အပိုင်း(၄၀)

မမကိုပြောရင် ယုံမှာ မဟုတ်ဘူး

လီဖန်းက ၈၀၀၀၀၀ကို ဂရုစိုက်တဲ့ကောင်လား။ သူဂရုစိုက်တာက အစ်မချင်းရဲ့ ခံစားချက်ပါ။ ဝူပင်သူမကိုပြောတာ ကိုအခြေခံကြည့်လျှင် သူတို့ကို မင်ကျောက်မှာ ဆက်ထားလို့မဖြစ်ပါဘူး။ ဒူးထောက်ပြီး တောင်းပန်နေလည်း အပိုပါပဲ။

ပြီးတော့ ဒါကလည်းဆောင်ဝမ်ကျင်း ဘယ်လိုလုပ်ပေးမလဲကို ကြည့်ချင်တာပါ။ ဒါကြောင့်လီဖန်းက မေးလေပြီ ‘အစ်မဒီတောင်းဆိုချက်ကိုရော ဖြည့်စည်းပေးနိုင်လား’။

‘ဒါကလွယ်ပါတယ်။ မင်းတို့ကိုငါ သင်ပေးရဦးမလား’ ဆောင်းဝမ်ကျင်းက နောက်မလှည့်ပဲ ပြောလိုက်သည်။ လီဖန်းသူမကို ကူညီစေချင်လျှင် အရင်ဆုံး သူမရဲ့ သဘောထားကိုပြဖို့လိုအပ်သည်။

‘သူဌေး ကျွန်တော်တို့ရှင်းလိုက်ပါ့မယ်’ ဟဲချူက ဖြေပြီးနောက် နောက်မှညီငယ်များကို လက်ဟန်ပြလိုက်သည်။ ရုတ်တရက် ညီငယ်တစ်စုက ချန်းဟိုင်နဲ့ သူ့လူတွေကို ဆွဲထုတ်ဖို့ပြေးလာကြသည်။

‘လီသခင်လေး ကျွန်တော်၁၀၀…မဟုတ်ဘူး၁၀မီလီယံ အရော်ပေးပါ့မယ်။ ဆောင်းသူဌေးကို ပုလဲမြို့ကနေ မောင်းမထုတ်ခိုင်းပါနဲ့။ ကျေးဇူးပြုပြီး’ ချန်းဟိုင်က လုံးဝပြိုလဲကာ အော်နေသည်။

ဒါကသူ့ရဲ့ အုတ်မြစ်ပါ။ မင်ကျူးကိုထွက်ခိုင်းတာ သူ့အကျိုးစီးပွားကို ဖျက်စီးတာပါပဲ။ နောက်ပြီး ဆောင်းဝမ်ကျင်းက သူ့ကို ဒီအတိုင်းမောင်းထုတ်မယ် တဲ့လား။ ဒါဆိုလျှင်တော့ ထူးဆန်းသွားမှာပါ။

၁၀မီလီယံက ချန်းဟိုင်အတွက် အလွန်များပါသည်။ ဒါပေမယ့် ပုလဲမြို့ကနေ မောင်းထုတ်ခံရတာထက်စာ လီဖန်းကို၁၀မီလီယံနဲ့ ပြန်လွှတ်ခိုင်းနိုင်လျှင် မပြောပလောက်ပါ။

‘ပိုက်ဆံက ငါ့အတွက်ဘာမှမဟုတ်ဘူး။ သူတို့ကို ဆွဲသွားကြ’ လီဖန်းက ချန်းဟိုင်ကို တုတ်တစ်ချောင်းနဲ့ ကျွေးလိုက်သေးသည်။

ချင်းမန်နှင့် ဝမ်ချမ်းတို့မှာ လန့်သွားကြသည်။ ခေါင်းတစ်ချက်ငြှိမ့်တာနဲ့ ၁၀မီလီယံပါ။ ဒါသူတို့တစ်ခါမှ အိပ်မက်မမက်ဖူးတဲ့ ပမာဏဖြစ်သည်။

လီဖန်းက ဒီလောက်တောင် စွမ်းအားကြီးနေပြီလား။ အစကဘာလို့ သတိမထားမိကြတာလဲ။  တရုတ်မှာ မီလီယံနာ ဘယ်နှစ်ယောက်ရှိလို့လဲ။ ထိုအချိန်မှာ မနာလိုခြင်း၊ လက်မခံနိုင်ခြင်း၊ ကြောက်ရွံ့ခြင်းတို့က ဝမ်ချမ်းကို ဖုံးလွှမ်းသွားသည်။

ဆောင်းဝမ်ကျင်းတောင်မှ မျက်ခုံးပင့်ကာ အံ့ဩသွားသည်။ အခုရက်ပိုင်းမှာ လီဖန်းအကြောင်းကို သူမစုံစမ်းနေတာပါ။ မီလီယံဆိုတာ လီဖန်းအတွက်ဘာလဲဆိုတာ သူမသိသည်။ ဒါပေမယ့် သူငြင်းလိုက်တယ်။

‘ကြည့်ရတာ သူ့ကိုနာခံအောင်လုပ်ဖို့ မလွယ်လောက်ဘူး…’ ဆောင်းဝမ်ကျင်းက ရေရွတ်နေသည်။

ဟဲချူနှင့်  အခြားလူများက ချန်းဟိုင်၊ဝူပင်နှင့် သူ့လူများကို ဧည့်ခန်းမှမောင်းထုတ်လိုက်သည်။ သူတို့ရဲ့ တောင်းပန်သံတွေကတော့ ပဲ့တင်ထပ်နေတာ လှေကာမှာအတော်ကြာသွားသည်။

‘ဝမ်ချမ်း မင်းခုနကပြောတာကို မှတ်မိလား’ လီဖန်းက ဝမ်ချမ်းကိုကြည့်ကာ သရော်ပြီးမေးလိုက်သည်။

‘အစ်ကိုလီ ကျွန်တော်မှားပါတယ်။ ကျွန်တော့ကိုမရှိဘူးလို့သာ သဘောထားလိုက်ပါ’ ဝမ်ချမ်းကအားတင်းကာ ပြုံးပြီးပြောလိုက်ရာ ငိုတာနဲ့တူပြီး စိုင်းစိုင်းခမ်းလှိုင် ရုပ်ကြီးနဲ့တောင်ဆင်နေသည်။

သူအခု ဘာပြောနိုင်တာ့မလဲ။ အစက လီဖန်းကို သူ့လိုငမွဲကောင်လို့ပဲ ထင်နေတာပါ။ ဒါပေမယ့်အခုတော့ အကောင်ဆိုတာသိလိုက်သည်။ အကောင်မှအကောင်ကြီးကြီး(ဖွန်ကောင်ကြီး)။ သွားစဖို့ သတ္တိတောင်မရှိပါဘူး။

‘မကြောက်ပါနဲ့၊ ငါကလူကောင်းပါ။ ပစ်မှုမြောက်တဲ့အလုပ်တွေ လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မင်းပြောထားတာရှိတယ်မလား။ ငါက အခန်းဖော်တစ်ယောက်အနေနဲ့ မင်းဆန္ဒကို ဖြည့်စည်းရာမှာ ကူညီဖို့ပါ’ လီဖန်းက ရယ်ကာပြောလိုက်သည်။

မဟုတ်ဘူး …ဘာဆန္ဒလဲ။

ဘာလို့သူက ပြာယာခတ်နေတာလဲ ဆန္ဒပြည့်အောင်ကူညီပေးမလို့ကို။ ဒီလူက တကယ့်ကိုအားနာတတ်တာပဲ။

‘မောင်လေးလီ သူ့ကိုခြောက်မနေပါနဲ့။ အခန်းဖော်ရဲ့ ဆန္ဒကဘာလဲ။ ပြောသာပြောကြည့်ပါ’ ဆောင်းဝမ်ကျင်းက သူ့နှုတ်ခမ်းကို လက်ဖြင့်ကာပြီး ပြုံးကာပြောလိုက်သည်။ ဒီလီဖန်းဆိုတဲ့ကောင် လူယုတ်မာပြုံးနဲ့ ပြုံးနေတာ သူဘာမကောင်းတဲ့ အကြံတွေတွေးနေတယ်ဆိုတာ ဘယ်သူသိမှာလဲ။

‘မမကိုပြောလျှင် ယုံမှာမဟုတ်ဘူး။ ကျွန်တော့ အခန်းဖော်က အင်တာနက်မှာ လူသိများတဲ့ လိုက်လွှင့်သူပဲ။ သူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ တီကောင်ကို အရှင်စားပြီး လိုက်လွှင့်ချင်လို့တဲ့’ လီဖန်းက အကူအညီမဲ့စွာ ပြောလိုက်သည်။

ဆောင်းဝမ်ကျင်း ‘…’

ဒါက…အခုခေတ်လူငယ်တွေများ ကျော်ကြားဖို့အတွက် နည်းမျိုးစုံသုံးနေကြတော့တာပဲ။ သိက္ခာလေးဘာလေး ဆယ်ပါဦး။

ဝမ်ချမ်း ‘…’

ငါကဘယ်တုန်းက လူသိများသွားတာလဲ။ အိပ်မက်ကိုနားလည်ရမယ်။ ငါက လူအလား။ အစ်ကိုကြီး ကျေးဇူးပြုပြီး ကျွန်တော်နဲ့ မကစားပါနဲ့တော့ အိုကေ ကျွန်တော်မှန်းသိပါပြီ။

‘အဲ့တော့ ငါ့အခန်းဖော်ကို ကူညီပြီး လိုက်လွှင့်ဖို့ နေရာကောင်းကောင်းလေးလုပ်ပေးလိုက်။ တီကောင်ကလည်း သန့်ရှင်းလတ်ဆက်ရမယ်။ မင်းတို့လုပ်ပေးနိုင်လား’ လီဖန်းက လေးလေးနက်နက်ပြောလိုက်သည်။

‘ဟုတ်ကဲ့။ စိတ်သာချလိုက်ပါ လီသခင်လေး။ သူ့အိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ အစစအရာရာကူညီမှာပါ’ လီသခင်လေးက သူ့အခန်းဖော်အတွက် အကောင်းဆုံးလုပ်ပေးချင်တာ ဘယ်လောက်တောင်ခိုင်မြဲတဲ့ ညီအစ်ကိုစိတ်ဓါတ်လဲ။

ချင်းမန်သူ့ကို ဖြောင့်ဖျဖို့စဉ်းစားသေးသည်။ ဒါပေမယ့်ဝမ်ချမ်းချောက်တွန်းတာကို စဉ်းစားမိတော့ ပြောချင်နေတဲ့ စကားလုံးတွေက သက်ပြင်းရှည်တစ်ခုအဖြစ်ပြောင်းလဲ သွားသည်။

ဝမ်ချမ်းမှာ ခုခံနိုင်စွမ်းတစ်စက်မှ မရှိပဲ ပါသွားလေသည်။

‘ကလစ်’ ထိုအချိန်တွင် အိပ်ခန်းအကြီးဆုံးတံခါးမှာ ပွင့်သွားပြီး ချစ်ဖို့ကောင်းသော ကလေးမလေးတစ်ယောက် ကြောက်နေသောပုံနှင့် လမ်းလျှောက်ထွက်လာသည်။

‘မား..ဝိုး..’ ကလေးမလေးက သူမမျက်လုံးဝိုင်းကြီးများဖြင့် ကြည့်လိုက်ပြီး အခန်းထဲတွင် လူစိမ်းများစွာကို တွေ့သဖြင့် စငိုပါတော့သည်။

‘အာ့ ရှင်းရှင်းမငိုနဲ့ မငိုနဲ့။ သူတို့က အန်ကယ်လီရဲ့ သူငယ်ချင်းတွေပါ’ ချင်းမန်က အမြန်လျှောက်သွားကာ ကလေးမလေးကို ချီလိုက်ပြီး ချော့နေသည်။

‘သွားတာပဲ ငါတို့ရဲ့ ဘွားတော်လေးနိုးသွားပြီ’ လီဖန်းက ခေါင်းကိုယမ်းလိုက်ပြိး နောက်လှည့်ကြည့်ကာ ဆောင်းဝမ်ကျင်းရဲ့လူတွေကိုပြောလိုက်သည် ‘မင်းတို့တွေ မြန်မြန်ရယ်ကြလေ’ လီဖန်းက အမိန့်ပေးလိုက်တော့ လူရိုက်ရာတွင် မျက်မှောင်မကြုတ်တဲ့ကောင်တွေက ရယ်ဖို့ကြိုးစားပါတော့သည်။

တော်တော်လေး ကြည့်ရဆိုးပေမယ့် ပုံမှန်မျက်နှာထက်တော့ ကြည့်ရအဆင်ပြေသေးသည်။

‘ရှင်းရှင်း အန်ကယ်လုပ်တာ နိုးသွားပြီလား။ တောင်းပန်ပါတယ်ကွာ စောရီး စောရီး။ အန်ကယ်နဲ့ မြင်းစီးကြမယ်လေ အိုကေလား’ လီဖန်းက အမြန်လျှောက်သွားပြီး ညင်သာစွာ ချော့ပါတော့သည်။

လျူရှင်းက ပထမတော့ မမြင်ဖူးတဲ့အန်ကယ်တွေကို ချောင်းကြည့်လိုက်သည်။ သူတို့အကုန်လုံး ပြုံးနေတာတွေ့တော့မှ ကြောက်စိတ်က တော်တော်လေး လျော့သွားသည်။

သို့မှသာ အငိုတိတ်ပြီးလီဖန်းဆီသို့ လက်ကိုဆန့်ကာ မပီကလာပီကလာဖြင့် ပြောလိုက်သည် ‘ဦး ဦး ချီ…’ လီဖန်းကပြုံးလိုက်ပြီး ကလေးမလေးကို ချီလိုက်သည်။ ထို့နောက် သူ့ဂုတ်ပေါ်သို့ တင်ပေးပြီး မြင်းစီးခိုင်းလိုက်သည်။ လီဖန်းကြောင့် ကလေးမလေးမှာ ပြုံးလာပြီး တခစ်ခစ်ရယ်မောတော့သည်။

ဆောင်းဝမ်ကျင်းရဲ့နောက်လိုက်တွေက  ထိုပုံကိုမြင်ပြီး မတည်ငြိမ်နိုင်ကြတော့ပါ။ လီသခင်လေးက ခြင်္သေ့လို ရဲ့ရင့်ပြီး၊ တစ်ချိန်တည်းမှာပဲ အပစ်ကင်းတဲ့ လူသားတစ်ယောက်အသွင်ပြောင်းလဲ နိုင်သည်။

အခြေအနေကိုမသိတဲ့လူတွေက လျူရှင်းကို လီဖန်းရဲ့ သမီးလို့တောင်ထင်သွားမှာပါ။

‘ဒီလူက သိပ်ဂရုစိုက်တတ်တာပဲ..’ ဆောင်းဝမ်ကျင်းက ရေရွတ်ရင်း သူမမျက်လုံးမှာလည်း ရှင်းမပြနိုင်သော အရောင်တစ်ချက်လက်သွားသည်။

လျူရှင်းကို ခဏချော့ပြီးနောက် ချင်းမန်ကို ပြန်အပ်လိုက်သည်။ ထို့နောက်ဆောင်းဝမ်ကျင်းကို အချက်ပြကာ အပြင်ဘက်သို့ လျှောက်သွားသည်။ အောက်မှာတော့ အော်ဒီ A8တွေတန်းစီနေသည်။

‘လာပေးတဲ့အတွက်ကျေးဇူးပါ။ အပြန်အလှန် အနေနဲ့ အနာဂတ်မှာ ပြဿနာတစ်ခုခုကြုံရလျှင် ကျွန်တော့ကိုလာရှာနိုင်တယ်’ လီဖန်းက ခေါင်းလှည့်ကာ ကားမှန်ပေါက်ကိုကြည့်ရင်း ပြောလိုက်သည်။

‘မမကိုဘာလို့မကြည့်တာလဲ။ ကြည့်မကောင်းလို့လား’ ဆောင်းဝမ်ကျင်းက လီဖန်းကိုကြည့်ပြီး နောက်သလိုလို အတည်လိုလို မေးလိုက်သည်။

သူမက လီဖန်းရဲ့ဘေးမှာထိုင်နေပြီး အသားရောင် စတော့ကင်ဖုံးထားတဲ့ ရှည်လျားတဲ့ ခြေထောက်နှစ်ချောင်းက လီဖန်းရဲ့လက်ကို ဖိလုမတက်ဖြစ်နေသည်။

‘မမက အရမ်းလှပြီး ကြည့်လိုက်တိုင်း ရင်ကိုခုန်စေတယ်။ အကြာကြီးကြည့်မိလျှင် ညအိပ်မရတော့မှာတောင် စိုးရတယ်’ လီဖန်းက ခေါင်းလှည့်ပြီး ဆောင်းဝမ်ကျင်းရဲ့ ပြည့်ဖြိုးတဲ့ ရင်ကိုကြည့်ကာ ရွှတ်နောက်နောက်ပြောလိုက်သည်။

‘တကယ်တမ်းတော့ ဒီလိုကို…။ အဲ့ဒါဆိုလည်း မမက မင်းကို အခွင့်အရေးပေးမယ်။ ဒီနေ့ အတွင်းခံဘာအရောင်ဝတ်လာလဲ။ ဖြေနိုင်လျှင် မမက လက်နဲ့လုပ်ပေးမယ်လေ..’ ဆောင်းဝမ်ကျင်းက နှုတ်ခမ်းကိုကိုက်ကာ မျက်လုံးရွဲကြီးများဖြင့် ကြည့်​ပြီး ပြောလိုက်သည်။

‘ဒင် သခင် တာဝန်အသစ်ရှိတယ်။ စစ်ကြည့်မလား’


Comment

Leave a Reply

Options

not work with dark mode
Reset