ဝေ့ချန်ကုံးရဲ့ ပျော်ရွှင်မှုကို ဒီအချိန်မှာဘယ်သူမှ နားမလည်နိုင်ပါဘူး။ ဒီလိုမျိုး ပြန်လည်ရှင်သန်မှု၊ သူ့စိတ်ထဲမှာ တနုတ်နုတ်နဲ့ အမြဲတမ်းစိတ်ပူနေတဲ့ ရောဂါတစ်ခု ကိုဖယ်ရှားနိုင်တာဟာ တကယ့်ကို ဖော်မပြနိုင်သော ပျော်ရွှင်မှုကြီးပါ။
ခုနက ရှုံးခဲ့တဲ့ ကိစ္စတွေတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။
အခြားလူများမှာ လည်း အသက်ရှူမှားကုန်ကြပြီ။ ဘာတုန်းဟ အပ်စိုက်ပြီးခါစရှိသေး ဝေ့ချန်ကုံးက ထလာပြီ။
ထိုအချိန်၌ ဝေ့မိသားစုမှ လူတိုင်းမှာ လီဖန်းရဲ့ ဆေးပညာက ကျောက်ပန်ထက်သာတာကို ယုံသွားကြပါပြီ။ ကုတင်ပေါ်မှာ လှဲနေတဲ့ ဝေ့ဖူတောင်တိတ်တဆိတ် အံ့အားသင့်နေသည်။
ဝေ့ပင်ချင်းရဲ့ လှပတဲ့ မျက်ဝန်းတစ်စုံမှာလည်း ရှင်းမပြနိုင်သော အကြည့်တို့ပေါ်ထွက်လာသည်။ ဒီအချိန်မှာ ဝေ့ကျီဖန် ဖုန်းထဲမှ ‘ahh ahh’ အသံတွေတောင် မကြားနိုင်တော့ပါ။ လီဖန်းတစ်ယောက်တည်းသာ သူမမျက်လုံးထဲတွင်ရှိသည်။
မှော်ဆန်ဆန်ပေါ်ပေါက်လာမှု၊ ကျွမ်းကျင်သောသိုင်းပညာ၊ သာလွန်သောဆေးအတတ်တို့က လီဖန်းရဲ့ အကြောင်းကို ပိုသိချင်လာစေသည်။ လီဖန်း ရှင့်မှာဘာလျှို့ဝှက်ချက်တွေရှိသေးလဲ။
အခြားတစ်ဖက်မှာတော့ ကျောက်ကျီနှင့် သူ့မြေးတို့မှာ မျက်နှာပျက်နေကြပါပြီ။ ဒါဘယ်လို အပ်စိုက်နည်းလဲ။ အပ်နည်းနည်းလောက်စိုက်လိုက်တာနဲ့ ဝေ့ချန်ကုံးရဲ့ အငယ်ကောင်ပြန်ထလာတယ်။
နှစ်ယောက်စလုံးမှာ သူတို့ရဲ့ ဆေးပညာကို သံသယဝင်လာကြသည်။ ကျောက်ကျီက ဆေးပညာကိုကျွမ်းကျင် နှံ့စပ်ကာ စာအုပ်များစွာကိုလည်း ဖတ်ခဲ့သည်။ သို့သော် လီဖန်းလို အပ်စိုက်နည်းမျိုးကို မြင်ဖို့အသာထား ကြားပင်မကြားဖူးခဲ့ပါ။ သောက်ရမ်းမြန်လွန်းလေသည်။
တကယ်တော့ မြန်ဆန်မှုက နည်းပညာနဲ့သာဆိုင်တာပါ။ အဓိက အချက်က ကုသမှုဘယ်လောက်ထိ သက်ရောက်တယ်ဆိုတာပဲ။
နှစ်မိနစ်တောင်မပြည့်သေးပါ။ လီဖန်းရဲ့ ပညာက ကျောက်မိသားစုလက်ဆင့်ကမ်းခဲ့တဲ့ ပညာထက်အံ့အားသင့်ဖွယ်ကောင်းသည်။
‘လီဖန်းဆီကသာ ဒီပညာကို သင်နိုင်လျှင် …’ ကျောက်ကျီက သူရဲ့မကျေနပ်ချက်ကို အသာထားကာ လီဖန်းရဲ့အပ်စိုက်ကုထုံးကို မျက်စောင်းထိုးနေပါပြီ။
‘ဝေ့ချန်ကုံးကို အပ်စိုက်တဲ့အချိန်က စတွက်လျှင် ၁မိနစ်နဲ့၃၂စက္ကန့်ပဲကြာတာ။ ငါနိုင်တယ်လို့ ယူဆရမှာပေါ့’ လီဖန်းက အချိန်ကို ကျောက်ကျီတို့ မြေးအဖိုးနှစ်ယောက်အားပြကာ ပြောလိုက်သည်။
ကျောက်ပန်က အံကိုကြိတ်ကာ ဘာမှဆက်မပြောတော့ပါ။ သူ့မျက်စိရှေ့မှာတင် ဖြစ်ပျက်ခဲ့ပေမယ့် ရှုံးနိမ့်မှုကို ဝန်မခံနိုင်သေးပဲ ရှိနေသည်။
‘မင်းနိုင်တယ် ပန်အာ မစ္စတာလီကို ချက်လက်မှတ် ပေးလိုက်’ ခဏကြာတော့ ကျောက်ကျီက ပြောလိုက်သည်။
‘အဖိုး’ ကျောက်ပန်မှာ သူ့အဖိုးက လီဖန်းကို ပရော်ဖက်ရှင်နယ်ကျကျ ပစ်ချက်ရှာနိုင်ပြီး လက်ရှိအခြေအနေကို ဖြေရှင်းပေးဖို့ မျှော်လင့်သည်။ ဒါပေမယ့် သူ့အဖိုးကတော့ အရှုံးပေးလိုက်သည်။ သူခေါင်း မကောင်းတော့ တာလား။
‘ပန်အာ မစ္စတာလီရဲ့ ဆေးပညာက မင်းထက်သာလွန်တယ်။ ငါတို့လောင်းရဲမှတော့ ရှုံးရဲရမှာပေါ့။ ဒါပေမယ့်မင်းလည်း ဘာပညာမှ မရသွားတာတော့မဟုတ်ဘူး။ မင်းဒီလိုမှော်ဆန်တဲ့ အပ်စိုက်နည်းကို တွေ့မှတော့ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး မစ္စတာလီဆီက သင်ယူသင့်တယ်’ ကျောက်ကျီက အဓိပ္ပါယ်ရှိစွာပြောလိုက်သည်။
သူကလီဖန်းရဲ့ အပ်စိုက်ပညာကို အရမ်းကို လိုချင်နေပါပြီ။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့ လီဖန်းကို ဆရာတင်လို့မရပါဘူး။ ဒါပေမယ့် ကျောက်ပန်ဆိုလျှင်တော့ ကျောက်မိသားစုရဲ့ ဂုဏ်သတင်းကို အများကြီးသက်ရောက်မှာ မဟုတ်ပါ။
ကျောက်ပန်မှာ ကြက်သေသေနေသည်။ အခုသူက လီဖန်းကို သတ်ပစ်ချင်နေတာပါ။ ဘယ်လိုလုပ် ဆရာတင်ရမှာလဲ။
ဝေ့ပင်ချင်းကလည်း ကျောက်ကျီရဲ့ဆိုလိုရင်းကို နားလည်ပြီး ရင်ဖိုသွားသည်။ လီဖန်းက မျက်နှာပျက်မှာ စိုးပြီးလက်ခံလိုက်လျှင် သူပဲနစ်နာမှာပါ။
တကယ်တော့ ဝေ့ပင်ချင်းက အတွေးလွန်နေတာပါ..
‘မရဘူး ဒါကဘိုးဘွားပိုင် အမွေအနှစ်။ အပြင်လူကို သင်ပေးလို့မရဘူး’ လီဖန်းက ချက်ချင်းငြင်းလိုက်သည်။
‘နတ်ဘုရားအပ်ကိုးချက်’ကို မင်းတို့စကားလေးနဲ့ သင်ပေးရမှာလား။ ကျောက်ကျီကမျက်လုံးပင့်သွားသည်။ နောက်ဆုံးတော့ မျက်နှာမဲမှောင်သော မျက်နှာနှင့် ခေါင်းညိတ်လိုက်သည်။
ကျောက်ပန်ကို လီဖန်းအားချက်ပေးခိုင်းပြီး ငွေအပ်များကို ပြန်သိမ်းကာ ထွက်သွားတော့သည်။
ကျောက်ပန်က ဝေ့မိသားစုစံအိမ်ဟောင်းက အပြင်ရောက်တော့ ကျိန်ဆဲပါတော့သည်။ ဒီနေ့အဖြစ်အပျက်ဟာ သူ့အတွက် ရှက်ဖို့အလွန်ကောင်းသည်။ နောက်ဆုံးမှာ သူ့အဖိုးက သူ့ကိုပြန်ခေါ်ပြန်ခေါ်လာရာ ခွေးတစ်ကောင်နှင့်ပင်တူသည်။
ဒီအတိုင်းဆို ဝေ့ပင်ချင်းကို သူကဘယ်လိုလိုက်ရမှာလဲ။
‘ပန်အာ စိတ်ကိုထိန်း၊ ကိုယ့်ကိုယ်ကို နှိမ့်ချခံပြီး ဒီလိုဘာမဟုတ်တဲ့လူတစ်ယောက်ကို ဒေါသထွက်မနေနဲ့’ ကျောက်ကျီက မှုန်မှိုင်းစွာဖြင့်ပြောလိုက်သည်။
‘ဒါက….လွန်လွန်းတယ်၊ ကျွန်တောကတော့ လုံးဝမကျေနပ်ဘူး။ သူ့ကိုအလွတ်မပေးနိုင်ဘူး’ ကျောက်ပန်က ဒေါသတကြီးဆက်ပြောသည်။
‘သူ့ကို အလွတ်ပေးမယ်လို့ ဘယ်သူကပြောလို့လဲ။ ဒီအသက်ဆက်ဆေးလုံးနဲ့ အပ်စိုက်နည်းက မှော်ဆန်လွန်းတယ်။ငါတို့ ရကိုရရမယ်။ အိမ်ကိုအရင်ပြန်ပြီး အစီအစဉ်စွဲကြတာပေါ့’ ကျောက်ကျီရဲ့ မျက်လုံးမှာ အေးစက်သေား အလင်းရောင်တစ်ချက် ဖြတ်သွားသည်။
ဆေးပညာနဲ့ သိုင်းပညာမှာ ကွာခြားချက်သိပ်မရှိပါဘူး။ ကျောက်မိသားစုက ဆေးလောကမှာကျင်လည်နေတာ ကြာပါပြီ။ တကယ့်သိုင်းပညာရှင် တွေကိုလည်း တွေ့ဖူးသည်။ အလုပ်သမားတစ်ယောက်ဆီက တစ်ခုခုရယူဖို့ မခက်ပါဘူး။
ဝေ့စံအိမ်ဟောင်းရဲ့ ဒုတိယထပ်က အိပ်ခန်းတွင် လီဖန်းက ပျော်ရွှင်စွာဖြင့် ၈မီလီယံချက်လက်မှတ်ကို သိမ်းလိုက်သည်။ တစ်နေ့တည်းနဲ့၁၆မီလီယံ ရတာပါ။
အရင်ကဆို မစားမသောက်ပဲလုပ်လျှင်တောင် ၁၃၃နှစ်လောက်လုပ်ရမည်။ အခုလား။ ဘာမှတောင် သိပ်အားမစိုက်လိုက်ရဘူး။
ပြီးတော့ ဒီစနစ်ကိုရတာ ရက်အနည်းငယ်ပဲရှိသေးသည်။ နှစ်ဝက်လောက်ဆို ငါဘယ်အထိရောက်နိုင်မလဲ။ ရှေ့ကို မျှော်မှန်းကြည့်မိသည်။
တစ်ဖက်မှာတော့ ဝေ့ချန်ကုံးက သူ့ဘာသာ ပျော်ကောင်းတုန်းရှိသေးသည်။
ဆုံးဖြတ်ချက်ချလိုက်ပြီ။ ဒီညမင်ယွဲ့ကလပ်ကိုသွားမယ်၊ မော်ဒယ်မလေးနည်းနည်းလောက်ရှာပြီး ဟီး ဟီး ဟီး..
‘အန် မစ္စတာဝေ့ ခင်ဗျားရောဂါ အခြေအနေက တည်ငြိမ်အောင်လုပ်ဖို့လိုသေးတယ်’ ထိုအချိန်မှာ လီဖန်းက ဝေ့ချန်ကုံးကို လေးနက်စွာပြောလိုက်သည်။
‘တည်ငြိမ်အောင်လား။ အဲ့ဒါဆို အခုသာကူညီပေး။ မြန်မြန်လေး’ ဝေ့ချန်ကုံးက ချက်ချင်းသွားလှဲတော့သည်။ ဒါသူ့အနာဂတ် ကာမအရေးနဲ့ သက်ဆိုင်တာပါ။ သတိမထားလို့မဖြစ်ဘူး။
တခြားလူတွေက အများကြီးမတွေးပါဘူး။အနည်းငယ်သာ စပ်စုကြတာပါ။ ဒီအချိန်မှာတော့ အများဆုံးအကျိုးအမြတ်ရတဲ့ ဖန်းဝေက အရမ်းစိတ်လှုပ်ရှားနေသည်။
ဝေချင်းက မနာလိုဖြစ်နေသည်။ ဝေ့ချန်ယဲ့က ဒီအပိုင်းမှာသိပ်မတက်ကြွပါဘူး။ သူ့ကိုလည်း အပ်နည်းနည်းလောက် စိုက်ခိုင်းလိုက်ရမလား။ ဒါဆိုစွမ်းဆောင်ရည်တွေ တိုးတက်လာမှာပဲ။
ငွေအပ်တွေကို ပြန်ယူသွားပြီဆိုတော့ လီဖန်းက ၁၀မှတ်သုံးပြီး ငွေအပ်အစုံလိုက်ကို စနစ်မှဝယ်လိုက်သည်။ ပြီးနောက်အိပ်ထဲမှ ထုတ်ယောင်ဆောင်လိုက်ပြီး ဝေ့ချန်ကုံးကို ဆက်ကုတော့သည်။
‘ပြီးပြီ နောက်မှကြိုးစားကြည့်လိုက်ပါဦး’ တစ်မိနစ်လောက်ကြာတော့ လီဖန်းက အပ်များကို နှုတ်ခါပြောလိုက်သည်။
‘ကျေးဇူးမစ္စတာလီ ကျွန်တော်….မဟုတ်သေးဘူး’ ဝေ့ချန်ကုံးရဲ့ပျော်ရွှင်မှုက အနည်းငယ်ပြောင်းသွားသည်။ အငယ်ကောင်က သိပ်မလှုပ်ရှားတော့တာကို သူသိလိုက်သည်။
ခုနကတော့ အရမ်းကို ထကြွနေတာလေ။ အခြေအနေကို တည်ငြိမ်အောင်လုပ်ပြီးမှ ဘယ်လိုလုပ်အားနည်းသလို ခံစားရတာလဲ။ လှုံဆော်မှု မလုံလောက်လို့လား။
‘ခင်ဗျားခံစားရတာမမှားဘူး။ ကျွန်တော်ကုပေးခဲ့တာက ၈မီလီယံရဖို့ အခုပိုက်ဆံကလက်ထဲ ရောက်နေပြီလေ’ လီဖန်းကလှောင်လိုက်ကာ ဝေ့ပင်ချင်းကို နှုတ်ဆက်ပြီးပြန်သွားတော့သည်။
ဝေ့ချန်ကုံးရဲ့ လီဖန်းအပေါ် သဘောထားက အလွန်ဆိုးသည်။ သူ့ကိုကူညီလိုက်လျှင် ကိုယ့်ကိုယ်ကို မတရားရာကျမှာပါ။
ရန်ကိုရန်ချင်း မတုံ့ပြန်တော့ ငါကမကျေမနပ်ဖြစ်နေမှာပေါ့။ ကိုယ့်ကိုယ်ကို နှိပ်စက်တာ အကြီးမားဆုံးအပစ်ပဲ။ လီဖန်းက ဒီလိုမျိုး မကျေမနပ်ဖြစ်ပြီး သည်းခံနေမှာမဟုတ်ပါဘူး။
ဝေ့ချန်ကုံးနဲ့ အခြားလူများမှာ လုံးလုံးလျားလျားရှုပ်ကုန်ပါပြီ……ဒါဘယ်လိုဆေးဆရာမျိုးလဲ။ ဆေးကျင့်ဝတ်ထဲမှာ ကုပြီးမှ ရောဂါပြန်ဖြစ်အောင်လုပ်တာ ပါလို့လား။ ကိုယ်ကျင့်တရား မရှိကြတော့ဘူးလား။
ဝေ့မိသားစုအိမ်ကထွက်လိုက်ပြီး လီဖန်းက လန်းဆန်းနေသည်။ ထိုအချိန်မှာ အစ်မကျီလင်ရဲ့ အသံကိုကြားလိုက်ရသည်။
‘ဒင် ဂုဏ်ယူပါတယ် သခင် တာဝန်ပြီးမြောက်ပါပြီ။ ‘ဆေးနတ်ဘုရားမျက်လုံး’နှင့် ‘နတ်ဘုရားအပ်ကိုးချက်’ တို့ကို ပြန်သိမ်းလိုက်ပါပြီ။ တာဝန်ဆုကြေးများကို ထုတ်လွှင့်လိုက်သည်’
‘ဒင် ဂုဏ်ယူပါတယ်သခင် EXP၂၀၀နှင့် ၁၀၀၀စနစ်အမှတ်ကို ရရှိသည်။
သခင်- လီဖန်း
အဆင့်- C+
EXP- ၅၅၀/၈၀၀
စနစ်အမှတ်- ၆၆၉၀
အောင်မြင်မှတ်- ၀
စကေး- ရောနှောသိုင်း
တာဝန်- နတ်ဘုရားမလေးဝေ့ပင်ချင်းကိုကယ်တင်ပါ(၂)
‘တွေးကြည့်လျှင် ဝေ့ပင်ချင်း ဘော်ဒီဂတ်ဖြစ်တာနဲ့ Bအဆင့်ကို ရောက်မှာပါ။ အဲ့ဒီအခါကျလျှင် ဘယ်လောက်တောင်ကြမ်းလိုက်မလဲ’
လီဖန်းမှာ သူ့ဘာသာ ရေရွတ်ရင်း တက္ကစီငှားပြီး အနာဂတ်လုပ်ငန်းစုသို့ ပြန်ခဲ့လေသည်။
Good