“လုရန် မင်း သေမင်းနဲ့ တွေ့ချင်နေပြီလား!”
ဒီလူငယ် ဒေါသတကြီး ကန်ကျောက်ပြီး တုံ့ပြန်ပေမဲ့ လုရန်က ရှောင်တိမ်းလိုက်၏။
“အိုး? လုရန် ငါ မင်းနဲ့မတွေ့တာ ရက်ပိုင်းပဲရှိသေးတယ်။ မင်း ငါ့ကို ပုန်ကန်နေပြီလား။?”
စန်းဟူ ရဲ့ မျက်နှာပေါ်မှာ မပျော်ရွှင်တဲ့ အမူအရာ ပေါ်နေ၏။
လုရန် အရင်က သူအမိန့်ကို နားထောင်ခဲ့ပေမဲ့လည်း အခုတော့ သူ့ရှေ့မှာ သူ့လူတွေကို ရိုက်နှက်နေသည်။
လုရန် သူ့ကိုကြည့်ပြီးပြောလိုက်သည်။ “ဘာမှမရှိတော့ရင် ပျောက်သွားလိုက်။”
စန်းဟူ မျက်မှောင်ကြုတ်ပြီး “မင်းဘာကိုဆိုလိုတာလဲ? မင်းငါ့နောက်မလိုက်ချင်တော့ဘူးလား?”
လုရန် သူ့ကို စိုက်ကြည့်ပြီး စကားမပြောချေ။
“မင်း မာနကြီးလာတယ်!”
စန်းဟူ အေးစက်စက် ရယ်မောပြီး သူ့နောက်က လူတွေကို လက်ပြလိုက်၏။
“အရင် စည်းကမ်းအတိုင်း ငါ့ကို သစ္စာဖောက်ရဲတဲ့သူက အရိုက်ခံရမယ်။”
ထိုအချိန် တွင် လုရှန်းသည် လုဂျန် ကို ဟင်းသီးဟင်းရွက်တောင်းပေးပြီး အိမ်ထဲတွင် လုရှင်းနဲ့ ပုန်းနေဖို့ပြောလိုက်သည်။
သူမ လက်ကို ပွတ်သပ်ရင်း စန်းဟူနဲ့ သူ့ရဲ့ လူများကို စိုက်ကြည့်ပြီး ရှေ့သို့လျှောက်လာ၏။ ။ “နင်က ငါ့အစ်ကို ကိုရိုက်ချင်တယ်ပေါ့?”
သူမမျက်နှာတွင် ရှင်းရှင်းလင်းလင်း အပြုံးတစ်ခုရှိနေ၏။
“မင်း သူ့ကို မထိစေချင်ရင် မင်း ငါတို့နဲ့ ကစားလို့ရတယ်!”
စန်းဟူ သူမရဲ့ လှပသော မျက်နှာနှင့် အသွင်အပြင်မြင်ချိန်တွင် ဆွဲဆောင်မှုတစ်ခုကို ခံစားလိုက်ရ၏။
“ကောင်းပြီ!”
“လုရှန်း!”
လုရန် မျက်မှောင်ကြုတ်ပြီး သူမကို လှမ်းအော်လိုက်သည်။
စန်းဟူ ရဲ့ စကားကို သူမ ဘာလို့ သဘောတူလိုက်တာလဲ?
“တကယ်လား?”
စန်းဟူ ရဲ့ မျက်လုံးသေးသေးလေး ပြူးကျယ်သွားပြီး သူ့မျက်နှာပေါ် မျှော်လင့်ချက်တစ်ခု ပေါ်လာ၏။ “ဘာလို့ ငါ့နေရာဆီ မသွားရမှာလဲ?”
လုရန် တစ်ခုခုပြောချင်ပေမယ့် လုရှန်း ပြန်တွန်း၏။
စန်းဟူ သည် သူ့ရှေ့ရှိ လုရှန်း ပြုံးပြရင်း ပြောလိုက်သည်။ “ဘယ်မှ သွားစရာ မလိုဘူး။ ဒီမှာပဲနေကြရအောင်။”
“ဒီမှာ? ဒါ သိပ်မကောင်းဘူး မဟုတ်လား?”
“လုရှန်း!”
လုရှန်း သူမရဲ့ ခြေထောက်ကို မြှောက်ပြီး စန်းဟူ ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ကန်ထုတ်လိုက်၏။
“ အား”
နာကျင်စွာအော်သံ ထွက်ပေါ်လာ၏။
လုရှန်း အေးစက်စက်ပြုံးရင်း။ “မှန်ထဲ ကိုယ့်ကိုကိုယ် ပြန်ကြည့်ဦး ငါက နင် စိတ်ကူးယဉ်နိုင်တဲ့သူတစ်ယောက်လား။”
“ငါ့အတွက် သူ့ကိုရိုက်ကြစမ်း!”
စန်းဟူ သူ့ခန္ဓာကိုယ်အောက်ပိုင်း ဆုပ်ကိုင်ရင်း သူ့လူတွေကို ဒေါသတကြီး အမိန့်ပေးပြောလိုက်သည်။
စန်းဟူ ရဲ့ အသံကိုကြားချိန်တွင် လုရန် ၏ အာရုံများပြန်လည်ရရှိလာတယ်။ သူ့ညီမကို ကာကွယ်ဖို့ ရှေ့တိုးလိုက်၏။
သို့သော် သူမ ခုံ ကောက်ကိုင်လိုက်ပြီး ကျန်လူများကို ပြင်းထန်စွာ ရိုက်နှက်တော့သည်။
သူမ ကြုံရာကျပန်းလုပ်နေပုံရပေမဲ့ ပစ်မှတ်တိုင်းကိုထိတယ်။ တိုက်မိသူတိုင်း နာကျင်စွာ အော်ဟစ်ပြီး ပြန်ဆုတ်သွားကြ၏။
သူ့လူ ၇ ယောက် မိန်းကလေးတစ်ယောက်ကို အနိုင်မယူနိုင်ခဲ့တာကိုကြည့်ရင်း စန်းဟူ ဒေါသထွက်လွန်းလို့ ရင်ဘတ်နာကျင်လာသည်။
သို့သော်လည်း သူတို့မှာ ရှုံးနိမ့်မှုကနေ ထွက်ပြေးရန်မှတပါး ရွေးချယ်စရာမရှိပေ။ သူတို့ပတ်ဝန်းကျင်တွင် စုဝေးနေတဲ့ ရွာသားများက လုရှန်း ကို ပါးစပ်အဟောင်းသားဖြင့် စိုက်ကြည့်နေ၏။
“အမ်…”
လုရှန်း ခုံ ပြန်ချပြီး ဆံပင်နှင့် အဝတ်အစားများကို သပ်သပ်ရပ်ရပ် သပ်လိုက်ပြီး သူတို့ကို တောက်ပစွာ ပြုံးရင်း “အင်း… ကျွန်မ ရဲ့ အကြောင်းပြချက်ကို နားထောင်ပါ၊ မဟုတ်ဘူး၊ ကျွန်မ ရဲ့ရှင်းပြချက်…”
လူတိုင်း သူမကို ခြောက်ကပ်ကပ် ပြုံးပြပြီး ရှောင်ထွက်သွားတော့သည်။
သူတို့ သူမကို စကားမပြောဘဲ ထားရစ်ခဲ့ကြသည်။
အာ ငါ့ရဲ့ နူးညံ့တဲ့ ပုံရိပ် တော့ သွားပြီ။
ဒီ အဖြစ်အပျက်ပြီးနောက်၊ လုရှန်း ရဲ့ ကိုယ်ရည်ကိုယ်သွေး အကြီးအကျယ်ပြောင်းလဲသွားတဲ့ သတင်း လျိုယွဲ့ ရွာတစ်ရွာလုံးကို ပျံ့နှံ့သွားတော့သည်။
ညစာစားနေစဉ် လုရှင်းမှလွဲပြီး လုရန်နဲ့ လုဂျန် တို့ လုရန်ကို ခိုးကြည့်နေ၏။
သူရဲဘောကြောင်တဲ့ လုရှန်း ရုတ်တရက် ဘာလို့ ဒီလို ပြင်းထန်လာသည်ကို သူတို့နားမလည်ပါ။
လုရှန်း သူတို့ကို လျစ်လျူရှုကာ ပန်းကန်လုံးထဲက ထမင်းကို စားရင်း ခေါင်းငုံ့ထားတယ်။
သူတို့ပန်းကန်တွေထဲ အစားအသောက်တွေတောင် ထည့်ပေးသေးတယ်။
လုရှင်း အမျိုးသမီးလျို နဲ့ မရင်းနှီးဘူး။ ဒါ့အပြင် ဒီနေ့ အမျိုးသမီးလျိုရဲ့ကြောက်ဖို့ကောင်းတဲ့ပုံစံကြောင့် လုရှင်း ညဘက်အိပ်ရင် အမျိုးသမီး လျိုကိုမတတော့။
ဆိုးတဲ့ ကလေးနှစ်ယောက်ကို အိပ်ခိုင်းပြီး လုရှန်း သမ်းဝေရင်း သူမရဲ့ အိပ်ခန်းသို့ ပြန်သွားခဲ့တယ်။
သူမရဲ့ နေရာလက်ကောက်ကို ကြည့်လိုက်ချိန်တွင် ကျောက်ပုစွန်နှင့် မြစ်ကဏန်းတို့ အသက်ရှင်နေသေးတာ တွေ့ခဲ့တယ်။
သဘာဝအတိုင်း၊ ကျောက်ပုစွန်များ၏ မျိုးပွား ပုံကို သူနားလည်တယ်။ သူ့မှာ မွေးရာပါရှိတယ်ဆိုရင် ဒါဟာ သူမရဲ့ ပထမဆုံးရွှေအိုးကို ရိုက်ဖို့ သေချာပေါက် အခွင့်အရေးကောင်းပင်။
သူမ ရဲ့ဆရာက ဒီအစားအစာ နှစ်ခုကို စားရတာ ကြိုက်တဲ့အတွက် သူမ တော်တော်များများကို မွေးထားတယ်။