက်ျားလေးအသွင်ပြောင်းသွားလေသည်။

“ထူးဆန်းလိုက်တာ” ဖက်တီးကျူသည် အံ့သြစွာဖြင့်အော်လိုက်လေသည်။ “ဒီလက်စွပ်က ကမ္ဘာမှာ တကယ်ရှိတာလား… အစက မှော်ဝင်လက်စွပ်ပဲရှိတယ်ထင်တာ”

“တကယ်ထူးဆန်းတယ်” ဝေကျိရွှီပြောလိုက်သည် “ဒီလက်စွပ်ကိုဘယ်ကရတာလဲ၊ ငါတို့အခွင့်အရေးရှိမယ်ဆိုရင် ငါတို့လည်းဝတ်ချင်တယ်”

ထိုအကြောင်းအား ကြားသောအခါ ရှီမာယူယူ ကြက်သေသေသွားလေသည်။ သူမစိတ်ထဲတွင် သူထွက်မသွားခင် အတင်းအကျပ်နမ်းခဲ့သော ဝူလင်းယူ၏ ပုံရိပ်အား တွေးမိသွားသည်။ သူမအား မြန်မြန်ကြီးလာရန် ပြောသော ထိုအကျင့်မကောင်းသောသူက အခုတော့ ဘာလုပ်နေလဲ။ သူ သူမကို မေ့နေပြီလား။

အိမ်တော်နှင့် ဝေးရာတွင်ထိုင်နေသော ဝူလင်းယူသည် စာအုပ်တစ်အုပ်အားဖတ်လျက်ရှိသည်။ သူ ရုတ်တရက် နှလုံးခုန်မြန်လာကာ ပြတင်းပေါက်အားကြည့်ပြီး တစ်စုံတစ်ရာအား သတိပေးလိုက်သည်။

“မိန်းကလေး မင်းမြန်မြန် အရွယ်ရောက်ပါတော့….”


Comment

Leave a Reply

Options

not work with dark mode
Reset