Switch Mode

စာစဥ် (၉) အပိုင်း (၁၁၅)

ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေး

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်သွားခဲ့သည်။ ကြီးကျယ်သောဇူအင်ပါယာ၏ အပြင်ဘက်တွင် ဇူယွမ်က ခိုကိုးရာမဲ့စွာ မျက်ရည်တို့ဖြင့်ပြည့်နေသော ချန်ယုကိုကြည့်ကာ ဘာမှမတက်နိုင်ဘဲ ခေါင်းယမ်းမိလိုက်သည်။ ထိုအရာက သူမကိုသက်သာစေဖို့ သူဆက်လုပ်နိုင်သည့် တစ်ခုတည်းသော အရာပင်ဖြစ်သည်။ “ကောင်းပါပီ၊ ကောင်းပါပီ” ဟု ဇူချင်က ဘာမှမတက်နိုင်ဘဲ ပြောလိုက်ကာ …. “ ငါတို့ယွမ်အာက ကလေးတစ်ယောက်မှ မဟုတ်တော့တာ။ သူက ကမ္ဘာကြီးမှာ အတွေအကြုံရှာ သင့်ပြီ။ ထိုအတွက်ကြောင့်လည်းအရမ်းစိုးရိမ်နေစရာမလိုတော့ပါဘူး။”

“စိတ်မပူပါနဲ့အဒေါ်ချင်” ကျမသူ သူ့ကို မျက်စိအောက်က အပျောက်မခံဘဲ ဂရုစိုက်မှာပါ…” ယောင်ယောင် ကလည်းပဲ ချင်ယု ကို နှစ်သိမ့်လိုက်သည်။ ဇူယွမ်က ယောင်ယောင် နဲ့ထန်ထန်ကို သူနဲ့ခေါ်သွားရမှာပါ။ တကယ်တော့ သူတို့အတွက် ဇူယွမ်ကသာ ကြီးမြတ်သော ဇူအင်ပါယာမှာနေထိုင်နေရသည့် တစ်ခုတည်းသော အကြောင်းပြချက် ပင်ဖြစ်သည်။နောက်ဆုံးတော့ချင်ယုက ယောင်ယောင်စကားကို ကြားပီးသည့်အခါမှာ ခေါင်းငြိမ့်လိုက်သည်။ ယောင်ယောင်သာ မင်းအနားမှာရှိမယ်ဆိုရင် ငါစိုးရိမ်တာ အတော်လျော့ပါပီ။အကယ်၍သာ သူက “မင်းစကားကို နားမထောင်ဘူးဆိုရင် အရေးယူအပြစ်ပေးနိုင်တယ်” ဟု ခွင့်ပြု ကြောင်းပြောလိုက်ပါသည်။ ဇူချင်ကသူ့ရဲ့ အိတ်ထဲမှ အနက်ရောင်သလင်းကျောက်ငါးခုကို မွှေနောက်ရှာဖွေကာ ဇူယွမ်ကို ပစ်ပေးလိုက်ပါသည်။တောက်ပနေသော ထိုကဒ်တွေပေါ်မှာ အလွန်တရာရှုပ်ထွေးသော ပုံစံများကို ရေးထိုးထားပါသည်။ ဒီအရာတွေက ကောင်းကင်ဘုံ သလင်းကျောက်များဖြစ်ကြောင်းကို ဇူချင်ကရှင်းပြခဲ့ပါသည်။

“ လူတိုင်းက ဒီကဒ်တွေနဲ့ ကောင်းကင်ဘုံသလင်းကျောက် သိုလှောင်ခန်းဌာနခွဲတွေမှာ မူလသလင်းကျောက်တစ်သန်းနဲ့ လဲလှယ်နိုင်တယ်။ ဒါတွေက မင်းရဲ့ခရီးမှာအသုံးဝင်လာပါလိမ့်မယ်။” ဇူယွမ် က အားပါးတရ ပြုံးလိုက်ပီး သူ့ရဲ့လျှာကိုသိမ်းကာ ပြောလိုက်ပါသည်။ “ မူလသလင်းကျောက် ငါးသန်း… ဒီ အဖေက ဒီလောက်ပမာဏအများကြီးကို ပိုင်တယ် ဆိုတာ သူမယုံနိုင်သေးပါဘူး။ဒီအရာက ငါးသန်းသောမူလသလင်းကျောက် တွေပါ။ ဒီများပြားတဲ့ပမာဏနဲ့ဆိုရင်တော့ အဆင့်မြင့် မူလ လက်နက်တွေ၊ ရတနာ တွေကို ဝယ်ယူနိုင်ပါ လိမ့်မယ်။” လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဇူယွမ်က မူလသလင်းကျောက်ငါးသောင်းကို အချိန်ပေးစုဆောင်းထားခြင်းကလည်း ဇူယွမ်ကိုအနည်းငယ် ကံကောင်းစေပါသည်။

ဇူချင်က မျက်လုံးလှုပ်ကာ ဇူယွမ်ကိုကြည့်လိုက်ပါသည်။ “သောက်ကြိုးနည်း ကောင်ဆိုးလေး ပါလား ။ မင်းက ပိုလိုတောင် ခြွေ့ခြံချွေတာနေပါလား။”

ကြီးမြတ်သော ဇူအင်ပါယာက ဒီလိုဖွံဖြိုးအောင်လုပ် နေရသည့်အချိန်မှာ ဒီမူလသလင်းကျောက်ငါးသန်းကို ဖျစ်ညှစ်ထုတ်ပေးလိုက်ရခြင်းက သူ၏ဆံပင်အတော်များများကို ဖြူသွားစေပါသည်။ ဇူယွမ်က သွားပေါ်အောင်ပြုံးလိုက်ကာ ထိုကဒ်တွေကို စကြာဝဋ္ဌာအိတ်ထဲသို့ ထည့်လိုက်တော့သည်။သူခေါင်းကို တစ်ခါပြန်မော့လိုက်တော့ သူ့အဖေဇူချင်နှင့် အကြည့်ချင်းစုံသည်။ ဇူယွမ်က သူအဖေ၏မျက်လုံးထဲမှာ နက်ရှိုင်းစွာ ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှု ကို မြင်နိုင်ပါသည်။

“ဒါဆို ကျနော်သွားတော့မယ်နော်…” ဟု ဇူယွမ်က ညင်သာစွာ ပြောလိုက်ပါသည်။ ဇူချင်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီးပြန်ပြောလိုက်သည်။

“သွားချင်ရင်သွားတော့ ပျော့ညံ့ညံ့ လုပ်မနေနဲ့…။”

ဇူယွမ်က ချင်ယုကို ပွေ့ဖက်ကာ နမ်းလိုက်သည်။နောက်တော့သူက မီးခြင်္သေ့ပေါ်တက်လိုက်ကာ ဇူချင်ကို ကြည့်လိုက်သည်။ ဇူယွမ်က သူအောင်မြင်သည့် တစ်နေ့ရောက်လာခဲ့လျှင် သူ့အဖေခံစားခဲ့ရသော ဝမ်းနည်းမှုတွေ၊ အရှက်ရမှုတွေအတွက် တရားမျှတမှုကို ပြန်ယူပေးကာ သူတို့ကို ပြန်ပေးဆပ်စေမည်။ ထိုအချိန်ရောက် လာလျင်တော့ ဇူအင်ပါယာ၏ ဆုံးရှုံးခဲ့ရတာများကို အကုန်လုံး ပြန်ယူရပေမည်။သူ၏ စကားများတိုးသွားချိန်မှာပဲ သူက ထိုအခြေအနေကို ပြန်ရောက်ဖို့ မစောင့်နိုင်တော့ပေ။

မြင်းဟီးအသံ နှင့်အတူ မြင်းပေါ်ကနှစ်ယောက်ကတော့ အနီရောင်ဝိုးတဝါးအဖြစ်ပြောင်းကား တစ်စက်ကလေးတောင် မလှည့်တော့ဘဲ လမ်းမကြီးအတိုင်း တဟုန်ထိုး ထွက်သွားပါတော့သည်။ယောင်ယောင်ကတော့ ချင်ယုနှင့်ဇွမ်ချင်ကို သူမ၏မြင်းပေါ်မတက်ခင် လက်ဝှေ့ယမ်းပြလိုက်ပါသည်။သူတို့ကတော့ မြန်မြန်ထွက်ခွာသွားတဲ့ ပုံရိပ်တွေကို စောင့်ကြည့်နေခဲ့သည်။

ဇူချင်ကတော့သူ၏ စိုးရိမ်သောကရောက်နေသောမျက်နှာကို ဆက်ပြီးမထိန်းထားနိုင်တော့ပေ။သူမျက်လုံးတွေက နီရဲနေကာ “ ဒီသောက်ကျိုးနည်းကောင်လေးကတော့ ကြီးပျင်းလာခဲ့ပီ” ဟု တိုးတိုးရေရွတ်နေ တော့သည်။ သူ၏လက်တစ်ဖက်တည်းဖြင့် ငိုရှိုက်နေသော ကန်ယုကို ညင်သာစွာဖတ်ထားကာ ဘာမှမတွေ့ရသော အကွာအဝေးကို ငေးနေခဲ့ပါသည်။

“ယုအာ…. ဒီအဖေက သားကောင်းကင်ဘုံထိ မြင့်မားစွာ ပျံသန်းမည့်နေ့ရက်တွေကို စောင့်ကြည့်နေမှာပါ။ သားနာမည်က ဒီတိုက်ကြီးတစ်ခုလုံးမှာ သိမ့်သိမ့်တုန်စေပြီး ဖော်ပြခြင်း ခံရလိမ့်မယ်။ လူတိုင်းကိုသိစေချင်တာက ငါတို့ဇူကလန်ရဲ့ မြင့်မြတ်သောနဂါး ကလွယ်လွယ်ထိခိုက်ပျက်စီးမှာ မဟုတ်ပါဘူး။”

“ကြီးမြတ်သော ဝူအင်ပါယာ”

မြင့်မားထည်ဝါသော နားနေသောနေရာတစ်ခု၊ ဒါပေမဲ့ အစောင့်အကြပ်မြောက်များစွာဖြင့် ပြည့်နေသော နန်းတော်တစ်ခု ဖြစ်ပေသည်။

လေနဲ့အတူလှုပ်ရမ်းနေသော ပြတင်းပေါက်ခန်းဆီးကို ပုတီးစေ့များနှင့် စီခြယ်ထားပြီး တချွင်ချွင်အသံများ ထွက်ပေါ်လျက်ရှိသည်။ ခန်းဆီး၏အပြင်ဘက်နားမှာ အစေခံ မိန်းကလေးများက အတန်းလိုက်ရှိနေပြီး မည်သူတစ်ဦးမှ အသံတစ်စက်တောင်မထွက်ရဲပေ။

အောက်ဘက်မှာတော့ စစ်တုရင် ခုံတစ်ခုကိုချခင်းထားလေသည်။

ထိုနေရာ၌အဝါရောင်တောက်ပနေသောဝတ်ရုံကိုဝတ်ဆင်ထားသည့်လူတစ်ယောက်ထိုင်နေသည်။သူက ယောက်ျားပီသကာ ချောမောသောမျက်နှာရှိရုံသာမက မျက်ခုံးနှစ်ခုကြားတွင် သိသာထင်ရှားပေါ်လွင်စေသောအနီရောင်အစက်တစ်ခု ပိုင်ဆိုင်လေသည်။သူ့ကိုယ်ပေါ်မှ မြင့်မြတ်သောအရှိန်အဝါများ ထွက်ပေါ်လျက်ရှိကာ…

သူကတော့ ကြီးမြင့်သောဝူအင်ပါယာ၏ မြင့်မြတ်သောအိမ်ရှေ့စံမင်းသားဝူဟောင်ပင် ဖြစ်သည်။ဝူယောင်၏ ရှေ့တွင် အနက်ရောင် ကျောက်တုံးလေးတစ်လုံးထည့်ထားသောလှပသည့် ကျောက်စိမ်းတစ်ခု ပြုတ်ကျလျက်ရှိ၏။ ထိုစဉ်မှာပင် “သူတော်စင် အကြွင်းအကျန်နယ်မြေကဖွင့်ဖို့ နီးလာပြီ၊ ဘယ်အချိန် ထွက်ခွာမှာလည်း” ဟူသောအသံတစ်သံ ကြားလိုက်ရသည်။

ဝူယောင်က သူ့ခေါင်းကိုမော့လိုက်ကာ သူ့ရှေ့က လူကို ကြည့်လိုက်သည်။သူမကတော့ ခရမ်းရောင်ဝတ်ရုံနှင့် မိန်းမပျိုလေးပင်။သူမ၏ လှပသောမျက်နှာလေးမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ဖြစ်နေကာ အသားအရည်မှာလည်း နှင်းပွင့်လေးများကဲ့သို့ ကြည်လင်တောက်ပနေသည်။သူမ၏မျက်ခုံးကြားတွင် အနီရောင်အစက်ကလေးတစ်ခုရှိနေပြီး ထိုအရာက သူမ၏အလှကို မည်သို့မျှ သက်ရောက်ခြင်းမရှိသည့်အပြင် လူ့လောကနဲ့မသက်ဆိုင်လောက်အောင် လှပသူအဖြစ်

ရှိစေသည်။သူမကရှည်လျားသွယ်တန်းသောမျက်ဝန်းတစ်စုံလည်း ပိုင်ဆိုင်ထားလေသည်။ သူမက အလွန်ငယ်ရွယ်နေပေမဲ့ သူမမျက်တောင်ခတ်လိုက်သောအခါ သက်ရှိလောကသို့ အစစ်အမှန်ဖီးနစ်တစ်ကောင် ဆင်းသက်ကခုန်နေသလို သူမ၏အံ့ဖွယ်တည်ရှိမှုကို ခံစားမိရသည်။သူမခြေထောက်နားတိုင်အောင် ထိလုထိခင်ဖြစ်နေသော နက်မှောင်ရှည်လျားသောဆံပင်များက ကျစ်လစ်သွယ်လျသောခါးပေါ် မှာ ဖြန့်ထားလျက်။

“အရာအားလုံးကိုညှို့ငင်နိုင်ခြင်း”

ဤကဲ့သို့သောစကားလုံးဖြင့်သာ သည်မိန်းမပျို၏ အလှကိုဖော်ကျူးနိုင်ပါလိမ့်မည်။

“ငါ မနက်ဖြန်ထွက်ခွာမယ်။”

ထို့နောက် ဝူဟောင်က “မင်းက ငါ့လိုတူညီသောအခွင့်အရေးရှိလျက် ကောင်းကင်အမြင့်ကိုတက်ဖို့ တစ်လှမ်းချင်းလုပ်နေတာကို ငါသဘောမကျမိဘူး။ အချိန်အများကြီးလေ့ကျင့်ပြီး မင်းကိုယ်မင်းတောက်ပြောင်လာအောင် လုပ်ပါ။” ဟုဖြေးညှင်းစွာပြောလိုက်လေသည်။

ခရမ်းရောင် ဝတ်ရုံ နှင့် မိန်းမပျိုလေးသည် စစ်တုရင်ခုန်ကိုဆက်၍ကြည့်ကာ ပြောလိုက်၏။

“လူတိုင်းကသူတို့ရဲ့ကိုယ်ပိုင် ကံကြမ္မာဆိုတာရှိတယ်။ ဘယ်သူမှ ကံကြမ္မာကိုအတင်းအကြပ် မလုပ်သင့်ဘူး” ဟုဝူဟောင်ကိုပြောလိုက်သည်။ အသံလေးတစ်စက်တောင် ပြောင်းသွားခြင်းမရှိဘဲသူမက“ဝူဟောင် နင်ကသူတော်စင် အကြွင်းအကျန်နယ်မြေရဲ့ ကြီးမြတ်သောလက်ဆောင်ကိုမရခဲ့ဘူးဆိုရင်တောင် နင်စိတ်ပျက်စရာ၊ ပျော့ညံစရာမရှိဘူး။”

ဝူဟောင်ကစိတ်ခံစားမှု ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်သည်။ “ဒီအရာက ငါ့အတွက်ပဲ။”

မိန်းမပျိုလေးက နူးညံစွာသက်ပြင်းချလိုက်ရသည်။

“အရမ်းမောက်မာတာ မကောင်းဘူး။ကန်မင်ကုန်းမြေမှာ ခုလူငယ်မျိုးဆက်လောက် ဘယ်တုန်းကမှ အရည်အချင်းမရှိဘူး။”

“ဓားအင်ပါယာမှ တစ်ယောက်ဆိုရင် သူ့ရဲ့ ဓားလမ်းစဉ်ကျင့်ကြံမှုအတွက် သူ့မျက်လုံးကိုကန်းစေခဲ့တယ်။”

“သားရဲတစ်ထောင် အင်ပါယာရဲ့ အရှင်သခင်မလေးကလည်း သားရဲရာပေါင်းများစွာကိုထိန်းချုပ်နိုင်တယ်။”

“ရာမကလန်က ရာမဘုရင်ငယ်”

“နင်းကလန်မှ တိုက်ပွဲဝင်ဂျန်ခီ”

“ကျိုးချူကလန် ရဲ့ မှော်ဆရာမ”

ခရမ်းရောင်ဝတ်ရုံနှင့်မိန်းမပျိုက သူရဲ့ချောမွတ်နေသောလက်တစ်ဖက်ဖြင့် ပါးတစ်ဖက်ကိုထောက်ကာ သူမမျက်လုံးထဲမှာလည်း စိတ်လှုပ်ရှားမှုမြင့်တက်လာပြီး ဆက်ပြောသည်။ “ သူတော်စင်အကြွင်းအကျန်နယ်မြေမှာအောင်မြင်ဖို့အတွက် ဒီလူတွေကများစွာသောအုပ်စုမျာရဲ့ ဂုဏ်ယူရတဲ့ပါရမီရှင်များဖြစ်ကာ သူတို့ရဲ့ အရင်းအမြစ်များကိုပုံပေးကာ ပျိုးထောင်ပေးထားခြင်း ခံရသောသူတွေ ဖြစ်တယ်။”

“ဘယ်လိုသနားစရာကောင်းတာလဲ။ ငါက အဲ့နေရာမှာ ရှိနေချင်ခဲ့ပြီး လူတိုင်းနဲ့ ကျေနပ်ဖို့ကောင်းတဲ့ တိုက်ပွဲလိုချင်တာ။”

ခရမ်းရောင်ဝတ်စုံနဲ့မိန်းမပျိုလေးကတော့ သူမ၏ခေါင်းကို ဖြေးညင်းစွာလှုပ်လိုက်ကာ သူမကလာမည့်တိုက်ပွဲမှာ မပါဝင်ရဘူးဆိုလျင် ဝမ်းနည်းမိပေလိမ့်မည်။

သူမက သန့်ရှင်းဖြူစင်သောမိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ သူ့ထံမှ ထွက်ပေါ်လာသောစကားလုံးတွေကတော့ မည်သူ့ကိုမှ အရှုံးမပေးသောတိုက်ပွဲဆာလောင်စိတ်နှင့် လွှမ်းမိုးမှု ကိုပေးသည်။ဝူဟောင်ကမျက်မှောင်ကြုံလိုက်သည်။သူ့မျက်လုံးထဲမှာဖြစ်ချင်လွန်းသောဆန္ဒ နက်ရှိုင်းစွာရှိနေခြင်းက ရိပ်ခနဲသာ ဖြတ်သွားပီးမည်သူမျှ မသိလိုက်နိုင်ပေ။ သူ့ရှေ့ က မိန်းမပျိုလေးကိုစိုက်ကြည့်ကာ “ကလန်ရဲ့ ဒုတိယမျိုးဆက် အတွက်ဟောကိန်းက” ဘာမှ မသိရပေ။

ဝူကလန်ပထမမျိုးဆက်က စပါးအုံးမြွေနှင့်စာကလေးကြောင့် ဝါးမျိုခြင်းခံရသောအခါ “ဝူအင်ပါယာ” က ကြီးပွားတိုးတက်ပေလိမ့်မည်။

ဒုတိယမျိုးဆက်ဝူကလန်အတွက်ဟောကိန်းက“ဖီးနစ်က နဂါးကို မမြင်နိုင်ပေ။”

“မင်းနဲ့ငါကအမွှာတွေဆိုပေမဲ့ ဘာလို့တစ်ယောက်နဲ့တစ်ယောက် မတွေ့နိုင်ကြတာလည်း” ဝူဟောင်အသံက သံသရဖြင့်ပြည့်နေခဲ့သည်။

မိန်းမပျို၏လှပသောမျက်နှာထက်မှာတော့ ဘာခံစားချက်မှမရှိပေ။ သူမကအမည်းရောင်ကျောက်တုံးလေးကိုသူ့ရဲ့ နူးညံသောလက်ချောင်းလေးများကြားကိုင်ထားကာမျက်လုံးထဲမှာတော့ အလင်းတစ်ချို့ စီးဆင်းသွားလေသည်။ ခဏတာတိတ်ဆိတ်ပြီးနောက်မှာတော့ သူမက ပြောလိုက်သည်။ “နဂါးဆိုတာနင့်ကိုရည်ရွယ်တာမဟုတ်ဘူး….။”

“ဘန်း…” သေချာပြင်ဆင်ထားသော ခန်းဆောင်ထဲမှာတော့ လုံးဝတိတ်ဆိတ်နေမှုက အစိတ်စိတ်ပြိုကွဲ ကုန်လေသည်။ မီးတောင်ပေါက်ကွဲသလို ဝူယောင်၏ ကိုယ်မှ ကြမ်းတမ်းသောမူလချီများက ပေါက်ထွက်လို့လာသည်။ စစ်တုရင်ခုံတစ်ခုလုံးပင် ပြာမှုန်အဖြစ်သို့ ပြောင်းသွား၏။ခန်းဆောင်အပြင်ဘက်တွင်ရှိနေသော ဒူးထောက်လျက်ရှိသည့် အစေခံကောင်မလေးများက တုန်လှုပ်လျက် ရှိကာ သေးငယ်သောအသံလေးပင် မထွက်ရဲကြချေ။

ထိုခဏမှာ သူတို့၏တည်ငြိမ်သောအိမ်ရှေ့စံမင်းသားက ဘယ်လောက်တောင် ဒေါသအမျက်ချောင်းချောင်း ထွက်နေသည်ကို ခံစားမိရသည်။သူတို့သည် အိမ်ရှေ့စံမင်းသား၏ အေးဆေးတည်ငြိမ်မှုကို ဆုံးရှုံးနေသောခုလိုမြင်ကွင်းအား မတွေ့ဖူးပေ။

ဝူယောင်က ဒူးချိတ်ကာ ထိုင်လျက်ရှိနေသော်လည်း သူ့မျက်နှာ၏ချောမောမှုသည် ခရမ်းရောင်ဝတ်ရုံဖြင့် မိန်းမပျိုလေးကို စူးစိုက်ကြည့်ကာ မုန်တိုင်းတစ်ခုလို ပြောင်းသွား၏။ထို့နောက်သူက ရေခဲတစ်မျှအေးဆက်သောအသံဖြင့် ပြောလိုက်သည်။

“မင်းဘာကို ပြောဖို့ကြိုးစားနေတာလဲ။”

“ဝူယို… မင်းနဲ့အတူ ပုခုံးချင်းယှဉ်ရပ်နိုင်ဖို့ ငါ့အပြင် ဘယ်သူက ထိုက်တန်လို့လည်း။”


Comment

Leave a Reply

Options

not work with dark mode
Reset