“ထန်ထန်ကို ဝယ်ချင်တာလား။”
ထိုစကားလုံးများကြောင့် ဇူယွမ်သည် ကျက်သေသေ သွားခဲ့သည်။ ခဏကြာပြီးလျင် ဇူယွမ်၏ မျက်နှာမှာ ငိုရမလို ရယ်ရမလို ဖြစ်သွား၏။ တခြားတစ်ဖက်မှာလည်း ထန်ထန်က အစိမ်းရောင်ဆံပင်နှင့် မိန်းကလေး၏ ပြင်းပြသော စိတ်ဆန္ဒကို သိရှိကာ အရူးတစ်ယောက်လို သူမကို စိုက်ကြည့်လေသည်။
“မရောင်းနိုင်ဘူး..”
ဇူယွမ်က ချက်ခြင်းငြင်း လိုက်၏။သူက သူ့လက်မောင်းထဲမှာရှိသော အကောင်လေးက မည်မျှ ကြမ်းကြုတ်ရက်စက်သည်ကို သိပါသည်။ သူသာ ထိုကောင်လေးကို ရောင်းဖို့ ခေါင်းညိမ့်ရဲမည်ဆိုပါက ထိုအယုတ်တမာလေးက သူ့ကိုလက်ဖဝါးလေးနှင့် လှမ်းရိုက်ကာ ချက်ခြင်း မသန်မစွမ်းဖြစ်စေပါလိမ့်မယ်။
ဇူယွမ်၏အဖြေကို ကြားပြီးနောက်မှာတော့ ထိုအဖြေကို ထန်ထန်က ကျေနပ်လျက်ရှိသည်။
သူ့လက်ဖဝါးလေးဖြင့် ဇူယွမ်လက်မောင်းကို ပုတ်ကာ ထိုစကားအတွက် လိမ်မာပါးနပ်ကြောင်း ချီးကျူးသလိုလုပ်သည်။
ဆံပင်အစိမ်းရောင်နှင့်ကောင်မလေးသည် ဇူယွမ်၏အဖြေကို ကြားလိုက်သောအခါ အနည်းငယ် စိုးရိမ်သွားကာ ချက်ခြင်းပြန်ပြောလိုက်သည်။
“အကိုငယ်လေး ငါ့ကိုရောင်းပါ ၊ ငါ မူလသလင်းကျောက် ငါးသန်း ပေးမယ်လေ။” ဟုထပ်ကမ်းလှမ်းပြန်သည်။
သူမက ထန်ထန်ကိုငေးကြည့်ရင်း လိုချင်ဆန္ဒများ တောက်လောင်ပြည့်လျှံနေသည်။အခြားလူများသည် ထန်ထန်က မယုံကြည်နိုင်လောက်အောင် ဖြစ်နေပေမဲ့ သိရှိဖို့ရာ မစွမ်းနိုင်ပေ။သို့သော် သူမက အထူးနည်းလမ်းတစ်ခုခု ရှိပုံရကာ ထန်ထန်၏ အံ့သြဖွယ်ဖြစ်တည်မှုကို သိရှိနိုင်သည်။
“မူလသလင်းကျောက် ငါးသန်း။”
ဇူယွမ်က ထိုကြောက်မက်ဖွယ်ကောင်းလောက်သော ပမာဏကြောင့် ကြောင်တောင်တောင်ပင် ဖြစ်သွားကာ သူ့မျက်လုံးများကလည်း ပြူးကျယ်ပြီး သူတို့ရှေ့ရှိ မိန်းကလေးကို ငေးစိုက်ကာကြည့်လိုက်မိသည်။တကယ်တော့ မူလသလင်းကျောက်ငါးသန်းဆိုသည်က ဇူအင်ပါယာတစ်ခုလုံး၏ တစ်နှစ်လုံးစာ အခွန်နှင့် ညီမျှလေသည်။
“ဒီမိန်းကလေးက ဘယ်သူလည်း။”
သူသည် မိန်းမပျိုလေးက ထိုသို့သောဈေးနှုန်းကို ခေါ်ရဲလိမ့်မည့်လို့ မယုံနိုင်သေးပေ။
ထိုမိန်းမပျိုလေး၏ အရူးအမူးဖြစ်နေသာအကြည့်ကြောင့် သူမက လေကျယ်နေသည်မဟုတ်ဘဲ ထိုပမာဏကို အမှန်တကယ်ပေးနိုင်သည်ကို ရှင်းလင်းစွာသိနိုင်လေသည်။
ဇူအင်ပါယာ၏ အပြင်ဘက်မှာ သူက ပုံစံမျိုးစုံကို ကြုံရလိမ့်မည်က အမှန်တကယ်ဖြစ်လာပေသည်။ဇူယွမ်က သက်ပြင်းသဲ့သဲ့ ချလိုက်မိသည်။ ကြီးကျယ်သော ဇူအင်ပါယာမှာဆိုလျင် ထိုသို့သော မူလသလင်းကျောက် ငါးသန်းကို အလွယ်တကူ ထုတ်ပေးနိုင်သောသူကို တွေ့ရဖို့ မဖြစ်နိုင်ချေ။
သို့ရာတွင် ထိုမူလသလင်းကျောက်ငါးသန်းက သူ့ကို အနည်းငယ်သာ တုန်လှုပ်စေပြီး သူက ချက်ခြင်းဘဲခေါင်းယမ်းကာ တွေဝေခြင်းမရှိ ငြင်းဆိုလိုက်ပြန်သည်။
သူက ထန်ထန် မည်မျှ အံ့အားသင့်ဖွယ်၊ ထူးဆန်းဖွယ်ကောင်းသည်ကို တကယ် မသိပေ။ ကလေးဘ၀ထဲက မူလစဦးအဆင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားရှိနေရုံဖြင့်ပင် လုံလောက်လေပြီ။ သူသာ အရွယ်ရောက်လာမည် ဆိုပါက မယှဉ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလာမည်မှာ သေချာပေသည်။ မူလသလင်းကျောက် ငါးသန်းက အရမ်းကောင်းပေမဲ့လည်း ထန်ထန်နှင့်တော့ လုံးဝယှဉ်လို့မရနိုင်ပေ။
ထပ်မံငြင်းဆိုခြင်းကို ခံရသောအခါ ဆံပင်အစိမ်းရောင်မိန်းမပျိုလေးသည် သူမ၏ခြေထောက်ကို မြောက်တက်စေကာ မှင်သက်မိရုံသာမက နဖူးတွင်လည်းချွေးပြန်လာသည်။ သူမက ခေါင်းငုံလိုက်ကာ အရောင်တောက်ပနေသော ပုံစံများကို မြင်နေရသည့် သူမ၏ပြစ်မျိုးမှဲ့မထင် လက်ကလေးကို ကြည့်လိုက်မိသည်။ ထိုစွမ်းအင်ပုံစံများက အလွန်ပူပြင်းမှုကို ပေးသည်။
သည်တောက်ပသော ပုံစံများက မူလသားရဲများ၏ သွေးမျိုးဆက်ကို သိရှိနိုင်သည်။ သွေးမျိုးဆက် ပိုမိုသန်မာလာလေလေ ၎င်းက ပို၍ ပူလာလေလေ ဖြစ်သည်။
သူမက ထိုနှင်းခဲလေး ကို စတင်ပိုင်ဆိုင်ကတည်းက ထိုမျှလောက်သာ အပူသို့ရောက်ရှိသည်ကို တစ်ခါမျှ မခံစားဖူးပေ။
အခြားတစ်ဖက်က ပြောမည်ဆိုပါက သူမမျက်စိ ရှေ့မှာရှိသော ထိုကောင်လေး၏ သွေးမျိုးဆက်က ရေခဲဖီးနစ် သွေးမျိုးဆက် ပိုင်ဆိုင်သော နှင်းခဲလေး ထက် ပို၍သန်မာခြင်း ဖြစ်နိုင်ပါသည်။သူမအတွက်တော့ ထိုသို့သော ပိုင်ဆိုင်မှုက လုံး၀ စွဲဆောင်နိုင်ပါသည်။ဆံပင်အစိမ်းရောင်မိန်းမပျိုလေးသည် သွားကြိတ်လိုက်ကာ ထိုအရာအတွက် အရမ်းလိုချင်သော ဆန္ဒက အရှိန်ဖြင့် မြင့်တက်လာသည်။
“ထိုကောင်လေးကို အတင်းဆွဲယူပြီး မူလသလင်းကျောက်တွေ ထားခဲ့ကာ ပြေးရင် ကောင်းမလား…။”
အစိမ်းရောင်ဆံပင်နှင့် မိန်းမပျိုလေးက ထိုသို့တွေးနေစဉ်မှာပင် သူမအဝတ်များက လှုပ်ရမ်းသွားပြီး ကော်လံကြားထဲမှ အပြာရောင်ရေခဲငှက်လေးတစ်ကောင် တစ်ကောင်ထွက်ပေါ်လာပြီး ၎င်း၏မျက်လုံးများဖြင့် ဇူယွမ်ကို ကြည့်လိုက်သည်။
နှင်းခဲလေးက ပတ်ဝန်းကျင်လေထုကို စတင်အေးဆက်စေသည်။
ထိုအပြာရောင်ရေခဲငှက်လေး ထွက်ပေါ်လာပြီးနောက် ဇူယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူမျက်ခုံးနှစ်ခုကြားရှိ စိတ်ဝိညာဉ်မှာလည်း ခဏတုန်လှုပ်ရသည်။ ထိုအရာက စွမ်းအားပြည့်သောခြိမ်းခြောက်မှု တစ်ခုပင်။သူအသွင်က ထိုငှက်ကို ကြည့်လိုက်မိသောအခါ အရေးတကြီး ပုံစံပြောင်းသွားသည်။သည်အရာက မရိုးရှင်းနိုင်ပေ။
“သည်မိန်းကလေးက ပိုလိုပင်ဆိုးပေမည်။”
ဇူယွမ်၏ မျက်လုံးထဲတွင် သတိထားမှုများ ပြည့်လာသည်ကို တွေ့ရသည်။ အကြောင်းကတော့ သည်လိုဖြုံလောက်သောသားရဲက သူမဘေးမှာရှိနေကတည်းက သူမက သာမန်မဟုတ်နိုင်ပေ။
ဇူယွမ်လက်မောင်းထဲတွင်ရှိသော ထန်ထန်က လုံး၀ အိပ်ပျော်နေရာမှ မျက်လုံးပွင့်လာကာ သည်ငှက်ကလေးကို သိမ်းကြုံးကြည့်လိုက်သည်။သူ့ပါးစပ်ကို အနည်းငယ်ဟလိုက်ကာ အနက်ရောင်အလင်းဖျော့ဖျော့သည် လည်ချောင်းထဲမှ ထွက်ပေါ်လာကာ ကခုန်သကဲ့သို့ရှိသည်။ထန်ထန်သည် ထိုငှက်ကလေးက ဇူယွမ်ကို ရန်လိုသည်ကို အာရုံခံမိလေသည်။ထန်ထန်က သတိပေးတုန့်ပြန်လိုက်မှုကြောင့် ထိုငှက်ငယ်လေးသည် သူ၏ခေါင်းကို မိန်းမပျိုလေး၏ အဝတ်စားထဲသို့ ပြန်မဝင်ခင် ခဏတာ တုန့်ဆိုင်းသွားကာကာ အနည်းငယ်တုံယင်သွား၏။
ဆံပင်အစိမ်းရောင်ဖြင့်မိန်းလေးသည် သူမ၏ အသန်မာဆုံးသော ထိုနှင်းခဲလေးက ထိုသို့ ပြုလုပ်သည်ကို မြင်လိုက်သောအခါ သူမမျက်နှာမှာ ရှုံတွသွားသည်။
“အကိုငယ်၊ ဒီကောင်လေးကို ဘယ်ဈေးနဲ့ရောင်းနိုင်မလဲ။”
“ဘာပဲဖြစ်ဖြစ်လေ”
ထိုမိန်းမပျိုလေးက ဦးနှောက်ချောက်စွာပြောလိုက်သည်။ “သားရဲတစ်ထောင်အင်ပါယာ မှာ မြို့စားအဖြစ် ကမ်းလှမ်းမယ်ဆိုရင်ရော။”
“သားရဲတစ်ထောင်အင်ပါယာရဲ့မြို့စားလား။”
ဇူယွမ်က မှင်တက်မိသွားသည်။သူ့ရှေ့မှ မိန်းမပျိုလေးက သားရဲတစ်ထောင်အင်ပါယာ၏ မြို့စားအဖြစ်သူ့ကို အလွယ်တကူပေးနိုင်သည် ဆိုမှတော့ သူမ၏ အဆင့်တန်းသည် ထိုထက် အံ့သြဖွယ်ကောင်းသောအဆင့် ဖြစ်ပေလိမ့်မည်။သို့ရာတွင် ဇူယွမ်က ချက်ခြင်းခေါင်းခါလိုက်သည်။
“မင်းက သည်ကောင်လေးဟာ ပုံမှန်မဟုတ်ဘူးဆိုတာ သိတယ်ဆိုရင် ဒါက တန်ဖိုးဖြတ်လို့ မရတာကို နားလည်မှာပါ။”
“ငါမရောင်းနိုင်ဘူး။ ဒါကြောင့် ဒီလိုအတွေးတွေ တွေးနေတာရပ်လိုက်တော့။”
သူက စကားကုန်ပြောပြီးနောက်မှာတော့ အစကတည်းက စောင့်နေသော အစေခံက ပြန်လာပြီး လိုချင်တာအကုန်အဆင်သင့်ဖြစ်ကြောင်း အစီရင် ခံသည်။သူက မူလသလင်းကျောက်များ ပေးလိုက်ကာ ထိုအရာများကို စကြာဝဠာအိတ်ထဲသို့ သိမ်းလိုက်ပြီး သည်နေရာမှ ထွက်ခွာရန် ပြင်လေသည်။
ထိုအခါ ဆံပင်အစိမ်းရောင်နှင့်မိန်းမပျိုလေးက ဇူယွမ်၏နောက်ကျောကို ဝမ်းနည်းပက်လက် ကြည့်လိုက်လေ၏။ သူမက ဤကဲ့သို့သော စွမ်းအားပြည့်ဝလှသည့် သွေးမျိုးဆက်ကို ပိုင်ဆိုင်သောမူလသားရဲတစ်ကောင်ကို ကြုံတွေ့ရဖို့ မလွယ်ကူပေ။သို့သော် သူ့သခင်က ၎င်းကို ရောင်းဖို့ဆန္ဒမရှိပဲ နေနေလေသည်။
“မဟုတ်ဘူး.. မဟုတ်ဘူး.. ငါအလျော့မပေးနိုင်ဘူး။”
ဆံပင်အစိမ်းရောင်ဖြင့်မိန်းမပျိုလေးက သူမခြေထောက်ကို စောင့်ကြီးအောင့်ကြီး လုပ်လိုက်၏။သည်ထူးဆန်းသောသားရဲလေးက သူမ၏ကျင့်ကြံမှုကို အပြည့်အ၀ ကူညီပေးနိုင်ပေလိမ့်မည်။ ထိုကြောင့် သူမက လွယ်လွယ်ကူကူ လက်လျော့ဖို့ မလုပ်နိုင်ပေ။
“နင်ငါ့ကို မရောင်းရင် ငါနင့် နောက်ကို လိုက်နေမှာပဲ။” သူမက ဇူယွမ်နောက်ကို အမြန်မလိုက်ခင် ထိုသို့ တစ်ချက်တွေးလိုက်၏။
“အကိုငယ်လေး…နင့်နာမည် ဘယ်လိုခေါ်လဲ။”
“အကိုငယ်လေး… နင်ဘယ်က လာတာလဲ။”
“အကိုငယ်လေး… နင်ကော သူတော်စင် အကြွင်းအကျန်နယ်မြေကို သွားမှာလား..။ “
“ငါတို့အတူ အသင်းဖွဲ့နိုင်ပြီး ငါကလည်း လုံလောက်အောင်သန်မာကာ လုံးဝအမှိုက်ဖြစ်လိမ့်မှာ မဟုတ်ဘူး။”
ဟု ဆက်ကာဆက်ကာပြောရင်း လိုက်လာသည်။
ခြေလှမ်းအနည်းငယ် သွားပြီးနောက်မှာ ဇူယွမ်၏ ခေါင်းမှသွေးကြောများ ထောင်မတ်လာတော့သည်။ဇူယွမ်က စိတ်တိုစွာ ပြောလိုက်လေသည်။
“မင်း ဘာလို့ငါ့နောက်က တကောက်ကောက်လိုက်လာတာလည်း။”
ထိုဆံပင်အစိမ်းဖြင့်ကောင်မလေးက အသည်းအသန်ပြူံး၍ ပြန်ဖြေလိုက်သည်။
“ငါတို့နှစ်ယောက် တွေ့ဆုံခြင်းက ကံတရားပဲ။ နင်ဘာလို့ အေးဆက်ဖို့ လိုနေမှာလဲ။ တို့တစ်ယောက်နဲ့တစ်ယောက်ပိုသိတာ မကောင်းလို့လား။”
ဇူယွမ်က ကသိကအောက်ဖြစ်ကာ မျက်နှာမဲ့လိုက်မိသည်။ သူမက ထန်ထန်ကို လိုချင်သောကြောင့် ထိုသို့ ပြောနေတာပဲဖြစ်သည်။
ထို့အတွက် သူက သူမကို ထပ်ပြီး အာရုံမထားတော့ဘဲ ယောင်ယောင်ရှိသောနေရာသို့ ရှေးရှုကာ အလျင်အမြန် ဆက်လျောက်လိုက်လေသည်။
ထိုသို့ဖြစ်ပြီးနောက်မှာလည်း သူမက ဇွဲကြီးစွာပင် ဇူယွမ်ကို တတွတ်တွတ်ပြောဆိုရင်း ထပ်လိုက်လာပြန်သည်။
ဇူယွမ်က ယောင်ယောင်ရှိနေသောနေရာဖြစ်သည့် ခန်းမသို့ ဆက်သွားသည်။ ချက်ခြင်း သူ့မျက်လုံးများက ပြူးကျယ်သွားသည်။
အခင်းအကျင်းတစ်ခု ဘေးမှာတော့ ယောင်ယောင်က ပျက်စီးနေသော ရှေးဟောင်း စာသားများပေါ်မှာ အာရုံစိုက်နေသည်ကို တွေ့ရလေသည်။သို့သော် အခု သူမ၏ဘေးတွင် အဖြူရောင်ဝတ်ဆုံဖြင့်လူငယ် တစ်ယောက်ကို တွေ့ရလေသည်။
ထိုလူငယ်လေးက အတော်လေးကြည့်ကောင်းကာ ဖွံဖြိုးသန့်စင်သော အရောင်အဝါကို ပေးသည်။
သူ့နောက်မှာတော့ အစေခံကောင်မလေးများ ကပ်လျက်ရှိသည်။ ယောင်ယောင်က ရပ်လျက်ရှိနေပြီး လက်ဝှေ့ရမ်းလိုက်ကာ သူမကြည့်နေသော ထိုပျက်စီးနေသည့် အပျက်အစီးစာသားများကို ဝယ်ယူလိုက်သည်။
ထို့ကြောင့် အချိန်ခဏကြာပြီးနောက်မှာတော့ ပတ်ဝန်းကျင်၏ အာရုံစိုက်မှုများကို ဆွဲယူလိုက်ပြီး အစေခံကောင်မလေးများက ထိုစာသားများအပြည့်အလျှံထည့်ထားသော လင်ဗန်းများကို ယူလာခဲ့လေသည်။
ဇူယွမ်က သူ့ခေါင်းနောက်ကို ကုတ်လိုက်ကာ ဤမြင်ကွင်းက သူ့ကို အနည်းငယ် ပဟေဠိ ဖြစ်စေခဲ့သည်။
“ဘာတွေဖြစ်နေတာလဲ။”