ချုအိမ်တော် စာကြည့်ခန်း။
“သခင် ကိုယ်လုပ်တော်ဘက်က သတင်းရထားပါတယ်။ ခါးကို ဓားနဲ့ထိုးခံရလို့ ချုစစ်လင်း အိပ်ရာ ပေါ် လဲလျောင်းနေပြီး နာကျင်စွာ အော်ဟစ်နေတယ်တဲ့။”
ချုယွမ် ဝင်လာပြီး သတင်းကို သဘောကျစွာ သတင်းပို့၏။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ချုစစ်လင်း တစ်ခုခုလုပ်ထားသည်ကို သူတို့ သံသယရှိထားပြီးသားဖြစ်သည်။ တကယ်ပဲ သူ ဖြစ်နေ၏။
ချုစစ်လင်း သူ့လုပ်ရပ်များရဲ့ အကျိုးဆက်ကို ခံစားရတာဖြစ်သည်။
ချုစစ်ဟန် သူ့လက်ထဲက စာရွက်စာတမ်းများကို ချလိုက်ပြီး ဘာမှ မပြောဘဲ အေးစက်စက်ရယ်မော၏။
“စစ်ဟန်။” ရုတ်တရက် အသံတစ်သံက သူတို့ကြားထဲဝင်ရောက်လာ၏။
သခင်မချု အိမ်အကူတစ်ဦးနဲ့အတူ အခန်းထဲကို ဝင်လာသည်။
“အမေ၊ အရမ်းနောက်ကျနေပြီ။ ဘာလို့မအိပ်သေးတာလဲ?”
ချုစစ်ဟန် အမြန်ထပြီး ထိုင်ဖို့ ကူပေးလိုက်သည်။
“မင်းနဲ့ စေ့စပ်ဆွေးနွေးဖို့ အမေ ဒီကိုလာခဲ့တာ။”
ဒီစေ့စပ်ကြောင်းလမ်းတာကို ပြောတဲ့အခါ သခင်မချုလည်း ဒုက္ခရောက်ရ၏။
ဟောင်ရန်မြို့တွင် ရှန်းကွမ်းလင်းအာသည် သူ့သားနဲ့ လိုက်ဖက်တဲ့ တစ်ဦးတည်းသော မိန်းကလေးဖြစ်တယ်။
သို့သော် တိုင်းပြည်နတ်ဆရာ ရဲ့ စကားကို မပယ်ဖျက်နိုင်ဘဲ သူတို့ သားကို နှိမ့်ချကာ တောသူ နဲ့ လက်ထပ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
သို့သော် ရှန်းကွမ်းလင်းအာသည် တရားဝင်ဇနီးဖြစ်လာနိုင်သည်ကို ရှန်းကွမ်း မိသားစုနဲ့ ဆွေးနွေးနိုင်သေးတယ်။
ချူမိသားစု သည် အရေအတွက်များပြီး ချမ်းသာကြွယ်ဝသည်။ ပညာမတတ်တဲ့ လယ်သူမလေးက မိသားစုကို ဘယ်လိုစီမံခန့်ခွဲနိုင်မှာလဲ?
ချုစစ်ဟန် ပြုံးပြီး “အမေ၊ ကျွန်တော် မဖြေရှင်းနိုင်တဲ့ ကိစ္စတချို့ ရှိသေးတယ်။ ကျန်တာတွေ နောက်မှ ဆက်ပြောကြရအောင်။”
“မင်း အသုံးမကျတဲ့ သာမန်လူနဲ့ လက်မထပ်ချင်ဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့်တိုင်းပြည်အကြံပေးရဲ့ စကားက အမြဲမှန်တယ်။ အမေတို့မှာ သားတစ်ယောက်ပဲရှိတယ်။ မင်းတစ်ခုခုဖြစ်သွားရင် အမေတို့ ဘယ်လိုလုပ်မလဲ?”
သခင်မချု မျက်လုံးထောင့်တွေကို လက်ကိုင်ပုဝါနဲ့ တို့ထိရင်းဆို၏။
အသုံးမကျတဲ့သူ?
ချုစစ်ဟန် ခေါင်းယမ်းကာ ပြုံးလိုက်တယ်။ “မိန်းကလေးလုက ထူးထူးခြားခြား လှပသူပါ။ လုံးဝအသုံးမဝင်တဲ့သူမဟုတ်ဘူး။”
ဒါ့အပြင် သူမ အခြားအရာများကို သိသည်။
ဘေးနားတွင် နားထောင်နေတဲ့ ချုယွမ် မျက်မှောင်ကြုံသွား၏။
သခင် ဘယ်တုန်းက ဒီလောက် နှစ်မြုပ်သွားတာလဲ?
“လှပတယ် ?” ဒီစကားကြောင့် သခင်မချု အံ့သြသွား၏။ “မင်းသူမကိုတွေ့ဖူးလား?”
“အကြိမ်အနည်းငယ်လောက် တွေ့ဖူးတယ်။”
“ဘယ်လိုထင်လဲ?”
ချုစစ်ဟန် ပြုံးပြီးပြောတယ် “အမေ အဲဒီလောက်ထိ စိတ်ပူနေဖို့ မလိုဘူး။ နောက်ထပ် ၁၀ နှစ်လိုသေးတယ် မဟုတ်ဘူးလား။ မိန်းကလေးလုနဲ့သွားဖို့ ခရီးအဝေးကြီး ကျန်နေပါသေးတယ်။”
“မင်းပြောတာက… မင်းက မိန်းကလေးလုကို လက်ထပ်ဖို့ ဆန္ဒရှိတယ်လား? “
သခင်မချု အံ့သြသွားတယ်။
သားဖြစ်သူ ဒီစေ့စပ်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တာကို သူမ မှတ်မိသည်။ ဒါကို ငြင်းပယ်ဖို့အတွက် သူ ဒီကို တောက်လျှောက် ပြေးလာခဲ့သည်။
ဒါပေမယ့် မိန်းကလေးလုကိုတွေ့ပြီးနောက်မှာတော့ စိတ်ပြောင်းသွားပြီး သူမရဲ့အလှကိုတောင် ချီးကျူးနေသည်။
သူမရဲ့ သား ဖြစ်သူ တစ်စုံတစ်ယောက်ကို ချီးမွမ်းတတ်အောင် သင်ယူခဲ့တဲ့အတွက် သူမ ဘယ်လောက်တောင် လှပလိုက်မလဲ?
“ဒါဆိုလင်းအာ အတွက်…”
သခင်မချု အစမ်းသဘောမေးတယ်။
ရှန်းကွမ်းလင်းအာက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချုအိမ်တော် ဆီ မကြာခဏ လာရောက်လည်ပတ်လေ့ ရှိပေမဲ့ ချုစစ်ဟန်သည် အလုပ်များနေတာကို အကြောင်းပြချက်ပေးပြီး အမြဲတမ်းထွက်လာတတ်သည်။ သခင်မချု သူမ သားဖြစ်သူ ဘယ်လိုတွေးတယ်ဆိုတာကို သေချာမသိပါ။
“သခင်မလေး ရှန်းကွမ်း ဘာဖြစ်လို့လဲ?” ချုစစ်ဟန် ဘာသိဘာသာ မေးလိုက်၏။
“မင်းမှာ?”
ချုစစ်ဟန် ကြားချိန် စိတ်မရှည်တဲ့ အရိပ်အယောင်တစ်ခု သူ့မျက်နှာပေါ်တွင် အေးစက်စက်ပေါ်လာ၏။ “သခင်မလေး ရှန်းကွမ်းနဲ့ ပတ်သက်ပြီး ခံစားချက်မရှိဘူး”
မိသားစုနှစ်စု သီးသန့်ဆုံးဖြတ်ထားတာကို သူသိသည်။ သူ အတိအကျသိတာမို့ သူသည် ရှန်းကွမ်းလင်းအာကို ပလိပ်ရောဂါလို ရှောင်ရှားခဲ့တယ်။
“သို့သော် မိန်းကလေးလုက တောသူမိန်းကလေးတစ်ယောက်သာဖြစ်ပြီး စာဖတ်နည်းတောင် မသိဘူး။ သားအတွက် မိသားစုအရေးကို သူမ ဘယ်လို စီမံခန့်ခွဲနိုင်မလဲ? သားကို ကူညီနိုင်တဲ့ ဇနီးတစ်ယောက်လိုတယ်။”
ချုစစ်ဟန် အေးအေးဆေးဆေး မေးလိုက်သည်။ “ဒါဆို သူတို့နှစ်ယောက်လုံးကို လက်ထပ်စေချင်တာလား?”
“အင်း။ သားရဲ့အကျိုးအတွက် အမေလုပ်နေတာ!” သခင်မချု မသိစိတ်က ပြန်တုန့်ပြန်၏။
ချုစစ်ဟန် အေးစက်စက်ပြုံးပြီး။ “ညီလေး ဘယ်လို သေသွားသလဲ မေ့သွားပြီလား?”
ချုစစ်ဟန် က ‘ညီလေး’ လို့ ပြောတဲ့အခါ သခင်မချု ရဲ့ မျက်နှာက ဖြူဖျော့သွား၏။
အသက်ကြီးသော သခင်ကြီးချုတွင် အမျိုးသမီး ဂျန် လို့ခေါ်တဲ့ တရားဝင် ဇနီးတစ်ဦးရှိခဲ့သည်။
အစပိုင်းမှာတော့ သခင်ကြီးချု သူ့ကို အရမ်းချစ်ပေမယ့် ကလေးမမွေးနိုင်တာ နှစ်နဲ့ချီရှိကြာရှည်ခဲ့သောကြောင့် ချစ်ခင်မှုကို ဆုံးရှုံးခဲ့တယ်။
တစ်ဖက်တွင် သခင်မချုသည် သားနှစ်ယောက် မွေးပေးခဲ့တယ်။ ငယ်စဉ်ကတည်းက ချုစစ်ဟန် က တောက်ပပြီး သူမရဲ့ မာန အရင်းအမြစ်ဖြစ်တယ်။
အမျိုးသမီးဂျန် က သူ့ကို ချေမှုန်းပြီး သခင်မချု ကို နှိပ်စက်ချင်ခဲ့တယ်။ ဒါကြောင့် ချုစစ်ဟန် ရဲ့ မုန့်တွေထဲ အဆိပ်ခတ်ခဲ့သည်။
သို့သော် ချုစစ်ဟန် မစားခဲ့ဘူး။ အဲဒါတွေကို စားခဲ့သူက ဆာလောင်နေတဲ့ ချူစစ်ယွမ် ဖြစ်ပြီး နောက်ဆုံး အဆိပ်သင့်သေဆုံးခဲ့သည်။
နောက်ပိုင်း အမျိုးသမီးဂျန် က တရားခံဖြစ်ကြောင်း တွေ့ရှိချိန်တွင် သခင်ကြီးချု ဒေါသတကြီး ထောင်ချပစ်ခဲ့ကာ သိပ်မကြာခင် အမျိုးသမီးဂျန် သေသွားခဲ့သည်။