သူ၏ မူလရည်ရွယ်ချက်သည် ရှီမာယူယူအား အဂ္ဂိရတ်ပညာသင်ပေးရန်ဆိုသည်ကိုတော့ မိုရှားမငြင်းပေ။
“ငါပြန်တော့မယ်၊ တောင်ပံလေးခုငှက်ပိုင်တဲ့သူက ရွှေမြွေအသီးကိုခိုးသွားတယ်ဆိုတဲ့သတင်းကတော့ မြန်မြန်ပျံ့သွားမှာပဲ၊ မင်းသူ့ကိုသိမ်းထားပြီး မင်းဘာသာမင်းသွားတာကောင်းလိမ့်မယ်၊ ပြီးတော့ မင်းရဲ့ အခုလက်ရှိအားနဲ့ဆိုရင် မင်းကိုဘယ်သူမှ သံသယဝင်မှာမဟုတ်ဘူး”
မိုရှားသည် ပြောပြီးသည်နှင့် ဝိညာဉ်ပုလဲအတွင်းဝင်ကာ ရွှေမြွေအသီးဘေးသို့သွားလိုက်လေသည်။
ဝိညာဉ်လေးသည် ရွှေမြွေအသီးပင်အား ကြီးမားသောပန်းအိုးအတွင်းသို့ စိုက်ပျိုးပြီးနေပြီ။ မြေဆီလွှာပြောင်းသွားရုံသာဖြစ်သဖြင့် ရွှေမြွေအသီးပင်သည် ပျက်ဆီးမှုနည်းပါးသည်။
“ငါ ဒါကို ပန်းအိုးထဲမှာ အထူးတလည်စိုက်ထားမယ်” ဝိညာဉ်လေးသည် မိုရှားဘေးတွင်ပေါ်လာကာပြောလိုက်သည် “အဲဒါအားအင်တိုးစေဖို့ ညမှာ လရဲ့အလင်းရောင်စုပ်ယူဖို့လိုတယ်၊ အဲဒါမှ နောင်ကို သူမလိုချင်တဲ့အခါယူရင် ပိုပြီးအဆင်ပြေမှာ”
“အင်း.. မင်းရဲ့ အကြံမဆိုးဘူး” မိုရှားသည် သဘောတူညီသည့်သဘောဖြင့် ခေါင်းညိတ်ကာ ရွှေမြွေအသီးပင်ဘေးသွားကာ ထိုင်ပြီးမျက်စိမှိတ်ကာ တရားထိုင်နေလိုက်သည်။
ထိုအရာအား ဝိညာဉ်လေးမြင်သောအခါ သူသည် လာတုန်းကရော ပျောက်သွားချိန်မှာပါ စကားမပြောသည်ကို တွေးမိလိုက်သည်။
မိုရှားထွက်သွားပြီးချိန်တွင် ရှိမာယူယူသည် ဝိညာဉ်ပုလဲအတွင်းတွင် ငှက်လေးအားထားမည့်နေရာကို ရွေးချယ်လိုက်သည်။
မိုရှားပြောသည်မှာမှန်သည်၊ တောင်ပံလေးခုငှက်စီးကာ သူမထွက်သွားသည့် သတင်းသည် ဆားမြို့တွင်ပျံ့နှံ့သွားလေသည်။ သူ့အားစီးကာ ပြန်လာခြင်းသည် မလိုအပ်သည့်ပြဿနာများကို ဖိတ်ခေါ်သကဲ့သို့ဖြစ်နေသည်။
သို့သော် သူမအပြန်တွင် သူ မရှိခြင်းအားဟန်ဆောင်သော်လည်း ထူးခြားသည့်အဆင့်မရှိသော ဝိညာဉ်သခင်အား တခြားဘယ်သူကမှ သတိထားမိမည်မဟုတ်ပေ။ သူမသည် အလယ်ပိုင်းဒေသကိုရောက်လာပြီဖြစ်၍ သူမအတွက်အန္တရာယ်မများတော့ပေ။
ဟိန်းသံလေးအားဖက်၍ နားရန် သစ်ရွက်ထူ၍ အုံ့ဆိုင်းသောသစ်ပင်ကြီးအားရွေးချယ်လိုက်သည်။ သစ်လုံးတုတ်သော အကိုင်းအားရွေးချယ်လိုက်ပြီး မှီကာ အိပ်လိုက်လေသည်။
မနက်စောစောတွင် ပထမဆုံးကျရောက်သော နေရောင်သည် သူမမျက်နှာသို့ကျရောက်လာသဖြင့် နိုးလာကာ ခန္ဓာကိုယ်အားလှည့်ပြီး မြေပေါ်သို့ခုန်ဆင်းလိုက်လေသည်။ သူမလက်ခုပ်တီးပြီး ဟိန်းသံလေးအား အပြင်ပိုင်းဒေသသို့ထွက်ရန် ဦးဆောင်သွားစေကာ ခရီးနှင်ခြင်းစတင်တော့သည်။
နေ့တစ်ဝက်လောက်သွားပြီးချိန်တွင် တောင်မှထွက်ခွာလာသော လူတစ်စုနှင့် တွေ့လေသည်။ သူမအား မြင်သော်လည်း မနေ့ကတွေ့ခဲ့သော လူနှင့် မဆက်စပ်မိပေ။ အလယ်ပိုင်းဒေသတွင် တစ်ယောက်တည်းသွားလာနေသည်ကိုပင် အံသြနေကြသည်။
သူတို့၏ စပ်စုသောအကြည့်ကို ရှီမာယူယူလျစ်လျူရှုလိုက်ကာ ထိုလူများ၏ပြောစကားများကိုလည်း စိတ်မဝင်စားပေ။
သူမ အလျင်အမြန်သွားနေစဉ်အတွင်း ရာဟွောင်နှင့် ဆက်သွယ်ကြည့်သောအခါတွင် သူတိ့သည် အဝေးမရောက်သေးပဲ သူမအားစောင့်ကာအတူတကွသွားရန် စီစဉ်ထားသည်ကို သိလိုက်ရသည်။
ဟိန်းသံလေးသည် တစ်ချိန်လုံး ရှီမာယူယူ၏ပခုံးပေါ်တွင် မှီလိုက်လာကာ လမ်းလျှောက်ရန် အားမထုတ်ပေ။ သို့သော် တစ်လမ်းလုံးစကားများလာသဖြင့် ထိုခရီးသည် ဝေးသည်ဟု ရှီမာယူယူမခံစားရပေ။
“သခင် ကယ်ပါဦး”
ရှီမာယူယူသည် ဟိန်းသံလေးနှင့် စနောက်နေချိန်တွင် ရာဟွောင်၏ အကူအညီတောင်းသံကို ရုတ်တရက်ကြားလိုက်ရသည်။
“ရာဟွောင် ဘာဖြစ်တာလဲ” အော်သံအားကြားသည်နှင့် သူမ စိုးရိမ်စွာမေးလိုက်သည်။
“သခင် မြန်မြန်လာ ငါဒီထက် မခံနိုင်တော့ဘူး မင်းမြန်မြန်လာမှရမယ်”
ထိုစကားပြောပြီးနောက်တွင် ရာဟွောင်သည် တိတ်ဆိတ်သွားသည်။ ရှီမာယူယူသည် ခြေလှမ်းအား သွက်လိုက်သည်။ သူနှင့် အဆက်အသွယ်ပြန်ရသည့်အခါမှ ပြန်တည်ငြိမ်နိုင်မည်။
“ဟိန်းသံလေး” ရှီမာယူယူ ချက်ချင်းအော်လိုက်သည်။
“ယူယူ တက်”
ဟိန်းသံလေးသည် ခန္ဓာကိုယ်အား ကြီးလိုက်ကာ ရှီမာယူယူတက်ထိုင်လိုက်ပြီး ပျံသန်းကာ သူမအားခေါ်သွားလေိုက်သည်။
တစ်နာရီခွဲလောက်အကြာတွင် ပျံ့နှံ့လာသော သွေးအနံ့ကြောင့် သူတို့အကွာအဝေးမှာမဝေးတော့ပြီဖြစ်ကြောင်းကို သိလိုက်ရသည်။ လေထဲတွင် ထိုစူးသော အနံ့သည် ပြည့်နှက်နေသည်။
“မဖြစ်တော့ဘူး ယူယူ ငါ့မှာအားမရှိတော့ဘူး” ဟိန်းသံလေး ရုတ်တရက်အော်လိုက်လေသည်။
“ဟိန်းသံလေး မင်းဘာဖြစ်တာလဲ” ဟိန်းသံလေးပုံမှန်မဟုတ်တော့သည်ကို ရှီမာယူယူခံစားရသဖြင့် မေးလိုက်သည်။
“ယူယူ ဒီလေထုက ထူးဆန်းတယ်၊ ငါ့ရဲ့ခန္ဓာကိုယ်က စွမ်းအင်တွေကိုစုတ်ယူလိုက်သလိုပဲ” ဟိန်းသံလေးရပ်တန့်ကာ မျက်လုံးများရီဝေလာသည်။
သူတို့သည် ရာဟွောင်တို့ရှိသည့်နေရာနှင့် မဝေးတော့သည်ကို ရှီမာယူယူခံစားမိသည်။ ထို့အပြင် တိုက်ခိုက်နေသော အသံများကိုပင်ကြားလုဖြစ်နေသည်။ တိုက်ပွဲသည် သူမနှင့် မဝေးသော နေရာတွင် ဖြစ်နေလောက်သည်။
“ဟိန်းသံလေး အရင်သွားနှင့် ကျန်တာငါလုပ်လိုက်မယ်”
ရှီမာယူယူ ဟိန်းသံလေးအား ဝိညာဉ်ပုလဲအတွင်းသို့ထည့်လိုက်ပြီး ဝိညာဉ်လေးအား ဂရုစိုက်ပေးရန်မှာကြားလိုက်သည်။
ရုတ်တရက်ပင် သူမရှေ့တွင်ရှိသော နေရာတွင် ပုန်းနေသည့် အရိပ်များရှိသည်ကို သတိထားမိလိုက်သည်။ ထိုလူများသည် ထိုနေရာတွင် ဘာဖြစ်နေသည်ကို ချောင်းကြည့်နေသည်နှင့်တူသည်။
“ဆရာ အဲလူတွေ ဒီထနောင်းပိုးမြွေ ကိုအချိန်အကြာကြီး တောင့်ခံနိုင်မယ်မထင်ဘူး”
“အခုတော့ သူတို့ကဘေဂုံထန်ကို မှီပြီးတောင့်ခံနေကြတာ၊ သူမကျသွားတာနဲ့ သူတို့လည်းခံနိုင်မှာ မဟုတ်ဘူး”
“ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါတော့ သူတို့သေချာပေါက်သွားပြီပဲ”
“ဟားဟား ဆရာပြောတာမှန်တယ်၊ ထနောင်းပိုးမြွေပိုင်မြေကို သူတို့ကိုမြှားခေါ်လာတာလည်း ဆရာပဲလေ”
ဆရာဟုအခေါ်ခံရသူသည် အေးစက်သော အသက်ရှုသံပြင်းပြင်းပြုလုပ်လိုက်ကာ ပြောသည် “ပြီးခဲ့တဲ့တစ်ခေါက်က ဝံပုလွေအုပ်က သူတို့ကို သတ်နိုင်မယ်လို့ထင်ထားတာ၊ ဒီမှာပြန်တွေ့တာပဲ။ ရှီမာယူယူ ဒီမှာမရှိတာ နှမြောလိုက်တာ မဟုတ်ရင် အကုန်လုံးကိုတစ်ချီတည်းနဲ့ အပြတ်ဖြုတ်လို့ရတယ်”
“သူတို့အားလုံးဒီမှာရှိနေတော့ ရှီမာယူယူလည်း ဒီနားမှာပဲဖြစ်လောက်တယ်၊ သူတို့လေးယောက်ကိုရှင်းပြီးတာနဲ့ အဲအမှိုက်က မင်းရဲ့ လက်ထဲအလိုလိုရောက်လာမှာပါ”
ရှီမာယူယူ သူတို့အား ချဉ်းကပ်သွားကာ သူတို့ပြောသမျှကို ရှင်းရှင်းလင်းလင်းကြားလိုက်ရလေသည်။ သူမစိတ်ထဲတွင် အေးစက်စွာရယ်မိသည်။ ပြီးခဲ့သည့်တစ်ခေါက်က မီးတောက်ဝံပုလွေအုပ်သည် သူတို့လက်ချက်ဖြစ်သည်၊ ဆိုတော့ အဲလူတွေက ပြစ်မှုကျူးလွန်သူတွေပေါ့။
သူမစဉ်းစားလိုက်ရုံနင့်ပင် ကျောက်စိမ်းပုလင်းသည် သူမလက်ထဲတွင်ပေါ်လာသည်။ သူမ အဖုံးဖွင့်ကာ ပုလင်းအား ထိုလူများအကြားသို့ပစ်လိုက်လေသည်။
သူတို့သည် ဘေဂုံထန်အားကြည့်နေစဉ် အသံကြားသဖြင့် ကြည့်ရန် လှည့်လိုက်သောအခါ ရှီမာယူယူသည် သူတို့နှင့်မနီးမဝေးတွင်ရပ်ကာ သူတို့အား အေးစက်စွာကြည့်နေသည်ကို မြင်လိုက်ရသည်။
“ရှီမာယူယူ ဘယ်တုန်းက ငါတို့နောက်ရောက်နေတာလဲ” ထိုလူသည် အံ့သြစွာအော်လိုက်သည်။
ထိုလူ၏ အသံကြားသည်နှင့် ကျန်သူများလည်း နောက်သို့လှည့်ကြည့်လိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ဝံပုလွေအုပ်အား မျှားခေါ်သောတစ်ယောက်ဖြစ်သည်။
“ဆိုတော့ အဲတုန်းကအခြေအေနကိုဖြစ်စေတာမင်းပေါ့” ရှီမာယူယူသည် သူတို့အား သွေးစားသောမျက်လုံးများဖြင့် ဝေ့ကြည့်လိုက်သည်။
သူမသည် အဆိပ်ပြင်းသော အမူအရာဖြင့်သူတို့အား ခြိမ်းခြောက်လိုက်သည်။ အဲဒါ အမှိုက်တစ်စရဲ့ ရောင်ဝါလား။
“ရှီမာယူယူမင်းဘာလိုချင်တာလဲ”
သူမရှေ့တွင်ဖြစ်နေသော တိုက်ပွဲမှအသံများကိုနားထောင်ကာ ဘေဂုံထန်သည် ထနောင်းပိုးမြွေ၏အမြီးဖြင့် ရိုက်ခြင်းခံလိုက်ရသဖြင့် လွင့်သွားသည်ကိုတွေ့လိုက်ရသည်။ သူမစိုးရိမ်ပူပန်လာကာ ပြောလိုက်သည် “ငါဘာလုပ်ချင်လဲဆိုတာ ခဏနေမင်းတို့သိမှာပါ”
“သူတို့ကို ကယ်ဖို့တွေးနေတုန်းလား” ဆရာသည် ရှီမာယူယူအားကြည့်လိုက်သည် “အစတုန်းက မင်းကိုတိတ်တဆိတ်သတ်မလို့ပဲ ဒါပေမယ့် ငါတို့ကိုသိသွားမှတော့ မင်းကို ငရဲဝကိုတိုက်ရိုက် ပို့ဆောင်ပေးရတော့မှာပဲပေါ့”
“အဲဒါက မင်းအရည်အချင်းရှိမရှိပေါ်မှာ မူတည်တယ်” ရှီမာယူယူစကားပြောပြီးနောက် သူတို့အားကျော်ဖြတ်ကာ ရှေ့တွင်ရှိသော နေရာလွတ်သို့ရောက်လာသည်။
သူတို့သည် သူမအားတိုက်ခိုက်ချင်သော်လည်း မသိလိုက်ချိန်မှာပင် လှုပ်ရှား၍မရတော့ပေ။
ဘေဂုံထန်သည် ထနောင်းပိုးမြွေ၏အမြီးရိုက်ချက်ဖြင့် ပြင်းထန်စွာလွင့်သွားကာ မြေပေါ်သို့ကျချိန်တွင် ဖုန်များထသွားတော့သည်။
“ဖူး…..”
သူမလည်ချောင်းမှ ချိုသောအရသာတက်လာကာ သွေးများပါးစပ်အပြည့်အန်ထွက်လာတော့သည်။ မြေပေါ်တွင် ပျံ့ကုန်သဖြင့် သွေးများသည် ဖုန်များဖြင့် ရောသွားတော့သည်။
“ဘေဂုံ မြန်မြန်ပြေး၊ ဘာမှဂရုမစိုက်နဲ့တော့” ဝေကျိရွှီသည် မြေပေါ်တွင်လဲနေပြီး ဘေဂုံထန်အားအော်လိုက်လေသည်။
ဘေဂုံထန်သည် အကြိမ်များစွာကြိုးစားသော်လည်း ကျရှုံးပြီးမြေပေါ်တွင် လဲကျသည်ကို တွေးနေသည်။ လက်တစ်ဖက်သည် မြေပေါ်ထောက်ကာ ကျန်တစ်ဖက်သည် သူမရင်ဘတ်အားဖိကာ သူမမျက်နှာသည် ဖြူဖတ်ကာ ရှေ့တွင်ရှိသော ထနောင်းပိုးမြွေအားစိုက်ကြည့်လိုက်သည်။ သူမအားပျော့စွာပြောလိုက်သည် “ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ကအဖွဲ့ဆိုပြီး မင်းပြောကတည်းကိုက မင်းကိုပစ်ထားစရာအကြောင်းမရှိဘူး ပြီးတော့ မင်းကိုလည်းဂရုမစိုက်ဘူး”
“မင်းကဦးနှောက်မရှိတာပဲ အဲလိုသနားစရာလူကို ငါမကြိုက်ဘူး” ထိုထနောင်းပိုးမြွေသည် အမြီးရမ်းကာ ဘေဂုံထန်ဆီသို့ရွယ်လိုက်သည် “လူတစ်ယောက်က ငါ့ကိုအကြာကြီးတောင့်မခံနိုင်ဘူး၊ မင်းကိုအခုပဲငရဲကိုပို့ပေးလိုက်မယ်၊ နားတော့၊ ငါ့ရဲ့အမြီးတစ်ချက်နဲ့ မင်းမနာမကျင်ပဲသေသွားစေရမယ်”
ထိုသို့ပြောပြီးနောက် မြွေ၏အမြီးသည် ကောင်းကင်သို့ပျံသွားကာ ပစ်မှတ်ဖြစ်သော ဘေဂုံထန်၏ ခန္ဓာကိုယ်အား ရွယ်လိုက်လေသည်….