Switch Mode

အပိုင်း(၃၇)

ယုံကြည်ရတဲ့အစ်မ

‘ပင်ချင်း လီဖန်းကို ဘယ်လိုမြင်လဲ’ ဝေ့မိသားစု စံအိမ်ဟောင်းရဲ့ ဒုတိယထပ်တွင် ဝေ့ဖူက အားလုံးကို ပြန်ခိုင်းလိုက်ရာ ဝေ့ပင်ချင်းသာကျန်သည်။

‘သူက တည့်တိုးဆန်တယ်၊ ပြောပြီးတာကို ဖြစ်အောင်လုပ်တယ်၊ အရည်အချင်းလည်းရှိတယ်’ ဝေ့ပင်ချင်းက အနည်းငယ်စဉ်းစားပြီး ပြောလိုက်သည်။

‘ကောင်းပြီ သူကတကယ်အရည်အချင်းရှိတယ်။ ငါမေးချင်တာက နင်သူ့အပေါ် ဘယ်လိုခံစားချက်ရှိလဲ။ ငါဆိုလိုတာက …ယောက်ျားနဲ့ မိန်းမကြားက ဆက်ဆံရေး’ ဝေ့ဖူက တည်ငြိမ်စွာပဲ ပြောလိုက်သည်။

‘ဖိုးဖိုး ဘာတွေလျှောက်ပြော နေတာလဲ။ သူနဲ့တွေ့တာတောင် ရက်ပိုင်းပဲရှိသေးတာ။ ပြီးတော့ ခုနကလည်းပြောထားတယ်လေ သမီးလက်မထပ်တော့ဘူးလို့’ ဝေ့ပင်ချင်းက ရှက်ပြီး ခေါင်းငုံ့ကာ တိုးညှင်းစွာပြောလိုက်သည်။

အခြားလူသာ ရှိပါက ထိတ်လန့်သွားပါလိမ့်မည်။ ဝေ့ပင်ချင်းက လူများကို အေးစက်စက်ခံစားချက်ပဲ ဖြစ်ပေါ်စေသည်။ ဘယ်လိုလုပ် ရှက်နေတဲ့ ပုံစံဖြစ်သွားတာလဲ။

ပြီးတော့…ဝေ့ပင်ချင်းက တစ်သက်လုံးလက်မထပ် ချင်ဘူးလား။ ဒီသတင်းသာ ထွက်သွားပါက လူငယ်တွေ ဘယ်လောက်များတောင် အသည်းကွဲကြမလဲ။

‘ဟေး ပင်ချင်းတကယ်တမ်းတော့ နင်ဒီလိုလုပ်စရာ မလိုပါဘူး။ အနာဂတ်လုပ်ငန်းစုက နင့်အန်ကယ်နဲ့ သူ့လူတွေကြောင့် ပျက်စီးသွားလျှင်လည်း ဒါက ဝေ့မိသားစုရဲ့ ကံကြမ္မာပဲလေ။ နင့်ကိုအပစ်တင်လို့မရပါဘူး’ ဝေ့ဖူက သက်ပျင်းချကာ ဝမ်းနည်းစွာပြောလိုက်သည်။

‘အနာဂတ်လုပ်ငန်းစုက ဖိုးဖိုးရဲ့ တစ်သက်တာ ကြိုးစားမှုရလာဒ်ပဲ။ ဒီအတိုင်းပြိုလဲသွားတာတော့ လက်မခံနိုင်ဘူး’ ဝေ့ပင်ချင်းက ဆုံးဖြတ်ချက်ချပြီးသော ပုံစံဖြင့် လေးနက်စွာပြောလိုက်သည်။

ဝေ့မိသားစုက လုပ်ငန်းစုရဲ့ ၅၁%ကို ပိုင်ဆိုင်ပြီး ဝေ့ဖူက ၃၁%၊ ဝေ့ချန်ကုံး၊ဝေ့ချန်ယဲ့၊ ဝေ့ချန်လီနဲ့ ဝေ့ပင်ချင်းတို့က ၅%ဆီပိုင်ဆိုင်သည်။

ကျန်၄၉%မှာ အဓိကရှယ်ယာရှင်များနှင့် ယာယီရင်းနှီးမြှုတ်နှံသူများက အသီးသီးပိုင်ဆိုင်သည်။

ဝေ့ဖူက အသက်ကြီးလာပြီး တစ်နေ့နေ့ သေရမှာပါ။သူသေသွားလျှင် အနာဂတ်မှာ ဘယ်သူဦးဆောင်မလဲဆိုတဲ့ မေးခွန်းကို ရင်ဆိုင်ရမှာပဲ။ ဒါပေမယ့် ဝေ့ချန်ကုံး၊ ဝေ့ချန်ယဲ့၊ ဝေ့ကျီဖန်နှင့် ဝေ့ကျီရန် တို့က အရည်အချင်းမရှိဘူးဆိုတာ တွေ့ပြီးပါပြီ။

လုပ်ငန်းစုကို ဦးဆောင်ပြီး တိုးတက်အောင်လုပ်နိုင်သူက ဝေ့ပင်ချင်းတစ်ယောက်တည်းပါ။ ဝေ့ပင်ချင်း တစ်သက်လုံး လက်မထပ်တော့ဘူးဆိုတာကလည်း ဒီလုပ်ငန်းကို ထိန်းချုပ်ပြီး ဝေ့ကျီဖန်၊ဝေ့ကျီရန်နှင့် အခြားသားစဉ်မြေးဆက်များမှ သင့်တော်တဲ့သူကို စောင့်ကာလွှဲအပ်ပေးဖို့ပါ။

ဝေ့ဖူက ထိုသို့မဖြစ်စေချင်ပေမယ့် တခြားနည်းလမ်း မရှိဖြစ်နေသည်။

‘ကျီဖန်နဲ့ အခြားကလေးတွေသာ နင့်တစ်ဝက်လောက် တော်လျှင်…’ ဝေ့ဖူရဲ့ သက်ပြင်းချသံတွေဟာ အိပ်ခန်းထဲတွင် ပဲ့တင်ထပ်နေသည်။

လက်ထောက်ရုံးခန်းကို လီဖန်းပြန်လာတော့ စုတုံက အခြားမိန်းမတွေလို စပ်စပ်စုစု မမေးပါဘူး။ ဝေ့ဖူ ကျန်းမာရေး နှင့် ဝေ့ချန်ကုံး လီဖန်းကို ပြဿနာရှာာသေးလားသာ မေးသည်။

လီဖန်းကလည်း သူလုပ်ခဲ့တာတွေကို လျှောက်မကြွားပါ။ ဝေ့ဖူမှာ လောလောဆယ်အဆင်ပြေကြောင်းနှင့် ဝေ့ချန်ကုံးက သူ့သားနဲ့ပက်သက်ပြီး ပြဿနာရှာမှာ မဟုတ်ကြောင်းသာပြောသည်။

ကျန်တဲ့အချိန်တွေမှာတော့ စုတုံရဲ့အကူအညီနဲ့ လုပ်ငန်းတွေကို ရင်းနှီးအောင် လုပ်သည်။ ပြီးတော့ ဝေ့ပင်ချင်းလာလျှင် ဘော်ဒီဂတ်ရာထူး ပြောင်းပေးဖို့ ပြောရန် တိတ်တဆိတ်စောင့် နေတာပါ။

ဒါပေမယ့် အလုပ်သာ ဆင်းသွားတယ် ဝေ့ပင်ချင်း ကပေါ်မလာပါ။

‘ကြည့်ရတာ အိမ်ဟောင်းကိုပဲ ပြန်ရဦးမယ်’ လီဖန်းက သူ့ကိုယ်သူ ရေရွတ်နေသည်။ စုတုန်နှင့် အတူအလုပ်မှဆင်းလာပြီးနောက် တက္ကစီငှားကာ ထွက်သွားတော့သည်။

လီဖန်း ငှားထားတဲ့အိမ်က မြို့ရဲ့အမြောက်ဘက်မှာဖြစ်ပြီး သူနေလာတာ ၂နှစ်လောက် ရှိပါပြီ။ ပတ်ဝန်းကျင်က ညစ်ပတ်ပြီး ရှုတ်ထွေးကာ အိမ်ငှားတွေသာများသည်။

အခြေအနေ မကောင်းလို့သာ မဟုတ်ပါက ဘယ်တော့မှ ဒီလိုနေရာမျိုးတွင် နေမည်မဟုတ်ပါ။ ညစာစားပြီးပြန်လာတော့ ည၈နာရီတောင် ရှိပါပြီ။

သူအခန်းကို ဝင်ခါနီးတွင် အပေါ်ထပ်မှ အော်သံတစ်ခုကိုကြားလိုက်သည်။ ‘လျိုထုံ ဒီနေ့မှပိုက်ဆံမပေးလျှင် ငါမင်းကို ဒီအတိုင်းမထားဘူး။ ငါ့ကိုပိုက်ဆံပေး။ ထွက်ခဲ့’

‘လျိုထုံ ဒီကောင်ဘာတွေလုပ်နေတာလဲ’ လီဖန်းက မျက်မှောင်ကြုတ်သွားသည်။ သူက အခန်း၆၀၃မှာနေတာပါ။ လျိုထုံက သူနဲ့အတူငှားတဲ့သူဖြစ်သည်။

အခန်း၆၀၃မှာ အိပ်ခန်း၃ခုနှင့် ဧည့်ခန်းတစ်ခုရှိသည်။ လျိုထုံတို့မိသားစုသုံးယောက်က အကြီးဆုံးအခန်းမှာနေပြီး လီဖန်းက ဒုတိယအိပ်ခန်းမှာဝမ်ချမ်းဆိုတဲ့ လူငယ်တစ်ယောက်နှင့်နေသည်။

ဒါပေမယ့် လျူထုံက အိမ်မှာမနေတာဆယ်လကျော်ပါပြီ။ သူ့မိန်းမ ချင်းမန်အလုပ်သွားလျှင် လီဖန်းက ၂နှစ်ခွဲလောက်သာ ရှိသေးသည့် သမီးလေးနဲ့ သွားနေပေးလေ့ရှိသည်။

လီဖန်းနဲ့ဝမ်ချမ်းတို့ အိမ်မှာရှိလျှင် ချင်းမန်က ထမင်းအတူစားဖို့ခေါ်လေ့ရှိသည်။ ပြီး‌တော့သူတို့အဝတ်တွေလည်း လျှော်ပေးလေ့ရှိသည်။

လီဖန်းအတွက်တော့ ချင်းမန်ဟာ ယုံကြည်ရတဲ့ အစ်မတစ်ယောက်လိုပါပဲ။ နွေးထွေးမှုကို ခံစားရစေသည်။

ချင်းမန်ကို စိတ်ပူပြီး သူလှေကားကနေ အမြန်တက်သွားသည်။ ၆ထပ်မြောက်မှာ ကြမ်းတမ်းပြီး ကြုံ့ခိုင်ပုံပေါ်တဲ့ လူတွေက အခန်း၆၀၃ တံခါးကို ပြင်းပြင်းထန်ထန် ခေါက်ကာအော်နေသည်။

‘ကလစ်’ ထိုအချိန်မှာပဲ တံခါးပွင့်သွားပြီး အသက်၃၀လောက်ရှိသော အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ သူမဟာ အညိုရောင် ဝတ်စုံကို ဝတ်ထားပြီးဆံပင်ကိုရိုးစင်းစွာ စည်းထားကာ ရုပ်ရည်မှာ အသင့်အတင့်ရှိသည်။ သူမကတော့ ချင်းမန်ပါ။

‘အော်မနေနဲ့ လျူထုံနဲ့ငါ ကွာရှင်းပြီးပြီ တခြားနေရာမှာသွားရှာကြ’ ချင်းမန်က မျက်မှောင်ကြုတ်ကာ ထိုလူသုံးယောက်ကို အေးစက်စွာပြောလိုက်သည်။

‘မင်းငါတို့ကို အရူးလာလုပ်နေတာလား။လျူထုံက ငါတို့ကို၈၀၀၀၀၀ယွမ် အကြွေးတင်ထားတယ်။ သူအိမ်မှာမရှိလျှင် မင်းသူ့အစားပေးရမယ်။

မပေးဘူးဆို မင်းကို ကလပ်ကိုဆွဲခေါ်သွားပြီး အကြွေးမကျေမချင်း အလုပ်လုပ်ခိုင်းမှာ’ ဦးဆောင်လာတဲ့ ဝူပင်က ချင်းမန်ကို ကြည့်ရင်း ပြုံးကာပြောလိုက်သည်။

ချင်းမန်က အရမ်းမလှပေမယ့် သူမက မိန်းမငယ်လေးတွေ မရှိတဲ့ ဆွဲဆောင်မှုမျိုးရှိသည်။ တချို့ သူဌေးတွေက ဒါမျိုးမှကြိုက်တာပါ။ သူမကိုသာ ကလပ်ခေါ်သွားလျှင် နှစ်အနည်းငယ်အတွင်းမှာ အကြွေးကျေသွားနိုင်သည်။

ဒါပေမယ့် အဲ့ဒီမတိုင်ခင် သူတို့သူဌေးကို အရင်မြည်းခိုင်းရမှာပါ။ ‘လေးစားမှုရှိပါ’ ချင်းမန်က ကြောက်သွားပြီး နောက်ဆုတ်ကာ တံခါးကို ပိတ်ဖို့လုပ်သည်။

ဒါပေမယ့် ဝူပင်နဲ့ သူလူတွေက တံခါးကို ကြိုထောက်ထားကာ သူမကိုတွန်းလိုက်သည်။

ဆူညံသံကိုကြားတော့ ဝမ်ချမ်းက အိပ်ခန်းမှထွက်ခါ ကြည့်လိုက်သည်။ ဝူပင်က သူ့ကိုကြမ်းတမ်းစွာ ကြည့်လိုက်ရာ ပြန်ဝင်သွားပြီး တံခါးကိုပိတ်ကာ လော့ချထားလိုက်သည်။

‘ရှင်တို့ ဘာလုပ်ကြမလို့လဲ။ မလာနဲ့’ ချင်းမန်က ပထမတော့ ဝမ်ချမ်းက ကူညီဖို့မျှော်လင့်မိသည်။ ဒါပေမယ့် အခုချိန်မှာ ကူရာမဲ့နေလေပြီ။

‘ငါတို့ဘာလုပ်မှာလဲ။ ဒါက လူတိုင်းကြိုက်တဲ့ဟာပါ။ မင်းကိုအနိုင်မကျင့်ပါဘူး။ တစ်ကြိမ်မှာ ၅၀၀လို့တွက်လို့ရတယ်။ ပြီးလျှင် အကြွေး၈၀၀၀၀၀ထဲက နှုတ်လိုက်ပေါ့။ မင်းရဲ့အခက်အခဲတွေကို ဒီက အကိုကြီးက ကူညီပေးတာပါ’

ဝူပိုင်ကပြုံးလိုက်ပြီး ချင်းမန်ကို လှမ်းဖက်မည်အပြု ၊ အခြားနှစ်ယောက်ကလည်း နောက်ကတံခါးကို အပိတ်မှာ တစ်ယောက်ယောက်က အပြင်မှ ကန်ဖွင့်လိုက်သည်။

လီဖန်းက လူသတ်ချင်တဲ့ ပုံစံနဲ့ ဝင်လာသည်။ ‘ဟေး ငါဒီမှာ ကိစ္စရှိတယ်။ ဘယ်ကောင်လာရှုပ်ရဲတာလဲ’ ဝူပင်က ခေါင်းလှည့်ကာ ပြောလိုက်သည်။

‘လီဖန်း ရဲခေါ်လိုက်’ ထိုအချိန်မှာ ချင်းမန်က လီဖန်းကိုမြင်လိုက်ပြီး ကြောက်စိတ်နည်းနည်း ပြေသွားသည်။ ဒါပေမယ့် သူမသတိ မလျှော့ရဲပါ။ လီဖန်းက တစ်ယောက်တည်းပါ။ တစ်ဖက်က သုံးယောက်ရှိပြီး အလွန်သန်မာပုံပေါ်သည်။

‘စိတ်မပူနဲ့ အစ်မချင်း ကျွန်တော်ရှိလျှင် သူတို့ ဘာမှလုပ်လို့မရစေရဘူး’ လီဖန်းက ဝူပင်ကို အေးစက်စွာကြည့်လိုက်ပြီး ခြေထောက်နဲ့ လှမ်းကန်လိုက်သည်။

လှေကားမှာတုန်းက သူတို့ပြောတာကို လီဖန်းကြားပါတယ်။ ချင်းမန်က မြို့ထဲမှာ အသက်ရှင်ဖို့ရုန်းကန်နေရတဲ့ သာမန်အမျိုးသမီး တစ်ယောက်ပါ။ ဘာလို့လူတိုင်းက ဒီလိုသူမကို မကောင်းတဲ့အတွေးတွေ တွေးနေရတာလဲ။

ကလပ်ကိုဆွဲသွားပြီး အလုပ်လုပ်ခိုင်းမယ်။ ဘယ်သူက ဒီလိုအကြွေးဆပ်ချင်မှာလဲ။ ဒါလုံးဝဘောင်ကျော်သွားပြီ။

ထိုအချိန်မှာ လီဖန်းက လူသတ်ချင်နေပါပြီ။


Comment

Leave a Reply

Options

not work with dark mode
Reset