လမ်းမပေါ်မှာဇူယွမ်က သူ့လက်ထဲတွင်ရှိသော ဝင်ခွင့်လက်မှတ်နှစ်စောင်ကို ကစားနေရင်း မျက်လုံးထဲမှာ အတွေးတစ်ချို့ ဖြတ်သွားသည်။
“ဘာကြောင့် တစ်စုံတစ်ခု မှားနေသလဲလို့ခံစားရတာလည်း။”
ဝိညာဉ်သန့်စင်ခြင်းမျှော်စင် ကဲ့သို့သော ရတနာက သူတို့ကိုယ်ပိုင်ကလန်သားတွေအတွက်တောင် လောက်မည်မဟုတ်ပေ။သူကတော့ ဂူကလန်က ထိုသို့သောအရာကို အခြားလူများအတွက် ဖွင့်ပေးဖို့ဆန္ဒ ရှိသည်ကို မယုံနိုင်ပေ။
“ယောင်ယောင်က သူ၏ ခေါင်းကို အနည်းငယ်ညိမ့်လိုက်ပြီး သူ့ကိုကြည့်ကာ ပြောလိုက်လေသည်။ ထိုအရာနှင့်ပတ်သတ်၍ တစ်ခုခုထူးဆန်းနေသင့်ပေသည်။”
သူမက အလွန်ဉာဏ်ကောင်းလေသည်။ သူမကို ကြည့်လိုက်လျင် ကမ္ဘာကြီးမှသီးခြားဖြစ်တည်နေသည် ဟု ထင်ရ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူမက အရာများစွာ၏ နောက်ကွယ်မှ အမှန်တရားကို ရှာတွေ့နိုင်ပေသည်။ လက်တွေ့မှာတော့ ဂူလန်၏လှည့်ကွက်လေးသည် သူမ၏ရှေ့တွင် အဓိပ္ပာယ် မရှိပေ။
“ဒါဆို ဘာလို့လက်ခံလိုက်တာလည်း။” ဇူယွမ်၏ အသံက စိတ်ရှုပ်ထွေးနေသည်။
ယောင်ယောင်က တစ်ခစ်ခစ်ရယ်မောကာ ပြောလိုက်သည်။
“ဘာကြောင့်လည်းဆိုတော့ ဒီမျှော်စင်က မင်းရဲ့စိတ်ဝိညာဉ်ကို အမှန်တကယ် သန့်စင်ပေးနိုင်မယ်ဆိုရင် ဒါက အလွန်အကျိုးကျေးဇူး ရလိမ့်မယ်။ မင်းကစိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထိပ်ဆုံးကိုတောင် ရောက်ရှိလိမ့်မယ်။”
“စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းထိပ်ဆုံးအဆင့်..။”
ဇူယွမ်က ထိုအချက်ကို အမှန်တကယ် စိတ်ဝင်စားမိသည်။ သူ၏ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်အလတ်အဆင့်ကို ရောက်နေသည်မှာ နှစ်ဝက်ခန့်ပင်ရှိပြီ ဖြစ်သော်လည်း သူက ထိပ်ဆုံးအဆင့်သို့ မတက်နိုင်ဘဲဖြစ်နေလေသည်။လက်တွေ့မှာတော့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းထိပ်ဆုံးအဆင့်သို့ ရောက်ဖို့ မလွယ်ကူခဲ့ပေ။
သို့သော်သူသာ ထိုအဆင့်သို့ရောက်မည်ဆိုလျင် အဆင့်သုံးမူလမှော်စာလုံးကို သင်ယူနိုင်ပေလိမ့်မည်။
ထိုသို့သာ ဖြစ်မည်ဆိုပါက သူ၏ တိုက်ပွဲဝင်စွမ်းအားသည် မြင့်တက်လာကာ ထိုစစ်မှန်စွာအရည်အချင်းရှိသော ပါရမီရှင်များကို ရင်ဆိုင်နိုင်ပေလိမ့်မည်။
ထိုသို့ ဇူယွမ်က ကောင်းကောင်းနားလည်စေခြင်းမှာ သူက လွန်ခဲ့သောနှစ်လလုံး သူ၏စိတ်ဝိဉာဉ်ကို လေ့ကျင့်ဖို့ မပျက်ကွက်ရဲသောကြောင့်ပင်။ သို့ရာတွင် ဤအရာက သူလိုချင်သလောက်အောင်မြင်မှုကိုမရရှိစေခဲ့ပေ။
“ဘာပဲဖြစ်ဖြစ် ငါတို့သွားကြည့်ရလိမ့်မယ်။ တကယ်လို့ ပြဿနာတစ်ခုခုဖြစ်ရင်တောင်မှ သည်ဂူကလန် တစ်ခုတည်းက ငါတို့ကို မရပ်တန့်နိုင်ဘူး။”
ယောင်ယောင်က ဘယ်အရာကိုမျှကြောက်ရွှံပူပန်မှု မရှိသောအသံဖြင့် ပြောလိုက်လေသည်။ထိုသို့ကြားလိုက်ရသောအခါ ဇူယွမ်၏နှလုံးသားမှာ အရမ်းနွေးထွေးသွားသည်။ယောင်ယောင်က သူ၏ကျင့်ကြံမှုအဆင့်တိုးတက်ဖို့အတွက် ထိုသို့သော အန္တရာယ်ကို ရင်ဆိုင်ဖို့ ဆန္ဒရှိလေသည်။ထို့ကြောင့်ဇူယွမ်က ပြောလိုက်လေသည်။
“တကယ်လို့ ဆိုးဆိုးရွားရွားဖြစ်မယ်ဆိုရင် ငါတို့ လက်လျော့လိုက်ရအောင်။”
ယောင်ယောင်က ပြန်မဖြေဘဲ သူမခြေလှမ်းများကို ရုတ်တရက် ရပ်လိုက်ကာ ပြောလိုက်သည်။
“သူမက ဘာလို့လိုက်လာတာလည်း။”
ထိုသို့ကြားလိုက်ရသောအခါ ဇူယွမ်က တဒင်္ဂမျှကြောင်ငေးသွားသည်။ သူက ယောင်ယောင်ငေးနေသော နေရာသို့ ကြည့်လိုက်သောအခါ သူတို့နောက်သို့ တကောက်ကောက်လိုက်လာသော အစိမ်းရောင်ဆံပင်ဖြင့် မိန်းကလေးကို တွေ့လိုက်ရသောကြောင့် သူက ချက်ခြင်းခေါင်းကိုက်ခြင်းကို ခံစားရ၏။
“ဟီးဟီး…ဘယ်လိုတိုက်ဆိုင်မှုလဲ။”
ဇူယွမ်တို့နှစ်ယောက်ကို ရှာတွေ့ပြီးနောက် သည် မိန်းမပျိုလေးက ပြုံးရွှင်သွားကာ ယောင်ယောင်ကို ကြည့်၍ ပြောလိုက်လေသည်။
“နင်က အရမ်းလှတာပဲ အမကြီးရေ။”
ယောင်ယောင်က ဇူယွမ်ကို နားမလည်သောပုံဖြင့်ကြည့်လိုက်လေသည်။ဇူယွမ်က သူ့နဖူးကို လက်ဖြင့်နှိပ်ကာ ယောင်ယောင်ကို ရှင်းပြလိုက်သည်။
“ငါတို့က အစောပိုင်းက တွေ့ခဲ့ကြပြီး သူမက ထန်ထန်ကို ဝယ်ချင်နေတာ။”
ယောင်ယောင်က ထန်ထန်ကို သေချာကြည့်လိုက်ပြီးဖြေညှင်းစွာ မှတ်ချက်ချ၏။
“သားရဲနှလုံးသားဆက်နွှယ်သူ…”
အစိမ်းရောင်ဆံပင်ဖြင့်မိန်းမပျိုလေး၏ မျက်နှာက ပြုံးနေရာမှ အနည်းငယ် ပြောင်းလဲသွားသည်။သူမက ယောင်ယောင်ကို သတိလက်လွတ်ကြည့်မိ၏။ ထိုအရာက ပထမဆုံးအကြိမ် အကြည့်တစ်ချက်ဖြင့် သူမ၏ အမှန်တရားကို မြင်နိုင်သောသူတစ်ယောက်ဖြစ်ပေသည်။
“သားရဲနလုံးသားဆက်နွှယ်သူ…” ဇူယွမ်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။သည်လိုအရာမျိုးကို သူက ဘယ်တုန်းကမှ မကြားဖူးပေ။
ယောင်ယောင်က အသေးစိတ်ရှင်းပြလိုက်သည်။
“အရှင်းဆုံးပြောရရင်တော့… သူမက မူလသားရဲတွေနဲ့ မွေးရာပါဆက်သွယ်နိုင်တယ့်အပြင် သားရဲထောင်ပေါင်းများစွာကိုလည်း အမိန့်ပေးနိုင်တယ်။ ထပ်ပြောရင် သူမက မူလသားရဲတွေရဲ့ စွမ်းအားကိုလည်း ငှားနိုင်တယ်။ သူမကို သာမန်ကောင်းကင်တံခါးကျင့်ကြံသူ တစ်ယောက်လို့ ထင်လို့မရဘူး။ သူမကသာ မူလသားရဲရဲ့စွမ်းအားကို ယူသုံးမယ်ဆိုရင် နင်က သူ့ပြိုင်ဘက်မဖြစ်မှာ စိုးမိရတယ်။”
နောက်ဆုံးမှာတော့ ဇူယွမ်က အနည်းငယ်ငေးမောကာ ထိုအစိမ်းရောင်ဆံပင်ဖြင့် မိန်းကလေးကို ကြည့်လိုက်မိသည်။သူက သည်တစ်မူထူးခြားသော မိန်းကလေးက ထိုသို့သော အံသြထိန့်လန့်ဖို့ကောင်းသည့် စွမ်းရည်များ ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
အစိမ်းရောင်ဆံပင်ဖြင့်မိန်းမပျိုလေးက စိုးရွံစွာပြောလိုက်သည်။
“နင်က အရမ်းလှပပြီး အထင်ကြီးဖို့ကောင်းတာဘဲ အမကြီး။”
“နင်တကယ် မရောင်းနိုင်ဘူးလား။” ဟုသူမက ထပ်ပြောပြန်သည်။
စိတ်ဝင်စားမှုအချို့ပါဝင်နေသော အသံဖြင့် ယောင်ယောင် က ပြန်ဖြေလိုက်သည်။
“ထန်ထန်က လွတ်လပ်တဲ့အသွင်ရှိပြီး သူက မင်းနောက် လိုက်အောင်လုပ်နိုင်မယ်ဆိုရင် ငါတို့ကမတားဘူး။”
“တကယ်လား…”
အစိမ်းရောင်ဝတ်ရုံဖြင့်မိန်းမပျိုလေး၏ မျက်လုံးများက တောက်ပလာ၏။
ယောင်ယောင်က လက်ပိုက်လိုက်ပြီး ခေါင်းညိမ့်ပြလိုက်သည်။
“မင်းစကားကြောင့် နောင်တမရပါစေနဲ့။”
အစိမ်းရောင်ဆံပင်ဖြင့်မိန်းမပျိုလေး၏ မျက်လုံးများက အတွေးများဖြင့် ပြည့်သွားသည်။သူမက ဇူယွမ်ရှေ့ကို ရောက်လာပြီး သူ့လက်မောင်းထဲမှာ ပျင်းရိနေသော ထန်ထန်ကို ကြည့်လိုက်သည်။
သူမ၏စွမ်းရည်မှာ မူလသားရဲများနှင့် ဆက်နွှယ်ခြင်းဖြစ်သောကြောင့် သူမက သူ့ကို ခုခံနိုင်သောမူလသားရဲကို မကြုံဖူးချေ။ထို့ကြောင့်ပင် သူမက မူလသားရဲများကို စီးနင်းပြီး တောတောင်များကို လွယ်ကူသက်သာစွာဖြတ်ကျော်လာခဲ့ခြင်း ဖြစ်သည်။ထို့အတွက်ကြောင့် သူမရှေ့တွင်ရှိနေသော သည်ထူးဆန်းသော ကောင်လေးက သူမနောက်ကို လိုက်လာရမည်ဆိုသည်ကို ယုံကြည်လေသည်။သူမက ၎င်းနှင့် ဆက်သွယ်ရန် ပြုလုပ်လိုက်သည်။သူမ၏ လက်ဖဝါးထဲမှ အလင်းတန်းများထွက်ပေါ်လာပြီး ထန်ထန်၏ခေါင်းသို့ထိလိုက်သည်။ သူမလက်ထဲတွင်ရှိသော အလင်းပုံစံက ထန်ထန်၏ နဖူးပေါ်မှာ ပုံသဏ္ဍန်အဖြစ် တဖြေးဖြေး ဖြစ်တည်လာသည်။ထိုပုံစံများ ထွက်ပေါ်လာချင်းချင်း သူမ၏လှပသောမျက်နှာလေးသည် ချက်ခြင်းပျော်ရွှင်လာလေသည်။
“ခွပ်…”
သို့ရာတွင် ထန်ထန်၏နဖူးပေါ်ရှိပုံစံများသည် လုံးဝပျောက်ကွယ်သွားကာ သူမအပြုံးများ ချက်ခြင်း ပျောက်ကွယ်သွား၏။ထန်ထန်က မူလအတိုင်း ပျင်းရိနေသောပုံစံ ရှိနေသည့်အတွက် သူမကို တုန်လှုပ်စေမိသည်။
“ ဟာ… ဘလိုဖြစ်နိုင်မှာလဲ။” အစိမ်းရောင်ဝတ်ရုံဖြင့် မိန်းမပျိုလေးက ဆွံ့အကာကြက်သေသေသွားသည်။သူမက ထိုကဲ့သို့သော အခြေအနေကို မကြုံဖူးချေ။သူမ ကျရှုံးသည်ကို မယုံနိုင်ချေ။ ရုတ်တရက် သူမက သူ့လက်ထိပ်ကို ကိုက်လိုက်ကာအနီရောင်သွေးတန်းတစ်ခု ထွက်ပေါ်လာသည်။ သူမက လေထဲမှာ တစ်စုံတစ်ခု ရေးဆွဲလိုက်သောကြောင့် အနီရောင်သွေးပုံစံတစ်ခုတောက်ပလာပြီး ထန်ထန်၏ နဖူးပေါ်သို့ ဆင်းသက်လာ၏။ သို့သော် သည်ပုံစံက ခဏတာကြာပြီးနောက်မှာ တစ်ခါထပ်ပြီး ပျောက်ကွယ်သွားပြန်သည်။
“ဘာကြောင့်လည်း..။”
ထပ်ကာထပ်ကာ ရှုံးနိမ့်မှုက အစိမ်းရောင်မိန်းမပျိုလေးကို ထိပ်ထိပ်ပျာပျာ ဖြစ်စေ၏။
ယောင်ယောင်က ပျင်းရိသော အသံဖြင့် ရှင်းပြလိုက်သည်။
“ဘာကြောင့်လည်းဆိုတော့ သူ့သွေးမျိုးဆက်က အရမ်းစွမ်းအားရှိလို့ပဲ။”
သူ့မျက်လုံးထဲမှာ မင်းက အရမ်းအားနည်းလွန်းတယ်။ ဥပမာ… “မင်းကလမ်းလျောက်နေစဉ် ပုရွတ်ဆိတ်တစ်ကောင်က မင်းနဲ့ဆက်နွှယ်ဖို့ဆန္ဒရှိမယ်ဆိုရင် ဒီအတွက် မင်းက စိတ်ဝင်စားမှုပေးနိုင်လား။”
ဇူယွမ်က ထန်ထန်ကို အံ့သြမှုဖြင့် ကြည့်လိုက်မိသည်။ သည်သေးငယ်သော အကောင်လေးက လုံးဝမော်ကြွားမောက်မာတာပင် ဖြစ်သည်။ ခဏနေပါဦး။ ဆံပင်အစိမ်းရောင်ဖြင့်မိန်းမပျိုလေးက ထန်ထန်မျက်လုံးထဲမှာ ပုရွတ်ဆိတ်ဆိုလျင် သူကကော အတူတူပင်ဖြစ်သည်။ထန်ထန်က ဇူယွမ်အတွေးကို သိနေသောကြောင့် သူ့ခေါင်ကို မော့ကြည့်လိုက်သည်။ ထိုကဲ့သို့သော ပုံစံက “ အခုတော့သဘောပေါက်ပြီမလား…” ဟု ဇူယွမ်ကို ပြောနေသလိုပင်။
ဇူယွမ်က သူ့ပါးစပ်ကို ပိတ်လိုက်ကာ သူ့သွားတွေကိုတောင် သူမုန်းတီးစွာကြိတ်ချေမိလိုက်လေ၏။
အစိမ်းရောင်ဆံပင်ဖြင့် မိန်းကလေးကလည်း ကြီးမားသော ရိုက်ချက်ကို ခံလိုက်ရသလို သူမ၏ အသွင်က အမှန်ပင် သနားစဖွယ် ဖြစ်နေ၏။ထိုအခိုက်မှာ ယောင်ယောင်က တခစ်ခစ် ရယ်မော၍ ပြောလိုက်သည်။
“တကယ်တော့ ထန်ထန်က သူ့နဖူးပေါ်မှာ သည်ပုံစံနှစ်ခုကို အထားခံလိုက်ခြင်းက သူက မင်းကို ရင်းရင်းနှီးနှီး ဖြစ်လိုတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်တယ်။”
“တကယ်လား။” သူမ၏ ပါးစပ်ထောင့်မှာ အနည်းငယ် ကွေးဆင်းသွားသည်။ သို့ရာတွင် သူမက သူ၏ စိတ်ပျက်လက်ပျက် ဖြစ်နေခြင်းကို မြန်မြန် ပြန်ပြင်လိုက်ပြီး ယောင်ယောင်ထံသို့ပြုံး၍ ကြည့်ကာပြောလိုက်မိသည်။
“ငါက ကျရှုံးခဲ့ရပေမဲ့ ကျေးဇူးအများကြီးတင်နေတုန်းပဲ အမကြီး…”
သာမန်လူတွေဆိုလျင် ထိုသို့သော အခွင့်အရေးကို လွယ်လွယ်ကူကူ ပေးရဲမှာ မဟုတ်ပေ။
ထိုနောက်မှာတော့ သူမက ဇူယွမ်လက်ထဲက ဝင်ခွင့်လက်မှတ်နှစ်စောင်ကို တစ်ချက်ကြည့်လိုက်ကာပြောလိုက်သည်။
“နင်တို့ကော ဂူကလန်၏ စိတ်ဝိညာဉ်သန့်စင်ခြင်းမျှော်စင် ကို သွားမလို့လား။”ဇူယွမ်က ခေါင်းညိမ့်လိုက်သည်။
“ ငါတို့သွားဖို့ အစီအစဉ် ရှိတယ်။”
ဆံပင်အစိမ်းရောင်ဖြင့် မိန်းကလေးက “ ငါလည်းမနက်ဖြန်သွားမှာလေ …“ ဟုပြန်ပြော၏။ထိုအခါ
ဇူယွမ်က မျက်မှောင် ကြုံ့လိုက်မိသည်။ “ ဘယ်လောက်ချမ်းသာလိုက်တဲ့ကောင်မလေးလဲ။”
ထိုဆံပင်အစိမ်းရောင်ဖြင့်ကောင်မလေးက ပြောလိုက်သည်။
“ဟီးဟီး… ငါတို့ တွေ့ဆုံရတာ ကံကြမ္မာကြောင့်ပဲ။ မင်းတို့နှစ်ယောင်နဲ့သူငယ်ချင်းဖြစ်ရတာ တကယ်ပျော်မိတယ်။ငါ နာမည်က လုလျိုပါ။”
သို့ရာတွင် သူမ၏ကြီးမားသော မျက်ဝန်းကြီးများက ထန်ထန် ကို အာရုံစိုက်မိနေတုန်းပင်။ သူမသည်အစက ရှုံးနိမ့်ခဲ့ရသော်လည်း သည်မိန်းကလေးသည် ထန်ထန်ကို လုံး၀ နှစ်သက်မိနေတုန်း ပင် ဖြစ်သည်။
ဇူယွမ်က ယောင်ယောင်ကို ကြည့်လိုက်မိတော့ သူမက ပေါ့ပေါ့ပါးပါး ခေါင်းညိမ့်ကာ လက်ခံလိုက်သည်။ သူမသည် သူတို့ရှေ့တွင်ရှိသော ထိုမိန်းကလေးကလှပ၍ အပြစ်ကင်းကာ မည်သည့်မကောင်းသည်ဆန္ဒမှ မဖုံးကွယ်ထားကြောင်း အာရုံခံမိသည်။
ဇူယွမ်က ပြူံး၍ပြောလိုက်သည်။ “ ငါက ဇူယွမ်၊ ဒါက ငါ့စီနီယာအမကြီး ယောင်ယောင်..”
ထိုအခါ လုလျိုက ချစ်ဖို့ကောင်းသော အပြုံးလေးနှင့် ပြောလိုက်လေသည်။
“ အကိုငယ် ဇူယွမ်၊ အမကြီး ယောင်ယောင် ….. ငါတို့ မနက်ဖြန် စိတ်ဝိညာဉ်သန့်စင်ခြင်း မျှော်စင်ကို အတူသွားကြမယ်လေ။ဒါက တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးလို့ရတော့ ပိုကောင်းတယ်လေ။”
ဇူယွမ်၏ မျက်လုံးများက ဖြတ်ခနဲတောက်ပသွားသည်။
“တစ်ယောက်နှင့်တစ်ယောက် စောင့်ရှောက်နိုင်တယ်လား။ စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သော ထိုမျှော်စင်က အန္တရာယ် ရှိနိုင်လို့လား။ထိုသို့သော နေရာက အန္တရာယ် ရှိနိုင်တယ်လို့ နင် ခံစားမိတာလား။”
လုလျိုက မျက်တောင်ခတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဘယ်သူသိနိုင်မှာလဲ။ လူတစ်ယောက် က အလကားစားရတဲ့ ဘယ်နေလည်စာကို မဆိုဂရုစိုက်သင့်တယ်လေ။ မှန်တယ်မလား။”
ဇူယွမ်က မှင်တက်မိသွား၏။ ထိုနေရာက အကန့်အသတ်ရှိသော်လည်း ဂူကလန်၏ စိတ်ဝိညာဉ်သန့်စင်ခြင်းမျှော်စင်သည် လူများစွာအတွက် အလကားရသော နေ့လည်စာကို အမှန်တကယ် ပေးနေလေသည်။တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်စွမ်းအား မြင့်တက်လာခြင်းက သူတို့အတွက် ကြီးမားသော အကူအညီဖြစ်စေမှာ သံသရဖြစ်စရာ မလိုအပ်ပေ။
စိတ်ဝိညာဉ်ကျင့်စဉ်ကို မြင့်တက်စေသောနည်းလမ်းများသည် လူတိုင်းအလွယ်မရနိုင်ပေ။ဤကဲ့သို့သော စိတ်ဝိညာဉ်ကို မြင့်တက်စေသော ရတနာမျိုးက သဘာဝအားဖြင့် အလွန်တန်ဖိုးကြီးလေ၏။
“သဘောတူတယ်။”
ဇူယွမ်က ရယ်မောလိုက်၏။ သူ့ရှေ့တွင်ရှိသော သည်ကောင်မလေးက အပြစ်ကင်းလှပသည်ဟု ထင်ရသော်လည်း သူမထံ၌ ထက်ရှသောအသိဉာဏ်များ ပုန်းကွယ်နေသည်။
ညအချိန်။
ဂူ မြို့ကြီး၏ အလယ်ဗဟိုတွင်ရှိသော ခြံဝင်းကြီးထဲတွင်တော့…
မီးအိမ်တစ်ခုမှ အဝါရောင်အလင်းဖျော့ဖျော့ သည် လျို့ဝှက်ခန်းထဲ တွင် လင်းလျှက်ရှိကာ ထိုနေရာရှိ လေထုသည် ပိုလိုပင် လျှို့ဝှက်လွန်းလှ၏။ထိုစဉ်
“အရာရာပြင်ဆင်ပီးပီးလား။” ဟူသော သွားကျိန်းစရာကောင်းလှသော အသံတစ်ခုက လျှို့ဝှက်ခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။သူ၏ သွင်ပြင်က သက်လက်ပိုင်းလောက်ရှိပေမဲ့ သူ့မျက်နှာက မူရင်းအသက်ထက် ပို၍ငယ်သည့်အသွင်ရှိသည်။သူ၏ မျက်ခုံးနှစ်ခု ကြားတွင် အလင်းတစ်ချို့တောက်ပနေပြီး စိတ်ဝိညာဉ်စွမ်းအားများ လှိုင်းထသလို ထွက်ပေါ်လျက်ရှိပေသည်။
“ဟုတ်ကဲ့၊ အဖေ။”
အဖြူရောင်ဝတ်စုံဖြင့် လူငယ်က လေးစွားစွာဖြင့် ခေါင်းညိမ့်ကာဖြေလိုက်သည်။ သူကတော့ ဂူလန် ပင် ဖြစ်၏။
ထိုသက်လက်ပိုင်းလူကြီးက ခေါင်းညိမ့်ပြလိုက်သည်။ သူ၏ မျက်လုံးများမှာ နက်မှောင်နေပြီး တင်းမာခက်ထန်၏။ ထို့နောက် သူက ပြောလိုက်သည်။
“စိတ်ဝိညာဉ်တွေထုတ်ယူဖို့ သူတို့ထဲက သင့်တော်တဲ့လူတွေ ရွေးထား။သူတို့ထောက်ပံပေးတဲ့ စိတ်ဝိညာဉ် တွေနဲ့ ဆိုရင် ငါက စိတ်ဝိညာဉ်ဒြပ်ထည်အဆင့်ထိပ်ဆုံးအဆင့်ကို ရောက်လိမ့်မယ်။
ထိုသို့သာ ဖြစ်လာခဲ့လျင်
ငါတို့ ဂူကလန်၏ စွမ်းအားအဆင့်က လည်း တစ်ခါတည်း မြင့်တက်လာလိမ့်မယ်။
အကြီးအကဲနှစ်ယောက်ရယ်၊ ငါရယ် မနက်ဖြန် စောင့်ကြည်နေမယ်။
ဂူလန်က ခေါင်းညိမ့်ပြလိုက်ပါသည်။
“ ငါက ကြိုရွေးချယ်ပြီးပြီး။ သူတို့နှစ်ယောက်သာ ဝိညာဉ်ဝါးမြိုခြင်း မျှော်စင်ထဲကို ဝင်လာခဲ့မယ်ဆိုရင် ငါ့အစာ ဖြစ်လာလိမ့်မယ်။”
သူက ကြေးနီရောင် ဝင်ခွင့်လက်မှတ်ကို ခေါက်လိုက်ကာ သူရွေးချယ်ထားသော နှစ်ယောက်ကို သေချာကြည့်ကာ လှောင်ပြောင်ရယ်သွမ်းသွေးသည်။ထိုဝင်ခွင့်လက်မှတ်ပေါ်တွင် ပေါ်နေသော ပုံရိပ်နှစ်ခုမှာ ဇူယွမ် နှင့် ယောင်ယောင် ပင် ဖြစ်လေသည်။သူက ယောင်ယောင်၏ ပုံကို လက်ဖြင့်ခေါက်လိုက်ပြီး မျက်လုံးထဲတွင် လိုချင်ရမ္မက်များ ဖြစ်ပေါ်လာ၏။
“ငါအစတည်းက ပြောခဲ့ပါတယ်။ မင်းတို့ငါ့လက်ထဲက မလွတ်နိုင်ပါဘူးကွာ။”