ဘေဂုံထန် ရှီမာယူယူအားကြည့်ကာပြောလိုက်သည် “မင်းကိုယ်တိုင်သွားချင်တာလား”
“မင်းလည်း ဒီအောက်က အခြေအနေကိုမြင်တာပဲ၊ ငါတို့အားလုံးကျသွားရင် ငါတို့ဒီဝိညာဉ်သားရဲတွေရဲ့ ပါးစပ်ထဲက လူတွေလိုဖြစ်သွားမှာ စိုးတယ်” ရှီမာယူယူပြောလိုက်သည် “ဒီနေရာမနေ ဘယ်လိုခိုးထွက်ရမလဲဆိုတာ ငါ့မှာအကြံရှိတယ်၊ ဒါပေမယ့် မင်းကို ခေါ်သွားဖို့နည်းလမ်းမရှိဘူး၊ ဝေကျိ၊ ဝူရန်၊ ဖက်တီး မင်းတို့သုံးယောက်က ပန်းကို ကာကွယ်တဲ့သူဖြစ်ပေး၊ မင်းတို့နာလန်မျိုးနွယ်က လူတွေကိုဆေးမှုန့်တွေဖြူးပြီးရင် ချက်ချင်း ပြန်လှည့်ကြ၊ ငါတို့နှစ်ရက်အတွင်း ဆားမြို့မှာပြန်တွေ့ကြမယ်”
“မင်းကို ဘယ်လိုလုပ်တစ်ယောက်တည်းလွတ်မလဲ” ဘေဂုံထန်သည် ဆေးပုလင်းအားမယူချင်ပေ။
“ငါတို့လုပ်နေတာကို မပြီးသေးဘူးလေ၊ ငါ့အသက်ကိုတော့ နောက်ပြောင်စရာအဖြစ်မထားပါဘူး” ရှီမာယူယူ ဘေဂုံထန်၏ လက်ထဲသို့ဆေးပုလင်း လက်ဆင့်ကမ်းပေးကာပြောလိုက်သည် “ငါ့ကိုယုံကြ ငါရွှေမြွေသီးကို ယူပြီး ပြန်လာမယ်”
သူမပြောပြီးသည်နှင့် ချုံနောက်မှ လျင်မြန်စွာ ပြေးထွက်ကာ တောင်ခြေသို့တဟုန်ထိုးပြေးသွားလေသည်။
“ငါတို့လည်းသွားရအောင်” ဝူရန်ဖေပြောလိုက်သည် “သူက စကားကြီးစကားကျယ်ပြောတဲ့တတ်သူ မဟုတ်ဘူး၊ သူဒီလိုပြောရင် အဲဒါကအမှန်ဖြစ်မှာပါ၊ ငါတို့သွားရင် သူ့ကိုဆွဲချသလိုပဲဖြစ်နေလိမ့်မယ်”
ဝေကျိရွှီ၊ ဖက်တီးကျူနှင့် အဖွဲ့သည် ဝူရန်ဖေ အမှန်ပြောခြင်းဖြစ်သောကြောင့်မငြင်းကြပေ။ သူတို့သည် သက်တူရွယ်တူများကြားတွင် အတော်ဆုံးဟု ခံယူခဲ့ကြသည်၊ တခြားသူအားဆွဲချမည့်သူဖြစ်မည့် တစ်နေ့ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
ရှီမာယူယူတောင်မှ တဟုန်ထိုးပြေးဆင်းသွားကာ ဝိညာဉ်သားရဲအုပ်ကြားတွင် လုံးဝပျောက်သွားသည်ကို ဘေဂုံထန်ကြည့်ရင်းပင် သူမစိတ်ထဲတွင် စိုးရိမ်စိတ်များဝင်လာသည်။
သူမ တခြားသူတစ်ယောက်အတွက် စိုးရိမ်စိတ်မရှိခဲ့တာ ဘယ်လောက်ကြာပြီလဲ”
သူမ ဆေးပုလင်းအား လက်ထဲတွင်ဆုပ်ကိုင်ထားကာ စိုးရိမ်စိတ်ကိုမြိုသိပ်ပြီး ပြောလိုက်သည် “မင်းတို့အားလုံးဒီမှာစောင့်နေ၊ ငါ နာလန်လန်က လူတွေကို ဒါနဲ့သွားဖြူးလိုက်မယ်”
သူမပြောပြီးနောက် ထွက်သွားရန်ပြင်နေဆဲမှာပင် ဝူရန်ဖေမှ တားလိုက်လေသည်။
“ငါတို့အတူတူသွားမယ်”
ဆုံးဖြတ်ထားသော သူ၏အကြည့်အားရှီမာယူယူမြင်သည်နှင့် ခေါင်းညိတ်လိုက်သည်။
“ငါတို့ဒါကို နာလန်ဟီရဲ့ ကိုယ်မှာဖြူးစရာမလိုဘူး၊ နာလန်မျိုးနွယ် စခန်းနေရာမှာ လူတွေသေချာပေါက်ရှိမှာပဲ ငါတို့ဒါကို တဲအထဲမှာ ဖြူးပြီး ပြန်လာကြမယ်” ဝေကျိရွှီပြောလိုက်သည် “အခုဒီမှာ အရမ်းပရမ်းပတာဖြစ်နေကြတယ်၊ ငါတို့စောစောသွားမှဖြစ်မယ်”
“အမ်….သွားရအောင်” “ခဏစောင့်” ဖက်တီးကျူသည် အားလုံးကိုတားလိုက်ကာ သူ့မှော်ဝင်လက်စွပ်မှ မျက်နှာဖုံးလေးခုအားထုတ်ပြီး အားလုံးကို လက်ဆင့်ကမ်းပေးလိုက်လေသည်။ “ငါတို့ရဲ့ သရုပ်မှန်မပေါ်ဖို့ ဒါတပ်ထားတာပိုကောင်းမယ်”
“ဖက်တီး ဒီမျက်နှာဖုံးတွေမင်းမှာဘယ်လိုလုပ်ရှိနေတာလဲ” ဝေကျိရွှီမေးလိုက်သည်။
“ယူယူ ငါ့ကိုပေးတာ” ဖက်တီးကျူ မျက်နှာဖုံးစွပ်ကာ အရင်ဆုံးထွက်သွားလေသည်။
ဝူရန်ဖေနှင့် သူတို့သုံးယောက်သည် စကားမပြောတော့ပဲ မျက်နှာဖုံးစွပ်လိုက်ြုကသည်။ ဒီလိုပြစ်မှုကိုလုပ်ဖို့ ရှီမာယူယူအစောကြီးကတည်းက ဒီလိုပြင်ဆင်ထားတာလား။
“ငါတို့လည်းသွားရအောင်”
မျက်နှာဖုံးတပ်ထားသော သူတို့သုံးယောက်သည် ဖက်တီးကျူနောက်လိုက်ကာ နာလန်မျိုးနွယ်စခန်းသို့ ဦးတည်လိုက်ကြသည်။
နာလန်မျိုးနွယ်စခန်းတွင် လူဘယ်လောက်ကျန်ခဲ့မည်မှန်း သူတို့မသိပေ၊ ဘေဂုံထန်နှင့် ကျန်သူများသည် တဲအထဲတွင် ဆေးမှုန့်များဖြူးကာ ထွက်ခွာလာခဲ့ကြသည်။ တဲတွင်ရှိသော သူတို့အား မည်သူမရှိပေ။
နာလန်လန်သည် အပြင်တွင်ရှိနေကာ အပြင်ဘက်တွင်ဖြစ်နေသော အခြေအနေအားကြည့်နေသော သူမမျက်နှာသည် ဖြူဖတ်ဖြူလျော့ဖြစ်လောက်အောင် ကြောက်လန့်နေပြီး တဲအတွင်းသို့ပြန်ဝင်လာလေသည်။ သူမသည် တုန်လှုပ်ဆဲဖြစ်နေသဖြင့် တဲထဲတွင် ဖျော့တော့သော အနံ့ရှိနေသည်ကို သတိမထားမိလိုက်ပေ။
သူတို့အစီအစဉ်အဆင်ပြေချောမွေ့သွားသည်နှင့် ဝေကျိရွှီနှင့် ကျန်လေးယောက်သည် တောင်၏ ဆန့်ကျင်ဘက်သို့ပြေးထွက်ခဲ့လိုက်ကြသည်။ သူတို့သိပ်မပြေးလိုက်ရပဲ ရာဟွောင်သည်အရှေ့တွင်စောင့်နေသည်ကို တွေ့လိုက်ရသည်။
“မင်းတို့အားလုံးကိုပြန်ခေါ်သွားဖို့ သခင်မှာထားတယ်” ရာဟွောင်သည် ပေါ်ထွက်လာကာ ဝေကျိရွှီနှင့် တခြားသူများကို ပြောလိုက်လေသည်။
အတွင်းပိုင်းဒေသသည် ဖရိုဖရဲဖြစ်ဆဲပင်။ သူတို့သည် ရူးသွပ်သော သူတော်စင်အဆင့်သားရဲအားတွေ့ခဲ့သည်။ ရာဟွောင်သည် ထိုသားရဲများထက်အားကောင်းနိုင်သည်။
ဝေကျိရွှီနှင့် ကျန်သူများသည် မငြင်းတော့ပဲ ရာဟွောင်ကျောပေါ်တို့ တိုက်ရိုက်တက်လိုက်ကြသည်၊ ထို့နောက် အပြင်ပိုင်းဒေသသို့သယ်ကာ ပြေးထွက်ခဲ့လိုက်သည်။
ဘေဂုံထန်သည် ကျောပေါ်တွင်ထိုင်ရင်းနှင့်ပင် ခေါင်းလှည့်ကာ တိုက်ပွဲများဖြစ်နေသော တောင်ကြားအားကြည့်လိုက်သည်နောက်မှ သူမကိုယ်သူမ ထိန်းကာပြန်လည့်လိုက်သည်။
ရှီမာယူယူ ကျောက်တုံးမှထွက်လာသည်နှင့် မျက်နှာဖုံးထုတ်ကာ စွပ်လိုက်ပြီး တောင်ခြေသို့ပြေးသွားလိုက်သည်။
သူမ ဝိညာဉ်မစ္ဆာအုပ်ကြားသို့ဝင်သည့်အခိုင်အတန့်တွင် သူမရောင်ဝါသည် မမျှော်လင့်ပဲ ပြောင်းသွားလေသည်။ သူမတစ်ကိုယ်လုံး ရုတ်တရက်ပျောက်သွားသကဲ့သို့ပင်။ သူမ ဖြတ်လျှောက်လာခဲ့သော လူများနှင့် ဝိညာဉ်များသည် သူမအား သတိမထားမိကြပေ။ နောက်ဆုံးတွင် သူမ ဝိညာဉ်သားရဲအုပ်အားလျင်မြန်စွာ ဖြတ်သန်းလာကာ တောင်ခြေသို့ရောက်လာပြီး ကမ်းပါးသို့တွယ်တက်ပြီး တစ်ချက်ခုန်ရုံနှင့်ပင် ရွှေမြွှေသီးဘေးသို့ရောက်သွားလေသည်။
“ဝါး…. ဒီလိုပျံတဲ့အတွေ့အကြုံမျိုးကို ငါရလိမ့်မယ်လို့ထင်တောင်မထင်ထားဘူး” သူမ ဆင်းသက်လိုက်သည်နှင့် ရှီမာယူယူ မိုရှားအား သက်ပြင်းချလိုက်သည်။
မိုရှားသည် သူမအား ပြန်မဖြေသော်လည်း ပြောလိုက်သည် “မင်း ရွှေမြွေအသီးနားမှာဆိုရင် မင်းရဲ့ ကိုယ်က အားအင်တွေက ပျောက်သွားလိမ့်မယ်၊ အဲအချိန်ကျရင် ရွှေမြွေအသီးခူးဖို့ မင်းအပေါ်မှာပဲမူတည်လိမ့်မယ်၊ ပြီးတော့ မင်းမြန်မြန်လုပ်ရလိမ့်မယ်၊ ဒါမှမဟုတ်ရင် လူဒါမှမဟုတ် အောက်က ဝိညာဉ်သားရဲတွေက သတိထားမိရင် ဖြစ်လာမယ့်အကျိုးဆက်ကို ငါမင်းကိုပြောစရာတောင်မလိုဘူး”
“ငါနားလည်ပါတယ်” ရှီမာယူယူခေါင်းညိတ်လိုက်သည်။
အောက်တွင် အားကြီးသော ဝိညာဉ်သားရဲများစွာရှိသည်။ သူတို့လှုပ်ရှားလိုက်ပါက သူမအားရွှေမြွေအသီးပင်မှ ဆွဲထုတ်သွားခြင်းသည် မသေနိုင်သော်လည်း၊ သေလောက်သည်အထိဖြစ်နိုင်သည်။
“မင်းပြင်ဆင်ပြီးရင် ငါအားကို ပြန်ရုတ်လိုက်တော့မယ်” မိုရှားပြောပြီးသည်နှင့် သူမခန္ဓာကိုယ်တွင် ထည့်ထားသော အားသည် ပျောက်ကွယ်သွားသည်ကို ရှီမာယူယူခံစားလိုက်ရသည်။
ဝိညာဉ်ပုလဲအတွင်းတွင် ပေါင်းပင်များအား တူးထုတ်နေကျဖြစ်သော သံလက်အား သူမထုတ်ယူလိုက်ကာ ရွှေမြွေသီးအပင်ဘေးတွင်ဆောင့်ကြောင့်ထိုင်ကာ ရွှေမြွေသီးအား စတင်တူးတော့သည်။
ထိုရွှေမြွေသီးအပင်သည် စင်တီမီတာ ၅၀မရှိသော်လည်း အမြစ်မှာမသေးလှပေ။ ရွှေမြွေသီးအပင်အား အထိအရှနည်းစေရန် အမြစ်အားလုံးကို ဂရုစိုက်စွာတူးလိုက်သည်။ သူမ ပြီးဆုံးလုဆဲဆဲတွင် ဒေါသထွက်နေသော ဟိန်းသံထွက်ပေါ်လာသည်။
မျောက်ဝံသည် ရွှေမြွှေသီးအား ထိနေသော တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်နေသည်ကို ရှီမာယူယူခံစားလိုက်ရသည်။ အစပိုင်းတွင် အဆင်ပြေသည်ဟုထင်သော်လည်း မရပ်မနားတိုက်ခိုက်သူမှာ ရှီမာလိုင်ဖြစ်သည်ကို သိသည်နှင့် ရှီမာယူယူ အရှိန်မြင့်လိုက်သည်။
ရှီမာလိုင်သည် မျောက်ဝံနှင့် ပွဲအနည်းငယ်တိုက်ပြီးနောက်တွင်တော့ ဆုတ်ခွာရန်ပြင်လိုက်သည်။ သို့သော် မျောက်ဝံသည် သူ့အားလွတ်မြောက်ရန်အခွင့်အရေးမပေးပေ။ မျောက်ဝံထွက်သွားသည်ကို ကြည့်ကာ ရှီမာလိုင် အခွင့်အရေးယူကာ ဘေးချင်းကပ်တောင်သို့ခုန်ကာ ရွှေမြွေသီးအပင်ဘေးလာပြီး လူအများနှင့် ဝိညာဉ်သားရဲများတိုက်ခိုက်မှုကိုရှောင်တိမ်းကာ ယူရမည့်အသီးအားကြည့်ချင်သွားသည်။
တခြားသညူများသည်လည်း ကမ်းပါးတွင်တွဲခိုကာ ရွှေမြွေသီးအပင်ဆီသို့ဦးတည်နေရာမှ ဖြစ်ပေါ်လာသော အခြေအနေကိုသတိထားမိသွားသည်။ တစ်စုံတစ်ယောက်သည် မျက်နှာဖုံးဝတ်ဆင်ကာ သံလက်ကိုင်ကာ ရွှေမြွေသီးအားတူးနေသည်ကို မြင်လိုက်ရသည်။
“အဲဒါဘယ်သူလဲ”
ထိုရက်ပိုင်းအတွင်း ထိုလူအားတွေ့ခဲ့သလားဆိုသည်ကို ဘယ်သူမှစဉ်းစား၍မရပေ။ အနီးကပ် သေချာစစ်ဆေးသော်လည်း ထိုလူ၏ သရုပ်မှန်ကို ထုတ်ဖော်၍မရပေ။
မျောက်ဝံသည် သူမဆီသို့ဦးတည်လာနေသည်ကို ရှီမာယူယူခံစားရသော်လည်း အမြစ်များသည် တူးရန်ကျန်နေသေးသည်။ သူမစိတ်အားတင်းထားကာ ချက်ချင်းပင် ရွှေမြွေသီးအပင်အားနှုတ်ယူလိုက်ကာ ဝိညာဉ်ပုလဲအတွင်းသို့ပစ်လိုက်လေသည်။
ရွှေမြွေသီးအပင်ပျောက်သွားသည်နှင့် မိုရှား၏အားများပြန်ရလာပြီး သူမကိုယ်သို့ထပ်ဝင်လိုက်လေသည်။ သူမပြင်ဆင်ပြီးနောက်တွင် မျောက်ဝံသည်သူဆီသို့တဟုန်ထိုးပြေးလာကာ လေပြင်းဖြင့်မှုတ်လိုက်လေသည်။
“ရှုး” မျောက်ဝံ၏တစ်ချက်မျှမှုတ်လိုက်သော်လည်း ရှီမာယူယူသည် လွင့်သွားကာ သွေးများအန်ထွက်ကာ သူမခန္ဓာကိုယ်သည် လည်သွားပြီး လေထဲတွင်ပျံသန်းသွားတော့သည်။
ထိုအခါမှပင် လူအများသည် ပိန်ပါးသော သူမပုံစံအားရှင်းလင်းစွာမြင်ရသည်။ သို့သော် သူမရောင်ဝါသည် ဖုံးကွယ်၍မရဖြစ်ကာ ခန္ဓာကိုယ်မှထွက်ပေါ်လာလေသည်။
“ဝိညာဉ်၊ လုံးဝပြီးပြည့်စုံတဲ့ ဝိညာဉ်လား” ရှီမာလိုင်သည် မသေချာစွာပြောလိုက်သည်။
“ဆရာ ကျွန်တော်တို့တိုင်းပြည်မှာ စံတင်လောက်တဲ့ဝိညာဉ်ကဘယ်တုန်းကပေါ်ခဲ့တာလဲ”
“အဲဒါ စံတင်လောက်တဲ့ဝိညာဉ်အစစ်တော့မဟုတ်ဘူး၊ သူမရဲ့ ရောင်ဝါက အပေါ်ယံပဲ သူမကိုယ်ပိုင်အားမဟုတ်တာ သိသာနေတယ်”
“……”
“အတင့်ရဲလိုက်တဲ့ လူသား မင်းကငါ့ရဲ့ရွှေမြွေအသီးကိုခိုးရဲတယ်” ရွှေမြွေသီးအပင်အမြစ်မှအနှုတ်ခံရသည်ကို မျောက်ဝံတွေ့သည်နှင့် ဒေါသထွက်လို့နေသည်။ ထို့အပြင် သူမသည် သူ၏ လက်ချက်မိသွားသော်လည်း မသေခြင်းသည် သူ့အတွက် ပို၍ဒေါသထွက်စရာဖြစ်ခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ရုတ်တရက်ကြီးထွားလာကာ ရှီမာယူယူအား ထပ်မံတိုက်ခိုက်လေသည်။