Switch Mode

အပိုင်း(၃၅)

သူ့ညီလေး မထရင် ငါရှုံးတယ်

ဝေ့ချန်ကုံးက စိတ်ဓါတ်ကျပြီး သွေးတောင်အန်တော့မှာပါ။ ကုပေးနိုင်လျှင်လည်း စောစောက ဘာလို့မပြောတာလဲ။ အစောကြီးထဲကပြောလျှင် ငါရှက်ရှက်နဲ့ဝင်ခံလိုက်မှာ။

ဒီလိုလူနာအတွက် ပြန်ကောင်းဖို့ထက် ဘာကအရေးကြီးနိုင်မှာလဲ။ အခု ဆေးပြာလေးကို သုံးပြီးမိန်းမတွေနဲ့ လူကြီးကစားနည်း ဆော့နိုင်သေးသည်။ အနာဂတ်မှာ ဆေးမတိုးလျှင် အသက်ရှင်ရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။

လူတိုင်းရဲ့ အမူအရာက ထူးဆန်းသွားသည်။ ဝေ့ချန်ကုံးက ငြင်းနေပေမယ့် သူနောင်တရနေတဲ့ပုံကိုကြည့်ပြီး လူတိုင်းက ပိုင်းခြားနိုင်သည်။

ဝေ့ပင်ချင်းရဲ့မျက်နှာက ပို၍ပင်ရှက်နေသည်။ ဘာကြောင့်လဲဆိုတော့ ‘မထနိုင်ဘူး’ဆိုတဲ့စကားကထိုညက လီဖန်းကို သတိရသွားစေလို့ပါ။ အဲ့ဒီအချိန်က ဒင်းက ထိန်းမရတဲ့ပုံနဲ့ပါ။

‘မစ္စတာကျောက် ကျွန်တော့စစ်ဆေးချက်က ဒါပဲရှိတာ။ အခုခင်ဗျား အလှည့်ပဲ’ လီဖန်းက ပြုံးကာပြောလိုက်သည်။

ကျောက်ပန် ‘…’

သူကဘာပြောစရာရှိတော့မှာလဲ။ ရောဂါသုံးမျိုးပဲ စစ်နိုင်ခဲ့ပြီး လီဖန်းက အကုန်ပြောပြီးပါပြီ။ သူကရှုံးနေခဲ့ ပြီးပြီ။

လီဖန်းကို အနိုင်ရဖို့တစ်နည်းပဲ ရှိပါတယ်။ ဒါကကုသနည်းမှာ အနိုင်ရဖို့ပါ။ ဒါပေမယ့် ဝေ့ချန်ကုံးရဲ့ ရောဂါက အချိန်တိုအတွင်း မကုနိုင်ပါဘူး။

‘မပြောဘူးလား ဒါဆိုစာရွက်ကို အကုန်ပြလိုက်’ လီဖန်းက ကျောက်ပန်ဆီကို လျှောက်သွားကာ စာရွက်ကိုယူပြီး ဖတ်လိုက်သည်။

‘ဝေ့ချန်ကုံး ကျောက်ကပ်မကောင်း၊ ဝေ့ကျီဖန် သွေးအားနည်း၊ ဝေ့ပင်လျန် ဓမ္မတာမမှန်။ ဆိုတော့ကာ မစ္စတာကျောက်လည်း ကျွန်တော်နဲ့တူနေတာပဲ။ သုံးခုပဲနည်းနေတာ။

ဝေ့ချန်ကုံးရဲ့ မျက်နှာက မဲမှောင်သွားပြန်သည်။ ဒီတစ်ခါတော့ သွားပြီ။ သူဂရုတစိုက် ဖုံးထားတာကို အကုန်ကုန်ပြီ။

ဖန်းဝေနဲ့ အခြားသူတွေမှာလည်း အံ့အားသင့်သွားသည်။ ကျောက်ပန်နဲ့ လီဖန်းရဲ့စစ်ချက်က မတူလျှင် ဘာမှအခြေအမြစ်မရှိဘူးဆိုပြီး ငြင်းနိုင်သေးသည်။ အခုတော့ သူတို့က အကူအညီမဲ့နေပါပြီ။

‘ဒါဆိုရင်တော့ ကုသနည်းကိုဆက်ကြည့်ရမှာပဲ။ ပန်အာ အ ဖိုးငွေအပ်ကိုသုံးလိုက်။ ကျောက်မိသားစုရဲ့ သိက္ခာကို မထိခိုက်စေနဲ့’ ကျောက်ကျီက တည်ငြိမ်စွာနဲ့ပဲ ငွေအပ်ထည့်ထားတဲ့အိပ်ကို ကျောက်ပန်အားပေးလိုက်သည်။

ကျောက်မိသားစု ဘိုးဘေးတွေဟာ နန်းတွင်းသမားတော်တွေ ဖြစ်ခဲ့ပြီး တရုတ်ဆေးလောကမှာ ဂုဏ်သတင်းမြင့်မားသည်။ ဒီနေ့ ကျောက်ပန်က ဘယ်ကလာမှန်းမသိသော ရွယ်တူတစ်ယောက်ထံတွင် ရှုံးနိမ့်ခဲ့သည်။

အပြင်ကိုပေါက်ကြားသွားလျှင် ရယ်စရာကောင်းမနေဘူးလား။ ဒါကြောင့် ကျောက်ပန်ဒီပွဲမှာ ရှုံးနိမ့်လို့မဖြစ်ပါ။

‘ဟုတ်ကဲ့အဖိုး’ ကျောက်ပန်က ဒီပွဲဟာဘာကိုဆိုလိုလဲ သိပါသည်။ အသက်ကို လေးနက်စွာရှူပြီး ငွေအပ်ကို ယူလိုက်သည်။

‘မစ္စတာဝေ့ ကျွန်တော်တို့မိသားစုရဲ့ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ အပ်စိုက်ကုထုံးက ဒီလို ညီငယ်မထနိုင်တာမျိုးအတွက် အရမ်းထိရောက်ပါတယ်။ ကျွန်တော်ကုပေးပါရစေ’ ကျောက်ပန်က အသက်ကို လေးနက်စွာရှူလိုက်ရင်း ငွေအပ်ကိုကိုင်ကာပြောလိုက်သည်။

‘ဒါက…’ ဝေ့ချန်ကုံးက တွန့်ဆုတ်နေသည်။ ဒါငါ့ကို အငယ်ကောင်မထနိုင်ဘူးလို့ အတင်းဝန်ခံခိုင်းတာပဲ။

‘နေပါဦး ကျွန်တော် အရင်ကုတာပိုသင့်တော်လိမ့်မယ်။ ဘာလို့လဲဆိုတော့ မစ္စတာဝေ့ရဲ့ ညီငယ်ကို ၃မိနစ်အတွင်း ထလာအောင်ကျွန်တော် လုပ်နိုင်လို့ပဲ’ ပြောရင်းဆိုရင်း လီဖန်းက လက်ညှိုးဖြင့် လဲနေရာမှ ထလာတဲ့ပုံစံကို ခံစားချက်အပြည့်ဖြင့် လုပ်ပြလိုက်သည်။

ဒီမြင်ကွင်းက လူတိုင်းကိုဇဝေဇဝါဖြစ်သွားစေသည်။ စကားပြောရင်း ပုံဖော်ပြဖို့လိုလို့လား။ ဒါကြီးက တကယ်ပဲမြင်ရမသင့်တော်ပါ။

ဝေ့ပင်ချင်းက မနေနိုင်တော့ပဲ ခေါင်းကို အခြားတစ်ဖက်သို့ လှည့်သွားသည်။ သူမမျက်နှာမှာလည်း အရမ်းရှက်နေပုံပေါ်သည်။

လီဖန်းဆိုတဲ့ကောင်က တကယ်……ညစ်ပတ်လွန်းတယ်

‘ဒါပေမယ့် မစ္စတာကျောက်က ကျွန်တော့လို လုပ်နိုင်လျှင် ​ တော့ အရင်ကုခိုင်းပါ့မယ်’ လီဖန်းက အခြားလူများရဲ့ အတွေးတွေကို ဂရုမစိုက်ပါဘူး။

လူတိုင်းက အရွယ်ရောက်ပြီးပါပြီ။ သူလုပ်ပြတာ မှားလို့လား။ သူကပြိုင်ပွဲရဲ့ ရလာဒ်ကိုသာစိတ်ဝင်စားသည်။ ကျောက်ပန် ကုတုန်းက ဘာမှမဖြစ်ပဲ သူကုအလှည့်ကျတစ်ခုခုဖြစ်သွားလျှင် ဘယ်သူတာဝန်ယူမလဲ ။

ဒါကြောင့် ဝေ့ချန်ကုံးကို သူအရင်ကုရပါမယ်။ ကျောက်ပန်က စိတ်ဓါတ်ကျသွားသည်။ ဝေ့ချန်ကုံးညီငယ်ကို ၃မိနစ်နဲ့ ထဖို့က သူအဖိုးတောင် လုပ်နိုင်မယ်မထင်ပါဘူး။ သူကအနည်းငယ် လှုပ်ရှားရုံသာ လုပ်နိုင်တာပါ။

အရင်ကုခိုင်းဖို့က သူလည်းလီဖန်းလိုတွေးမိသည်။ ဒါကြောင့် မတ်တပ်ရပ်ကာ စဉ်းစားမရဖြစ်နေသည်။

‘တကယ်လို့ မစ္စတာဝေ့…ကိုသုံးမိနစ်အတွင်းထလာအောင်မလုပ်နိုင်လျှင် မင်းရှုံးပြီလို့သတ်မှတ်နိင်လား’ ကျောက်ကျီက သုန်မှုန်သောမျက်နှာဖြင့် ပြောလိုက်သည်။

ဒါက လီဖန်းအတွက် မတရားဘူးဆိုတာသူသိသော်လည်း ကျောက်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ ပက်သက်နေသည်။ဂုဏ်သိက္ခာအတွက် သူတို့နိုင်ကို နိုင်ရမှာပါ။ မရိုးမသားလုပ်ရမယ်ဆိုလျှင်တောင်မှပေါ့။

ဝေ့ပင်ချင်းက ငြင်းလိုက်ချင်သည်။ သူမက ကျောက်ကျီကို လေးစားသည်။ ဒါပေမယ့် ဒီနေ့သူ့ရဲ့လုပ်ဆောင်ပုံတွေက အရှက်မရှိဘူးလို့ ခံစားရစေသည်။

‘ကောင်းပြီလေ။ ဝေ့ချန်ကုံးကို ၃မိနစ်အတွင်း မကုပေးနိုင်လျှင် ငါရှုံးတယ်လို့သတ်မှတ်လို့ရတယ်။ ကုလို့ရလျှင်တော့ ငါနိုင်တယ်။ ဒါပေမယ့် အပိုပစ္စည်းနည်းနည်းတော့လိုမယ်။ အပြာကားတစ်ကားလောက် ဘယ်သူစီစဉ်ပေးနိုင်လဲ။ ဥရောပနဲ့ အမေရိကန်ကားလောက်ဆို အဆင်ပြေတယ်’ လီဖန်းက ခေါင်းလှည့်ကာ မေးလိုက်သည်။

ဝေ့ပင်ချင်း ‘…’

သူမကအခုဆိုလျှင် အစကလောက်တော့ မဆိုးတော့ပါဘူး။ ဒီကောင်က တကယ့်ကို မကောင်းဆိုးဝါးပဲ။ ဒီမှာ မိန်းကလေးတွေအများကြီးရှိနေတာပါ။ သူနည်းနည်းလေးမှ မစဉ်းစားဘူးလား။

‘အဟန်း ငါ့ဖုန်းထဲမှာ တစ်ကားရှိတယ်..ငါ့ကိုဒီလိုကြီး လာကြည့်မနေကြနဲ့ ကောင်တစ်ကောင်ကူးပေးသွားတာ ဖျက်ဖို့မေ့နေတာ’ ဝေ့ကျီဖန်က ဖုန်းထုတ်ပြီးပြောလိုက်သည်။

ကျောက်ကျီက လီဖန်းရဲ့တောင်းဆိုမှုကို အလွယ်တကူလက်ခံလိုက်သည်။ ဝေ့ချန်ကုံးက ဒီအတိုင်းဆို နည်းနည်းမှ အလုပ်မလုပ်နိုင်တာ လီဖန်းကကုနိုင်လျှင် သူ့ဆေးပညာက ပန်အာထက်သာမှာပဲ။

‘အိုး မကုခင် မိန်းကလေးတွေ ရှောင်နေလို့ရတယ်’ လီဖန်းက ပြောရင်းကျောက်ပန်ကို ကြည့်ကာ ‘မစ္စတာကျောက် ငွေအပ်လေးငှားပါလား’

ကျောက်ပန်ကငြင်းတော့မည်အပြု လီဖန်းက ဆွဲယူပြီးပါပြီ။

မိန်းကလေးတွေကတော့ ဘယ်သူမှ မရှောင်ကြပါ။ သူတို့ကရှက်ပေမယ့် လီဖန်းဘယ်လိုကုမယ်ဆိုတာ သိချင်သေးသည်။

‘မဟုတ်သေးဘူး ငါ့သဘောထားကို မမေးရသေးဘူးလေ..’ ဝေ့ချန်ကုံးက ငိုချင်နေပါပြီ။ အမှန်တိုင်းပြောရလျှင် သူလီဖန်းကို အရမ်းကုပေးစေချင်သည်။ ဒါပေမယ့် သူကရောဂါမရှိဘူးလို့ ငြင်းပြီးပြီလေ။ ဘာတုန်းဟ

‘အဲ့ဒီတော့ ခင်ဗျားက မကုချင်ဘူးလား’လီဖန်းက မေးလိုက်သည်။

‘ငါ…ငါထင်၊ ကုကွာ’ ဝေ့ချန်ကုံးက အံကြိတ်ကာ ကုသဖို့ဆုံးဖြတ်လိုက်သည်။ လီဖန်းရဲ့ လမ်းညွှန်မှုဖြင့် ဝေ့ချန်ကုံးက သူ့အင်္ကျီကို ချွတ်ကာဆိုဖာပေါ်မှာလှဲလိုက်သည်။

ထို့နောက် လီဖန်းက ငွေအပ်ကိုးချောင်းကိုထုတ်ကာ လက်ဝါးပေါ်မှာ ဖြန့်လိုက်သည်။ ဖုန်းကိုလည်းဖွင့်ကာ ဇာတ်ကားကို ဟန်ချက်ညီညီပဲ ဖွင့်ဟန်ပြင်ထားလိုက်သည်။

လီဖန်းရဲ့လက်တွေက ငွေအပ်ကိုကိုင်ကာ ဝေ့ချန်ကုံးရဲ့ ခန္ဓာကိုယ်ကို စိုက်လိုက်သည်။ တစ်စက္ကန့်မှာ အပ်တစ်ချောင်းနီးပါးလောက်စိုက်ကာ အပ်ကိုးချောင်းက အမြန်ပဲကုန်သွားသည်။

‘ဒုက္ခပဲ’ ကျောက်ကျီက ဘေးကနေမနေနိုင်ဘဲဝင်ပြောလိုက်သည်။ အပ်စိုက်တာက မြန်မြန်နှုတ်ပြီး တိကျစွာဖြည်းဖြည်းချင်းစိုက်ရသည်။ မတူညီတဲ့နေရာနဲ့ ထောင့်တွေက မတူညီတဲ့ အတိမ်အနက်တွေရှိသည်။ လီဖန်းက ကစားနေသလိုပါပဲ။

‘မင်းက အပ်စိုက်နည်းကို မလေ့လာဖူးဘူး။ မစ္စတာဝေ့ကို ဒုက္ခပေးနေတာပဲ’ ကျောက်ပန်က ပြုံးလိုက်သည်။ လီဖန်းရဲ့ အပ်စိုက်နည်းက အဓိပ္ပာယ်မရှိပါဘူး။

‘ -ီး -ီး လားလားတွေ’ လီဖန်းက သူတို့ကို ဂရုမစိုက်ပါ။ သူဘာလို့ ယုံကြည်မှုအပြည့်ရှိတာလဲ။ စနစ်ကပေးတဲ့ ‘နတ်ဘုရားအပ်ကိုးချက်’ကြောင့်ပါ။

ဒါကတရုတ်သမိုင်းမှာ အကောင်းဆုံးအပ်စိုက်ပညာတွေကို ပေါင်းစပ်ထားတာပါ။ ကျောက်ကျီက စနစ်ထက်ပဲ ကောင်းရဦးမလား။ အတွေ့အကြုံမရှိဘူးဆိုပဲ။

‘လီဖန်း အမှားကိုထပ်ခါ ထပ်ခါမလုပ်နဲ့။ တစ်ခုခုမှားသွားတာနဲ့ ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်။ မစ္စတာဝေ့ တစ်ခုခုပြဿနာရှိတာနဲ့ မင်းကောင်းကောင်းတာဝန်ယူရမယ်’ ကျောက်ကျီက လီဖန်းနောက်သို့သွားကာ မဲမှောင်သောမျက်နှာဖြင့် ပြောလိုက်သည်။

‘ရပြီ’ လီဖန်းက အပ်ကိုးချောင်းလုံးကို စိုက်တာထက်မြန်စွာ နှုတ်လိုက်သည်။ ပြီးနောက်အော်လိုက်သည် ‘ဝေ့ကျီဖန် ဗီဒီယိုပြတော့’

‘ဝေ့ကျီပင်က ခဏကြောင်သွားပြီးမှ လီဖန်းဆိုလိုတာကို နားလည်သွားသည်။

ချက်ချင်းပဲ ဖွင့်လိုက်တော့ အသံတွေပေါ်လာသည် ‘ oh yes ahh ahh…’

‘ကြိုးစားထား ဟေး..ငါလုပ်နိုင်ပြီ’ ဝေ့ချန်ကုံးက ပျော်ရွှင်စွာအော်လိုက်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset