ဂူလန်၏လှုပ်ရှားမှုတွေက ဒီနေ့မှာ ပြည့်စုံလှပနေသည်။ အဖိုးတန်ရတနာခန်းမဆောင်တွင် ဒီနေ့သူ့နှလုံးသားကို လှုပ်နှိုးသွားတဲ့ မိန်းမပျိုလေးက ယခု သူ့ရှေ့တွင် ရှိနေသောအတွက်ကြောင့် သူရဲ့လုပ်ရှားမှုတိုင်းကကောင်းမွန်ပြည့်စုံနေသည်။
ဂူကလန်၏ သခင်လေးဖြစ်သော ဂူလန်၏အနေအထားက ဂူပိုင်နက် နယ်မြေ အတွင်းမှာ လွန်စွာ မြင့်မားပေသည်။
ဇူယွမ်ပြန်ရောက်လာသည်ကို မြင်တဲ့အခါမှာ ယောင်ယောင်ကလှပရွန်းဆိုသော မျက်နှာအမူအယာဖြင့် ဇူယွမ်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းမှ ပေါ်ထွက်လာသော အပြုံးတစ်ခုနှင့် အတူ မေးလိုက်သည်။ “နင် အရာအားလုံးကိုဝယ်ခဲ့ပြီးပြီလား။”
ဇူယွမ်ကခေါင်း ညိတ်ပြလိုက်သည်။
ဂူလန်က ရှေ့ကမြင်ကွင်းကိုကြည့်ရင်းသူ့မျက်လုံးတွေကျဉ်းမြောင်းသွားခဲ့သည်။ယောင်ယောင်က ဇူယါမ်နဲ့ စကားပြောနေစဉ်မှာပဲ ရွင်ပြသော အမူအယာရှိသည်။ သူတို့နှစ်ယောက်ကြား ဆက်ဆံရေးက သာမန်မဟုတ်မှန်းသိသာပေသည်။သို့သော်လည်း ဂူလန်က ပြုံးလျက် သူ၏လက်နှစ်ဖက်ကို ယှက်လိုက်ပြီး ဇူယွမ်ကိုနှုတ်ဆက်လိုက်သည်။
“ကျွန်တော်က ဂူကလန်အဖွဲ့တစ်ယောက်ဖြစ်တဲ့ ဂူလန်ပါ ”
“ဂူကလန် ဟမ့်..”ဇူယွမ်က မျက်နှာ အမှုအယာပြောင်းလဲ မှုမရှိဘဲ….“ဇူယွမ်”
ဂူလန်က ဇူယွမ်ကိုအကဲခတ်လိုက်ပြီးနောက် ဇူယွမ်သည် ချီစုဆောင်းမှု အထွတ်အထိပ်တွင်သာရှိသေးသည်ကို တွေ့ရှိသွားပြီးနောက်တွင်သူ၏ မျက်နှာပေါ်တွင်အပြုံးတစ်ခုဖြတ်သန်းသွားသည်။ ဒီလိုသန်မာမှုလေးက ပါရမီရှင်တွေပေါများတဲ့ ဒီလိုဒေသတွေမှာသိပ်ပြီး အရေးမပါလှပေ။တစ်ချိန်ထဲမှာပဲ ဇူယွမ်ကို ကြည့်ရတာ အင်းအားပြည့်ဝသောနောက်ခံအင်အား ဒါမှမဟုတ် ဆွေကြီးမျိုးမှလဲ ဖြစ်ဟန်မရပေ။
ဂူလန်က ဇူယွမ်ကို ထပ်မကြည့်နေတော့ပဲ ယောင်ယောင်ဘက်သို့လှည့်၍ပြုံးလိုက်ပြီး… “မင်းရဲ့နာမည်ကို သိခွင့်ရှိနိုင်မလား။”
ယောင်ယောင်က သူ့ရဲ့နောက်မှာရှိနေတဲ့ အစေခံကောင်မလေး လက်ထဲရှိ ပျက်စီးနေတဲ့ စာရွက်တွေကို ညွှန်ပြလိုက်ပြီး… “ဒါတွေအားလုံးက ကျွန်မအတွက်လား။”
ဂူလန်က ပြုံးရယ်လိုက်ပြီး “ဒါပေါ့။’’
“သိမ်းထားလိုက်”ယောင်ယောင်ကဇူယွမ်ကိုကြည့်ပြီးပြောလိုက်သည်။
ဇူယွမ်၏ မျက်နှာမှာမဲ့သွားပြီး ရှေ့သို့လျှောက်လှမ်းကာ အစေခံ ရဲ့လက်ထဲမှ ပျက်စီးနေသောစာရွက်အပိုင်း အစများကိုလက်ခံလိုက်ပြီး သူ့၏သိုလှောင်အိတ်အတွင်းသို့ထည့်သွင်းလိုက်သည်။
ယောင်ယောင်ကသူ၏လက်ဆောင်တွေကိုလက်ခံလိုက်သည်ကို တွေ့မြင်လိုက်တဲ့အခါမှာတော့ ဂူလန်၏မျက်နှာတွင်အပြုံးတစ်ခုပေါ်လာသည်။သူ၏ပထမခြေလှမ်းမှာအောင်မြင်သွားပြီဖြစ်ရာ ဒီအစိမ်းရောင်ဝတ်မိန်းမပျိုလေးကမကြာမီပင် သူ့အတွက်ကစားစရာတစ်ခုဖြစ်လာတော့မည်ဖြစ်သည်။
“ဟီးဟီး မိန်းကလေး မင်းကို တစ်ခါမှာ ဒီမှာ မမြင်ဖူးဘူး။ ကျွန်တော်ဒီနားတစ်ဝိုက်ကို လိုက်လံပြသရင်ဘယ်လိုလဲ”ဂူလန်က ပြုံးဖြဲဖြဲအမှုအယာဖြင့်ပြောလိုက်သည်။
“သွားစို့”သို့သော်လည်း သူ့စကားဆုံးသည်နှင့် ယောင်ယောင်က ဇူယွမ်တို့ကို အချက်ပြလိုက်ပြီး နောက်လှည့်ထွက်ခွာသွားတော့သည်။
ဂူလန်ရုတ်တရက် ကြက်သေသေသွားပြီ။းဒါကဘယ်လိုတောင်မဖြစ်သင့်တဲ့ကိစ္စလဲ…. သူငါ့လက်ဆောင်ကိုလက်ခံပြီးရင်နောက်တစ်ဆင့်တက်ရမှာမလား။…ဒါကဘာလဲ။ စားသောက်ပြီးတော့ထွက်သွားတာလား။
ဇူယွမ်က ဂူလန်ကို တစ်ချက်ကြည့်လိုက်သည်။ ယောင်ယောင်အနေဖြင့် တစ်ဦးတစ်ယောက်၏ လက်ဆောင်တွေ၊စကားလုံးလှလှလေးတွေအပေါ်တွင် အယုံကြည်လွယ်လွန်းသည်။” သူမရဲ့မျက်လုံးထဲမှာမင်းပေးတဲ့ လက်ဆောင်တွေက ရိုးသားတယ်လို့ထင်နေဆဲပဲ မင်းသူမကို မကောင်းကြံဖို့မစဉ်းစားနဲ့” ဟု သူ့မျက်လုံးများက ပြောနေ သယောင်ရှိသည်။
ဇူယွမ်က ခေါင်းယမ်းလိုက်ပြီး… ဂူလန်ကို ယောင်ယောင်နှင့်နီးစပ်ဖို့ အခွင့်အရေးပေးလိုမဖြစ်ဘူး။
ဂူလန်က လျင်မြန်စွာပင်သူ့မြင်ကွင်း အတွင်းတွင်ပြန်ပေါ်လာခဲ့သည်။ထိုနောက်သူ့ကို ကျော်သွားပြီးယောင်ယောင်၏ရှေ့တွင်ရပ်လိုက်သည်။
“ဘာကိစ္စရှိသေးလို့လဲ။ ”ယောင်ယောင်က မျက်မှောင်ကြုတ်လျက် စိတ်အလိုမကျစွာကြည့်ပြီးပြောလိုက်သည်။
ဂူလန်၏မျက်နှာက ချက်ချင်းပင်အေးစက်သွားပြီး ခနအကြာ သူ၏မျက်လုံးများက ပြန်လည်တောက်ပလာကာ နွေးထွေးစွာပြုံးလိုက်သည်။…“မင်းတို့ နှစ်ယောက်လုံးကို စကားပြောစရာလေးရှိသေးလို့ပါ။မနက်ဖြန်မှာ ကျွန်တော်တို့ ကလန်ရဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းမျှော်စင်ကို ပါရမီရှင် တွေလေ့ကျင့်နိုင်ဖို့ ဖွင့်လစ်ပေးတော့မယ်။ ဒါပေမယ့်ဝင်ရောက်လေ့ကျင့်နိုင်တဲ့ လူအရေအတွက်က ကန့်သတ်ထားလို့ မင်းတို့ နှစ်ယောက်သာ စိတ်ဝင်စားမယ်ဆိုရင် ငါတို့ရဲ့ရင်းနှီးမှုအတွက် ဝင်ခွင့်နေရာနှစ်ခုကို ငါ လက်ဆောင်အဖြစ်ပေးပါ့မယ်။”
ဂူလန်က သူ့အင်္ကျီအိတ်ထဲမှ ကြေးဝါရောင်လက်မှတ်နှစ်စောင်ကို ထုတ်ယူလိုက်သည်။ထိုတံဆိပ်ပြားပေါ်တွင် ဂူကလန်၏အမှတ်တံဆိပ်နဲ့ အနက်ရောင်မျော်စင်တစ်ခုကို ရးထိုးထားသည်။
“ဝိညာဉ်သန့်စင်ခြင်းမျှော်စင်ရဲ့ ဝင်ခွင့်လက်မှတ်လား” ဇူယွမ်ရဲ့မျက်လုံးတွေက သူ့ရှေ့တွင်ရှိသော ဂူလန်ကို ပြန်ကြည့်လိုက်ပြီး ဝိညာဉ်သန့်စင်ခြင်းမျှော်စင်က ဂူကလန်၏ရတနာတစ်ခုမလား ဒါကို အပြင်လူတွေလေ့ကျင့်ဖို့အတွက် ဖွင့်ပေးတယ်ပေါ့။ ဂူကလန်ကတကယ်ကိုကြင်နာတတ်တာလား။
ဇူယွမ်တုန့်လှုပ်နေစဉ်မှာပဲ သူ့နားထဲမှာ ယောင်ယောင်၏ အသံကြားလိုက်ကြသည်။“လက်ခံလိုက်။ ဒီဝိညာဉ်သန့်စင်ခြင်းမျှော်စင်က အားလုံးထက် နည်းနည်း ပိုပြီး ထူးခြားနေတယ်။”
ဇူယွမ်ကယောင်ယောင်ကိုတစ်ချက်ကြည့်လိုက်သည်။သူမသည်လည်းးဂူကလန်၏ အပြုအမူများကို သံသယရှိနေပုံပေါ်သည်။ သူမတွင်လည်းအစီအစဉ်တစ်ခုရှိပုံရသည်။ထို့ကြောင့် ဇူယွမ်က ဂူလန်ဆီမှ ကြေးဝါရောင်လက်မှတ်များကို ယူလိုက်ပြီး“ဒါဆိုရင် သခင်လေးဂူကိုကျေးဇူးတင်ပါတယ်”
ယောင်ယောင်က ဂူလန်ကို စကားတစ်ခွန်းမှမဆိုပဲ တစ်ချက်မျှကြည့်ကာ အဖိုးတန်ရတနာခန်းမ၏ ထွက်ပေါက်ဆီသို့ သူမ၏ခြေတံရှည်လေးများဖြင့် လျောက်လှမ်းသွားလိုက်သည်။
ဂူလန်က ထွက်ခွာသွားသော ယောင်ယောင်နှင့် ဇူယွမ်တို့၏ပုံရိပ်များကိုကြည့်ရင်း သူ့မျက်နှာပေါ်ရှိ အပြုံးများပျောက်ကွယ်သွားပြီး အေးစက်စက်အမှုအယာ ပြန်ဖြစ်သွားသည်။“သူတို့ဘယ်မှာနေလဲဆိုတာသွားစုံစမ်းလာခဲ့ ပြီးတော့ သူတို့ဒီမြို့ထဲကနေ ခိုးထွက်မသွားစေနဲ့ ငါ့ဆီက ဘယ်လက်ဆောင်မှအလွယ်တကူမရနိုင်ဘူး။”
သူ၏လက်ထဲမှငွေယပ်တောင်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ရဲ့နှုတ်ခမ်းထောင့်စွန်းမှာ ထူးဆန်းသောအပြုံးတစ်ခုပေါ် လာခဲ့သည်။“ဘယ်သူမှ စိတ်ဝိညာဉ်သန့်စင်ခြင်း မျှော်စင်ကို ဝင်ရောက်ရမယ့် အခွင့်အရေးကို မငြင်းနိုင်ပါဘူး။”
“သို့သော်လည်းလောကမှာ အလကားရသည့်နေလည်စာဆိုတာမရှိပေ။”