“မဟုတ်။ မဟုတ်ပါဘူး!”
သခင်မချု မကျေမနပ် ပြုံးပြီး “လင်းအာ က နူးညံ့သိမ်မွေ့ပြီး နာခံတတ်သူပါ။ အရမ်းကြင်နာတယ်! သူမ မှာ ဒီလောက် ခြယ်လှယ်နိုင်မဲ့ နည်းလမ်း မရှိပါဘူး။”
“တကယ်လား?” ချုစစ်ဟန် ဖျတ်ခနဲ ပြုံးတယ် ” အမျိုးသမီးဂျန် ဟာ ပညာတတ်၊ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တယ်လို့ အဖွားပြောခဲ့ဖူးတာကို သတိရမိတယ်”
အမျိုးသမီးဂျန် နဲ့ သခင်ကြီးချု လက်ထပ်ထားတာကို သိချိန်က သူ့အသက် ၅ နှစ်အရွယ် ဖြစ်သည်။
ထိုနှစ်မှာ ဖြစ်ပျက်ခဲ့သမျှကို မှတ်မိနေခဲ့သည်။
သူ့စကားက သခင်မချုကိုပြောစရာစကားမဲ့စေပြီး အနားယူဖို့ဆင်ခြေသုံးပြီး ထွက်လာရုံသာတက်နိုင်ခဲ့တယ်။
“သခင်၊ ချုစစ်လင်းအကြောင်း…”
သခင်မချု ထွက်သွားတာနဲ့ ချုယွမ် ရှေ့ကို လျှောက်လာပြီး စကားပြောတယ်။
“လောလောဆယ် သူ့ကို လျစ်လျူရှုလိုက်။” ချုစစ်ဟန် မျက်နှာမပြဘဲ လှည့်ကြည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ “ကန်းအိမ်တော် မှာ သံသယရှိသူတစ်ယောက်ကို ဖမ်းမိတယ်လို့ တရားသူကြီးက ပြောတယ်။ လှည်းပြင်ထား ရုံးတော်ကို သွားမယ်။”
“ကောင်းပြီ။”
သူ့အမိန့်ကိုလက်ခံပြီး ချုယွမ်လှည့်ပြီးထွက်သွားသည်။
ချုစစ်ဟန် စာရွက်စာတမ်းကို ကောက်ယူပြီး ဆက်လက်စစ်ဆေး၏။
သို့သော် လုရှန်း က မနေ့ညကလူ ဟုတ်၊ မဟုတ် သူစဉ်းစားနေခဲ့သည်။
နောက်နေ့။
လုရှန်း နိုးလာပြီးတော့ ခါတိုင်းလို ဟင်းရွက်များကို လှမ်းကြည့်သည်။
တစ်ဖက်တွင်၊ လုရန်က သူ့ပစ္စည်းများကို ထုပ်ပိုးပြီး ကျောင်းတက်ရန် ပြင်ဆင်သည်။
လုဂျန် နဲ့ လုရှင်းတို့ဟာ အမျိုးသမီးလျို နဲ့ လုဒါဟွားတို့ဆီက အလည်အပတ်ပြန်လာပြီးကတည်းက သူတို့အကြောင်း မပြောတော့။
လုရှန်း သူတို့ကို ဒီရက်အနည်းငယ်အတွင်း အပြင်မထွက်ဖို့ ပြောခဲ့ပြီး သူတို့လေးတွေ နာခံမှုရှိသည်။
ဟင်းသီးဟင်းရွက်များကို ရေလောင်းပြီးနောက် လုရှန်း သူမရဲ့ ပုခုံးထက်မှာ ပေါက်ပြားကိုကိုင်ကာ လယ်ကွင်းစီ ထွက်လာခဲ့သည်။
ဆောင်းဦးပေါက်ရာသီဖြစ်ပြီး စပါးပင်များ အဝါရောင်ပြောင်းနေပြီဖြစ်တယ်။
သို့သော် စပါးရိတ်သိမ်းမှုက ကောင်းမွန်လွန်းပုံမပေါ်ပါ။
အလုပ်ရှုပ်နေတဲ့ ရွာသူရွာသားများ သူမအား ပေါ့ပေါ့ဆဆ လျှောက်သွားတာကို ကြည့်ရင်း အံ့သြတကြီး လှမ်းကြည့်ကြတယ်။
မနေ့ညက စန်းဟူ နဲ့ သူ့လူတွေကို ဘယ်လိုတိုက်ခိုက်ခဲ့သလဲဆိုတာကို သတိရရင်း ကြောက်လန့်တကြားနဲ့ ခေါင်းလှည့်လိုက်ကြသည်။
“ဟေ့ ဒါက လုရှန်း မဟုတ်ဘူးလား။”
ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး ခေါင်းမော့ကာ စူးစိုက်ကြည့်၏။ “မင်းအဖေ ထောင်ကျသွားလို့ မင်းရဲ့လယ်တွေကို စွန့်မယ်လို့ ငါထင်ခဲ့တာ။”
လုရှန်း ဒီအမျိုးသမီးက သူမ ဖခင်ရဲ့ ဝမ်းကွဲ လုတာ့မင်းရဲ့ ဇနီးဖြစ်သူဆိုတာ သိသည်။ ထိုမိန်းမက ယုတ်မာတဲ့စကားပြောတတ်သူဖြစ်တယ်။
လုမိသားစုမှာ ဒီလိုကြီးလေးတဲ့ကိစ္စဖြစ်တဲ့အခါ ရွာကလူတွေအားလုံးက သူတို့ကို ဖြေသိမ့်ပေးဖို့ လာကြတယ်။ သို့သော် လုတာ့မင်း ရဲ့ မိသားစု မလာဘူး။
လုရှန်း က သူမရဲ့ ပေါက်ပြားကို ချကာ ထို မိန်းမကို ကြည့်ပြီး ပြုံးကာ ပြန်ပြောလိုက်သည်။ “တကယ်လို့ ရှင် ဒါမှမဟုတ် ဦးလေး သေသွားရင် ဒီလယ်တွေကို မလုပ်တော့ဘူးလား?”
“နင်…”
စကားမပြောနိုင်အောင်ဖြစ်သွားသည့် အမျိုးသမီး ကျောင်း ရုတ်တရက် သရဲတစ္ဆေမြင်သွားသလို ခံစားလိုက်ရသည်။
ဒါ အရင်က ကျယ်ကျယ်လောင်လောင်တောင် မပြောဝံ့တဲ့ လုရှန်း လား?
လုရှန်း ကောက်ရိုးဦးထုပ်နှင့် အညိုရောင်အင်္ကျီ တို ဝတ်ဆင်ထားပြီး သူမရဲ့ လက်ကောက်များက နှင်းများကဲ့သို့ ဖြူဖွေး၏။
သူမရဲ့ မျက်နှာက ထူးခြားလွန်းတာကြောင့် တစ်ရွာလုံးမှာ ဘယ်သူမှ သူမနဲ့ မတူပေ။
အမျိုးသမီး ကျောင်း လုရှန်း ရဲ့ ပြုံးနေသော မျက်နှာ နဲ့ ဖြူစင်သော အသားအရေကို ကြည့်ပြီးတော့ မနာလိုဖြစ်လာ၏။
လုဒါဟွားရဲ့ မူလဇနီး အမျိုးသမီးဟဲမှာလည်း လှပတဲ့ မျက်နှာရှိသည်။ ဒီလိုလှပပြီး အလုပ်ကြိုးစားသော ဇနီးကိုလက်ထပ်ခဲ့သော လုဒါဟွားကို ရွာရှိလူတိုင်းက ချီးကျူးခဲ့ကြသည်။
ဒါပေမယ့် ဘာဖြစ်လဲ?
အလုပ်အရမ်းကြိုးစားတဲ့အတွက် အသက်သုံးဆယ်အရွယ်မှာ အမျိုးသမီးဟဲရဲ့ အလှ မှေးမှိန်သွားခဲ့သည် မဟုတ်လား?
မဟုတ်ရင် လုဒါဟွားဟာ အမျိုးသမီးလျို နဲ့ ခင်မင်ရင်းနှီးလာမှာ မဟုတ်ဘူး။
ဒါကိုတွေးလိုက်တော့ အမျိုးသမီး ကျောင်း ပိုနေလို့ကောင်းလာ၏။
“လုရှန်း၊ ငါ မင်းကို ဂရုမစိုက်ဘူးလို့ မပြောနဲ့။ မင်း အသက် ၁၆ နှစ်ရှိပြီ။ ပညာရှိကျောင်းသားက မင်းနဲ့ စေ့စပ်ကြောင်းလမ်းတာကို ဖြတ်ခဲ့ပြီး သခင်ချုတို့ဘက်ကလဲ မင်းနဲ့ လက်ထပ်တော့မှာ မဟုတ်ဘူး။ ငါ ကောင်းမွန်တဲ့ မိသားစုကို သိတယ်။ သူတို့က တင်တောင်းကြေး ငွေတုံး ၂၀ တောင်ပေးမှာ… ငါဘာလို့ မင်း အတွက် အောင်သွယ်မလုပ်ရမှာလဲ?”
ထိုမိသားစုရဲ့ သားက သဘာဝအတိုင်း မိုက်မဲစွာ မွေးဖွားလာပြီး အခုနှစ်တွင် အသက် ၂၆ ရှိပေမဲ့ အိမ်ထောင်မပြုရသေးဘူး။
ဒါ့အပြင် အဲဒီ့ မိသားစုမှာ သားတစ်ယောက်ထဲပဲ ရှိသည်။ သူတို့ မိသားစုသွေး ကို ဆက်ခံနိုင်ရန် ကလေးမွေးဖွားနိုင်သည့် အမျိုးသမီးမှတပါး အခြားဘယ်အရာကိုမျှ မလိုလားကြဘူး။
သို့သော် ထိုလူကိုလည်း ဘယ်သူမှ လက်ထပ်ဖို့ ဆန္ဒမရှိဘူး။
လုရှန်း လက်ထပ်အောင် လှည့်စားနိုင်ခဲ့မယ်ဆိုရင် အဲဒီ ငွေတုံး ၂၀ ကို သေချာပေါက် ရလိမ့်မယ်။