တောင်များရဲ့ အတွင်းပိုင်းနေမြေ…
တဲစခန်းတွေရှိ မီးပုံများရဲ့ဘေးမှာ…
မှော်သားရဲအသားကင်တစ်ခုလုံးနီးပါး ထန်ထန်ရဲ့ဗိုက်ထဲကိုရောက်သွားပြီ။ဇူယွမ်ကတော့ သူ့ညာဖက်လက်တစ်လုံး ဖုံးကွယ်လုနီးပါးဖြစ်နေတဲ့ အစိမ်းရောင်ကြေးခွံ၏ လျှို့ဝှက်ချက်ကို ရှာဖွေလျက် ဈာဉ်ဝင်စားနေသည်နိအစိမ်းရောင်ကြေးခွံတွေ သူ့ရဲ့လက်မောင်းမှာပေါ်လာပြီး နောက် သူ့လက်သီးနဲ့မျက်နှာကို ကာကွယ်နိုင်သောစွမ်းရည်တွေ ဆက်တိုက်ထွက်ပေါ်လာသည်။
ယောင်ယောင်က မြေပုံကိုကိုင်လျက် သူတို့သွားရမည့် လမ်းကြောင်းတွေကို စစ်ဆေးပြီးနောက် ပြောလိုက်သည်…“ငါတို့ ဒီတောင်တွေထဲကနေ သုံးရက်အတွင်း ထွက်ဖို့လိုတယ်။”
“ဒီတောင်တန်းတွေကနေထွက်ခွာ ပြီးတာနဲ့ ဂူပိုက်နက်နယ်မြေလို့ခေါ်တဲ့နေရာကို ရောက်ရှိသွားမယ်။အဲ့နယ်မြေက အင်ပါယာတွေရဲ့လက်အောက်တွင်တည်ရှိခြင်း မရှိပဲ ဂူကလန်လို့ခေါ်တဲ့ မိသားစု တစ်ခုရဲ့ သြဇာလွှမ်းမိုးမှု အောက်မှာသာ ရှိနေတယ်။ဂူပိုက်နက်နယ်မြေအတွင်းမှာ ဂူကလန်က အာဏာရှင်ပဲ။”“ဒီ ဂူပိုင်နက်နယ်မြေက သူတော်စင် အကြွင်း အကျန်နယ်မြေနဲ့ နီးစပ်နေပြီးတော့ အချက်အချာကျတဲ့ နယ်ပယ်ဒေသတစ်ခုပဲ ”ယောင်ယောင် အနည်းငယ်မျှပြုံးပြီးပြောလိုက်သည်။ ထိုအပြုံးမှာ မီးပုံ၏အလင်းကို ကျော်လွန်ပြီး တောက်ပလွန်းလှပေသည်။
“ကြည့်ရတာ ဂူကလန်က အနည်းငယ် စိတ်ဝင်စားစရာကောင်းတဲ့ပုံပဲ။”ယောင်ယောင်က သူရဲ့လက်ချောင်းလေးဖြင့် မြေပုံပေါ်ရှိ တစ်နေရာကို ညွှန်ပြရင်း ပြောလိုက်သည်။
“အို….”ဇူယွမ်က အံ့အားသင့်စွာဖြင့် ယောင်ယောင် ဘက်သို့လှည့်လိုက်သည်။ယောင်ယောင်ရဲ့ စိတ်ဝင်စားမှုကို ရရှိအောင်လုပ်နိင်မည့် အရာမှာ အနည်းငယ်မျှသာရှိပေသည်။
ယောင်ယောင်က စိတ်ဝင်တစားရှင်းပြလိုက်သည်။ “ဂူကလန်သားတွေက အတော်အတန်သန်မာတဲ့ စိတ်ဝိညာဉ်တွေကို ပိုင်ဆိုင်ကြတယ်။ ဒါကြောင့်မလို့ ဂူကလန်က မှော်စာလုံးရေးတဲ့နေရာတွင် ကျွမ်းကျင်တဲ့ အဆင့်တစ်ခုမှာရှိတယ်”
ဇူယွမ်က အံ့အားသင့် စွာဖြင့်…“ဂူကလန်မှာလဲ စိတ်ဝိညာဉ် လေ့ကျင့် နည်းတစ်ခုခုကို ပိုင်ဆိုင်မယ်ထင်တယ်”
“စိတ်ဝိညာဉ်လေ့ကျင့်နည်းတစ်ခုရှိရုံနဲ့တော့ ကလန်သားတွေရဲ့ စိတ်ဝိညာဉ်တွေကို သန်မာစေနိုင်မှာမဟုတ်ဖူး။ ပါရမီလည်းပဲ အရေးပါသေးတယ်။” ယောင်ယောင်က ခေါင်းယမ်းလိုက်ပြီးဆက်လက်ပြောဆိုခဲ့သည်။
“ကြည့်ရတာ ဂူလန်မှာ စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်တဲ့ မျှော်စင်တစ်ခုရှိမယ်ထင်တယ်”ဇူယွမ်ရဲ့ နှလုံးသားမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်လာတယ် ဂူကလန်မှာသာ ထိုကဲ့သို့သောရတနာမျိုးရှိနေမယ်ဆိုလျင်…
အခုသူရဲ့ စိတ်ဝိညာဉ်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ကို ရောက်နေပြီ အခု နောက်ပိုင်းတွင်သူရဲ့ စိတ်ဝိညာဉ်အဆင့် တိုးတက်အောင် ကျင့်ကြံဖို့မတတ်နိုင်ရှိနေရာ စိတ်ဝိညာဉ်မျှော်စင်ထဲ ဝင်ရောက်ရန်အတွက် အခွင့်အရေးရရှိမည်ဆိုပါက သူ၏စိတ်ဝိညာဉ်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အထက် အဆင့်သို့ရောက်သွားမည် ဖြစ်သည်။ ထိုသို့ဆိုပါက သူသည် အဆင့်သုံး မှုလမှော်စာလုံးများကို သင်ယူပြီး အသုံးပြုလာနိုင်သည်။
သို့သော်လည်းပဲ… ထိုကျင့်ကြံခြင်း ရတနာမျိုးမှာ ဂူကလန်၏ အစောင့်အကြပ်များနှင့် ပြည့်နှက်နေပြီး သူ့လို အပြင်လူများအတွက် အထဲသို့ဝင်ရောက်ဖို့ရန် လွန်စွာမှ ခက်ခဲ လိမ့်မည်ဖြစ်သည်။ ဒါကြောင့်မလို့ သူ့မှာ ရွေးချယ်စရာမရှိပေ။ဇူယွမ်က မိမိဘာသာတွေးတောရင်း သက်ပြင်းချလိုက်ပြီးပြုံးလိုက်သည်။
“ဒီလိုမျိုးရတနာကို ငါတို့ဘာမှလုပ်နိုင်မှာ မဟုတ်ဖူး။ ငါတို့တောင်တွေထဲကနေထွက်ခွာပြီးရင် ငါတို့လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ ရိက္ခာတွေကို ဂူမြို့မှာ ဝယ်ယူပြီးတော့ပဲ သူတော်စင်အကြွင်းအကျန်နယ်မြေဆီကို ခရီးဆက်ကြမယ်။”
ယောင်ယောင်က ခေါင်းညိတ်ကာသဘောတူလိုက်ပြီး။ အပျင်းကြောဆန့်နေသော ဇူယွမ် ကိုကြည့်ပြီးပြောလိုက်သည်။ “အနားယူဖို့ စဉ်စားနေတာလား ငါမင်းကိုသင်ပေးထားတဲ့ အဆင့် ၂ မှော်စာလုံး ရေးတာ ဘယ်လောက်ကျွမ်းကျင်ပြီလဲ။”
ဇူယွမ်ရဲ့ မျက်နှာကကြက်သေသေသွားသည်။
ယောင်ယောင်က သူမ၏ခေါင်းကို ငုံ့ကာ မြေပုံကိုဆက်ကြည့်လိုက်ပြီး ရှည်လျားစွာပြောလိုက်သည်။
“မပေါ့ဆစမ်းနဲ့ မည်သူမှ သူတော်စင် အကြွင်းအကျန်ဒေသမှ လွယ်လွယ်ကူကူနဲ့ အခွင့်အရေး မရရှိကြဖူး ပြီးတော့ နင့်ရဲ့ အလယ်အလတ် ချီစုဆောင်းမှု အဆင့်လေးနဲ့အဲ့ဒီမှာကြည့်ရူဖို့ရန်ကိုထိုက်တန်မှာ မဟုတ်ဖူး မင်းရဲ့သန်မာတဲ့ဝတ်စုံက အလုပ်မလုပ်တော့ရင် မင်းက အခြားသူတွေနဲ့ ဘယ်လို ယှဉ်ပြိုင်တိုက်ခိုက်မလဲ။”
“နင်ကြီး မြတ်သောဇူအင်ပါယာကို အမြီးကုတ်ပြီး မပြန်ချင်ဖူးဆိုရင် နင့်ကိုနင် အခုထက်ပိုကောင်းမွန်အောင်သင်ယူသင့်တယ်။”
ယောင်ယောင်ထံမှ ဆူငေါက်ခံလိုက်ရပြီးနောက် ဆူပုတ်ပုတ်မျက်နှာပေးဖြင့် ကျောက်စိမ်းပြားတစ်ခုကိုထုတ်လိုက်ပြီးနောက် သည်နှစ်လအတွင်းမှာ ယောင်ယောင်သင်ကြားပေးထားသော အဆင့် ၂ မူလမှော်စာလုံးများကို သူ၏ ကောင်းကင်ယွမ် စုတ်တံကိုခါးမှထုတ်ပြီး ရေးဆွဲနေလိုက်သည်။
…
သုံးရက်ကြာပြီးနောက်
ဇူယွမ်ကတိတ်ဆိတ်စွာ တောင်ကုန်းတစ်ခုပေါ်တွင်ထိုင်နေခဲ့သည်။ ပတ်ဝန်းကျင်မှမှုလစဦးချီစွမ်းအင်များမှာ သူ့ အသက်တစ်ချက်ရူတိုင်းမှာပင် သူ၏နှခေါင်းမှတစ်ဆင့် ဝင်ရောက်လာကြသည်။မူလစဦးချီများ၏လွှမ်းမိုးမှုအတွင်းမှာ သူ့ချီစုဆောင်းမှုနယ်ပယ်အတွင်းမှ နက်ရွှေရောင်မှုလစဦးချီများက တစ်ဖြည်းဖြည်းမြင့်တက်လာပြီး နှစ်နာရီလောက်လေ့ကျင့်ပြီးတဲ့အခါမှာတော့ ဇူယွမ်၏မျက်လုံးများ ဖြေးညင်းစွာပွင့်လာခဲ့သည်။
သူ၏မျက်လုံးများတွင် နက်ရွှေရောင်ချီစွမ်းအားများ ပြည့်လျက်ရှိပြီး သူ့ပတ်ဝန်းကျင်ရှိမှုလစဦးချီများမှာ ပြန်လည်မြင့်တက်လာခဲ့သည်။ မူလစဦးချီများမှာလေထဲတွင်ကွဲပြားစွာရှိနေပြီး မိုးခြိမ်းသံများကျယ်လောင်စွာထွက်ပေါ်လာကာ သူရပ်နေသောမြေပြင်တွင်လည်း အက်ကွဲကြောင်းများဖြစ်ပေါ်လာသည်။
“ချီစုဆောင်းမှုအထွတ်အထိပ်အဆင့်”…သူ့၏ချီစုဆောင်းမှုနယ်ပယ်အတွင်းမှ ကြီးမားလှတဲ့ချီပမာဏကိုအာရုံခံမိပြီးနောက် ဇူယွမ်၏မျက်နှာပေါ်တွင်ပျော်ရွင်ကျေနပ်သည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။နှစ်လတာ ခက်ခဲ ကြမ်းတမ်းသော လေ့ကျင့်မှုတွေအပြီးမှာ သူရဲ့ကျင့်ကြံမှုအဆင့်တစ်ခုကိုကျော်ဖြတ်နိုင်ပြီးတော့ ချီစုဆောင်းမှုအထက်အဆင့်ကို အပြည့်အဝရောက်ရှိခဲ့ပြီ။ချီစုဆောင်းမှု ထိပ်ဆုံးသို့ရောက်ပြီးနောက် ကောင်းကင်တံခါး အဆင့်သို့ရောက်ရန်အတွက်ခြေတစ်လှမ်းနီးကပ်လာပြီဖြစ်သည်။
တခြားသောပါရမီရှင်တွေနဲ့ သူကြားက ကွာဟချက်က တဖြည်းဖြည်းသေးငယ်လာပြီ။
ဖူး….
အသက်ရူထုတ်လိုက်သံနှင့်အတူ အဖြူရောင်လေများက ဇူယွင်၏ ပါးစပ်အတွင်းမှထွက်လာသည်။ဇူယွမ်သည်တောင်ကုန်းပေါ်မှ ထန်ထန်ကို ပွေ့ချီထားသော ယောင်ယောင်ရှိရာမြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သောအချိန်တွင် ကျေနပ်အားရသည့် ဟန်ဖြင့်
“နောက်ဆုံတော့ မင်းအဆင့်တက်သွားပြီပေါ့၊ နှစ်လလုံးလုံးလေ့ကျင့်ထားတာတွေက အလကားမဖြစ်ဖူးပဲ။”
“သွားကြစို့။ ဒီတောင်တွေထဲကနေ ထွက်ခွာဖို့ အချိန်ရောက်ပြီ။”ယောင်ယောင်ကဖြည်းညင်းစွာ တစ်ဖက်လှည့်လိုက်ပြီး သူမကိုယ်တိုင် ဦးဆောင်ကာတောင်များ၏အပြင်ဖက်သို့ စတင်ထွက်ခွါလိုက်သည်။
ဇူယွမ်ကသူ့ရဲ့ခေါင်းကို မော့လိုက်ပြီး တစ်နေရာသို့ငေးမျှော်ကြည့်လိုက်သည်။သူဒီနှစ်လလုံးလုံး ဒီတောင်များ အတွင်းမှာနေထိုင်ခဲ့ပြီး အခုတော့ အပြင်ဘက် ကမ္ဘာသို့ ပြန်လည်ထွက်ခွာရတော့ပေမည်။
…
ဇူယွမ်နှင့်ယောင်ယောင်တို့တောင်ထဲမှ ထွက်လာရန်အတွက် နေ့တစ်ဝက်မျှကြာခဲ့သည်။
လမ်းတစ် လျှောက်တွင် လူများကိုတစ်စထက်တစ်စတွေ့လာပြီး များသောအားဖြင့် လူငယ်တွေဖြစ်ပြီး သူတို့၏မျက်နှာများတွင် ငယ်ရွယ်မှု့ စွမ်းအားများ မျှော်လင့်ချက်များ ဖြင့်ပြည့်နှက်နေသည့်အတွက် သူတို့အားလုံးမှာ သူတော်စင်အကြွင်းအကျန်နယ်မြေသို့ သွားကြမည်ကို သေချာစွာသိရှိနိုင်သည်။
ဇူယွမ်နှင့် ယောင်ယောင် တို့သည်လူအများ၏ အာရုံစိုက်ခြင်းကိုခံရလျက်ရှိသည်။ ပိုပြီး တိကျ သေချာစွာ အာရုံစိုက်ခံရသူမှာ အံ့သြဖွယ်ကောင်းစွာလှပနေသည် ယောင်ယောင်ပင်ဖြစ်သည်။
သူတို့နှစ်ယောက်လုံး လမ်းမကြီးအတိုင်း လျှောက်လာခဲ့ရင်းအဝေးတွင်ရှိသော မြို့ကြီးတစ်မြို့က သူတို့၏မြင်ကွင်းတွင်ပေါ်လာခဲ့သည်။ မြို့ကြီးသည် ရိုးရှင်းပြီး အရိုင်းဆန်ဟန်ဖြင့် တွေ့မြင်ရပြီး မြို့အဝင် ဂိတ်တံခါးပေါ်တွင်ကြီးမားလှသော စာလုံးနှစ်လုံး ကိုရေးထိုးထားသည်။
ဂူမြို့
ဂူကလန်ရဲ့မြို့
ဂူမြို့က အတော်အတန်ကြီးကျယ်ခန်းနားတဲ့ မြို့တစ်ခုဖြစ်ပြီး။သွားလာ လှုပ်ရှားသူ များနှင့် အသက်ဝင်လျက်ရှိ၍ အရေးပါသော နေရာတစ်ခုမှန်းသိသာထင်ရှားစေသည်။
ဇူယွမ်နှင့် ယောင်ယောင်တို့ မြို့အတွင်းသို့ဝင်လိုက်တဲ့အခါမှာ မြင့်မားလှတဲ့ မျှော်စင်ပုံအဆောက်အဦးများနှင့်ပြည့်နှက်နေပြီး ကြီးမြတ်တော်ဇူအင်ပါယာရှိ အဆောက်အဦးများနှင့်မတူညီ ကြပေ။မြို့ထဲတွင်လျောက်လာရင်းမှ ကြီးမားလှတဲ့ အရောင်းခန်းမရှေ့သို့ရောက်တွင် ခြေလှမ်းများရပ်တန့်သွားတော့သည်။သူတို့၏ ခေါင်းမော့ကြည့်လိုက်တာနှင့် ‘အဖိုးတန်ရတနာခန်းမ’ ဟူသောစာလုံးများတွေ့ လိုက်ရပြီး ဝင်ထွက်သွားလာနေသူများက ထင်ရှားသောနေရာတစ်ခုဖြစ်ကြောင်း သက်သေခံလျက်ရှိသည်။
ဇူယွမ်နှင့်ယောင်ယောင်တို့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး အထဲသို့ ဝင်လိုက်သည်။ဇူယွမ်နေ့စဉ်လေ့ကျင်ရန်အတွက်လိုအပ်သော ကျောက်စိမ်းပြားများ အမျိုးမျိုးသော သားရဲသွေးများ ပြီးတော့ လိုအပ်သော အသုံးအဆောင် ပစ္စည်းများ ကို ပြန်လည်စုဆောင်း ဝယ်ယူဖို့လိုအပ်နေသည်။
အဖိုးတန်ရတနာခန်းမ အတွင်းတွင် ဇူယွမ်လိုအပ်သော အရာများအားလုံးရှိနေသည်။
အဆောက်အအုံအတွင်းရှိ အရာများအားလုံးက သလင်းကျောက်မီးအိမ်တွေအောက်တွင် တောက်ပစွာရှိနေသည်။
မှော်စာလုံး ရေးသားမှုတွင် ကျွမ်းကျင်သော ဂူကလန်ကြောင့် အဆောက်အဦးအတွင်း တွင် အဆင်သင့် အသုံးပြုနိုင်သော မူလမှော်စာလုံးများကို ရောင်းချရန်အတွက် ခင်းကျင်း ပြသထားသည်။
ရုတ်တရက်ဇူယွမ်ရဲ့ အကြည့်တွေက သူတို့၏ ဈေးနှုန်းများအပေါ်သို့ရောက်ရှိသွားသည်။
အဆင့် ၂ မူလစဦးမှော်စာလုံး အတွက် မူလသလင်းကျောက် ခုနှစ်ထောင်
အဆင့် ၃ မူလမှော်စာလုံး အတွက် မူလသလင်းကျောက် တစ်သောင်း
အဆင့် ၄ မူလမှော်စာလုံးတွေက ရှားပါးပြီး သူ့တို့က အနိုမ့်ဆုံး ထောင်သောင်းများစွာတန်ကြေးရှိသည်။
“မူလမှော်စာလုံးတွေက အရမ်းကို ဈေးကြီးတယ်လို့ မထင်ဖူးလား”
ဇူယွမ်က သူ့နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး ယောင်ယောင်ကိုကြည့်လိုက်သည်။
ယောင်ယောင်က ဇူယွမ်ကို ဂရုစိုက်မနေပဲ။
“ထန်ထန်အတွက် အစားအစာ အချို့ သွားဝယ်လိုက်”
သူမသည်နေရာမျှပင် မရွှေ့ပဲ ဇူယွမ်ထံ ထန်ထန်ကို ပစ်ပေးလိုက်သည်။
ဇူယွမ်က ထန်ထန်ကိုဖမ်းလိုက်ပြီး နောက် လူသားနဲ့သားရဲတို့ တစ်ကောင်နှင့်တစ်ယောက်အကြည့်ချင်း ယှဉ်ကြတာ အဆုံးမှာတော့ ဇူယွမ်က အကူအညီမဲ့စွာခေါင်းခါလိုက်ပြီး အထောက်အပံ့နှင့် စားစရာများဝယ်ရန်ထွက်ခွာသွားသည်။ဇူယွမ် စားနပ် ရိက္ခာများကို ခမ်းမ၏ အစေခံ တစ်ဦးထံ မှာယူနေစဉ်အတွင်း တစ်စုံတစ်ယောက်က သူ့အားစိုက် ကြည့်နေသည်ဟု စိတ်ထဲတွင် မသိုးမသန့် ခံစားမိလိုက်သည်။
အစိမ်းရောင်ဆံပင်နဲ့ မိန်းမပျိုလေးတစ်ယောက်က ဇူယွမ်ရဲ့အနောက်နားလေးတွင် မတ်တပ်ရပ်လျက် သူရဲ့မျက်လုံးတွေက မီးကျီးခဲလိုမျိုး သူ့ကို စိုက်ကြည့်နေပြီး သူမရဲ့နှုတ်ခမ်းထောင့်စွန်းကနေ သရေတစ်စက်စီးကျလာသည်။
ဇူယွမ်က ထိုအစိမ်းရောင်ဝတ်မိန်းကလေးကြောင့် စိတ်ရှုပ်မိသွားသည်။
သည်အချိန်မှာပဲသူမက အရှေ့ကိုလျောက်လှမ်းလာပြီး သူ့ကို ဂရုမစိုက်ပဲထန်ထန်ကို သာစိုက်ကြည့်နေသည်။
“တကယ်ကြီးလား။” ဇူယွမ်က အစိမ်းရောင်ဆံပင်နှင့် မိန်းကလေးကိုကြည့်ပြီး အလန့်တကြားမေးလိုက်သည်။
သူမက နှုတ်ခမ်းထောင့်စွန်းမှာပေနေသော သရေကို တစ်ချက်သုတ်လိုက်ပြီး သူမ၏မျက်လုံးများမှာ အဖြူနှင့်အမဲသို့ သိသာထင်ရှားစွာ ပြန်ပြောင်းသွားကာ ဇူယွမ်ကို ကြည့်လိုက်ပြီး ချိုသာလှသော အသံလွင်လွင်လေးဖြင့်
“အကိုလေး။ ဒီသားရဲလေးကို ပြန်ရောင်းပေးပါလားဟင်”
“ဘယ်လောက်ပဲတောင်းတောင်းပေးနိုင်ပါတယ်။”