Switch Mode

အပိုင်း(၈၇)-အဆုံးသတ်သို့ရောက်လာသော ဖျော်ဖြေပွဲ

ထိုနေရာမှလာသော အားပြင်းသည့်လေနှင့်အတူပါလာသော အားအင်လှိုင်းကို မိုရှားခံစားမိသည်။ ထို့ကြောင့် ရှီမာယူယူအား အကွာအဝေးဆယ်မီတာအနည်းဆုံးသယ်သွားကာ မျောက်ဝံ၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

“ဟိတ် ငါပြောတယ်မလား မင်းကအားကောင်းတယ်လို့မင်းပဲပြောခဲ့တာမလား၊ အခုဘယ်လိုလုပ် အဲမျောက်ကိုတောင်မနိုင်တာလဲ” မိုရှားပုန်းမည့်နေရာသို့ရောက်သည်နှင့် ရှီမာယူယူမေးလိုက်သည်။

“ငါ့ဝိညာဉ်က မတည်ငြိမ်သေးဘူး၊ အဲဒါကြောင့်ငါ့ရဲ့အားတွေကို မထုတ်နိုင်သေးဘူး” မိုရှားပြောလိုက်သည် “ပြီးတော့ ငါတိုက်ခိုက်ခံရဖို့အဆင်သင့်မဖြစ်သေးဘူး၊ အတိုက်ခိုက်ခံရရင် ငါ့ကို ဒဏ်ရာရသွားစေနိုင်တယ်”

“ကောင်းပြီလေ ငါတို့မနိုင်နိုင်တော့လည်း လွတ်အောင်လုပ်ရတာပဲ၊ တခြားသူတွေက ငါ့ဆီကနေလုယူသွားမှ ပြဿနာဖြစ်မှာ”

သူမပြောပြီးသည်နှင့် ဝိညာဉ်ပုလဲအတွင်းမှ ငှက်လေးအားရှီမာယူယူခေါ်လိုက်သည်။ သူသည် ချက်ချင်းပေါ်လာကာ သူမခန္ဓာကိုယ်အား မလိုက်ကာကျောပေါ်သို့တင်လေသည်။

“မျောက်လေးရေ… ငါဒီနေ့မင်းနဲ့ မဆော့သေးဘူး” ရှီမာယူယူသည်  မျောက်ဝံအားမျှော်ကြည့်လိုက်ပြီး အောက်ကိုပြန်ကြည့်လိုက်သည်။ သူမသည် ဒေါသများ နာကျည်းမှုများနှင့်ပြည့်နှက်နေသည်များကို မြင်တွေ့လိုက်ရကာ မလိုလားမှုများကိုလည်းခံစားလိုက်ရသည်။ နှစ်ပေါင်းထောင်ချီကာကွယ်ခဲ့ရသော အဖိုးတန်ပစ္စည်းသည် အမြစ်မှဆွဲနှုတ်ခံလိုက်ရသဖြင့် ထိုသို့ဖြစ်ရခြင်းမှာ မလွန်ပေ။

သူမ စက္ကန့်အနည်းငယ်အတွင်း စိတ်ဆုံးဖြတ်လိုက်ကာ ရွှေမြွေအသီးကို ယူပြီး မျောက်ဝံဆီသို့ပစ်ပေး၍ ပြောလိုက်သည် “မျောက်လေး မင်းကအချိန်အကြာကြီးစောင့်ရှောက်ခဲ့တာဆိုတော့ မင်းကိုနည်းနည်းခွဲပေးမယ်”

မျောက်ဝံသည် ရှီမာယူယူပစ်ပေးသော ရွှေမြွေအသီးအားဖမ်းယူကာ စစ်ဆေးလိုက်သည်။ သူခေါင်းပြန်မော့ချိန်တွင်တော့ သူမသည် ငှက်ပေါ်တွင်ထိုင်ကာ ထွက်ခွာသွားလေပြီ။ သူ့စိတ်ထဲတွင် အနည်းငယ်ရှုပ်ထွေးသွားသည်။

အစပိုင်းတွင် ရွှေမြွေအသီးအား ရယူရန်မဖြစ်နိုင်တော့ဟု ထင်ထားသည်။ ထိုသူသည် သူ့အားတစ်လုံးပေးခြင်းသည် လုံးဝမျှော်လင့်မထားသောအရာဖြစ်သည်။

သို့သော် ရွှေမြွေအသီးတစ်လုံးထဲအပေါ်တွင် မှီခိုကာ အားအင်တိုးရန် မစဉ်းစားခဲ့ပေ။ ထိုအသီးတစ်လုံးသည် သူ့ခန္ဓာကိုယ်မှ သွေးကြောများကို တက်ကြွလာစေရုံသာရှိမည်။ ထိုလူသားသည် ရွှေမြွေအသီးအား အကုန်လုံးယူမသွားပဲ မျှော်လင့်ချက်အနည်းငယ်ပေးသွားသည်မှာ တော်သေးသည်။ တစ်နည်းအားဖြင့် သူမကိုယ့်ကိုယ်ဖျက်ဆီးပြီး အဲဒါက သူမကိုဆွဲချလိုက်တာပါပဲ။

ထိုအကြောင်းအားစဉ်းစားလျှင် ရိုးသားသောမျောက်ဝံသည် ရှှီမာယူယူအား ကျေးဇူးတင်မိလေသည်။ သူမ ထိုအကြောင်းသာသိပါက ရူးမိုက်ခြင်းကို အပြစ်တင်မှာသေချာပေမည်။

မျောက်ဝံသည် ရွှေမြွေအသီးအားစားပြီးနောက် ဆန့်ကျင်ဘက်သို့လှည့်ကာ လူများနှင့် ဝိညာဉ်သားရဲများပြည့်နေသော တောင်အားကျောခိုင်းကာထွက်ခွာလေသည်။

လူတိုင်းသည် ရွှေမြွေအသီးအားခိုးသွားသော အဖွဲ့အားထင်ကြေးပေးနေကြတုန်းပင်ဖြစ်သည်။ တောင်ကြားတွင် ရွှေမြွှေအသီး၏ ရောင်ဝါမရှိတော့ပဲ ဝိညာဉ်သားရဲများသည်လည်း ကိုယ်ပိုင်အာရုံရသည့်နေရာသို့ ပြန်လာကြလေသည်။ အဆင့်မြင့်ဝိညာဉ်သားရဲအနည်းငယ်သည် အရင်ဆုံးထွက်သွားကြသည်။

“မိသားစုခေါင်းဆောင် ရွှေမြွှေအသီးကို ဒီလိုပဲလက်လွှတ်လိုက်တော့မှာလား” နာလန်မိသားစု၏ ကိုယ်ရံတော်သည် နာလန်ဟီဘေးသို့ရောက်လာသည်။ သူတို့အိမ်မက်မက်နေကြဆဲဟု နှစ်ယောက်လုံးထင်မိကြသည်။ရွှေမြွေအသီးရယူရန် တခြားသူများနှင့် တိုက်ခိုက်နေဆဲပင် သတိလွတ်ကာ လုယူခံရခြင်းဖြစ်သည်။

“အဲလိုမဟုတ်ရင်ရော၊ အဲလူက စံထားရတဲ့ဝိညာဉ်မဟုတ်ရင်တောင် အနည်းဆုံးတော့ ဝိညာဉ်ဧကရာဇ်အဆင့်ရှိလောက်တယ်၊ စံထားလောက်တဲ့ဝိညာဉ်အဆင့်ရောက်ဖို့ သူမအားကို လျှို့ဝှက်နည်းလမ်းသုံးထားတာပဲဖြစ်မယ်၊ ဒီလိုလူမျိုးမှာ သူမဘက်မှာ ပျံနိုင်တဲ့ဝိညာဉ်သားရဲရှိတယ်၊ သူမဆီကနေမင်းလုယူချင်တာလား” သူ့ခရီးစဉ်အလဟသတ်ဖြစ်သွားသည်ကို နာလန်ဟီတွေးကာ စိတ်ထဲမှ ဒေါသများဟုန်းဟုန်းတောက်ကာ စံအိမ်တော်ကိုယ်ရံတော်အား ဒေါသများပုံချလေသည်။

“နိမ့်ကျတဲ့သူက မလုပ်ရဲပါဘူး” ကိုယ်ရံတော်သည် ချက်ချင်းလက်အုပ်ချီကာ ပြောလိုက်သည်။

“သွားပြီး အထုတ်ပြင်တော့ သွားကြမယ်”

“ဟုတ်ကဲ့ပါ မိသားစုခေါင်းဆောင်”

တခြားသူများလည်း တောင်ထိပ်မှထွက်ခွာသွားချိန်တွင် နာလန်မျိုးနွယ်၏ လူများလည်း ထွက်သွားရင်လျင်မြန်စွာပြင်ဆင်တော့သည်။ တစ်ညလုံးခရီးနှင်ခြင်းသည် မလုံခြုံနိုင်သော်လည်း ဒီမှာနေခြင်းသည် အောက်မှသားရဲများသည် ဒေါသထွက်နေခြင်းကြောင့်ပိုအန္တရာယ်များနိုင်သည်။ သူတို့တိုက်ခိုက်ခြင်းခံရပါက ဒုက္ခရောက်မည်ဖြစ်သည်။

ထွက်မသွားနိုင်သည်မှာ နှစ်ယောက်သာရှိလေသည်။ တစ်ယောက်မှာ ရှီမာလိုင်ဖြစ်၍ နောက်တစ်ယောက်မှာ ရှင်းဝူရာဖြစ်သည်။

ရှီမာလိုင်သည် တောင်ထိပ်တွင်ရပ်ကာ ရှီမာယူယူထွက်သွားသော ဘက်သို့ကြည့်နေသည်။ ထိုလူ၏ အရိပ်သည် ရင်းနှီးသလို သူခံစားရသည် သို့သော် ဘယ်နေရာတွင်မြင်ခဲ့ရခြင်းကို စဉ်းစား၍မရပေ။ သူအချိန်အတော်ကြာစဉ်းစားသော်လည်း ထိုသူသည် ငယ်ရွယ်စဉ်ကတည်းက မွေးစားခဲ့သော မြေးမဖြစ်သည်ကိုတော့ စဉ်းစားမိမည်မဟုတ်ပေ။

သို့သော် ထိုသူသည် ရှီမာယူယူဖြစ်ကြောင်းကို ရှင်းဝူရာမှတ်မိလိုက်သည်။ သူတောင်ပံလေးခုငှက်ကို စမြင်လိုက်သောအခါ တိုက်ဆိုင်မှုအရ ရွှေမြွေအသီးအားယူသွားသောသူတွင် တောင်ပံလေးခုငှက်ပိုင်ဆိုင်သောသူဟု ထင်လိုက်မိသည်။ သို့သော် တောင်ပံလေးခုငှက်၏ခေါင်းပေါ်တွင်ထိုင်နေသော အဖြူရောင်အစက်လေးသည် ဟိန်းသံလေးဖြစ်သည်ကို သတိပြုမိချိန်တွင်တော့ ထိုသူသည် ရှီမာယူယူဖြစ်ကြောင်းပိုသေချာသွားသည်။

သို့သော် ထိုသတင်းကိုထုတ်ဖော်ရန် အစီအစဉ်မရှိပေ။ သူ့အသက်အားကယ်ခဲ့သော ရှီမာယူယူအား အကြွေးဆပ်သည်ဟုပင် မှတ်ယူလိုက်ရသည်။ သူ့အဖေမှ သူ့အားခေါ်သည်ကိုကြားသည်နှင့် သူတို့နှင့်အတူထွက်ခွာသွားတော့သည်။

တစ်ဖက်တွင် ရှီမာလိုင်သည်လည်း ဟိန်းသံလေးကိုမြင်လိုက်သည်။ သို့သော် တောင်ပံလေးခုငှက်အားမြင်ဖူးခြင်းမရှိသဖြင့် ထိုအရာအား ငှက်နဖူးမှ အဖြူရောင်ငှက်မွေးဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။ ထို့ကြောင့် ရှီမာယူယူအား မှတ်မိရန်အခွင့်အရေးလွတ်သွားလေသည်။

“စစ်သူကြီး အဲလူက…… အခုတော့ သူမကို ကျွန်တော်တို့နိုင်ဖို့မဖြစ်နိုင်ဘူး” စံအိမ်တော် ကိုယ်ရံတော်မှ ရှီမာလိုင်ဘေးလာကာ ရှီမာယူယူထွက်သွားသော ဘက်သို့ကြည့်နေသည်ကိုတွေ့လိုက်ရသဖြင့် ရှီမာလိုက်လက်မလျော့သေးဘူးဟု ထင်လိုက်သည်။

“ငါသိတယ်” ရှီမာလိုင်ပြောလိုက်သည် “အကုန်လုံးအထုတ်ပြင်လိုက်တော့ သွားရအောင်”

“ဟုတ်ကဲ့ပါ စစ်သူကြီး”

လျင်မြန်စွာပင် ဆူညံနေသော တောင်ကြားသည် တိတ်ဆိတ်သွားလေသည်။ တိုက်ပွဲတွင်ကျသွားသော ဝိညာဉ်သားရဲများ၏ အသေကောင်များသာ ကျန်ခဲ့သည်…..

ထွက်သွားသောလူများသည် တိရစ္ဆာန်အသေကောင်များကို ရယူရန်စိတ်ကူးမရှိသောကြောင့်မဟုတ်ပေ။ သို့သော် လူသားများသည် အသေကောင်များအား ယူသွားချိန်တွင်တော့ ဝိညာဉ်သားရဲများသည် လူသားများအားအမြဲတစေ မုန်းတီးခဲ့သည်။ သူတို့ကိုယ်ပိုင်မဟုတ်ပဲနှင့် ထိုအခြေအနေတွင် ခွင့်ပြုချက်မယူပဲ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဝိညာဉ်သားရဲများသည် များပြားလှသဖြင့် လူများပြန်လာယူသည့်တိုင်အောင် ကျန်ရှိနေဆဲပင်ဖြစ်သည်။

ရှီမာယူယူသည် ငှက်လေးအားစီးကာ အပြင်ပိုင်းဒေသသို့ထွက်ခဲ့လေသည်။ ငှက်ပေါ်တွင်ထိုင်ကာ အောက်ငုံ့ကြည့်သောအခါ လရောင်အောင်မှာပူလွောင်တောင်တန်း၏ ရှုခင်းသည် မဆိုးလှပေ။

တောင်ကြားမှ အနည်းငယ်ကွာဝေးသောနေရာရောက်သောအခါ မိုရှားသည် အားအင်များပြန်ယူကာ ပြောလိုက်သည် “ငါပြန်တော့မယ်၊ ငါ့ဝိညာဉ်က တစ်ချိန်လုံးအဆင်မပြေနေဘူး ပြီးတော့ ငါဒဏ်ရတောင်ရလိုက်သေးတယ်၊ နောက်ကို ငါဘယ်တော့မှ မင်းကို ငါ့စွမ်းအားတွေပေးမသုံးတော့ဘူး”

အားနည်းနေသော မိုရှား၏အသံအားကြားသည်နှင့် ရှီမာယူယူစိုးရိမ်စွာမေးလိုက်သည် “မင်းဘယ်လိုနေလဲ အရမ်းဆိုးလား”

“ဘာမှမဟုတ်ပါဘူး၊ ရွှေမြွေအသီးကထွက်တဲ့အငွေ့ကို ရှုလိုက်ရလို့ပါ အဆင်ပြေသွားမှာပါ” မိုရှားပြောလိုက်သည် “နောက်တစ်ခါ ငါထွက်လာရင် ဒီလိုအခြေအနေမျိုးမဖြစ်ပါစေနဲ့”

“မင်းရွှေမြွေအသီးကိုစားချင်လို့လား” ရှီမာယူယူမေးလိုက်သည်။

“မလိုပါဘူး ဘယ်လိုပဲဖြစ်ဖြစ် ငါစားလို့မရဘူး၊ ငါ့လက်ရှိဝိညာဉ်က ရွှေမြွေအသီးကထွက်လာတဲ့ စွမ်းအင်ကို လက်ခံနိုင်စွမ်းမရှိဘူး” မိုရှားပြောလိုက်သည် “ငါ့ကို မင်းမြန်မြန်သက်သာစေချင်ရင် အဲနည်းလမ်းအပြင်မရှိဘူး”

“ဘာနည်းလမ်းလဲ”

“အဂ္ဂိရတ်ပညာ” မိုရှားပြောသည် “မင်းဆေးဖော်နိုင်တာနဲ့ ဝိညာဉ်ကိုအထောက်အကူဖြစ်လိမ့်မယ်၊ အဲကျမှ ငါမြန်မြန်သက်သာနိုင်မယ်”

“ဘယ်လိုလုပ်မှ ငါအနက်ရောင်ဆေးကိုဖော်နိုင်မှာလဲ” နည်းလမ်းရှိကြောင်းကို ကြားရချိန်တွင်တော့ ရှီမာယူယူ စိတ်လှုပ်ရှားမိသည်။ သို့သော် အနက်ရောင်ဆေးအကြောင်းသူပြောသည်ကို ကြားသည်နှင့် စိတ်ဓာတ်ကျသွားရလေသည်။

“မင်းရဲ့ ခန္ဓာကိုယ်ကိုမေ့သွားပြီလား” မိုရှားပြောလိုက်သည်။

“နတ်ဆိုးအလင်းခန္ဓာကိုယ်ကိုပြောတာလား” ရှီမာယူယူနားမလည်ပေ။ ထိုအရာသည် အနက်ရောင်ဆေးနှင့် ဘာသက်ဆိုင်လို့လဲ။

“နတ်ဆိုးခန္ဓာကိုယ်ရှိတဲ့သူတွေက အနက်ရောင်ဝိညာဉ်ချီကိုပဲ စုပ်ယူလို့ရတာလေ၊ မင်းအနက်ရောင်ဝိညာဉ်ချီရှိတာနဲ့ မင်းဆေးဖော်ရင် အနက်ရောင်ဆေးဖြစ်လာမှာပဲ” မိုရှားရှင်းပြသည်။

“ဟမ်.. ငါကအနက်ရောင်ဝိညာဉ်ချီကို စုပ်ယူနိုင်တယ်ဟုတ်လား” ရှီမာယူယူတအံ့တသြဖြင့်မေးလိုက်သည် “ဒါဆို မင်းအတွက်ဆို ဘယ်အဆင့်ဆေးသုံးရမှာလဲ”

“အနည်းဆုံးတော့ အဆင့်ခြောက်ဖြစ်မှရမယ်” မိုရှားပြောလိုက်သည် “အခုတော့ မင်းက အဆင့်တစ်ဆေးပဲဖော်နိုင်သေးတာ၊ ငါအသုံးပြုလို့ရမယ့်ဆေးဖော်ပေးဖို့ လိုသေးတယ်

ရှီမာယူယူ သူမနှာခေါင်းအားပွတ်ကာ ပြောလိုက်သည် “မင်းထွက်လာတဲ့ ဖုံးထားတဲ့အကြောင်းပြချက်က ငါ့ကိုဆေးဖော်နည်းသင်ပေးဖို့ပဲမလား”

Comment

Leave a Reply

Options

not work with dark mode
Reset