အပိုင်း(၃၈)

ခွေးသူတောင်းစား

‘ဖာ့ခ် ဒီကောင်က ဘာတွေလာအော်နေတာလဲ။ ဟူစီ၊ ဂန်းစီ မင်းတို့နှစ်ယောက် သူ့ကိုသွားရှင်းလိုက်’ ဝူပင် ကဒေါသထွက်သွားသည်။

သူ့အမိန့်အရ နောက်က ညီငယ်နှစ်ယောက်မှာ လီဖန်းဆီသို့ ပြုံးကာဝင်သွားကြသည်။ လီဖန်းက ခြောက်ကပ်ကပ် ကြည့်လိုက်သည်။

ထိုနှစ်ယောက် သူ့ဆီဝင်လာတုန်းမှာပဲ ရုတ်တရက် ရှေ့သို့တက်ကာ လက်နှစ်ဖက်ဖြင့် ဝမ်းဗိုက်များသို့ ပြိုင်တူထိုးလိုက်သည်။ ‘ဘန်း ဘန်း’ နှစ်ယောက်စလုံး နာကျင်မှုကြောင့် အော်လိုက်ကြပြီး ဝမ်းဗိုက်ကို ဖိကာ ထိုင်ကျသွားသည်။

‘ခွေးမသားတွေ သေလိုက်တော့’ လီဖန်းက ထိုလူနှစ်ယောက်၏ ခေါင်းကို ခြေထောက်ဖြင့် ဆက်ကာကန်လိုက်သည်။ သူ့လက်ရှိခွန်အားနဲ့ ကန်လိုက်ပါက ဟူစီနှင့် ဂန်းစီတို့နှစ်ယောက်မှာ သေလျှင်သေ၊ မသေလျှင်ဒုက္ခိတ ဖြစ်သွားကြမှာပါ။

‘မလုပ်နဲ့’ ချင်းမန်က အော်လိုက်သည်။ ဘယ်လိုတိုက်ခိုက်လဲဆိုတာ သူမမသိပေမယ့် ခေါင်းဆိုတာ အလွယ်တကူ ရိုက်သင့်တဲ့ဟာမဟုတ်ပါ။ အခက်မသင့်လျှင် လူသတ်မိနိုင်သည်။ လူသတ်မိပါက လီဖန်းဘဝက အဆုံးသတ်ပါပြီ။

ချင်းမန်ရဲ့ အော်သံက လီဖန်းကို သတိဝင်လာစေသည်။ ကန်ချက်က ထိခါနီးတွင် သူ့ခြေထောက်များ ချက်ချင်းရပ်သွားပြီး နေရာပြောင်းကာ ဟူစီပုခုံးသို့ ကန်လိုက်သည်။

‘ဘုန်း’

ကန်ချက်ကပြင်းလွန်း၍ သုံးမီတာလောက် လွင့်သွားပြီးမှ အောက်သို့ကျသည်။

‘ဘုန်း’ ဂန်းစီမှာလည်း အကန်ခံရပြီး လွင့်သွားသည်။

ပြီးနောက် ဝူပင်ဆီသို့ ဝင်လာသည်။ ဝူပင်မှာ ကြောက်သေးများပင် ထွက်တော့မှာပါ။ တစ်ချက်ကန်တာ သုံးမီတာလောက်လွင့်သွားတယ်။ ဒါလူမှ ဟုတ်ရဲ့လား။

ကြောက်သေးထွက်တာက ထွက်တာပါပဲ။ ဒါပေမယ့် သူလီဖန်းလက်ထဲ မရောက်ချင်ပါဘူး။ ထို့ကြောင့် ချင်းမန်ကို ဖမ်းဖို့လုပ်​ေလသည်။

‘သေချင်နေတယ်’ လီဖန်းက အော်ရင်း အမြန်ပြေးကန်လိုက်သည်။ ဝူပင်က ချင်းမန်ဆီ ရောက်ခါနီးတွင် လီဖန်းက သူ့ပုခုံးသို့ ကန်မိသွားသည်။

‘ဘုန်း’

ဝူပင် လွင့်ထွက်သွားပြီး နံရံနဲ့တိုက်မိကာ လဲကျသွားသည်။

‘အစ်မချင်း အဆင်ပြေရဲ့လား’ လီဖန်းက ချင်းမန်ကို စိုးရိမ်တကြီး မေးလိုက်သည်။

‘ငါအဆင်ပြေပါတယ်။ လီဖန်း နင်အမြန်ရှောင်နေမှရမယ် သူတို့က ငမန်းငွေတိုးချေးတဲ့ ကုမ္ပဏီက။ ဒီအနားတစ်ဝိုက်မှာ အရမ်းအင်အားကြီးတယ်။ ငါတို့ယှဉ်လို့မရဘူး’ ချင်းမန်က  အနည်းငယ်စိတ်ပူနေသည်။

လျူထုံက လောင်းကစားလုပ်ပြီး ပိုက်ဆံများစွာချေးခဲ့သည်။ ဒါကြောင့် ကွာရှင်းလိုက်တာပါ။ ငမန်းငွေချေးလုပ်ငန်းမှာ လူဘယ်လောက်တောင် များလိုက်သလဲ။ သူတို့ကို ရန်စလိုက်လျှင် လီဖန်းက ဘယ်လောက်ချနိုင်မှာလဲ။

အခုသုံးယောက်ပြီး လျှင် နောက်ဆယ့်သုံးယောက်လောက်လာလိမ့်မယ်။ နောက်တစ်ကြိမ် အယောက်သုံးဆယ်လောက် ထပ်လာချင်လာမှာ။ လီဖန်းက တိုက်ခိုက်တာကျွမ်းကျင်ပေမယ့် လက်နှစ်ချောင်း အပိုမပါပါ။

‘စိတ်မပူနဲ့ အစ်မချင်း ကျွန်တော်ဒီမှာရှိနေသရွေ့ ကာကွယ်ပေးမှာပါ’ လီဖန်းက အကြောက်အလန့်မရှိပါဘူး။ တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့။ ချင်းမန်က သူ့အပေါ်ကောင်းခဲ့တယ်။ဒါကြောင့် သူက ကာကွယ်ပေးရမယ်။

အန္တရာယ်ရှိရှိ မရှိရှိပါ။ ဒါက ကိုယ်ကျင့်တရားနဲ့သာဆိုင်ပြီး တခြားဘယ်အရာနဲ့မှ မဆိုင်ပါ။

‘ကိုယ့်လူ မင်းက တကယ်ပဲ အတိုက်အခိုက်ကောင်းပါတယ်။ ဒါပေမယ့် မင်းချင်းမန်ကို ကာကွယ်နိုင်တယ်ဆိုတာတော့ လေနည်းနည်းကြီးသွားပြီ။ မင်းသူမနဲ့ ၂၄နာရီအတူရှိနေနိုင်လို့လား။ အကြွေးက ပြန်ပေးရမှာပဲ။ မင်းသူမကို ကာကွယ်ချင်လျှင် ဘာလို့အကြွေးဆပ် မပေးတာလဲ’။

‘ဒါမှမဟုတ်လျှင် ဖယ်နေလိုက်ပါ။ ဒီနေ့ကိစ္စ မဖြစ်ခဲ့ဘူးလို့ ငါသတ်မှတ်ပေးမယ်။ ဘယ်လိုလဲ ငါမင်းကို မျက်နှာသာပေးတယ်မလား’ ဝူပင်က ပြန်ထပြီး လေးနက်စွာပြောလိုက်သည်။

သူလီဖန်းရဲ့ ပြိုင်ဘက်မဟုတ်တာသိသည်။ ထို့ကြောင့် ဒေါသတကြီးလုပ်ပါက သူပဲခံသွားရနိုင်သည်။ ချင်းမန်ကိစ္စကိုရှင်းပြီးမှ ဒီကောင်ကိုပြန်သွားရှာလည်းနောက်မကျ သေးပါဘူး။

‘မျက်နှာသာက -ီး လုပ်ကမှာလား’ လီဖန်းက ဝူပင်ဆီသို့ ပြေးဝင်ကာ ‘ဖြန်း’ ဝူပင်က သူ့ရဲ့ ယောင်ကိုင်းနေတဲ့ မျက်နှာကို ကိုင်ကာ မကျေမနပ်ကြည့်နေသည်။ ထပ်မပြောရဲတော့ပါ။

ချင်းမန်ကလည်း ကြက်သေသေနေသည်။ လီဖန်းရဲ့ ဒီလိုပုံစံကို အစက သူမ မမြင်ဖူးခဲ့ပါ။ ဝူပင်ကို ရိုက်ဖို့ ဘယ်ကယုံကြည်မှုတွေရထားတာလဲ။

ထိုအချိန်မှာ ဒုတိယအိပ်ခန်းပွင့်လာပြီး ဝမ်ချမ်းက ခေါင်းထွက်ကာ ကြည့်လိုက်သည်။ လီဖန်းကို တွေ့လိုက်ရတော့ သူလည်းအသက်ရှူမှားသွားသည်။

ဝမ်ချမ်းအိမ်မှာဆိုတာ လီဖန်း မသိပါဘူး။ သူလည်းခနငြိမ်သွားပြီးနောက် ဒေါသထွက်လာသည်။ ဒီကိစ္စကို ဝမ်ချမ်းမကြားဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ အစ်မချင်းရဲ့ ထမင်းကိုစားတုန်းက သူကအခြားလူများထက် တက်ကြွတဲ့ကောင်ပါ။ အရေးကြီးတဲ့ အချိန်ရောက်လာတော့ လိပ်တစ်ကောင်လို ပုန်းနေတယ်။ ခွေးသတောင်းစား..

‘ဝမ်ချမ်း မင်းအိမ်မှာရှိနေမှတော့ အစ်မချင်းကို ဘာလို့ထွက်မကူတာလဲ’ လီချင်းက ဒေါသတကြီးမေးလိုက်သည်။

‘ငါ..ငါမကြားလိုပါ’ ဝမ်ချမ်းရဲ့ ပုံစံက ပုံမှန်အတိုင်းမဟုတ်ပါ။

‘ချီးထုပ် မင်းပဲတံခါးဖွင့်ကြည့်ပြီး ပြန်ဝင်သွားတာလေ’ ဝူပင်က ဒေါသထွက်နေပြီး မဲစရာမရှိပါဘူး။ ဒါကြောင့် ဝမ်ချမ်းကိုတွေ့တာနဲ့ ကျိန်ဆဲဖို့လုပ်တော့တာပဲ။

‘အို့’ လီဖန်းက ချင်းမန်ကို ဝမ်ချမ်းဆီသို့ဆွဲသွားကာ ‘ဝမ်ချမ်း အစ်မချင်းက မင်းကိုဒီလောက်ကောင်းခဲ့တာ မင်းဘယ်လိုလုပ်လိုက်တာလဲ’။

‘လီဖန်း မင်းကဘာကိုဆိုလိုတာလဲ။ ငါ့အကြောင်းမဟုတ်လို့ ငါဝင်မပါတာ။ ငါ့ကိုအပစ်လာမတင်နဲ့’ ဝမ်ချမ်းက မျက်နှာပျက်ကာ ပြန်ပြောသည်။ သူက သူ့အတွက်အကောင်းဆုံးကို ရွေးချယ်တာပါ။ ဘာမှားလို့လဲ။ အမှားပါလျှင်တောင်မှ လီဖန်းက ပြောစရာလိုလို့လား။

‘လီဖန်း ထားလိုက်ပါ။ ဝမ်ချမ်းမှာလည်း သူ့အခက်အခဲနဲ့သူပါ’ ချင်းမန်က သက်ပြင်းချပြီး သူ့ကိုဖြောင့်ဖျသည်။ ဝမ်ချမ်းရဲ့ လုပ်ရပ်က ချင်းမန်ကိုစိတ်ပျက်စေပေမယ့် သူ့ကို အပစ်တင်စရာ မရှိပါဘူး။

‘မင်းကြားလိုက်လား။ အစ်မချင်းတောင် ငါ့ကိုအပစ်မတင်ဘူး။ မင်းကဘာကောင်မို့လို့ ငါ့ကိုလာပြောနေတာလဲ။ ပြီးတော့ မင်းကိုယ်မင်းတိုက်ခိုက်နိုင်လို့ အဟုတ်မှတ်နေလား။ သောက်ပြဿနာလာမရှာနဲ့ လမ်းပေါ်မှာ ဘယ်သူသတ်လို့ အသတ်ခံရမှန်းမသိ ဖြစ်သွားမယ်’ ဝမ်ချမ်းက ကိုယ်ဟန်ဖို့ကာ ပြန်ပြောလိုက်သည်။

သူကဝူပင်ကို ကြောက်ပါတယ်။ ဒါပေမယ့် လီဖန်းကိုတော့မကြောက်ပါ။ ဒီကောင်လည်းငါ့လို အလုပ်သမားပဲ ဘာကြောက်စရာရှိလဲ။

လီဖန်းက ဒေါသထွက်စွာရယ်လိုက်သည်။ ဒီလိုသောက်ရှက်မရှိတဲ့ လူတွေသူမြင်ဖူးပါတယ်။ ကောင်းခွန်၊ ကျန်းယွမ်၊ ဒေးဗစ်တို့လိုပဲ။ ဒါပေမယ့် သူတို့ရဲ့ အရှက်မဲ့ပုံက ဝမ်ချမ်းလောက် စိတ်ဝင်စားဖို့မကောင်းပါဘူး။

ချင်းမန် ဝမ်ချမ်းက အခြေအနေကို နားမလည်သေးဘူးထင်တယ်။ ဒီလိုစကားမျိုးကို ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။ ‘ဖြန်း’

လီဖန်းက တစ်ခါတည်းပိတ်ရိုက်လိုက်သည်။

‘နောက်တစ်ခွန်းလောက် ထပ်ပြောပါဦး။ ငါမင်းကို ဘယ်လိုရှင်းမလဲ စမ်းကြည့်လိုက်’ လီဖန်းက ဝမ်ချမ်းရဲ့ မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးကာ လူသတ်မယ့်မျက်နှာကြီးနှင့် ပြောလိုက်သည်။

ဒီတစ်ခါတော့ ဝမ်ချမ်းက ကြောက်နေပါပြီ။ ပါးစပ်မဟရဲတော့ပါ။ ချင်းမန်ကလည်း လီဖန်းကို ဖြောင့်ဖျမလို့ပါ။ ဒါပေမယ့် လီဖန်းရဲ့ပုံကအခုချိန်မှာ အရှိန်အဝါကြီးနေပြီး သူမပြန်မြိုသိပ်ထားလိုက်သည်။

‘မင်းဆောင်းဝမ်ကျင်းကိုသိလား’ လီဖန်းက ဝူပိုင်ဆီသွားကာ သူ့ပါးကို ပုတ်ပြီးမေးလိုက်သည်။ ‘ဆောင်း..ဆောင်းဝမ်ကျင်း’ ဝူပိုင်က မှင်သက်သွားသည်။ ဆောင်းဝမ်ကျင်းနာမည်ကို သူသိတာပေါ့။ မြောက်ပိုင်းရဲ့ အင်အားအကြီးဆုံးလူဖြစ်ပြီး သူ့သူဌေးတောင်မှ မြင်ဖူးဖို့ အရည်အချင်းမမှီပါဘူး။

‘မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ မင်းသူဌေးကို ဖုန်းခေါ်လိုက်။ ငါလည်း ငါ့​နောက်ခံလူ ကို လာခိုင်းလိုက်မယ်။ သူတို့နှစ်ယောက်ကို ကြည့်ကြတာပေါ့။ မကောင်းဘူးလား’ လီဖန်းက ဝူပင်ရဲ့ အဖြေကိုမစောင့်ပါဘူး။ ဖုန်းထုတ်ပြီး ဆောင်းဝမ်ကျင်းကို တစ်ခါတည်းခေါ်လိုက်သည်။

‘ဟေး အစ်မလား ကျွန်တော်က အစ်မရဲ့မောင်လေးပါ။ မှတ်မိလားဗျ…ကောင်းပြီ ကျွန်တော်ကအကူအညီတောင်းမလို့ဗျ။ ဖြစ်နိုင်လျှင် တုန်ဖန်း ရပ်ကွက်က အငှားတိုက်ခန်း၆၀၃ကိုအမြန်လာခဲ့ပါလား။ ဒီမှာပြဿနာတက်နေလို့’။

ဝူပင်က ရုတ်တရက် သံသယဝင်သွားသည်။ လီဖန်းက ဆောင်းဝမ်ကျင်းရဲ့မောင်။ မဖြစ်နိုင်တာ ဒီမှာနေတဲ့ကောင်က ဘယ်လိုလုပ် ဒီလိုနောက်ခံမျိုးနောက်ခံ ရှိမှာလဲ။

‘ဒီကောင်ငါ့ကို ခြောက်နေတာ။ ငါမယုံဘူး’ ဝူပင်က အံကြိတ်ပြီး ဖုန်းထုတ်ကာ သူ့သူဌေးကိုခေါ်လိုက်သည်။

‘ဟန့် သူများကိုရိုက်ပြီး ဖြဲခြောက်ချင်နေတယ်။ မင်းဘယ်လိုသေမလဲ ငါကြည့်ချင်သေးတယ်’ ဝမ်ချမ်းကတိတ်တဆိတ် သရော်နေသည်။

ချင်းမန်လည်း လီဖန်းက ဒီလိုလုပ်လိမ့်မယ် မထင်ခဲ့ပါဘူး။ သူမလည်း ကြောက်နေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset