နောက်တစ်နေ့
ဂူမြို့အတွင်းမှာ မြို့အလယ်သို့သွားနေသော လူအုပ်ကြီးကြောင့် ဆူညံစွာ အသက်ဝင်လျက်ရှိသည်။ ဒီနေ့သည် ဂူကလန်က သူတို့၏ ဝိညာဉ်သန့်စင်ခြင်း မျှော်စင်ကို ဖွင့်ပေးသောနေ့ဖြစ်သည်။
သည်ဧရိယာအတွင်းမှလူများသည် ဂူကလန်၏ ဝိညာဉ်သန့်စင်ခြင်း မျှော်စင်၏ အံ့အောဖွယ်ရာကောင်းမှုကိုမသိရှိကြပေ။ သည်မျှော်စင်၏ အကူအညီကြောင့်သာလျင် ဂူကလန်ဝင်များ၏ ဝိညာဉ်စွမ်းအားများမြင့်လာသည်ဟုသာ သိရှိကြသည်။
နှစ်စဉ်နှစ်တိုင်း လူအများအပြားက ဂူကလန်က ဝိညာဉ်မျှော်စင် အတွင်းသို့ အပြင်လူများကို ဝင်ရောက်ခွင့်ပြုသည့် အချိန်အားစောင့် ဆိုင်းကြပြီး မျှော်စင်၏ အကူအညီဖြင့် သူတို့၏ ဝိညာဉ်စွမ်းအား နောက်တစ်ဆင့်သို့ရောက်ရန်မျှော်လင့်နေကြသည်။
မြို့လယ်တွင်ရှိသောကြီးမားလှသည့် ခြံဝင်းတံခါးကြီးအားဖွင့်လိုက်ပြီး လူအားလုံးကို ဝင်ခွင့်ပေးလိုက်သောအချိန်တွင် ဇူယွမ် ယောင်ယောင်နှင့် လုလျို တို့က လူအုပ်ကြီးနှင့်အတူ ခြံအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
လူအုပ်ကြီးနှင့်အတူ လိုက်ပါလာပြီးနောက်ခြံဝင်းရဲ့အလယ်တွင် ရှိသော အနက်ရောင်ကျောက်တုံးများဖြင့်တည်ဆောက်ထားသည် မျှော်စင်ရှေ့အရောက်တွင်ရပ်တန့်လိုက်ကြသည်။
မျှော်စင်ပေါ်တွင် အစီအရင်အမြောက်အမြားရေးဆွဲထားပြီး ကြည့်နေသောသူများ၏ စိတ်နှလုံးကို တုန်ရင်စေသည်။
“ဒါက စိတ်ဝိညာဉ်သန့်စင်ခြင်းမျှော်စင်လား” လုလျိုက သိချင်စိတ်ပြင်းပြစွာဖြင့်မေးလိုက်သည်။
ဇူယွမ်က အနက်ရောင်ကျောက်တုံးမျှော်စင်ကြီးကို ကြည့်လိုက်ပြီး ဘာကြောင့်မှန်းမသိ တစ်စုံတစ်ခုမှားယွင်း နေသည်ဟုခံစားလိုက်ရသည်။
ဇူယွမ် သူ့နှလုံးသားမှာလာတဲ့ ခံစားချက်ကို တွေးတောနေချိန်မှာပဲ သူတို့မနေ့က တွေ့ဆုံလဲ့ တဲ့ဂူလန်က
မျှော်စင်ရှေ့တွင်ပေါ်လာခဲ့သည်။
ဂူလန်က ဇူယွမ်ကို တစ်ချက်မျှကြည့်လိုက်ပြီး ယောင်ယောင်ကို စိုက်ကြည့်ပြီးနောက် နွေးထွေုးစွာပြံးပြလိုက်သည်။ ထို့နောက်လူအုပ်ကြီးဘက်လှည့်လိုက်ပြီး
ကြည်လင်ပြတ်သားသောအသံဖြင့်
“ဒီမှာရှိနေတဲ့လူတိုင်း သိကြမယ်ထင်ပါတယ် ဒီနေ့က ပြင်ပကလူတွေအတွက် ကျွန်တော်တို့ဂူကလန်က စိတ်ဝိညာဉ်သန့်စင်ခြင်းမျှော်စင်ကို ဖွင့်ပေးတဲ့နေ့ဆိုတာကို ဒီမျှော်စင်က စိတ်ငိညာဉ်တစ်ခုတည်းသားလျှင် အကျိုးသက်ရောက်တယ်ဆိုတာကိုအားလုံး သိရှိပြီးသားဖြစ်မှာပါ”
လူအုပ်ကြီးက စိတ်အားထက်သန်စွာနဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းမျှော်စင်ကို ကြည့်လိုက်တယ်။
ထိုအရာကိုမြင်တဲ့ အခါမှာဂူလန်က ပြုံးလိုက်ပြီး ဆက်ပြောလိုက်တယ်
“သိျု့သ်ာလည်းပဲ မျှော်စင်ထဲမှာ အန္တာရာယ် အနည်းငယ်ရှိတဲ့အတွက် အားလုံး ဂရုစိုက်ကြဖို့ သတိပေးချင်ပါတယ်”
သို့သော်လည်း လူအုပ်ကြီးက ဂူလန်၏ သတိပေးသံကို မကြားသည့်အလား မျှော်စင်ကို သာ စိုက်ကြည့်နေကြသည်။
ဂူလန်ရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့ အလင်းရောင်တစ်ချက်လက်သွားပြီး နှုတ်ခမးတွန့်ရုံမျှပြုံးလျှက်
“မျှော်စင်တံခါးကိုဖွင့်လိုက်” ဂူလန်က ကျယ်လောင်စွာအော်လိုက်သည်။
မြည်သင့်နှင့်အတူ စိတ်ဝိညာဉ်သန့်စင်ခြင်းမျှော်စင်တံခါး ဖြည်းညင်းစွာပွင့်လာခဲ့သည်။
တံခါးပွင့်ရာမှထွက်ပေါ်လာခဲ့သော အသံကလူအုပ် ၏နောက်ဆုံးတွင်ရပ်နေသောသူကိုပင် ကြက်သီးမွေးညင်းများထောင်စေခဲ့သည်
သို့သော်လည်း တုန့်ဆိုင်းခြင်းမရှိပဲ သူတို့ရဲ့လက်ထဲကို ကြေးဝါရောင် လက်မှတ်ပြားတွေကို ထုတ်ယူလိုက်ပြီး ဖွင့်ထားသောမျှော်စင်တံခါးဆီသို့ သွားလိုက်ကြသည်။
ဇူယွမ်မှာ မလှုပ်ရှားသေးပဲ ယောင်ယောင်ကို စိုက်ကြည့်ရင်း တိုးတိုးလေးမေးလိုက်သည်။
ယောင်ယောင်က မျှော်စင်ပေါ်မှာရှိတဲ့ ရှေးဟောင်း မှော် အစီအရင်တွေကို စိုက်ကြည့်ရင်းမှ ခနတုံ့ဆိုင်းသွားပြီးဖြေကြားလိုက်သည်။
“ငါ့မှာ အကြံတစ်ခုတော့ရှိတယ်” သူ့ရဲ့အသံကိုလည်း နိုမ့်လိုက်ပြီး
“အရင်ဆုံးအထဲဝင်ကြည့် ရအောင် ငါခန့်မှန်းတာ မမှားဖို့ပဲ မျှော်လင့်တယ်”
ဇူယွမ်က မည်သည့် ကန့်ကွက်မှုမှမလုပ်ပဲ လုလျိုကိုပြုံးပြီးပြောလိုက်သည်။
“ငါတို့သွားတော့မယ်။လိုက်မလိုက်ကတော့ မင်းသဘောပဲ။”
ဟုပြောပြီး တ စ်ဟုန်တိုးဝင်ရောက်သွားသည်။ လုလျိုက သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကိုငေးကြည့်နေရင်းမှ
“ငါ့ကို ကြောက်နေတယ်များထင်နေလား”
သူမလည်းတုံ့ဆိုင်းခြင်းမရှိပဲ နောက်ကလိုက်ခဲ့သည်။
မျှော်စင်ထဲဝင်ရောက်သွားပြီးနောက် ကျယ်ပြောသော နေရာ တစ်ခုက သူတို့ကိုစောင့်ကြိုနေသည်။
သူတို့ သုံးယောက်တွဲ မျှော်စင်ထဲမှာ လမ်းလျှောက်နေစဉ်မှာ ကန္တာရအတွင်း၌ လမ်းလျောပ်နေရသလို ခံစားလိုက်ရသည်။အချိန်တွေကုန်လွန်ပြီးနောက် မျှော်စင်အတွင်းသို့ ဝင်လာသော အခြားပုံရိပ်များနှင့်လဲ တွေ့လဲ့ကြသည်။
လုလျိုက သူမ၏မျက်လုံးဝိုင်းလေးဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် ကြည့်ရူပြီးနောက် မှတ်ချက်ချလိုက်သည်။
“ဒီမျှော်စင်ထဲမှာ သန့်စင်တဲ့ စိတ်ဝိညာဉ် စွမ်းအားလဲ မတွေ့မိဖူး”
ယောင်ယောင်က ထန်ထန်ကို ညှင်သာစွာ ပွတ်သပ်ပေးရင်း ပြန်ဖြေခဲ့သည်။
“ခနလောက်စောင့်အုံး”
ယောင်ယောင် ပြောပြီးခန အကြာတွင် ဖျော့တော့သော မြူခိုးတွေက မျှော်စင်အတွင်းတွင် ပြည့်နှက်လာလာခဲ့သည်။ ဖျော့တော့တော့ အနက်ရောင်များကလဲမြူခိုးခဲတွင်ရောနှောပါဝင်လျက်ရှိသည်။
ဇူယွမ်က အနက်ရောင်မြူခိုးတွေကိုမြင်တော့ မျက်မှောင်ကြုတ်လိုက်ပြီး ဟူ့ ဝိညာဉ်ကို တစ်စုံတစ်ယောက်ကဆွဲထုတ်နေတယ်လို့ခံစားလိုက်ရသည်။
ဒီခံစားချက်က ရေငတ်နေသူတစ်ယောက်က ရေကန်တစ်ခုကို မြင်ရတဲ့အခါမှာ ရေထဲသို့ ချက်ချင်း ခုန်ချနေချင်သလိုမျိုးပဲဖြစ်သည်။
“ဒီမြူခိုးတွေက စိတ်ဝိညာဉ်သန့်စင်ခြင်း မြူခိုးတွေပဲ။ ဒီထဲမှာ စိတ်ဝိညာဉ်စွမ်းအားတွေ ရောစပ်ပါဝင်နေတယ်”
အစေခံတစ်ယောက်ရဲ့ အသံက အဝေးနေရာမှ ထွက်ပေါ်လာသည်။ဓီစကားသံကိုကြားချိန်မှာ လူတစ်ချို့က ထိုင်ချလိုက်ပြီး မြူခိုးတွေကို သူတို့ရဲ့ ဝိညာဉ်အတွင်းသို့ စုပ်ယူလိုက်သည်။
“စိတ်ဝိညာဉ်သန့်စင်မြူခိုး”
ဇူယွမ်က ထို အသံကိုကြားလိုက်ရတဲ့အချိန်မှာ ကြက်သေသေသွားသည်။ ထိုမြူခိုးတွေက ဖန်တီးဖို့အလွန်ခက်ခဲတဲ့ အရာဖြစ်သည်။ ဂူကလန်အနေဖြင့် အပြင်လူတွေအတွက် ထိုမြူခိုးတွေကို သုံးခွင့်ပေးခြင်းက မယုံကြည်နိုင်စရာကိစ္စဖြစ်သည်။
လုလျူက အံ့အားသင့်ဟန်ဖြင့်ပြောလိုက်သည်။
“ဒီအရာက ပစ္စည်းကောင်းတစ်ခုပဲ”
သိုသော်လည်းယောင်ယောင်က ရုတ်တရက်တားမြစ်လိုက်သည်။
“မြူခိုးတွေကို မရူသွင်းနဲ့
”
သူမရဲ့ စကားလုံးတွေကို ကြားလိုက်ရတဲ့အချိန်မှာ ဇူယွမ်က တုန်လှုပ်သွားပြီး တုံ့ဆိုင်းခြင်းမရှိပဲ သူ့၏ မူလချီတွေကို ဆင့်ခေါ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်လိုက်သည်။
နှင်းခဲလေးကလည်း လုလျို၏ ပခုံးထက်မှာပေါ်လာပြီးနောက် အေးစက်သော ချီအစုအဝေးတစ်ခုပေါ်ထွက်လာပြီး သူ့ပတ်ပတ်လည်ကို လျင်မြန်စွာ ကာကွယ်လိုက်သည်။
ယောင်ယောင်က သူမရဲ့လက်ကို ဝေ့ယမ်းလိုက်ပြီး အနက်ရောင့်မြူတွေကို စက်လုံးတစ်ခုအဖြစ်စုစည်းကာကြည့်ရူလိုက်သည်။
“ဘယ်လို စဉ်းလဲတဲ့လှည့်စားမှုလဲ”
ဇူယွမ်က လျင်မြန်စွာမေးလိုက်သည်။ “ဘာဆက်လုပ်ကြမလဲ”
ယောင်ယောင်က သူ့လက်ကို အသာအယာပုတ်၍ အနက်ရောင်မြူခိုးတွေကို ရှင်းထုတ်လိုက်ပြီး ရှင်းပြလိုက်သည်။
“ဒီမြူခိုးတွေက စိတ်ဝိညာဉ်သန့်စင်ခြင်း မြူခိုးတွေပဲ ဒာပေမယ့် တစ်ချို့သောအရာတွေထပ်ပောင်းထည့်လိုက်တဲ့အခါ”
“မှတ်မိသလောက်တော့ ဒီအရာတွေက ရူသွင်းရင်းနဲ့ တဖြည်းဖြည်းမူးဝေလာပြီးတော့ ကိုယ့်ဘာသာ မသိလိုက်တဲ့ အချိန်မှာပဲ လွတ်လပ်တယ်လို့ ခံစား၇လိမ့်မယ်”
“လာ… ဆက်လျောက်ကြည့်ကြရအောင်”
ယောင်ယောင်က သူ့ခြေတံရှည်လေးဖြင့် ရှေ့မှ ဦးဆောင်လျက် လျောက်သွားပြီး သူတို့သည် ပုံရိပ်တစ်ခုပြီးတစ်ခုဖြတ်ကျော်လာခဲ့ကြသည်။ လူတိုင်းကြည့်ရသည်မှာ မူးမွေမိန်းမောနေဟန်ရပြီး အနက်ရောင်မြူခိုးများက သူ့တို၏မျက်ခုံးကြားမှတစ်ဆင့်ဝင်ရောက်လျက်ရှိသည်။
ဇူယွမ်၏ ခြေလှမ်းများက ရုတ်တရက်ရပ်တန့်သွားပြီး နောက် သူ့မျက်လုံးများက သူ့ရှေ့တွင်ရှိသော ပုံရိပ်ကို ကြည့်လိုက်သည်။ ပုံရိပ် ၏ မျက်နှာမှာ အသက်မဲ့နေပြီး သူ၏ မျက်ခုံးနှစ်ခုကြားတွင် သွေးရေဂာင် အခေါင်းပေါက်တစ်ခုဖြစ်ပေါ်နေသည်။
ဇူယွမ်ကလေသံနိုမ့်ပြီးပြောလိုက်သည်။
“သူ့ရဲ့ ဝိညာဉ်စွမ်းအားတွေကုန်သွားပြီ”
“အလွန်ထူးဆန်းတဲ့ စိတ်ငိညာဉ်သန့်စင်ခြင်းမျှော်စင်ပဲ” လုလျို၏ မျက်နှာက တုန်လှုပ်နေဟန်ရပြီး
ဒီနေရာက မှားယွင်းနေတဲ့ နေရာတစ်ခုဖြစ်ကြောင်းခံစားမိလိုက်သည်။
ယောင်ယောင်၏လှပတဲ့ မျက်နှာလေးက ပြောင်းလဲခြင်းမရှိပဲ အနက်ရောင်မြူခိုးတွေကို စိုက်ကြည့်ရင်းပြောလိုက်သည်။ “ကြည့်ရတာ ငါထင်တာမမှားတဲ့ပုံပဲ”
“မင်းဘာကိုဆိုလိုတာလဲ”
ဇူယွမ်နဲ့လုလျိုက သူမကိုကြည့်ရင်းမေးလိုက်သည်။
ယောင်ယောင်ကပြုံးလိုက်ပြီးအစောပိုင်းတုန်းကမျှော်စင်မှာရေးထားတဲ့ အစီအရင်တွေကများနေတယ်လို့ခင်နေ
အထဲဝင်လိုက်တော့ ပိုသေချာသွားတယ်
“ဒီမျော်စင်က ဝိညာဖသ်သန့်စငါခြင်းမျှော်စင်မဖြစ်မှာကြောင်မိတယ်”
“ဒါပေမယ့်ဓာက စိတ်ဝိညာဉ်ဝါးမျိုခြင်းမျှော်စင်ပဲ”
“ဂူကလန်အဖွဲ့ဝင်တွေရဲ့ စိတ်ဝိညာဉ်စွမ်းအားတွေသာ လွန်နေတာ အံ့အောစရာမရှိပါဖူး သူတို့က ဒီမျှော်စင်ကို သုံးပြီးတော့ ဝိညာဉ်စွမ်းအားတွေကို ခိုးယူနေတာပဲ”
…
အနက်ရောင်မျှော်စင် အတွင်းပိုင်း
ဂူလန်ကမှန်ရှေ့မှာရပ်နေရင်း သူ့ရှေ့က မျှော်စင်အတွင်းပိုင်းမှာ ဖြစ်ပျက်နေတဲ့ အရာများကို စောင့်ကြည့်နေသည်။
ထိုမှန်ချပ်၏ ရှေ့တွင် အနက်ရောင်သလင်းလုံးလေးတစ်ခုရှိနေပြီး ထို သလင်းလုံးလေးက မျှော်စင်အောက်ခြေမြေကြီးနှင့် ချိတ်ဆက်ထားကာအနက်ရောင် ချီများက ထိုသလင်းလုံးဒအတွင်းမှ အရပ်မျက်နှာတိုင်းကို သွန်ကျလျက်ရှိသည်။
ဂူလန်အနောက်ဖက် ကျောက်တုံး စင်မြင့်ပေါ်တွင် ပုံရိပ်သုံးခုက ထိုက်လျက်အနေအထားတွင် ရှိပြီး သူတို့ ၏ မျက်ခုံးနျစ်ခုကြားတွင် အားကောင်းလှသောစိတ်စွမ်း အားများက လှုပ်ခတ်လျက်ရှိသည်။
ဂူလန်က ကြေးမှုံအတွင်းရှိလှပသော ပုံရိပ်လေးအားစိုက်ကြည့်ရင်း ကောက်ကျစ်စွာပြုံးလျက်ရှိသည်။ သူ့ရုတ်တရက် တစ်စုံ တစ်ခုကို သတိပြုမိသွားပြီး ထိုနေရာသို့လှမ်ူကြည့်လိုက်သည်။
ထိုမြင်ကွင်းမြင်လိုက်ရသောအချိန်တွင် ဂူလန်၏ အပြုံးများကွယ်ပျောက်သွားပြီး တည်ကြည်သွားသည်။
စိတ်ဝိညာဉ် မြူခိုးများကို စုပ်ယူခြင်းမရှိပဲ မျှော်စင် အတွင်း ဖြည်းညှင်းစွာလမ်းလျောက်နေသည့် ဇူယွမ်ကို မြင်လိုက်၇သည်။
သည်အချိန်မှာပဲ ယောင်ယောင်က တစ်စုံတစ်ခုကို မြင်သွားပုံ ရပြီး သူမ၏လက်ကို လှုပ်ရှားလိုက်သည်။
သူမ၏ မျက်ခုံးနှစ်ခုကြားနှ စိတ်ဝိညာဉ်စွမ်းအားများ ကြမ်းတမ်းစွာ ထွက်ပေါ်လာပြီး ကြေးမှုံ အတွင်းမှ ပုံရိပ်များလဲ ပျောက်ကွယ်သွားသည်။
ဂူလန်ရဲ့နောက်မှာရှိနေတဲ့ ဂူကလန်ခေါင်းဆောင်နှင့် အကြီးအကဲနှစ်ယောက်၏ မျက်နှာအမှုအယာ ပျက်သွားပြီး အံ့အားသင့်စွာနဲ့ပြောလိုက်သည်။
“ဘယ်လိုဖြစ်တာလဲ”
အကြီးကဲတစ်ယောက်က အက်ကွဲကွဲအသံဖြင့်ပြောလိုက်သည်။
“အဲ့ မိန်းကလေးရဲ့ စိတ် ဝိညာဉ်ကျင့်ကြံမှုက ကျွန်တော်တို့နှစ်ယောက်ထက်ဘယ်လိုမှအားမနည်းဖူး”
ဂူလန်ရဲ့မျက်နှာအမူအယာ ပျက်ယွင်းသွားပြီး။သူဖိတ်ခေါ်ခဲ့သော လှပပြီး တုံးအပုံရတဲ့မိန်းကလေးက ကောက်ကျစ်သောမြေခွေးတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့သည်ကို ုသူ မျှော်လင့်မထားခဲ့မိပေ။
အခြားအကြီးကဲတစ်ယောက်က ပြောလိုက်သည်။
“ငါတို့ဘာလုပ်ကြမလဲ။သူတို့င်္တေ စိတ်ဝိညာဉ်ဝားမြိုခြင်းမျှော်စင်ဆိုတာ သိသွားကြပြီ။”
ဂူကလန်ခောင်းဆောင်ရဲ့မျက်လုံးအတွင်ူတွင် ကြမ်းကြုတ်ရက်စက်မှုတို့ ထွက်ပေါ်လာပြီးသတ်ဖြတ်လိုစိတ်အပြည့်ဖြင့်အေးစက်စွာပြောလိုက်သည်။
“သူတို့လာမှတော့ ဒီမှာပဲသောအောင်သတ်ပေးလိုက်ကြတာပေါ့ ”