ကန်မင်ကုန်းမြေနယ်မြေ
ဤဒေသ၏ အနောက်တောင် တောင်တန်းများ အတွင်းမှာ
“ဝေါင်း”
ထိုတောတောင်များ အတွင်းတွင် ဧရာမ အသွင်အပြင်ရှိသောပုံရိပ်တစ်ခုထံမှ ဟိန်းသံများ ပျံနှံ့လျက်ရှိသည်။ ထိုအရာသည် ခြင်္သေ့ပုံသဏ္ဍန်အသွင် ရှိကာ ငွေရောင်ကြေးခွံများ ဖုံးအုပ်ထားလျက်ရှိလေသည်။ခန္ဓာကိုယ်ပေါ်တွင်လည်း အလင်းများက တဖျက်ဖျက် ကခုန် လျက်ရှိသည်။ ထိုအရာက အဆင့်နှစ်သားရဲတစ်ကောင်ဖြစ်သော တဟုန်ထိုးမိုးကြိူးသားရဲပင်။ချီစုဆောင်းမှုအဆင့်ထိပ်ဆုံးမှာ ရှိသောသူပင် သူတို့ကို အဝေးမှ ရှောင်ကြဉ်ရလိမ့်မည်။
သို့ရာတွင် လူသားပုံသဏ္ဍန်တစ်ခုက ထိုသားရဲ စီသို့ တရွေ့ရွေ့တိုးလာသည်။ ပြင်းထန်ကြောက်မက်ဖို့ကောင်းသော လက်သီးတစ်ချက် ထိုးလိုက်ခြင်း မရှိတာတောင်မှ သူ၏ ရွှေရောင်ရင့်ရင့် မူလချီများက မျက်နှာပြင် အနှံပျံနှက်လျက်ရှိလေသည်။ထိုစွမ်းအားက ပြင်းထန်လွန်းသောကြောင့် သူခြေထောက်အောက်ရှိ မြေကြီးများကိုတောင် ကွဲထွက်စေလေသည်။
“ဝေါင်း”
တဟုန်ထိုး မိုးကြိုးသားရဲက ခေါင်းပေါ်တွင် အလင်းများစုစည်းလာကာ ကျယ်လောင်စွာ ဟိန်းလိုက်ပေသည်။ထိုနောက်မှာတော့ အလင်းတန်းအဖြစ် ပြောင်းသွားကာ လူသားကို သွားရောက်ထိမှန်လေသည်။
“ဘုန်း”
အလင်းလှိုင်းရိုက်ခတ်မှုများကြောင့် ပတ်ဝန်းကျင်ရှိ မြေကြီးများပင် တစ်လွှာပြီးတစ်လွှာ ပြန့်ကျဲကုန်လေသည်။
တစ်ဟုန်ထိုးမိုးကြိုးသားရဲက ထိန့်လန်ဖို့ကောင်းသော အသံဟိန်းလိုက်ကာ သူ၏ကြီးမားသော ခန္ဒာကိုယ်ကြီးကို လေထဲသို့ မြောက်တက်သွားပြီး သူ့ခေါင်းမှာလည်း အစိတ်စိတ်ဖြစ်ကုန်တော့သည်။ထိုအရာအတွက် ရိုက်ချက်တစ်ချက်သာလိုခဲ့၏။
ထိုပုံရိပ်က တစ်ဟုန်ထိုးခြင်္သေ့ရှေသို့ ရပ်လိုက်ကာ သားရဲအမြုတေကို ရှာဖွေလိုက်သည်။ထို့နောက်တွင်တော့ သူ၏ရှုပ်ပွနေသောဆံပင်များကို သိမ်းလိုက်ကာ သားရဲအမြုတေကို မျိုချလိုက်လေသည်။ထိုလူသားပုံရိပ်သည် ကြီးမြတ်သောဇူအင်ပါယာမှ ထွက်ခွါလာသော ဇူယွမ်ပင် ဖြစ်သည်ကိုတော့ ပြောစရာတောင်မလိုပေ။
သူက ဇူအင်ပါယာမှထွက်ခွာလာသည်မှာ နှစ်လပင်ရှိလေပြီ။ ထိုနှစ်လတွင် ယောင်ယောင်နှင့်သူသည် နေရာဒေသအများကြီးကို ဖြတ်ကျော်လာကြသည်။ ထိုကာလတွင် အဓိကအားဖြင့် သူတို့သည် နက်ရှိုင်းသောတောတောင်များကိုဖြတ်ကျော်လာခဲ့ခြင်းဖြစ်သည်။ထိုအရာကလည်း တောင်တွေ၊ တောတွေထူထပ်လေလေ များစွာသော မူလသားရဲများကို ကြုံရကာ ဇူယွမ်၏ လေ့ကျင်ဖို့ရည်ရည်ချက်ကြောင့်ပင် ဖြစ်လေသည်။
များစွာသော ဂုဏ်ယူရသော ပါရမီရှင်များက “သူတောင်စင်အကြွင်းအကျန်နယ်မြေ” တွင် မကြာခင် စုစည်းကြတော့မည်ဖြစ်ကာ သူကလည်း သူ၏ခွန်အားကို အချိန်တိုင်း မြင့်တက်နေအောင်လုပ်ဖို့လိုအပ်လေသည်။ ထိုမှသာ သူအတွက် နောက်ဆုံးအောင်နိုင်သူဖြစ်လာဖို့ အခွင့်အရေးက နည်းနည်း မြင့်တက်လာပေမည်။
နှစ်လကြာ အပြင်းအထန် လေ့ကျင့်ပြီးနောက် သူက ချီစုဆောင်းမှုအမြင့်ဆုံးအဆင့်ကို ချိုးဖျက်မည့် အရိပ်အယောင်ပြလာလေသည်။
တစ်ဟုန်ထိုးမိုးကြိုး မူလအဆင့်နှစ်သားရဲက သူ၏ ခွန်အားပြည့်လက်သီး တစ်ချက်ကိုတောင် မခံနိုင်သည်ကို သူက မယုံနိုင်သေးပေ။သူ၏ အနည်းငယ် အောင်မြင်မှုအတွက် ဂုဏ်ယူကာ သူ့ကိုယ်သူ တိုးတိုးပြောလိုက်လေသည်။တကယ်တော့ ပုံမှန် မူလချီစုဆောင်းမှုအဆင့် ကျွမ်းကျင်သူတစ်ယောက်က ဒီလိုသားရဲကို မရင်ဆိုင်ရဲပေ။
“ထိုအရာလေးအတွက်မင်းက ပျော်ရွှင်နေဖို့ အမှန်တကယ် ထိုက်တန်ရဲ့လား။” ဆိုသော ရှင်းလင်းသောအသံလေးက ဘေးမှ ထွက်ပေါ်လာခဲ့သည်။
ယောင်ယောင်က သူမလက်မောင်းထဲမှာ ထန်ထန်ကို ပွေ့ထားပြီး ဇူယွမ်ကို မျက်လုံးဝေ့ကြည့်လိုက်ကာ ပြောလိုက်သည်။ “နှစ်လလုံးလုံး လေ့ကျင့်ပြီးတာတောင်မှ မင်းက စပါးအုံးချီကိုတောင် အလုံးစုံ နားလည်မှုမရှိသေးဘူး၊ ဒါတောင်မှ ဘာအတွက်ကြောင့် ကျေနပ်နေရတာလည်း။ ”
“အား…”
ဇူယွမ်က သူနှုတ်လွန်မိသည်ကို ပြန်ရုတ်သိမ်းလိုက်မိသည်။ ယောင်ယောင်ကတော့သူမ ခေါင်းကိုသာ ရမ်းလိုက်သည်။
“ အလုံးစုံစပါးအုံးချီ အဆင့်ငါး ဆိုတာက ရှေးဟောင်းဘိုးဘေနဂါးကျမ်းကနေ ဆင်းသက်လာတာပဲ ဖြစ်တယ်။ ဒီအရာက သာမန်မူလချီတွေကို အနည်းငယ်ပဲ သာလွန်လွှမ်းမိုးနိုင်၊ စွမ်းအား ရှိနိုင်တယ်လို့ မင်းထင်နေတာလား။”
ဇူယွမ်က သနားစရာကောင်းစွာပြောလိုက်သည်။ “ကျေးဇူးပြု၍ အမကြီးယောင်ယောင် သင်ကြားပေးပါ…။” ထိုသို့မပြောခင်သူက အနည်းငယ်မရယ်ချင်ရယ်ချင် လုပ်လိုက်သေးသည်။
“ပထမဆုံး ထန်ထန်အတွက်ညစာကို သွားပြင်ပါ။” ထိုသို့ယောင်ယောင်က နူးညံစွာပြောလိုက်သောအခါ ထန်ထန်ကလည်း အသိအမှတ်ပြုကြောင်း အသံပေးလိုက်သည်။ဇူယွမ်က ကယ်ရာမဲ့လေပြီ။ တစ်ဟုန်ထိုးမိုးကြိုးသားရဲအသေကို သူ့ပုခုံးပေါ်မှာတင်ကာ နားနေရာသို့ ပြန်လာပြီး မီးမွှေးကာ စကင်လိုက်သည်။ ထိုအရာများအတွက်သူက နှစ်လကြာ လုပ်လာရသောကြောင့် အသားပင်ကျလို့နေခဲ့ပါပြီ။ ထို့ကြောင့် သူ့လှုပ်ရှားမှုများသည် မြန်ဆန်ချောမွတ်ကာ လေ့ကျင့်သားပြည့်ဝပြီး ဖြစ်၏။အသားကင်မှ မွှေးပြန့်သောရနံ့တို့ထွက်လာချိန်မှာတော့ ယောင်ယောင်က သူမပါးပြင်ပေါ်သို့သူ၏နူးညံ့သော လက်ကလေးဖြင့် ထိလိုက်ကာ ပြုံး၍ ပြောလိုက်သည်။ “အလုံးစုံစပါးအုံးချီက တစ်ခုခုပြောင်းလဲမှုကို ခံစားမိလား။”
သူက အနည်းငယ်တွေးကာ ခေါင်းယမ်းလိုက်သည်။ ယောင်ယောင်၏ အနီရောင် နှုတ်ခမ်း ရဲရဲလေးက ကွေးညွတ်သွားကာ… “ထန်ထန်….သူ့ကိုသင်ပေးလိုက်တော့။”
ထိုစကားကိုကြားပြီးပြီးချင်း ထန်ထန်က ယောင်ယောင်လက်မောင်းပေါ်က ခုန်ုဆင်းလိုက်ပြီး စိတ်လှုပ်ရှားစွာ သူ၏အကြည့်စူးစူးလေးက ဇူယွမ်ကို စူးစိုက်ကြည့်လိုက်သည်။
“အာ….. စောင့်…ဦးလေး။”
ဇူယွမ်က ကြောက်ရွှံစွာ အနောက်သို့ ခုန်ဆုတ်လိုက်သည်။
“စွက်…”
သို့ရာတွင် ထန်ထန်က သူ့ကိုလစ်လျူရှုလိုက်သည်။ သူ့သေးငယ်သောခန္ဓာကိုယ်လေးက ခပ်မြန်မြန်ပဲ ဇူယွမ် ရှေ့ရောက်လာကာ သူလက်ဖဝါးလေးနှင့် လှမ်းရိုက်၏။
ဇူယွမ်ကတော့ သူ့လက်ကို မြန်ဆန်စွာမြှောက်လိုက်ကာ ရွှေရောင်ချီများကို ထုတ်လိုက်ပြီး ကာကွယ်လိုက်သည်။
“ဘုတ် ”
ထန်ထန် ၏သေးငယ်သော လက်ကလေးက ဇူယွမ်ထံရောက်လာပြီးချင်းချင်း သူက အဝေးကို လွင့်သွားကာ ပြင်းထန်သောရိုက်ချက်ကို ခံလိုက်ရသည်။သူက သစ်ပင်ကြီးတစ်ခုကို ဝင်ဆောင့်လိုက်ရပြီး လက်မောင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
ဇူယွမ်က မကျေမနပ်ဖြင့် အံတင်းတင်း ကြိတ်လိုက်ကာပြောသည်။ “ မင်းက အယုတ်တမာလေးပဲ၊ အစာကျွေးသောလက်ကို ပြန်ကိုက်တယ် ဟုတ်လား။ နောက် မင်းဘယ်အသားမှ ရဖို့ မစဉ်းစားနဲ့…။”
ယောင်ယောင်ကတော့ နူးညံစွာ ရယ်မောလိုက်သည်။ “မင်း ဒီဖိအားကို ခံစားပြီးတော့ ခန္ဓာကိုယ်ထဲက မူလချီတွေရဲ့ သေးငယ်သောပြောင်းလဲမှုကို မခံစားမိဘူးလား။
ဇူယွမ်က သူ့ကိုသူ မဝေခွဲခင် ထန်ထန်ကို ကြောက်လန့်စွာကြည့်လိုက်တယ်။ငါအရိုက်ခံရတော့ ငါ့ရဲ့အသွေးအသားတွေက တောက်လောင်နေသလိုခံစားမိတယ်…။” ဟု ပြန်ဖြေလိုက်သည်။
ထိုသို့သော အဖြစ်အပျက်ကို ဇူယွမ်က အစကတည်းက ကြုံဖူးလေသည်။ ထိုအရာကို သေချာစောင့်ကြည့်သောအခါ သူက ဘာကြောင့်ဖျေ့ာတော့တော့ခံစားမိရသည်ကို နားမလည်ချေ။
ယောင်ယောင်က အေးဆေးဖြေလိုက်သည်။ “ဒီခံစားချက်ကို ဖမ်းဆုပ်ပြီး သဘာ၀ အတိုင်း ဖြစ်ဖို့ခွင့်ပြုလိုက်ပါ။”
“ထန်ထန်” ယောင်ယောင်က ထပ်ခေါ်လိုက်သည်။ ထန်ထန်ကလည်း အသံပေးတုန့်ပြန်လိုက်ကာ ဇူယွမ်ကို ကြည့်လိုက်လေသည်။ သို့သော် သူကပထမတစ်ကြိမ် ရိုက်လိုက်သောအခါ ဇူယွမ်က ဘာအစားအစာမှ မပေးတော့ဘူး လို့ ပြောသောကြောင့် အနည်းငယ်တုံ့ဆိုင်းပုံ ပေါ်လေသည်။
ထိုသို့ မြင်သောကြောင့် ဇူယွမ်က “ ရော့ဒါကိုယူလိုက်” ဟု စိတ်တိုစွာ ပြောလိုက်လေသည်။
ရွှတ်….
ထန်ထန် က စိတ်လှုပ်ရှားစွာ အသံပြုလိုက်ပြီး တစ်ခါထပ်ကာ တိုက်ခိုက်လိုက်လေသည်။ သူလက်ဖဝါး သေးသေးလေးထဲကနေ ပုံမှန်ထက်သာလွန်သော စွမ်းအားက ဇူယွမ်ထံသို့ ရိုက်ခတ်လာသည်။
ဇူယွမ် အသွင်အပြင်က တည်ကြည်လေးနက်လာခဲ့သည်။ထန်ထန်၏သေးငယ်သောလက်ဖဝါးလေးက သူထံသို့ ကျရောက်လာသောအခါ သူ၏ ခန္ဓာကိုယ်မှ မူလချီများက အနည်းငယ်ပြောင်းလဲကာ စုဝေးစေလေသည်။ သူက သူ့ခန္ဓာကိုယ်အသွေးအသားများအား အလိုအလျောက် လောင်ကျွမ်းလာစေသော မူလချီအချို့ကို လုံလောက်အောင် ရှာတွေ့မိသည်။
သို့ရာတွင် ဇူယောင်ခန္ဓာကိုယ်မှာ ခံနိုင်ရည်အချို့မြင့်တက်လာပုံရကာ မူလချီများက ထိုလောင်ကျွမ်းမှုကို ကာကွယ်ပေးသည်။
ဇူယွမ်က တစ်စုံတစ်ခုကို နားလည်လာပုံရကာ ချက်ချင်းဘဲ အတွေးထဲနစ်မြုပ်သွားပြီး သူခန္ဓာကိုယ်က ပြည့်ဝစွာ အနားယူ၍ သက်သာရာ ရလေ၏။
ဤသို့ဖြစ်ပြီးနောက် ဇူယွမ်က သူ့လက်မောင်းမှထွက်ပေါ်လာသော အစိမ်းရောင်ဖျော့ဖျော့ကို တွေ့မြင်ခဲ့သည်။ ထိုနောက်တွင်တော့ သူက အစိမ်းရောင်ကြေးခွံများ ထွက်ပေါ်လာသည်ကို အံသြစွာ စောင့်ကြည့်နေမိသည်။
ထိုအစိမ်းရောင်အကြေးခွံများသည် စပါးအုံးမြွေ၏ ကွယ်ဝှက်ထားသော ဂုဏ်ရည်တစ်ခုပင် ဖြစ်သည်။
ဖန်း…..
ထန်ထန်၏ရိုက်ချက်က အောက်သို့ကျရောက်လာသောအခါ ဇူယွမ်သည် ခြေလှမ်းဆယ့်နှစ်လှမ်းလောက် နောက်သို့ လွင့်သွားရပြန်သည်။ ဒါတောင်မှ အဓိကအားက ကြေးခွံများကြောင့် ပျံနှံ့သွားသည်ကို ရှင်းရှင်းလင်းလင်း တွေးနိုင်သည်။
“ဒါကဘာဖြစ်တာလည်း။”
ဇူယွမ်က ခေါင်းရမ်းကာ ခပ်တိုးတိုးပြောလိုက်သည်။ အတွေးတစ်ခုနှင့်အတူ သူ့လက်မောင်းပေါ်က အစိမ်းရောင်ကြေးခွံများက ပြင်းအားကို သိသာစွာပင်လျော့ချပေးလေသည်။ထိုမြင်ကွင်းက အစိမ်းရောင်ကြေးခွံများ၏ သန်မာသောစွမ်းအားကို သိရှိဖို့ လုံလောက်သည်ထက် ပိုလေသည်။
ယောင်ယောင်က ဤအရာကို မြင်လိုက်ကာ ပြုံး၍ ဖြေလိုက်သည်။ ထိုအရာသည် အလုံးစုံ စပါးအုံချီ၏ အံအားသင့်ဖွယ်ကောင်းသော စပါးအုံးကြေးခွံများရဲ့ ပထမဆုံး ရင်သပ်ရှုမောစရာတစ်ခုပင်ဖြစ်သည်။
“အံ့အားသင့်ဖွယ်စပါးအုံးကြေးခွံ “ ဟု ဇူယွမ်က ပြန်တွေးလိုက်သည်။ခန္ဓာကိုယ်က တိုက်ခိုက်ခံရသောအခါ ထိုအလုံးစုံစပါးအုံချီများက အလိုအလျောက် သူ၏ပိုင်ရှင်ကိုကာကွယ်ပေးလိမ့်မည် ဖြစ်သည်။ မူလချီများက ခန္ဓာကိုယ်ကို လောင်ကျွမ်း စေကာ ကြေးခွံအလွှာချပ်ဝတ်တန်ဆာက ကာကွယ်ပေးဖို့အတွက် ဖြစ်ပေါ်လာပေလိမ့်မည်။အကြေးခွံ၏ အရောင်အရ ထိုကြေးခွံများသည် အဆင့်သုံးဖြစ်ကြောင်း ပြောလို့ရလေသည်။
ပထမ အဆင့်က အစိမ်းရောင်၊ ဒုတိယက ရွှေရောင်၊ တတိယ အဆင့်က ခရမ်းရွှေရောင် အဆင့်ပင် ဖြစ်လေသည်။ယောင်ယောင်က အလျင်မလိုသော အမူအရာနှင့် ဆက်ပြောသည်။ “မင်းက ခရမ်းရွှေရောင်အဆင့်ကိုရောက်နေမယ်ဆိုရင် မူလစဦးကျွမ်းကျင်သူတစ်ယောက်က အင်အားပြည့်ရိုက်မယ်ဆိုရင်တောင် မင်းခံစစ်ကို မချိုးဖျက်တော့ဘူး”