Switch Mode

စာစဥ် (၉) အပိုင်း (၁၁၄)

သူတော်စင်အကြွင်းအကျန်နယ်မြေ

“ကြည့်ရတာ ဒီအရာကမင်းကိုဆွဲဆောင်နိုင်တယ်မလား” မီးခိုးရောင်ဝတ်လူကြီးကပြုံးလျက် ဇူယွမ်၏ဆုံးဖြတ်ချက်ကိုနားစွန့်နေဟန်ဖြင့် ဇူယွမ်ကိုစိုက်ကြည့်ရင်းပြောလိုက်သည်။

ဇူယွမ်က တောက်ပစွာပြုံးလျက်ပြောလိုက်သည်…“ဒီသတင်းအချက်အလက်က အရမ်းကောင်းမွန်တဲ့အရာတစ်ခုပဲ။ အကယ်၍ ကျွန်တော်သာဒီသတင်းအချက်အလက် တွေကိုမရရှိခဲ့ဖူး ဆိုရင် အခွင့်အရေးတစ်ခုမှမရှိပဲနဲ့ ရှုံးနိုမ့်ရမယ့်သူဖြစ်တော့မလို့ပဲ။”

သူတော်စင်အကြွင်းအကျန်နယ်မြေက ရှင်းလင်းစွာပင် ဤတိုက်ကြီးထဲမှာရှိသော အလွန်အရေးကြီးဆုံး နေရာတစ်ခုဖြစ်ပေသည်။

မြောက်များစွာသောအင်ပါယာများကြီးမြတ်သောကလန်များ အင်းအားပြည့်ဝတဲ့ဂိုဏ်းများမှ ပါရမီရှင်တွေက ဒီကြီးမြတ်လှတဲ့ အချိန်အခါအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်နေကြလောက်ပြီ။

ဒါကြောင့် ဘာအကြောင်းအတွက် သူကမျက်ကန်းတစ်ယောက်ကဲ့သို့ လမ်းခုလတ်မှာ ရပ်နေရမလဲ။

သည်အရာက လမ်းပေါ်မှာဖြစ်နေတဲ့သေးငယ်လှတဲ့ စကားများရန်ဖြစ်ပွဲလေးမဟုတ်ပဲ စစ်မှန်လှတဲ့ယှဉ်ပြိုင်ပွဲတစ်ခုပဲဖြစ်သည်။

ကျင့်ကြံခြင်းလမ်းကြောင်းပေါ်မှာ ကြိုတင်မမြင်နိုင်သောအခက်အခဲတွေ၊အတားအဆီးများနှင့် ပြည့်နှက်နေတဲ့အတွက် အခွင့်အရေးကို အမိအရဆုပ်ကိုင်နိုင်သောသူမှသာလျှင် သူတို့ရဲ့ကျင့်ကြံမှု အဆင့်အတန်းကအဆက်မပြတ်တိုးတက်လာပြီးနောက်သန်မာတဲ့ ရန်သူတွေကိုယှဉ်ပြိုင်နိုင်ပြီး နောက်ဆုံးတွင် ဒီကမ္ဘာရဲ့ ထိပ်ဆုံးမှာရပ်တည်နိုင်မှာဖြစ်သည်။

“နောက်ဆုံးတော့ မင်းမှာ သတ္တိတွေရှိလာခဲ့ပြီပဲ။ ”မီးခိုးရောင်ဝတ်ရုံနဲ့လူကြီးက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

သူစကားမြောက်များစွာပြောပြီးတဲ့နောက်မှာ မြောက်များစွာသောအင်ပါယာတွေ၊ ကြီးမားတဲ့ကလန်ကြီးတွေ၊ အင်အားပြည့်ဝသော ဂိုဏ်းကြီးများ၏ ပါရမီရှင်များတိုက်ပွဲမှာ ဒီလူငယ်လေး ဇူယွမ်ပါဝင်နိုင်တော့မှာ ဖြစ်သည်။

သူတို့နဲ့သာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့လျင် သူ့ရဲ့အနာဂါတ်ကတော့ အဆုံးမဲ့ဖြစ်သွားမည်။ဒါဆိုရင် ဒီလူအိုကြီးရဲ့ စိုးရိမ်သောကရောက်မှုတွေက သူ့အတွက်မလိုအပ်တော့ပဲဖြစ်သွားပေမည်။

ဇူယွမ်က မီးခိုးရောင်ဝတ်လူကြီး ထံမှရရှိထားသော မြေပုံကို စူးစိုက်ကြည့်လိုက်ပြီး မြေပုံရဲ့အလယ်ဗဟိုမှာ ရှိသော သွေးနီရောင်မျက်လုံးပုံစံနှင့်ကြီးမားသောဧရိယာဆီသို့အရောက်တွင် ရပ်တန့်သွားခဲ့သည်။

မြေမျက်နှာသွင်ပြင်အနေအထားကြောင့် ထိုနယ်မြေကတကယ့်ကို သူတော်စင်တစ်ပါး၏သွေးတစ်စက်ကျခဲ့သောနေရာ ဖြစ်နိုင်သည်။

သူတော်စင်တစ်ပါး၏ကျဆင်းလာသော သွေးတစ်စက်ကသာ သည်လိုမျိုးကြောက်လန့်ဖွယ်ကောင်းသော ပုံရိပ်ကြီးကို ဖြစ်လာနိုင်စေပေသည်။

ဇူယွမ်ကတိုးညင်းစွာပင် ပြောလိုက်သည်…“ဒါဆို ဒီနေရာက သူတော်စင်အကြွင်းအကျန်နယ်မြေပေါ့”

သူက ထိုနေရာကိုကြည့်ပြီးနောက် သက်ပြင်းချလိုက်ပြီး ထိုနေရာကို ရောက်ဖို့အတွက် မြောက်များစွာသောအင်ပါယာများကို ဖြတ်သန်းရမည် ဆိုသည်ကို နားလည်သဘောပေါက်ခဲ့သည်။

အခြေခံအားဖြင့် သူ့အတွက် ထိုနေရာကိုရောက်ရန် အမြန်ဆုံး ခုနှစ်လခန့်ကြာမြင့်နိုင်သည်။

ဇူယွမ်က မြေပုံကိုစိုက်ကြည့်လျက် ဤအချိန်ဆို နယ်ပယ်အသီးသီးက ပါရမီရှင်များအားလုံး သူတော်စင်အကြွင်းအကျန်နယ်မြေဆီသို့ သွားမည့် လမ်းကြောင်း ပေါ်သို့ရောက်နေလိမ့်မည်။

သည်အရာက အမှန်ပင် ထူးခြားစွမ်းရည်ရှိသော စစ်နယ်ရှင်များဖြစ်လာရန်အတွက် ကြီးမြတ်လှသော ပါရမီရှင်များရဲ့ အစစ်အမှန်တိုက်ပွဲများ ဖြစ်သည်။ ဒါပေမယ့် ဒီတိုက်ပွဲ အားလုံးကပိုသန်မာတဲ့လူတွေ အတွက်သာ ဖြစ်ပြီး တစ်ချို့သော ပါရမီရှင်တွေက သူ့တို့အတွက် ဓားသွေးကျောက်သာသာမျှသာ ဖြစ်ကြသည်။ တိုက်ပွဲကိုဆာလောင်သည့်စိတ်ဆန္ဒများက ဇူယွမ်၏ မျက်လုံးတွင် တောက်လောင်လာခဲ့သည်။

မီးခိုးရောင်ဝတ်လူအိုကြီးက ဇူယွမ်အား မြေပုံပေးပြီးနောက် သူ့လက်မောင်းအိုးကို လှုပ်ယမ်းလိုက်ပြီး ဇူယွမ်ထံသို့ ကျောက်စိမ်းပြား တစ်ခုကို ပစ်ပေးလိုက်သည်။

ဇူယွမ်က အလျင်အမြန်ဖမ်းယူလိုက်သည်။

ကျောက်စိမ်းပြားပေါ်တွင် “ကန်” ဟူသော စာတစ်လုံးသာရေးထိုးထားသည်ကိုသာ တွေ့ရသည်။

“ဒီအရာက ဘာလဲ” ဇူယွမ်ကျောက်စိမ်းပြားကိုဆုပ်ကိုင်လျက်နားမလည်ဟန်ဖြင့်မေးလိုက်သည်။

မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအို ကပျင်းရိစွာပင် ပြောသည်…“မင်းရဲ့ သာမန်မျှလောက်သော အဆင့်လေးနဲ့ သူတော်စင်အကြွင်းအကျန်နယ်မြေမှာ အောင်မြင်မှုရချင်ရင် ဒါကို မင်းဘာသာ နားလည်အောင်ကြိုးစား မဟုတ်ရင်တော့ အောင်မြင်မှုတွေကိုမေ့ထားလိုက်”

ဇူယွမ် စိတ်ထဲမှာတွေဝေသွားသော်လည်း မီးခိုးရောင်ဝတ်စုံနှင့်အဖိုးအိုအား ခေါင်းညိတ်ပြကာကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။

ထို့နောက်…

မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုက လေးနက်စွာပင် ပြောသည်… “ကလေး ငါမင်းကို လိုအပ်တာတွေလဲပြောပြီးပြီဆိုတော့ ဒီနေ့ပဲ ငါက စုယုဝေနဲ့သူ့အဖိုးကိုခေါ်ပြီးထွက်သွားတော့မယ်”

“ဒီနေ့……”

ဇူယွမ် ရုတ်တရက်ပဲ ကြက်သေသေသွားခဲ့သည်။ ထွက်သွားမယ့်ကိစ္စကြီးက အရမ်းကိုမြန်ဆန်လွန်းမနေဘူးလား။

သူ၏အကြည့်တွေက စုယုဝေရှိနေတဲ့အိမ်ငယ်လေးဆီသို့…..

အိမ်ငယ်လေးထဲမှာတော့ စုယုဝေက လှပစွာ ပြင်ဆင်ပြီး အိမ်အပြင်သို့ လှမ်းထွက်လာခဲ့သည်။

ထိုစဉ်သူ့ဘက်သို့ငေးကြည့်နေသည့် ဇူယွမ်၏အကြည့်နှင့် ရင်ဆိုင်မိပြီး ရှက်ရွံစွာမျက်လွှာချသွားသောသူမ၏မျက်နှာအမှုအယာလေးသည် လွန်စွာ ဆွဲဆောင်မှုရှိလှပေသည်။

သူမတို့နှစ်ယောက်လုံး အချိန်အတော်အတန်ကြာသည်အထိ တိတ်ဆိတ်နေကြပြီးနောက် စုယုဝေ၏အသံက တုန်ရီစွာထွက်ပေါ်လာသည်…“မင်းသားအနာဂါတ်မှာ ကျွန်မတို့ပြန်တွေ့ကြတဲ့အခါ မင်းသားက ကျွန်မကို မှတ်မိနိုင်ပါ့မလား”

ဇူယွမ်ကနူးညံစွာပြုံးလိုက်ပြီး…“စိတ်ချပါ ငါပေးထားတဲ့ကတိကိုငါတည်ရမှာပေါ့”

ထိုစကားကိုကြားပြီးနောက် စုယုဝေ၏မျက်နှာပေါ်မှာတောက်ပသော အပြုံး တစ်ပွင့်ပေါ်လာတဲ့အချိန်တွင်…

“သွားကြစို့…”

သူတို့နှစ်ယောက်ကို ပြုံးလျက်စိုက်ကြည့်နေသော မီးခိုးရောင်ဝတ်စုံနဲ့အဖိုးအို၏ စကားသံထွက်ပေါ်လာသည်။

ထို့နောက် သူကဇူယွမ်ကိုတစ်ချက်သာ ကြည့်လိုက်ပြီး မည့်သည့်စကားမှ မပြောတော့ပဲ သူ့ရဲ့လက်မောင်းအိုးကို တစ်ချက်လှုပ်ယမ်းပြီး သူ့ရဲ့ မူလစဦး ချီစွမ်းအားကိုဖော်ထုတ်ကာ စုယုဝေနှင့် သူ့အဖိုးတို့ကိုသယ်ဆောင်ကာ ကောင်းကင်သို့ ပျံသန်းသွားလိုက်သည်။

“အလုပ်တွေက ခက်ခဲလွန်းတယ်ကလေး မင်းသူတော်စင်အကြွင်းအကျန်နယ်မြေမှာကျရှုံးခဲ့ရင်…မင်းလောကကြီး အကြောင်းသိမြင်လာပါလိမ့်မယ် ငါမင်းကို အကြံတစ်ခုပေးချင်တာကတော့ အနာဂါတ်မှာ မင်းသူမနဲ့ပြန်တွေ့တဲ့ အခါ မင်းတို့နှစ်ယောက်ကြားကွာခြားချက်ကြောင့် မင်းရဲ့မာနက မင်းကို နာကျင်စေလိမ့်မယ်”

ဟား…ဟား..ဟား…………

ရယ်သံတွေက ဇူယွမ်၏နားထဲမှာ ပဲ့တင်ထပ်ကျန်ခဲ့သော်လည်း မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုကတော့ ကောင်းကင်မှာ အလင်းတန်းအဖြစ်ကွယ်ပျောက်သွားပြီဖြစ်သည်။ ဇူယွမ်သည် ကောင်းကင်ပေါ်မှအလင်းတန်း ပျောက်ကွယ်သွားသော အကွာအဝေးတစ်ခုအထိ မျှော်ငေးကြည့်လျက်ရှိနေပြီး စုယုဝေ၏ခြံငယ်အတွင်းတွင် စိတ်ပျက်အားငယ်စွာ ရပ်နေခဲ့သည်။

ထို့နောက် စုယုဝေနေထိုင်ခဲ့တဲ့ ခြံဝန်းကိုကြည့်ကာ သည်သန့်ရှင်းသပ်ရပ်သော ခြံဝန်းလေးထဲသို့ စုယုဝေကို ပထမဆုံးခေါ်ဆောင်လာခဲ့သော အချိန်တွေကိုပြန်သတိရသွားသည်။

သူခေါ်လာတုန်းက ညစ်ပတ်ပေရေနေပြီး ကျင့်ကြံခြင်းအကြောင်း မသိရှိသေးသောကောင်မလေးက အခုဆိုလျှင် သူ့မ၏အနာဂါတ်ကလွန်စွာတောက်ပနေပြီ ဖြစ်သည်။

မီးခိုးရောင်ဝတ်စုံနှင့်လူကြီးပြောသွားတာအမှန်ပဲ အနာဂါတ်မှာ စုယုဝေက မမျှော်မှန်းနိုင်တဲ့ အဆင့်တစ်ခုကို ရောက်သွားခဲ့ရင် ငါနဲ့သူ နီးစပ်ဖို့မလွယ်ကူတော့ဘူး။

ငါတို့နောင်တစ်ချိန်ပြန်တွေ့ကျရင် မင်းသေချာပေါက်အံ့ဩသွားအောင်ငါကြိုးစားပြမယ်…ဟု ဇူယွမ် ဆုံးဖြတ်ချက် ချလိုက်သည်။

စုယုဝေက သူမ၏ကိုယ်ပိုင်လမ်းကြောင်းပေါ်တွင်လျောက်လှမ်းနေသော အချိန်မှာ သူလည်းပဲ သူ့လမ်းကြောင်းအတွက် တိုက်ခိုက်ရမည်။

“ငါကြိုးစားရမယ်… မဟုတ်ရင် ငါတို့နှစ်ယောက်နောက်တစ်ကြိမ်ပြန်တွေ့လို့ နှိုင်းယှဉ်ကြတဲ့အခါငါ့အတွက်ရှက်စရာဖြစ်နေလိမ့်မယ်” ဇူယွမ် ရယ်မောလိုက်ပြီး သူ့မျက်လုံးတွေကပြန်လည်တောက်ပလာခဲ့သည်။

သူ့လက်ထဲမှာဆုပ်ကိုင်ထားသော မြေပုံကို ဖြေးညှင်းစွာ မြှောက်ကြည့်လိုက်ပြီး …“ကြည့်ရတာ သူတော်စင်အကြွင်းအကျန်နယ်မြေက စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်ဝူဟောင် နောက်ဆုံးတော့ ငါတို့တွေထိပ်တိုက်ရင်ဆိုင်ရမယ့် အချိန်ကို ရောက်လာခဲ့ပြီ”ဇူယွမ် တောက်ပစွာပြုံးလျက် ခြံဝန်းငယ်လေးထဲကနေလမ်း လျှောက်ထွက်ခွာခဲ့သည်။

ထို့နောက် ခြံဝန်းတံခါးကို ညင်သာစွာပိတ်လိုက်ပြီး…သည်အိမ်လေးက လူတွေအားလုံး ထွက်ခွာသွားခဲ့ပြီ ဘယ်အချိန်မှာ သည်အိမ်တံခါးပြန်ဖွင့်ရမလဲ ဆိုတာဘယ်သူသိနိုင်မလဲ။ စုယုဝေ မင်း အံ့ဩစရာတွေလုပ်ပြမှာကို ငါမျှော်လင့်နေတယ်။

“ဘာ… မင်းကြီးမြတ်သောဇူအင်ပါယာကနေ ထွက်သွားတော့မယ် ဟုတ်လား”…တော်ဝင်နန်းတော်အတွင်းမှာ ဇူချင်နှင့်ချင်ယုတို့နှစ်ယောက်လုံး ထိတ်လန့်စွာအော်ဟစ်မေးလိုက်ကြသည်။

ဇူယွမ်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး သူ့ရှေ့ရှိမြေပုံပေါ်က သူတော်စင်အကြွင်းအကျန်နယ်မြေဆီသို့ ညွှန်ပြလိုက်သည်။“အဖေ နဲ့အမေ ပါရမီရှင်တွေအားလုံးက သူတော်စင်အကြွင်းအကျန် နယ်မြေရဲ့ ဆုလာဘ်တစ်ခုအတွက် တိုက်ခိုက်ယှဉ်ပြိုင်ကြလိမ့်မယ် ။ အဲ့ထဲမှာ ကြီးမြတ်သော ဝူအင်ပါယာက ဝူဟောင်လဲ ပါဝင်လိမ့်မယ် ။ ကျွန်တော်သာ ဒီအခွင့်အရေးကို ဆုံးရှုံးခဲ့ရင် ကျွန်တော့်ဘဝမှာ နောက်ဆိုအေးအေးချမ်းချမ်းနေနိုင်မှာ မဟုတ်ဖူး”

“သူတော်စင် အကြွင်း အကျန်နယ်မြေ ဟင်း…..”ဇူချင် သက်ပြင်းချကာ မြေပုံကိုစိုက်ကြည့်ခဲ့သည်။မြေပုံတွင် သိသာထင်ရှားစွာ သူတော်စင် အကြွင်း အကျန်နယ်မြေကိုထင်ရှားစွာ မြင်နေရသော်လည်းပဲ ထို နေရာက သူတို့၏ကြီးမြတ်သော ဇူအင်ပါယာနှင့်ဝေးကွာသော အရပ်မှာတည်ရှိနေသည်။သည်အကြောင်းအရာတွေကို ဇူယွမ် မည်သည့်နေရာမှ သိရှိလာခဲ့မှန်း သူမသိပေ။

“ယွမ်အာ သူတော်စင်အကြွင်းအကျန်နယ်မြေက အလွန်ဝေးကွာတဲ့ အရပ်မှာတည်ရှိတယ် ပြီးတော့ နေရာစုံကရောက်လာတဲ့ ပါရမီရှင်တွေနဲ့ မင်းယှဉ်ပြိုင်ရလိမ့်မယ်”ချင်ယု၏မျက်နှာပေါ်တွင်နာကျင်မှုတွေပေါ်လွင်နေသည်။ကြီးမားတဲ့ ဆုလာဘ်ရရှိရန် အတွက် ရင်ဆိုင်ရမည့် အခက်အခဲတွေကို သူမလဲ သိရှိပေသည်။အရာအားလုံးက သေခြင် ရှင်ခြင်း ကြားက အဆုံးအဖြတ်တိုက်ပွဲများပင်ဖြစ်သည်။

“အမေ သားကို မယုံကြည်ဘူးလား”ဇူယွမ်က ပြုံးလျက်မေးလိုက်သည်။

“ပုန်ကန်နေတဲ့ကောင်လေး” ချင်ယု၏ မျက်နှာတွင် အပြုံးတစ်ခုတောက်ပလာသည်။သူမသည် သူမသားကို အပြည့်အဝယုံကြည်သည်။ သို့သော် ဇူယွမ်ထွက်ခွာသွားမည့် ကိစ္စက သူမကို နှလုံးသားထဲမှပင် ပူပန် နာကျင်စေသည်။

ဇူချင်သည် နံဘေးတွင်တိတ်ဆိတ်နေရာမှ“ငါ့သား မင်းရဲ့ရွေးချယ်မှုက မှန်ကန်တယ်”ဇူချင် လည်း သည်ဆုလာဘ်ကမည်မျှအရေးပါကြောင်းသိပေသည်။ သည်ယှဉ်ပြိုင်မှုတွင်ပါဝင်ခြင်းက ဇူယွမ်၏ ကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို များစွာ အကျိုးသက်ရောက်ပေလိမ့်မည်။“ဒါပေမယ့် အခြားသော ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်ရတာတကယ်ကို ခက်ခဲလိမ့်မယ်။”

ဇူယွမ် ခေါင်းညိတ်သဘောတူလိုက်ပြီးနောက် ပြောင်စပ်စပ်အမူအရာဖြင့် “ဒီအရာက တကယ်ကိုလွယ်ကူပါတယ် တစ်ကမ္ဘာလုံးနဲ့ ယှဉ်ပြိုင်ရမှာမှ မဟုတ်တာ”

ထိုနောက် ဇူယွမ်ကဆက်လက်ပြီး “အဖေ။ အဖေအနေနဲ့ ဂိုလမ်ကလန်က ဂိုလမ် အရုပ်တွေကို အမြန်ဆုံး သွားသယ်ဆောင်ပြီးတော့ ထိန်းချုပ်နိုင် ဖို့ အတွက် ကြိုးစား သင့်တယ် ဒါဆိုရင် ကြီးမြတ်သော ဝူအင်ပါယာနှင့် ရင်ဆိုင်တဲ့အခါမှာ ကြီးမားတဲ့ အကူအညီဖြစ်လိမ့်မယ်။”

“စိတ်မပူပါနဲ့ ငါမှော်စာလုံးတွေရေးသားဖို့နဲ့ ဘယ်လို့အသုံးပြုရမလဲဆိုတာ ယောင်ယောင်ဆီကနေ သေသေချာချာသင်ယူထားပြီးပြီ။မင်းဘယ်အချိန်ထွက်ခွာဖို့ ပြင်ဆင်ထားလဲ။”

“သုံးရက်အတွင်း။”

Comment

Leave a Reply

Options

not work with dark mode
Reset