လုရှန်း ရုတ်တရက် ရပ်တန့်သွား၏။ အမျိုးသမီး ကျောင်း ကတော့ သူမ ယုံကြည်သွားပြီလို့ထင်နေလေသည်။
အမျိုးသမီး ကျောင်း က ဆက်ပြောသည်။ “အဲဒီလူက တော်တော် အရည်အချင်းရှိတယ်။ စားပွဲပေါ် အသားတင်တာက (အသားဟင်းကျွေးတာ) က သူ့အတွက် ပြဿနာမဟုတ်ဘူး။ မင်းသူ့ကိုလက်ထပ်ရင် မင်းဘဝလေးပျော်ရွှင်နေမှာ”
လုရှန်း ရဲ့ အိမ်မှာ လူကြီးမရှိဘူး လုရန်ကလည်း သူ့ဘဝသူဖြုန်းတီးနေသူဖြစ်သည်။
လုရှန်းအိမ်ထောင်ကျသွားပြီးနောက် အမျိုးသမီး ကျောင်း သူတို့ကို ငွေတုံး ၃တုံး၊ ၄ တုံးပေးဖို့ တွေးထားသည်။
လုရှန်း ပြုံးတယ်။ ” အဲ့လောက်ကောင်းလား?”
“တကယ်!” အမျိုးသမီး ကျောင်း ပေါက်ပြားကိုင်ရင်း အော်ပြောတယ်။ “သူက ရုပ်ရည်ချောမောပြီး ရုပ်ရည်လည်း ကောင်းတယ်။ သူ့ရုပ်ရည်ကပညာရှိကျောင်းသားသွမ့်ထက်မနိမ့်ဘူး။”
အိမ်ထောင်ရေးက သူပြောသလိုပဲ ကောင်းတယ်ဆိုရင် အမျိုးသမီး ကျောင်း ဘာလို့ သူမကို စီစဉ်ပေးမှာလဲ?
အတိအကျမှတ်မိတာ မှန်ရင် အမျိုးသမီး ကျောင်း မှာ အိမ်ထောင်မပြုရသေးတဲ့ လုဝေလို့ခေါ်တဲ့ သမီးတစ်ယောက်ရှိသည်။
လုရှန်း ခေါင်းလှည့်ပြီး အေးစက်စက်ရယ်မောတယ်။ သူမ အပြစ်ကင်းတဲ့မျက်နှာနဲ့ “ဒါက ကောင်းမွန်တဲ့မင်္ဂလာပွဲဆိုရင် အစ်မဝေ အတွက် စီစဉ်ပေးလို့ရတယ်။ သူက ကျွန်မထက် သုံးလလောက်ကြီးတယ်။”
အမျိုးသမီး ကျောင်း ရဲ့ အပြုံးက တင်းမာသည့်အမူအရာဖြစ်သွား၏။
“ငါ မင်းကို သနားလို့လေ။ မင်းရဲ့အစ်မဝေမှာ ကြိုက်တဲ့လူရှိနေပြီ။”
လုဝေက သွမ့်ကျန်း ကို အမြဲ နှစ်သက်ခဲ့သည်။ လုရှန်း ဒါကိုအရင်တည်းကသိသည်။
မူလပိုင်ရှင်နဲ့ သွမ့်ကျန်း စေ့စပ်ကြောင်းလမ်းတုန်းက လုဝေ လှောင်ပြောင်သရော်တယ်။ မနာလိုမှုအားလုံးရဲ့ အဓိက အရင်းခံဖြစ်သည်။
လုရှန်း မြက်ပင်ခေါင်းကို ဆွတ်ရန် ငုံ့ကြည့်လိုက်သည်။ သူမ မော့မကြည့်ပဲ “ကျွန်မ မှာလည်း ကြိုက်တဲ့သူလည်း ရှိတယ်။”
“မင်းဘယ်သူကြိုက်လဲ ငါသိတယ်။” အမျိုးသမီး ကျောင်း မထီမဲ့မြင်ပြုသည့် မျက်နှာဖြင့် “ပညာရှိကျောင်းသားလေး သွမ့်က ဒီရွာက မိန်းကလေးကို မကြိုက်ဘူး။ အိပ်မက်ကို ရပ်လိုက်တာ ကောင်းမယ်။”
လုရှန်း ဒီစကားကိုကြားတော့ ပြုံးတယ်။ သူမ ဝန်မခံသလို မတုန့်ပြန်ခဲ့ပေ။
သို့ပေမဲ့ အမျိုးသမီး ကျောင်း ရဲ့ စကားတွေ က ရေဘူးလာပို့ရင်း ချောင်းနားထောင်ရန်နီးကပ်လာတဲ့ သွမ့်ကျန်းရဲ့နားထဲ ဝင်ရောက်သွားလေ၏။
သူ အလုပ်ရှုပ်နေသော လုရှန်း ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွေးဆသည့်အကြည့်ရှိနေလေသည်။
“ပညာရှိကျောင်းသား သွမ့် ဘာလို့ ဒီရောက်နေတာလဲ?”
အမျိုးသမီး ကျောင်း သူမရဲ့ အထင်အမြင်သေးမှုကို ဖုံးကွယ်ကာ မြှောက်ပင့်သည်။
လုရှန်း အလုပ် ဆက်မလုပ်ခင် သွမ့်ကျန်း ကို မော့ကြည့်၏။
အရင်တုန်းကတော့ သွမ့်ကျန်း ဟာ သူ့ရဲ့ ‘စေ့စပ်ထားသူဟောင်း’ ကို တစ်ခါမှ ကောင်းကောင်းမကြည့်ဖူးတဲ့အတွက် ဘယ်လောက်ဆွဲဆောင်မှုရှိတဲ့ပုံပေါက်နေလဲဆိုတာ မသိခဲ့ဘူး။
သူမတွင် အနက်ရောင်ဆံပင်၊ ကြည်လင်ပြတ်သားပြီး ချယ်ရီနီရောင် အသားအရေရှိသည်။
သူမကို နောက်ဆုံးအကြိမ်တွေ့ချိန် အံ့အားသင့်စရာပဲလို့ တွေးမိသည်။ ဒီနေ့ သူမကို ကြည့်လိုက်တော့ အလားတူ အတွေးမျိုး သူ့စိတ်ထဲ ဝင်လာ၏။
သူ ဒီ ခံစားချက်ကို အတိအကျ မသတ်မှတ်နိုင်ပေမဲ့ သူ့နှလုံးသားမှာ အခေါင်းပေါက်နေသလို ခံစားရတယ်။
သူ ရေဘူးယူပြီး အမျိုးသမီးကျောင်းကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြတယ်။
“ပညာရှိကျောင်းသား မင်းက တကယ် ဝတ္တရားသိတာပဲ။ ကျောင်းတက်နေချိန်မှာတောင် မိဘတွေဆီ ရေဘူးလာပို့ဖို့မမေ့ဘူး။ အနာဂတ်မှာ မင်း အရာရှိဖြစ်လာရင် မင်းလူကောင်းတစ်ယောက်ဖြစ်လာမှာ သေချာတယ်။”
အမျိုးသမီး ကျောင်း ရဲ့ ချီးမွမ်းသံကိုကြားတော့ လုရှန်း ထုတ်ဖော်မပြပေ။
မြက်ပင်တွေကို ပေါင်းသတ်ပြီးတဲ့ချိန် ညနေစောင်းနေပြီ။
လုရှန်း ချွေးထွက်နေပြီး တစ်ကိုယ်လုံး ချွေးတွေနဲ့ စိုရွှဲနေ၏။
သူမ ပေါက်ပြားကို ထမ်းကာ အိမ်ပြန်လာခဲ့သည်။ အိမ်တံခါးဝသို့ရောက်ချိန် လူတစ်ဦး သူမအနောက်သို့ လိုက်လာသည်။
“လုရှန်း”
လုရှန်း လှည့်ကြည့်တော့ သွမ့်ကျန်း သူမဆီ လျှောက်လာသည်ကို တွေ့လိုက်သည်။
သူမ မျက်ခုံးပင့်ပြီး “ဘာကိစ္စလဲ?”
သွမ့်ကျန်း သူမရှေ့ ရပ်တယ်။ သူမ မျက်နှာပေါ် ချွေးများထွက်နေသော်လည်း သူမရဲ့ မျက်နှာက သန့်ရှင်းလတ်ဆတ်နေသေးသည်။ ဒီမြင်ကွင်းက သူ့နှလုံးသားကို တုန်လှုပ်စေ၏။
“မင်း။ ငါ့ကိုကြိုက်သေးလား?”
လုရှန်း ၏ နှလုံးသား အနည်းငယ် နာကျင်သွားပြီး မျက်မှောင်ကြုံ့သွား၏။
မူလပိုင်ရှင်သည် သွမ့်ကျန်း ကို နှစ်ပေါင်းများစွာ နှစ်သက်ခဲ့ပြီး ဒီမှတ်ဉာဏ် သူမရဲ့ နှလုံးသားထဲ ရေးထွင်းထားပုံရသည်။
သူမ ဒီခန္ဓာကိုယ်တွင် နေထိုင်နေသော်လည်း သွမ့်ကျန်း ရဲ့ စကားကို ကြားလိုက်ရတော့ ရင်တွင်းရှိ ခံစားချက်များ တဟုန်ထိုး ခုန်တက်သွားသည်ကို သူမ ထိန်းထားနိုင်ခဲ့သည်။
“ဘာလို့ ဒီလိုမေးတာလဲ?” သူမ အေးအေးဆေးဆေး မေးတယ်။
သွမ့်ကျန်း တုန်လှုပ်ခြောက်ခြားစွာဖြင့် “မင်းငါ့ကို ကြိုက်သေးရင် အနာဂတ် ငါအရာရှိဖြစ်လာရင် မင်း ငါ့ကိုယ်လုပ်တော် ဖြစ်လာဖို့ ငါလုပ်နိုင်တယ်။”