Switch Mode

စာစဥ် (၉) အပိုင်း (၁၂၃)

ပါမွှားကောင်

စိတ်ဝိညာဉ်ဝါးမြိုခြင်း မျှော်စင်ထဲ၌ ဇူယွမ်၊ ယောင်ယောင်နှင့် လုလျို တို့သုံးယောက်သည် အမည်းရောင်မြူတွေကြားမှာ လမ်းလျောက်လာသည်။ယောင်ယောင်ကသွားနေရာမှ ရုတ်တရက် ရပ်လိုက်ကာ သူမ၏ နီရဲရဲနှုတ်ခမ်းလေးကို အနည်းငယ်ဟ၍ ပြောလိုက်သည်။

“သူတို့ငါတို့ကို ရှာတွေ့သွားပြီ။ မကြာခင် ငါတို့နဲ့ပတ်သတ်ပြီး သူတို့တစ်ခုခုလုပ်လိမ့်မယ်။”

ဇူယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူ၏မူလချီများက သူ့ပတ်ပတ်လည်မှာ လှုပ်ရှားထကြွလို့လာသည်။တစ်ဖက်မှာလည်း လုလျို၏ ကြီးမားသော မျက်လုံးထဲ၌ အနည်ငယ် တောက်ပလာကာ တိုက်ပွဲဆာလောင်သော စိတ်များထွက်ပေါ်လာ၏။

သူတို့သုံးယောက်က လမ်းလျောက်သည်ကို ရပ်လိုက်သည်။ ခဏတာ တိတ်ဆိတ်ပြီးနောက်မှာတော့ အမည်းရောင်မြူတွေကြားမှ ပုံရိပ်သုံးခုက အကွာအဝေးတစ်ခုမှ သူတို့ရှိသို့ ဖြေးညှင်းစွာ ကပ်လာသည်ကို တွေ့ရ၏။ထိုအုပ်စု၏ ခေါင်းဆောင်မှာ နပျိုသောအသွင်ရှိပြီး သူက ဂူကလန်၏ ခေါင်းဆောင် ဂူချိုးပင် ဖြစ်လေသည်။

ဂူချိုးက နက်မှောင်သော အကြည့်များဖြင့် ယောင်ယောင်ကို မနာလိုမုန်းတီးစွာစူးစိုက်ကြည့်ကာ မှတ်ချက်ပြုသည်။

“ငါတို့ဂူကလန်ရဲ့ ဝိညာဉ်ဝါးမြိုခြင်းမျှော်စင်အကြောင်းကို တစ်စုံတစ်ယောက်က ရှာတွေ့နိုင်စွမ်းရှိလိမ့်မယ်လို့ မမျှော့်လင့်မိဘူး။“ယောင်ယောင်က အေးဆေးတည်ငြိမ်စွာ မေးလိုက်သည်။

“သင်က စိတ်ဝိညာဉ်ခွန်အားတိုးတက်ဖို့ ဒီလိုနည်းလမ်းမျိုးအသုံးပြုနေတဲ့သတင်း ပျံ့နှံ့သွားမှာ မစိုးရိမ်မိ ဘူးလား။”

ဂူချိုး၏ မျက်ခုံးများက မြင့်တက်လာပြီး သူက လည်ချောင်းထဲက ထွက်ပေါ်လာသော အသံဖြင့် ပြောလိုက်သည်။ “ငါတို့ဂူကလန်က ဒီနေရာကို မဝင်ရောက်ခင်ထဲက အန္တရာယ်တွေရှိကြောင်း ကြိုပြောပြီးပြီး။သူတို့ကိုယ်ကျိုးအတွက် ဝင်လာဖို့ရွေးချယ်ကြတာ ဘယ်သူကို အပြစ်တင်ရဦးမှာလဲ။ ဒါ့အပြင် ငါတို့ ဝူကလန်က အကျိုးအကြောင်းမရှိတာ မဟုတ်ဘူး။နှစ်တိုင်း လူအများကြီးကို ဝင်ခွင့်ပြုခဲ့ပြီး ဝိညာဉ်သန့်စင်ခြင်းမြူရဲ့အကျိုးကျေးဇူးကို လည်းရရှိ စေခဲ့တယ်။ လူနည်းနည်းက ပဲသူတို့ရဲ့ဝိညာဉ်တွေကို ယူဆောင်ခြင်းခံရတာလေ။”

လုလျိုက သူမမျက်နှာကိုပြောင်စပ်စပ်လုပ်လိုက်ပြီး ဂူချိုးကို ကြည့်ကာ ကြားဖြတ်ပြောလိုက်သည်။

“ဘလောက်တောင် အရှက်မရှိတာလဲ။”

ယောင်ယောင်ကလည်း ထပ်ပြောလိုက်သည်။

“သင်ပြောတဲ့ အကျိုးကျေးဇူးက ယာယီ ပဲလေ။ သင်ရဲ့ ဝိညာဉ်သန့်စင်ခြင်း မြူတွေက အဆိပ်တွေမသိမသာ စိမ့်ဝင်နေပြီး ဒီအရာတွေကို စုပ်ယူမိတဲ့သူတွေက သူတို့ဝိညာဉ်တွေကို ပျက်စီးစေကာ ပိုမိုမြင့်မားသောအဆင့်တွေအတွက် ကျင့်ကြံရာမှာလည်း အခက်အခဲဖြစ်စေတယ်။

ဂူချိုးက ဟက်ခနဲ ရယ်မောလိုက်၏။

“အနာဂတ်မှာ ကြုံလာမယ့် ထိခိုက်မှုတွေက ငါတို့လက်ထဲမှာမဟုတ်ဘူး။”

ဇူယွမ်က သူတို့ရှိရာသို့ လာနေသော လူသုံးယောက်ကို ကြည့်၍ ဖြည်းညှင်းစွာပြောလိုက်သည်။

“မင်းက ငါတို့ကို ဒီနေရာက ထွက်ခွာလို့မရအောင် အစီအစဉ်သေချာ လုပ်ပြီးပြီ ထင်တယ်။ အဲ့လိုဆိုရင် တခြားအဖွဲ့အစည်းတွေက သိမှာမဟုတ်တော့ဘူး”

ဂူချိုး က ခေါင်းညိမ့်ပြကာ ပြုံးလိုက်သည်… “ လူအနည်းငယ်က ဒီနေရာမှာ သေသွားနိုင်တာ ပုံမှန်ပဲလေ..”

သူက ဆက်မပြောခင်သက်ပြင်းချလိုက်သည်။ တကယ်လို့ “ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် အရမ်းတော်နေတဲ့ မင်းကိုယ်မင်းဘဲ အပြစ်တင်ရမှာဘဲ…”

“စကားကြီးစကားကျယ်နဲ့..” လုလျိုက နှာခေါင်းရှုံကာပြောသည်။

“ဒီလိုယိုယွင်းနေတဲ့ နေရာ ကဘယ်သူကိုမှ ထိန်းမထားနိုင်မှာ ငါစိုးမိတယ်…”

ဂူချိုး ဘေးရှိ အကြီးအကဲတစ်ယောက်က ရက်စက်ယုတ်မာသည့်ပုံစံဖြင့် ရယ်မောလိုက်သည်။

“လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ငါတို့ ဂူကလန်က စိတ်ဝိညာဉ်ဝါးမျိုခြင်းမျှော်စင်ကြောင့် မူလမှော်စာလုံး အရေးအသားမှာ တိုးတက်လာခဲ့ပြီး ငါတို့ရဲ့စွမ်းအင်ကို အဆုံးမရှိဖြည့်ဆည်းပေးတယ်။တခြားနည်းနဲ့ပြောရရင် မင်းတို့က ဒီပိုက်ကွန်ထဲမှာ ပိတ်မိနေပြီး ဖြစ်တဲ့အတွက် ဆုတောင်းရုံဘဲတက်နိုင်လိမ့်မယ်။”

တခြားအကြီးအကဲ တစ်ယောက်က အသံနှိမ့်၍ပြောလိုက်သည်။

“စကားလုံးတွေနဲ့အချိန်ဖြုံးနေစရာမလိုဘူး။ချက်ခြင်း သူတို့ကိုသတ်ကြစို့။”

ဂူချိူးက ခေါင်းညိမ့်လိုက်ကာ ခန္ဓာကိုယ်မှ မူလချီများ အားမာန်ပြင်းစွာ ထွက်ပေါ်လာသည်။ သူ၏ မျက်ခုံးကြားမှ စိတ်ဝိညာဉ်မှာလည်း တောက်ပစွာလင်းလက်လာ၏။သူက မူလချီမှာကော စိတ်ဝိညာဉ်ကျင့်ကြံခြင်းမှာပါ သိသာစွာ အားကောင်းသန်မာသည်။

အခြားအကြီးအကဲနှစ်ယောက်လည်း သူတို့၏မူလချီများကို ထုတ်ဖော်လိုက်၏။ထို့ကြောင့် ဤနေရာက ကြမ်းတမ်းရက်စက်သော အရှိန်အဝါများဖြင့်လွှမ်းခြုံသွားသည်။

ယောင်ယောင်က ထိုမြင်ကွင်းကိုစောင့်ကြည့်ပြီးနောက် ဇူယွမ်ထံသို့ကြည့်ကာပြောလိုက်သည်။

“ငါတို့က သူတို့နဲ့ရင်ဆိုင်ထားလိုက်မယ်… နင်က မျှော်စင် အတွင်းပိုင်းကို ဆက်သွားပြီး ၎င်း၏ ထောက်တိုင် ကိုရှာပါ။ ၎င်းက ဒီမူလမှော်စာလုံးနယ်ပယ်ရဲ့ အလယ်ဗဟိုမှာရှိလိမ့်မယ်။ထောက်တိုင်ကိုဖျက်စီးလိုက်မယ်ဆိုရင်ဒီဝိညာဉ်ဖျက်စီးခြင်းမျှော်စင်ရဲ့စွမ်းအားတွေကို ဆုံးရှုံးသွားလိမ့်မယ်။”

“ဒီနေရာတွင်ရှိနေတဲ့ လူသုံးရောက်က ဂူကလန်ရဲ့ မူလစဦးအဆင့်ကျင့်ကြံသူသုံးယောက်ဖြစ်လိမ့်မယ်… ဒါကြောင့် သည်လို အရေးကြီးသည့် နေရာကို ဂူလန်က စောင့်ကြပ်နေပါလိမ့်မယ်။”

ရုတ်တရက် ဘေးမှာရှိနေသော လုလျိူက သူမ၏ ရွှန်းစိုကြည်လင်သော မျက်လုံးကြီးများဖြင့် ဇူယွမ်ကို သိမ်းကြုံးကြည့်လိုက်မိ၏။ သူမက အပြည့်အစုံမပြောသော်လည်း ဆိုလိုသော အဓိပ္ပာယ်က ရှင်းလင်းပေသည်။ချီစုဆောင်းမှု ထိပ်ဆုံးအဆင့်ရှိ ဇူယွမ်က ဂူလန်၏ ပြိုင်ဘက်မဖြစ်နိုင်ဟု သူမက ထင်မြင်မိ၏။ သို့ရာတွင် ဇူယွမ်က သူမ၏ထိုသို့သော အကြည့်ကို စိတ်ထဲမထားတော့ဘဲ ယောင်ယောင်ထံသို့သာ ပြူံး၍ပြောလိုက်သည်။

“မင်းတို့သေချာဂရုစိုက်ပါ… “

ထို့နောက်မှာတော့ သူက တုန့်ဆိုင်းမှုမရှိဘဲ မျှော်စင်၏ အတွင်းပိုင်းသို့ တဟုန်ထိုးပြေးထွက်သွား၏။

ဂူချိူးတို့သုံးယောက်က ပင်ကိုယ်အားဖြင့် သူ့ကို တားချင်သော်လည်း ထိုကောင်၏ ကျင့်ကြံမှုအဆင့်ကို တွေ့လိုက်ရသောကြောင့် သူတို့ကိုယ်သူတို့ရပ်လိုက်သည်။ ချီစုဆောင်းမှု အဆင့်သာသာရှိသည့် ပါမွှားကောင်လေးက သူတို့၏ အာရုံစိုက်မှုကို မထိုက်တန်ပေ။

ထိုနောက်မှာတော့ ထန်ထန်၏ သေးငယ်သောခန္ဓာကိုယ်လေးက စတင်ကြီးထွားလာသဖြင့် ယောင်ယောင်က သူ့ကို ညင်သာစွာ အောက်ချလိုက်သည်။ နီနီရဲရဲ အလင်းများ တောက်ပလာမှုနှင့်အတူ ထန်ထန်က ကြမ်းကြုတ်ရက်စက်သောသားရဲကောင်ကြီးး အဖြစ်သို့ ပြောင်းလဲသွားသည်။နီနီရဲရဲ အလင်းတန်းမျာက သူ့ခန္ဓာကိုယ် နားမှာလှည့်ပတ်နေကာ သူ၏ကြီးမားလှသောပါးစပ်ကြီးထဲမှ အနက်ရောင်အလင်းများက လျှံထွက်လာ၏။၎င်း၏ ခြေလေးချောင်းမှာလည်း မီးတောက်မီးလျှံများကြားနစ်မြုပ်နေသလို ထင်မိရသည်။

“ထူးဆန်းလွန်းခြင်း၊ စွမ်းအားကြီးမားလွန်းခြင်း။”

ကြမ်းကြုတ်ရက်စက်ပြီး ခြိမ်းခြောက်နိုင်စွမ်းရှိသော ဖိအား များက ထန်ထန်ထံမှ တဖြည်းဖြည်း ပျံနှံ့လာသည်။ထိုသားရဲ၏ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာသောအခါ ဂူချိူးတို့သုံးယောက်၏ ပုံသဏ္ဍန်က အလိုအလျောက်ပြောင်းလဲသွား၏။ အိမ်မွေးတိရစ္ဆာန် သာသာရှိသည် ထိုကောင်လေးက ဤကဲ့သို့သောစွမ်းအားများ ပိုင်ဆိုင်ထားခြင်းက သူတို့ကိုလုံး၀ အံ့အားသင့်စေသည်။

“အမကြီးယောင်ယောင် … ထန်ထန်က တကယ် အံ့သြစရာပဲ။” ဘေးနားမှာရှိသော လုလျိုက ထန်ထန်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ သူမ၏ လိုချင်ဆန္ဒဖြင့် သရည်ယိုနေသည့်အသွင်ကိုကြည့်ခြင်းဖြင့် ထန်ထန်က သူမကို သည်တိုက်ပွဲထက်တောင် ပိုမိုတုန်လှုပ်စေသည်ကို တွေ့ရသည်။

“နှင်းခဲလေး…”

လုလျိုက သူမပုခုံးပေါ်ရှိ အပြာရောင် ရေခဲငှက်ကလေးကို ပုတ်လိုက်၏။ထို့နောက်မှာတော့ စူးရှတောက်ပလွန်းသော အပြာရောင်ရေခဲအလင်းတန်းများက ထွက်ပေါ်လာတော့သည်။၎င်းက ကြီးမားသည့်အပြာရောင်ရေခဲငှက် ကြီးအဖြစ်သို့ ပြောင်းသွားပြီး ဒါဇင်လောက်တောင် မြင့်မားလာခြင်းနှင့်အတူ အဆုံးစွန်သော အေးဆက်သည့်ရေခဲချီများ ကလည်းခုန်ထွက်လို့လာ၏။နှင်းခဲများက ၎င်း၏ကြီးမားသည့်အတောင်ပံ ဝန်းကျင်နားမှာ ဝေ့သီနေကာ ၎င်းက အတောင်ပံခတ်လိုက်သောအခါ အေးစက်စက်လေများက အောက်သို့ဆင်းသက်သွားပြီး မြေပြင်တစ်ခုလုံးအား နှင်းခဲလွှာများဖြင့် ဖုံးစေသည်။

ထိုငှက်ကလည်း မူလစဦးအဆင့်ခွန်အားကို ပိုင်ဆိုင်ပေသည်။ထန်ထန်၏ မျက်လုံးများက သည်ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ငှက်ထံသို့ သိမ်းကြူံးကြည့်လိုက်သည်။

ထိုအခါရေခဲငှက်က ချက်ခြင်း တွန့်ဆုတ်သွားကာ ရေခဲတောင်ပံများကလည်း တုံ့ရီသွားသည်။ ၎င်း၏ ကိုယ်ရောင်ကိုယ်ဝါကို လည်းပြန်လည်ရုတ်သိမ်းလိုက်သည်။

လုလျိုက ထိုအခြင်းအရာကို မြင်သောအခါ နှုတ်ခမ်းစူကာ ပြောလိုက်သည်။

“ ထန်ထန်… နှင်းခဲလေးကို အနိုင်မကျင့်ပါနဲ့။”

“မင်းက ငါတို့ဂူကလန်ကို ရင်ဆိုင်ရဲတာ အံ့သြစရာတော့မရှိပါဘူး။ မင်းတို့မှာ ဒီလို အားထားစရာတွေရှိနေတာကို… ။”

ဂူချိူးက အကြီးအကဲနှစ်ယောက်ဖြင့် အကြည့်ချင်းဖလှယ်၍ အေးဆက်စွာ ရယ်မောလိုက်၏။

သူတို့က ဇူယွမ်ကဲ့သို့ မူလချီသာမက စိတ်ဝိညာဉ်ကိုပါ နှစ်ခုလုံးလေ့ကျင့်ကြခြင်းဖြစ်သည်။

သို့ရာတွင် ဇူယွမ်က စိတ်ဝိညာဉ်သန့်စင်ခြင်းနည်းလမ်းကို အသုံးပြုပြီး လေ့ကျင့်သောကြောင့် သူ၏စိတ်ဝိညာဉ်က အခြေခံခိုင်မာတောင့်တင်းသည်။အခြားတစ်ဖက်မှာတော့ ဂူကလန်သည် စိတ်ဝိညာဉ်ဝါးမြိုခြင်းမျှော်စင်ကို မှီခိုပြီး လေ့ကျင့်ရသည်။ ထိုအတွက် သူတို့က ကျင့်ကြံမှုဖြစ်စဉ်မှာ ပိုမိုမြန်ဆန်သော်လည်း အခြေခံမခိုင်မာပေ။ ပိုပြီးတော့ မြင့်မားသောအရာများကို အောင်မြင်ဖို့ အတွက်လည်းခက်ခဲမှုကို ဖြစ်စေသည်။

“ရှုး…” ထန်ထန်နှင့်နှင်းခဲလေးက စိတ်ဆိုးသည့်အသံပြုလိုက်သည်။အနီရောင်တောက်တောက် အလင်းများနှင့် အပြာရောင် ရေခဲချီ များသည် ရန်သူများရှိရာသို့ တန်းခနဲ ဝင်ရောက်တိုက်ခိုက်၏။အကြီးအကဲနှစ်ယောက်က ထိုသားရဲနှစ်ကောင်၏ စွမ်းမားပြည့်ဝသောတိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်ရဲချေ။

”ဘုန်း…ဘုန်း…”

သူတို့၏ ထိပ်တိုက်တိုက်ခတ်မှုများကြောင့်ဖြစ်ပေါ်လာသည့် မူလချီလှိုင်းများသည် မျှော်စင်တစ်ခုလုံးကိုပင် တုန်ခါစေသည်။

ဂူချိုးက ယောင်ယောင်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ စွမ်းအားပြည့်ဝလှသော စိတ်ဝိညာဉ်စွမ်းအားကြောင့် သူ့ရှေ့တွင်ရှိသည် မူလချီ လုံးဝကင်းမဲ့နေသည့် မိန်းကလေးက မူလသားရဲနှစ်ကောင်ထက် အားမနည်းသည့် အန္တရာယ် အငွေ့အသက်ကို ခံစားမိလေသည်။

ဂူချိုး၏ အေးစက်သော အကြည့်အောက်မှာပင် ယောင်ယောင်က သူမ၏ စကြာဝဌာ အိတ်ကို ညင်ညင်သာသာ ပုတ်လိုက်သည်။ခဏလေးကြာပြီးနောက်မှာတော့ သူမလက်ထဲတွင် မှော်စာလိပ်အချို့ ထွက်ပေါ်လာသည်။ ထိုမှော်စာလိပ်များပေါ်၌ တောက်ပလင်းလက်သော မူလမှော်စာလုံးများသည် ပြင်းထန်အားကောင်းမှုများ လှိုင်းထသလို ထုတ်လွှတ်လျက်ရှိသည်။

အဆင့်လေးမူလမှော်စာလုံး….

ထိုမူလမှော်စာလိပ်များကို မြင်တွေ့ရသောအခါ ဂူချိုး၏မျက်လုံးသငယ်အိမ် များက ကြုံ့မိသွား၏။အစိမ်းရောင်ဝတ်စုံနှင့် မိန်းမပျို၏ စိတ်ဝိညာဉ်နှင့်ပတ်သတ်၍ကျွမ်းကျင်မှုသည် သူ့ထက်ပင် သာလွန်နေသည်။

သို့ရာတွင် သူတို့၌ စိတ်ဝိညာဉ်ဝါးမြိုခြင်းမျှော်စင်၏ အထောက်အပံ့ အကျိုးကျေးဇူးကိုရရှိနိုင်၏။

“မင်းတို့အားလုံး လုံးဝရှုံးနိမ့်ရမှာပါ…”

ဝိညာဉ်ဝါးမြိုခြင်းမျှော်စင် အတွင်းဘက်၌…

ဂူလန်၏အသွင်က သူ့ရှေ့တွင်ရှိသော မှန်ကို ကြည့်နေရင်း မျက်မှောင်ကြုံနေသည်။ တိုက်ခိုက်မှုလှိုင်းများ ရိုက်ခတ်မှုက အရမ်းပြင်းထန်သဖြင့် ဘာတွေဖြစ်နေလည်းဆိုတာကို သူက မသိရှိနိုင်တော့ပေ။

“သေစမ်း ….. ငါက ဒီခွေးမက ဒီလောက်တော်လိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး…” ယာင်ယောက်ကဲ့သို့မူလချီများကင်းမဲ့နေသောသူတစ်ယောက်က အခုလို ကြောက်မက်ဖွယ်ကောင့်းသည့် စိတ်ဝိညာဉ်ကျင့်ကြံမှုအဆင့် ရှိနေလိမ်မည့် ဟု မည်သူက ထင်မည်နည်း။ “ဒါပေမဲ့ မင်းတို့ကောင်တွေ ဘယ်လောက်သန်မာသန်မာ ငါတို့က ဒီစိတ်ဝိညာဉ်ဝါးမြိုးခြင်းက အဆုံးအစမဲ့တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်နေတာပဲ….။ မင်းတို့အကုန်လုံးရှုံးနိမ့်ရမှာပါ။ အနှေးနဲ့အမြန်ပဲ ကွာလိမ့်မယ်။”

အေးစက်မှုများက ဂူလန်၏မျက်လုံးထဲ၌ ဖြတ်ခနဲလင်းလာသည်။

“မင်းငါ့လက်ထဲရောက်လာရင် ငါက မင်းစိတ်ဝိညာဉ်ကို ချိပ်ပိတ်ရလိမ့်မယ်။ ငါမင်းတို့ကို ဘလိုရက်ရက်စက်စက် အပြစ်ပေးမလည်းဆိုတာ ခဏနေမြင်ရလိမ့်မယ်….”

သူက ဤကဲ့သို့ကြိုတွေးနေပြီးလျင် သူ၏ခန္ဓာကိုယ်မှ ရာဂရမ္မက်စိတ်များ မြင့်တက်လာခဲ့သည်။

“အိုး…”

သို့သော် ဂူလန်၏ စိတ်ကူးများက ခဏလေးဖြင့် ပြတ်တောက်သွားသည်။ သူက ခေါင်းမော့လိုက်ကာ မျက်လုံးထဲမှ အေးစက်သောအလင်းတန်းများထွက်ပေါ်လာပြီး သူ့ရှေ့ကိုကြည့်လိုက်သည်။

လူငယ်တစ်ယောက်က မြူတွေကြားထဲမှ တဖြည်းဖြည်း လမ်းလျောက်လို့လာနေသည်။

သူကတော့ ဇူယွမ်ပင်။

“နောက်ဆုံးတော့တွေ့ကြပြီပေါ့…။” ဇူယွမ်က ဂူလန်ကို ကြည့်လိုက်ကာ ရယ်မောသည်။

ဂူလန်က ဇူယွမ်ကို အသက်မပါသလို ပြန်ကြည့်လိုက်၏။ သူက ထပ်ပြီးတော့ သူ့နှုတ်ခမ်းပေါ်မှ အပြုံးတု ကိုထပ်ပြီး တပ်စရာမလိုတော့ပေ။ သတ်ချင်ဖြတ်ချင်စိတ်ပြည့်နေသော အေးစက်သည့်အသံတစ်ခုက မြူတွေကြားမှ ထွက်ပေါ်လာသော်လည်း ဂူလန်က သူ့လည်ပင်းကို ညင်သာစွာ ပွတ်သတ်နေသေးသည်။

“ခု ငါ့စိတ်အခြေအနေက သိပ်မကောင်းဘူး။ ဒီတော့… ချီစုဆောင်းမှုပမွှားကောင်လေးက တကယ်ကို သေဖို့ဆန္ဒရှိနေတာလား…”


Comment

Leave a Reply

Options

not work with dark mode
Reset