ရှီမာယူယူနှာခေါင်းအားပွတ်လိုက်ကာ သူမကိုယ်တိုင်ပင် မယုံကြည်နိုင်လောက်သော စကားကိုပြောလိုက်သည်။
“အဟွတ်အဟွတ်၊ ငါက ဒီလောက်ဖြူစင်ပြီးရိုးသားတာ၊ ဘယ်လိုလုပ်အဲလိုလုပ်ရဲမှာလဲ”
ဟိန်းသံလေးနှင့် တခြားသူများသည် ဝိညာဉ်ပုလဲအတွင်းရှိနေကြသည်။ ရှီမာယူယူပြောသည်ကို သူတို့ကြားသောအခါ မျက်လုံးများပြူးသွားကြသည်။
ဝေကျိရွှီနှင့် ကျန်သူများသည် ရှီမာယူယူအား ကြည့်လိုက်ရာ သူကိုယ်တိုင်ရော တခြားသူများကိုပါ လိမ်နေသည်ကို တွေ့လိုက်ရသည်။ သူ၏အင်အားအစစ်အမှန်ကို မသိခဲ့ပါက သူတို့ယုံနိုင်ချေရှိသည်။ သို့သော် ပူလွောင်တောင်တန်းတွင်နေစဉ်တစ်လျှောက်လုံး သူသည် သူတို့ထက်အားနည်းမည်မဟုတ်ပဲ သူတို့ထက်ပင် အားကောင်းနိုင်ချေရှိကြောင်း သိကြသည်။ ထိုစကားသည် ပြောသူကိုယ်တိုင်ပင် ယုံကြည်ရခက်သလိုပင် ကြားရသူများအဖို့ ပို၍ပင်ယုံကြည်ရခက်နေသည်။
“မင်းလုပ်တာဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ၊ နာလန်လန်နဲ့ တခြားတစ်ယောက်ပြောတာကြားတာတော့ သူတို့ ပြဿနာရှာဖို့ မင်းတို့ ရှီမာမျိုးနွယ်ကိုသွားကြမှာပဲ” ဖက်တီးကျူ အနည်းငယ်စိုးရိမ်စွာပြောလိုက်သည်။
ရှီမာမျိုးနွယ်နှင့် နာလန်မျိုးနွယ်ကြား ဘာပဲဖြစ်ဖြစ် သူဂရုမစိုက်ခဲ့ပါ၊ သို့သော် အခုတော့ ရှီမာယူယူအား ညီအစ်ကိုလိုသဘောထားသဖြင့် သူ့အစားဝန်လေးနေမိသည်။
“ပြီးခဲ့တဲ့တစ်ခေါက်က မင်းကြောင့် နာလန်လန် ကျောင်းထုတ်ခံရလို့ နာလန်မျိုးနွယ်က မင်းကို အညှိုးထားပြီး အမြဲစောင့်ကြည့်နေတာ၊ ဒီလအတွင်းကို မင်းတို့မျိုးနွယ်ကိုဖိအားတွေပေးနေတယ်လို့ကြားတယ်၊ စစ်သူကြီးရှီမာက သူ့တပ်ရှိနေတော့ သွားမထိလောက်ဘူး ငါထင်တာတော့ မင်းကို တိုက်ရိုက်ရန်ရှာမယ်ထင်တယ်” ဝေကျိရွှီပြောလိုက်သည် “နာလန်ရွှီက တုံးပြီးညံ့ပေမယ့် နာလန်ဟီမျက်လုံးထဲတော့ သူကချစ်စရာသားပဲ၊ မင်းကသတ်လိုက်တယ်ဆိုတာ သူသိသွားရင် ပိုပြီး ဒေါသထွက်သွားလိမ့်မယ်”
ဝေကျိရွှီပြောသော နာလန်ရွှီအား သူမသတ်သည်ဆိုသည့်အကြောင်းကို သူမငြင်းချက်မထုတ်တော့ပါ၊ သူ၏ စိုးရိမ်ပူပန်မှုကိုသာ တွေးတောနေလိုက်သည်။
“သူက အဘိုးကိုသွားပြီးပြဿနာရှာမယ်ဆိုရင် ဒီသတ်ဖြတ်မှု အကြောင်းအရင်းကို ငါတို့ဘာလို့ မဖော်ထုတ်ရမှာလဲ”
ရှီမာယူယူ တုံ့ဆိုင်းမှုမရှိပဲပြောသည်ကို ကြားသည်နှင့် အားလုံးသည် တုန်လှုပ်သွားလေသည်။
“ကျွတ် ကျွတ် မင်းပြောတော့ မင်းကဖြူစင်ရိုးသားတယ်ဆို အခုတော့ ဒီလိုစကားမျိုးကို အလွယ်တကူပြောထွက်တယ်” ဖက်တီးကျူသည် သူမ သရုပ်မှန်ကို ဖော်ထုတ်လိုက်သည်။
ရှီမာယူယူ မျက်လုံးဝေ့ကာ သူ့အားကြည့်ပြီးမှ ပြောလိုက်သည် “ငါ့ရဲ့ ဖြူစင်ရိုးသားမှုက ငါလက်ခံရမယ့် အပြုအမူပေါ်မှာမူတည်တယ်၊ နဂါးတစ်ကောင်က သူ့ရဲ့ကြေးခွံကို ထိရင်ဒေါသထွက်သလိုပဲ လူတိုင်းမှာ သွားရှုပ်လို့မရတဲ့ ကန့်သတ်နေရာဆိုတာရှိတယ်၊ ငါ့မိသားစုကို လာရှုပ်လို့ကတော့ ငါရှီမာယူယူက လုံးဝအလွတ်ပေးမှာမဟုတ်ဘူး”
သူတို့လေးယောက်သည် ရှီမာယူယူပြောသည့်စကားများကြောင့် စိတ်လှုပ်ရှားသွားကြသည်။ နဂါးတစ်ကောင်မှာ ထိလို့မရတဲ့ကြေးခွံရှိသကဲ့သို့ သူတို့သည်လည်း တူညီစွာပင်မဟုတ်လား။
ဟိန်းသံထွက်ပေါ်လာသည်….
တောင်ကြားလမ်းမှထွက်ပေါ်လာသော ဒေါသထွက်နေသော ဟိန်းသံတစ်သံသည် တောင်ပေါ်တွင် ရွှေမြွေသီးမှည့်သည်ကို စောင့်နေကြသော လူတိုင်းကို ကြောက်ရွံသွားစေသည်။
“ဘာဖြစ်တာလဲ”
“မသိဘူး၊ ဘာလို့အံ့ဖွယ်အဆင့် သားရဲက ဒေါသထွက်နေရတာလဲ”
“ကြည့်ရတာ ရွှေမြွေသီးမှည့်တော့မယ်ထင်တယ်”
“အဲဒါ ဝိညာဉ်သားရဲပဲ ဘုရားရေ၊ အဲဒါအဆင့်ကိုး သူတော်စင် သားရဲပဲ”
“သူတို့တိုက်ခိုက်နေကြတာပဲ”
“…..”
ရှီမာယူယူနှင့် ကျန်သူများသည် ထပြီး ကျောက်တုံးပေါ်တွင်လဲကာ တောင်ကြားလမ်းသို့ မျက်နှာမူကြည့်လိုက်သည်။ ဝိညာဉ်သားရဲနှစ်ကောင်သည် တိုက်ခိုက်နေကာ အနီးတွင်ရှိသော တခြားဝိညာဉ်သားရဲများလည်း ပါလာကြသည်မှာ ကြောက်စရာကောင်းလှသည်။
“အဲဒီသူတော်စင် သားရဲက တကယ်အားကောင်းတယ်၊ အံ့ဖွယ်အဆင့် သားရဲနဲ့တောင် တိုက်ခိုက်နိုင်တယ်” ဖက်တီးကျူသည် အံ့သြစွာဖြင့် စုပ်သပ်လိုက်ကာ အောက်တွင်ရှိသော တိုက်ပွဲအား ကြည့်နေလိုက်သည်။
“အဲဒါဘာလို့လဲဆိုတော့ သူ့ရဲ့ သွေးကြော သူတော်စင်သားရဲတွေထက် နည်းနည်းမြင့်လို့ပဲ” ဝေကျိရွှီပြောလိုက်သည် “အဲလိုသွေးကြောရှိတဲ့ ဝိညာဉ်သားရဲက သူ့ထက်အဆင့်မြင့်တဲ့သားရဲဆီက လာတဲ့ဖိအားကို မမှုဘူး၊ ဒါပေမယ့် တိုက်ပွဲမှာ နိုင်လား မနိုင်လားဆိုတာတော့ သူတို့ ကိုယ်ပိုင်အားပေါ်မှာပဲမူတည်လိမ့်မယ်”
“အဲဒီ အဆင့်မြင့်သားရဲက သူ့အားတွေကိုဖုံးကွယ်ထားတာ သူတော်စင်သားရဲရှုံးမှာပဲ” ဘေဂုံထန်ပြောလိုက်သည်။
ဘေဂုံထန်ဘယ်လိုသိသလဲဆိုတော့ သူတို့မသိပါ၊ သို့သော် သူမပြောပြီးသည်နှင့် ထိုသူတော်စင်သားရဲသည် မြေပေါ်တွင် အရိုက်ခံနေရတော့သည်။ အသက်ရှုသည်မှာ ဖြေးဖြေးသာရှုနိုင်တော့သည်။
“အဲဒီ မျောက်ဝံက တကယ်တော့ အံ့ဖွယ်အဆင့် နှစ်အထိတောင်ရောက်ပြီးပြီ”
ကြည့်နေသောလူများသည် ဝိညာဉ်သားရဲအား ရှုံးအောင်လုပ်နိုင်သော အားကိုအံ့သြစွာကြည့်နေကြသည်။
“စစ်သူကြီး၊ အဲဒီမျောက်ဝံက အံ့ဖွယ်အဆင့်နှစ်ဆိုတာထင်တောင်မထင်ထားဘူး၊ အခုရွှေမြွေသီးကို ရအောင်ယူဖို့က အဆပေါင်းများစွာပိုခက်သွားသလိုပဲ”
အမှန်တကယ်တော့ အဆင့်တစ်အံဖွယ်သားရဲ၏အားသည် အဆင့်နှစ်ဝိညာဉ်ဧကရာဇ်နှင့် သိပ်မကွာပါ။ လူအနည်းငယ်၏ အကူအညီကိုယူလိုက်လျှင် ထိုရွှေမြွေသီးကိုယူရန် ရှီမာလိုင်အတွက်ဖြစ်နိုင်သေးသည်။ သို့သော် အခုတော့ ထိုမျောက်ဝံသည် အဆင့်နှစ်အံ့ဖွယ်သားရဲအဖြစ်တက်သွားပြီဖြစ်ကာ သူ၏ တိုက်ခိုက်မှုအားသည် အဆင့်လေးဝိညာဉ်ဧကရာတ်နှင့် ညီမျှသွားလေသည်။ ပြောရမည်ဆိုလျှင်သူ့ထက် အဆင့်နှစ်ဆင့်မြင့်နေသည်။ သာလွန်မှုသည် တစ်ခဏအတွင်းပင် မသေချာတော့ပေ။
“ဒီရွှေမြွှေသီးက မက်လောက်စရာဖြစ်တာတော့အမှန်ပဲ ဒါပေမယ့် ဒီမျောက်ဝံကတိတ်တဆိတ်အဆင့်တက်သွားပြီ၊ တပ်ဆုပ်ပြီး တခြားသူရဲ့ အသက်ကို ခေါင်းမာပြီးမရင်းနဲ့တော့” နာလန်မျိုးနွယ်၏ စခန်းသည် သူနှင့် သိပ်မဝေးသည်ကို ရှီမာလိုက်မြင်လိုက်ရသည်။ နာလန်ဟီသည် ဆွေးနွေးမှုပြုလုပ်နေပြီး ဖြစ်လာသည်များအကြောင်းကို ပြောနေကြသည်။
ရှီမာယူယူပုန်းနေသော ကျောက်တုံးသည်ရှီမာမျိုးနွယ်၏ စခန်းချရာနေရနှင့် သိပ်မဝေးပေ။ ရှီမာလိုင်ပြောသည်များကိုကြားသည်နှင့် သူမစိုးရိမ်မှုများ ငြမ်ကျသွားရတော့သည်။ သူမစိုးရိမ်သည်မှာ ရှီမာလိုင်သည် ခေါင်းမာ၍ထိုပစ္စည်းအား တိုက်ခိုက်ယူမည်ကိုဖြစ်သည်။ အခုတော့ သူထိုကဲ့သို့မစဉ်းစားသည်ကို သိရသဖြင့် စိတ်သက်သာရာရသွားသည်။
သို့သော် သူတို့ရွှေမြွေသီးကို လိုချင်နေမှုသည် သူတို့အားကိုမသိသောသူများ၏ လုယူခြင်းကို ခံရမည်ကို သူမ မထင်ထားခဲ့ပေ။
ညသည် ပုံမှန်အတိုင်းရောက်လာခဲ့ပြီး ထိုည၏ လသည်ထူးထူးခြားခြား ပိုတောက်ပခဲ့သည်။ တောင်ကြားတစ်ခုလုံးကို ငွေရောင်စောင်ခြုံထားသည့်အတိုင်း၊ ကောင်းကင်တွင် ကျောက်ပန်းကန်ချိတ်ဆွဲထားသကဲ့သို့ဖြစ်နေသည်။
လူအများစုသည် ရွှေမြွေသီးသည် လရောင်အားစုပ်ယူနေပြီး တဖြည်းဖြည်းရင့်မှည့်လာသည်ကို တွေ့လိုက်ရသည်။ သို့သော် သူမအာရုံမှာ ရွှေမြွှေသီးအပင် ပင်ဖြစ်သည်။
ရွှေမြွေသီးအပင်သည် ဖျော့တော့သောအဖြူရောင်၊ ငွေရောင်ပါးပါးလေးဖျာထွက်နေသည်။ လရောင်အောက်တွင် ထိုအရာအား ဘယ်သူမှဂရုတစိုက်မကြည့်မိကြပေ။
“အဲဒါက ဝိညာဉ်ကို ပြန်ကုစားပေးတဲ့အငွေ့မဟုတ်လား” ရွှေမြွေသီးဘေးတွင်ထိုင်ကာ ရွှေမြွေသီးမှထုတ်လွှတ်သော အငွေ့အား ရှုရိုက်ရန်ကြိုးစားနေသော မျောက်ဝံအား ရှီမာယူယူမြင်လိုက်သည်။ ထိုအရာအားကြည့်ရင်းပင် အဆင့်နှစ်အံ့ဖွယ်သားရဲအား ထိုးဖောက်နေကာ ထိုသားရဲသည် အငွေ့နှင့် သက်ဆိုင်ခြင်းမရှိသည်ကိုတွေ့လိုက်ရသည်။
ညတစ်ဝက်ရောက်လာသောအခါ အားလုံးအိပ်ငိုက်ချိန်တွင် မိုရှားအသံရုတ်တရက်ထွက်လာသည် “ရွှေမြွေသီး မှည့်တော့မယ်”
ရှီမာယူယူသည် ရွှေမြွေသီးအပင်အားကြည့်ရင်းနှင့်ပင် ပြောင်းလဲမှုများရှိလာသည်ကို သူမကိုယ်တိုင် မြင်တွေ့လိုက်ရသည်။ ထိုအသီးခုနှစ်လုံးသည် အဝါရောင်ပြောင်းကာ ရင့်မှည့်ခြင်းသည် ဝိညာဉ်သားရဲများအားလုံးကို ရူးသွပ်သွားစေသည်။
ထိုဝိညာဉ်သားရဲများသည် တွယ်တက်ကာ အသီးအားယူရန်ကြိုးစားကြလေသည်။ သို့သော် အဖြူရောင်အလင်းတန်းလွှမ်းခြုံထားကာ ထိုအရာသည် အားလုံး၏ ထိတွေ့မှုကို တားဆီးထားလေသည်။
“နောက်ဆုံးအဆင့်ကိုမရောက်သေးဘူး” မိုရှားပြောလိုက်သည်။
“ရွှေမြွေသီးမှည့်နေပြီ၊ အားလုံးမြန်မြန်သွားယူကြ” အသံတစ်သံသည် တောင်တစ်နေရာမှထွက်ပေါ်လာကာ အားလုံးအားချက်ချင်းပင် ကစဉ့်ကလျားဖြစ်သွားစေသည်။ သူတို့သည် ဝိညာဉ်သားရဲများစုဝေးနေသည်ကိုပင် လျစ်လျူရှုကာ ရွှေမြွေသီးဆီသို့ ပျံသန်းလိုက်ကြသည်။
ဝိညာဉ်ဘုရင်အဆင့်ရှိသော ဝိညာဉ်သခင်များသည် လေတွင်ပျံနိုင်ကြသည်။ ထိုကျွမ်းကျင်သူများသည် ဝိညာဉ်ဘုရင်အဆင့်ထက်မြင့်သော အားအင်ရှိသောသူများကဲ့သို့ထင်ရသည်။
ပျံသန်းကာ ချောက်ကမ်းပါးသို့တွဲလွဲခိုသော ထိုဝိညာဉ်သခင်များသည် မျောက်ဝံ၏ ရိုက်ချက်ဖြင့် ဖြစ်ပေါ်လာသော လေပြင်းကြောင့် တချို့သူများသည် လွင့်ထွက်သွားကြသည်။ သူတို့သည် မြေပြင်သို့ကျသွားကာ အဘက်ဘက်မှ ဝိညာဉ်သားရဲများ၏ ဝိုင်းခြင်းကိုခံလိုက်ရလေသည်။
သားရဲနှင့် သားရဲ၊ လူနှင့် လူ၊ အားလုံးသည် အချင်းချင်း တိုက်ခိုက်နေကြသည်။ တောင်ကြားတစ်ခုလုံးသည် ဖရိုဖရဲဖြစ်နေကြသည်။
ရှီမာလိုင် မျောက်ဝံဆီသို့ပျံသန်းသွားသည်ကို ရှီမာယူယူမြင်သည်နှင့် ဆေးမှုန့်ပုလင်းထုတ်ကာ ဘေဂုံထန်လက်ထဲသို့ ထည့်လိုက်သည် “ငါ ရွှေမြွေသီးကို သွားယူမယ်၊ နာလန်မျိုးနွယ်လက်ကနေ ကာပေး၊ ငါရွှေမြွေသီးရရင် မင်းကိုမျှပေးမယ်”