Switch Mode

အပိုင်း(၃၃)

အနိုင်ယူပါ

‘အားနာပါတယ်ဒေါက်တာကျောက် ကျွန်မဒီကိစ္စကို စဉ်းစားသေးပါဘူး’ လူတိုင်းရဲ့ အကြည့်အောက်မှာ ဝေ့ပင်ချင်းက မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

ကျောက်ကျီရဲ့မျက်နှာကြောင့် သူမစကားလှလှပြောလိုက်တာပါ။ တခြားလူဆိုလျှင် ဒီလိုပြောနေမှာ မဟုတ်တော့ပါ။

ပြီးတော့သူမက ရည်းစားထားဖို့တောင် အစီအစဉ်မရှိသေးပါ။ ရှိလျှင်တောင် ကျောက်ပန်မှာ သူမရဲ့စာရင်းထဲကို မရောက်နိုင်ပါ။

‘ပင်ချင်း ကိုယ်မင်းကို မြင်မြင်ချင်းချစ်မိသွားလို့ပါ။ ကိုယ့်ကိုသက်သေပြဖို့ အခွင့်အရေးတစ်ခုလောက်တော့ပေးပါကွာ’ ကျောက်ပန်က ဖျော့တော့စွာပြုံးရင်း ပြောလိုက်သည်။

ကျောက်ပန်အနေနဲ့ ကြည့်မယ်ဆို ဝေ့ပင်ချင်းက သူ့ကိုလုံးဝ မျက်နှာသာမပေးတာပါ။

တော်တော်ဆိုးနေလို့လား။ ဘာပဲဖြစ်ဖြစ် သူက နာမည်ကျော်ဆရာဝန် မိသားစုကပါ။ ထူးလည်းထူးချွန်သည်။ သူ့အဖိုးကလည်း ဝေ့ဖူကို ကယ်ခဲ့တာပါ။

ဒါတောင်ဝေ့ပင်ချင်းကို အသိအမှတ် မပြုစေနိုင်ဘူးလား။

‘မစ်ဝေ့ ပန်အာက မင်းကိုတကယ်ချစ်သွားတာ။ လက်မထပ်ချင်သေးလို့ ဆိုတဲ့အကြောင်းပြချက်လေးနဲ့ ငြင်းမယ်ဆိုလျှင် သူ့အပေါ်မှာ ဘယ်တရားတော့မလဲ’ ကျောက်ကျီလည်း သက်ပြင်းချကာ ဝင်ပြောပေးသည်။

သူကဝေ့ပင်ချင်းကို တော်တော်လေးသဘောကျသည်။ ဒါကြောင့် သူ့မျက်နှာကို ဗန်းပြရလျှင်တောင် သူတို့နှစ်ယောက်ကို တွဲဖက်ပေးချင်သည်။ ဝေ့ပင်ချင်း ကျောက်ပန်ကို အခွင့်အရေးပေးအောင် သူပြောမှာပါ။

‘ဟုတ်တယ်ပင်ချင်း ကျောက်ပန်ကို အခွင့်အရေးတော့ပေးလိုက်ပါ’

‘အစ်မ အစ်ကိုကျောက်က နင့်ကိုဒီလောက်နှစ်သက်တာ ဒီလိုပဲ ငြင်းရက်တယ်ပေါ့’

‘ပင်ချင်း နင်ကမငယ်တော့ဘူး။ နင့်ဘဝတစ်သက်တာအတွက် နင်စဉ်းစားသင့်တယ်။ ကျောက်ပန်က နင်နဲ့လိုက်ဖက်တယ်လို့ ငါထင်တယ်’

‘အစ်မ ဒေါက်တာကျောက်က အဖိုးကိုကယ်ထားတာ။ အဲ့မျက်နှာကို ထောက်ပြီး နင်သူ့ကို အခွင့်အရေးလေးတော့ပေးလိုက်ပါ’

ဝေ့ချန်ကုံးနှင့် ဝေ့ကျီဖန်တို့က အမျိုးမျိုး ဝိုင်းပြောကြလေသည်။ သူတို့က ဝေ့ပင်ချင်း မြန်မြန်လက်ထပ်သွားဖို့သာ မျှော်လင့်သည်။

ဒါမှ ဥက္ကဌနေရာကို ရနိုင်ဖို့အခွင့်အရေး ရမှာပါ။ ကျောက်ပန်အား ငြင်းလိုက်တာကို သူတို့က ဘယ်လိုကြည့်နေနိုင်မှာလဲ။

ပွင့်ပွင့်လင်းလင်းပြောရလျှင် လီဖန်းက အခုချိန်မှာ ဒီလိုလက်ထပ်ခွင့်​တောင်း လျှင်တောင် သူတို့က ဝိုင်းထောက်ခံကြမှာပါ။

လီဖန်းက ဘေးကနေထရယ်တော့ မတတ်ပါပဲ။ ကျောက်ပန်ကို ငြင်းတာမတရားဘူးဆိုပဲ။

အချစ်ကဘယ်တုန်းက တရားလို့လဲ။ ခံစားချက်နဲ့ပဲ သက်ဆိုင်တာပါ။

ပြီးတော့ဝေ့ချန်ကုံး၊ သူတို့မျက်စိထဲမှာ ဝေ့ပင်ချင်းရဲ့ ပျော်ရွှင်မှုဆိုတာဘာလဲ။ ဒါလည်းမထူးဆန်းပါ ဝေ့ဖူရဲ့ သေရေးရှင်ရေးတောင် သူတို့ကဂရုစိုက်တာ  ဝေ့ပင်ချင်းက ဘာအရေးလဲ။

‘ဒင် သခင် တာဝန်အသစ်ရှိသည်။ စစ်ကြည့်မလား’

လီဖန်းရဲ့အတွေးတွေ မရေရာသေးခင်မှာပဲ အစ်မကျီလင်ရဲ့ သာယာသံလေးက ပေါ်လာသည်။

‘စစ်ကြည့်’

‘တာဝန်- အနိုင်ယူပါ’

‘တာဝန်ဖော်ပြချက်- ကျောက်ပန်ထက်သာလွန်ကြောင်း လက်တွေ့ကျကျလုပ်ပြပြီး ဝေ့ပင်ချင်းကို လိုက်ဖို့သူ့မှာ အရည်အချင်းမရှိကြောင်းပြပါ’

‘တာဝန်ဆုကြေး- EXP၂၀၀၊ ၁၀၀၀စနစ်အမှတ်’

‘မှတ်ချက်(၁)- ဒီတာဝန်က သခင်အနာဂတ် စော်ရရေးနဲ့ သက်ဆိုင်လို့စကေးနှစ်ခုကို ယာယီ ပေးလိုက်သည် ‘ဆေးနတ်ဘုရားမျက်လုံး’နှင့် ‘နတ်ဘုရားအပ်ကိုးချက်’ စနစ်ဖွံ့ဖြိုးရေးအဖွဲ့မှ လူသားချင်းစာနာထောက်ထားချက်အရ​ ​ ပေးထားခြင်း ဖြစ်သည်။ တာဝန်ပြီးမှသာ ပြန်သိမ်းမည်’။

‘မှတ်ချက်(၂)- မိန်းကလေးတစ်ယောက်ကိုသိမ်းပိုက်ချင်လျှင် သူမကို သောက်ရမ်းချစ်သည်ဟု လုံးဝယုံကြည်ထားရမည်။ ဘယ်သူမှလာထိလို့မရဘူး။ ဒါဟာ စော်လိုက်နည်း ၃၆မျိုးထဲမှ တစ်ချက်ဖြစ်သည်။ ‘

‘မဟုတ်ဘူး စနစ် ဒီလိုမလုပ်နဲ့လေ’ နတ်ဘုရားမလေးများအား ကယ်တင်မှုစနစ်မှာ စော်လိုက်တာကို အဓိကရည်ရွယ်တာဖြစ် ကြောင်းလီဖန်း နားလည်သွားသည်။

ဒီစနစ်ကို တည်ထောင်တဲ့ကောင်က တကယ့်အထန်ကောင် ဖြစ်ရမယ်။

အခြားတစ်ဖက်မှာတော့ ဝေ့ပင်ချင်းက ထိုလူများကိုကြည့်ရင်း ရွံနေလေပြီ။ ချစ်တာမချစ်တာ သူမရဲ့လွတ်လပ်ခွင့်ပါ။ သူမတစ်သက်လုံးလက်မထပ် လျှင်တောင် ဘယ်သူမှတားလို့မရပါ။

မျှတတာလား..ဟန့် ကျောက်ပန်ကို အခွင့်အရေးမပေးလို့ မတရားဘူးတဲ့လား။ ဘာအကြောင်းပြချက်နဲ့လဲ။

ဝေ့ပင်ချင်းက ဒီလူတွေကို ဘာစကားနဲ့တုံ့ပြန်ရမလဲ မတွေးမိသေးလို့သာ ခဏတိတ်ဆိတ်နေတာပါ။

‘မစ္စတာကျောက် မစ်ဝေ့ကို အရမ်းကောင်းတယ်လို့ထင်လား’ လီဖန်းက မတ်တပ်ထရပ်ကာပြောလိုက်သည်။

ဒီမေးခွန်းကြောင့် လူတိုင်းကြောင်သွားကြသည်။ ဒီကကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ။ မင်းဝင်ပြောစရာလိုလို့လား။ပြီးတော့ဝေ့ပင်ချင်းရဲ့ ထက်မြတ်မှုက ပြဿနာရှိလို့လား။

ဝေ့ချန်ကုံးနဲ့ အခြားလူများမှာဒီအချိန်မှာလီဖန်းဝင်ပြောတာ သိပ်မကြိုက်ပေမယ့် သူကအဖိုးကြီးကို အသက်ရှင်စေခဲ့တာဆိုတော့ အများကြီးမပြောနိုင်ဘူး။ အပြောင်းအလဲကိုသာ စောင့်နေကြသည်။

ဝေ့ပင်ချင်းက မျက်ခုံးပင့်ကာလီဖန်းကိုကြည့်လိုက်ပြီး အံ့ဩသွားသည်။ လီဖန်းရဲ့မေးခွန်းက ကျောက်ပန်ကိုငြင်းဖို့အကြောင်းပြချက်ရှာပေးတာလို့ သူမအလိုလိုသိနေသည်။ သူဘယ်လိုလုပ်မယ်ဆိုတာသာ  မသိတာပါ။

‘သေချာတာပေါ့ ပင်ချင်းရဲ့ထက်မြက်မှုကို လူတိုင်းသိတယ်။ ဒါကြောင့်ပဲ ငါက မြင်မြင်ချင်းချစ်မိသွားတာ’ ကျောက်ပန်က ခဏစဉ်းစားပြီးပြောလိုက်သည်။

‘ကောင်းပြီ ဒါဆို ငါ့ကိုပြော။ သူမနဲ့ ထိုက်တန်တဲ့သူဟာ ဘယ်လိုလူမျိုးဖြစ်နိုင်လဲ’ လီဖန်းက ပြုံးကာ ထပ်မေးလိုက်သည်။

ကျောက်ပန်က ဝေ့ပင်ချင်းကိုပျော်အောင် ဘယ်ယောက်ျားမှ သူမနဲ့မထိုက်တန်ဘူးလို့ပြောလျှင် သူလည်းအရည်အချင်းမမှီဘူးလို့ အဓိပ္ပာယ်သက်ရောက်နိုင်သည်။

သူကဝေ့ပင်ချင်းနဲ့ ထိုက်တန်တယ်လို့ပြောလိုက်လျှင် တအားကြီးများ မောက်မာရာကျသွားမလား။

‘ဒီအုပ်ကြားမြက်ပေါက်က ငါ့ကိုခက်ခဲအောင်လာလုပ်နေတာ’ကျောက်ပန်က နာကြည်းနေပါပြီ။

‘ဒီမေးခွန်းက ဖြေဖို့ခက်နေတယ်ထင်တယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး။ တခြားနည်းနဲ့ရှင်းလို့ရတယ်’

‘ကျွန်တော်ထင်တာတော့ ကျွန်တော်ကအရမ်းတော်တယ်။ ဒါပေမယ့် မစ်ဝေ့နဲ့မထိုက်တန်သေဘူး။ မစ္စတာကျောက်က ကျွန်တော့လောက်တောင် အသုံးမကျဘူး။ဒါကြောင့် မစ်ဝေ့နဲ့ဘယ်လိုထိုက်တန်တော့မှာလဲ’ လီဖန်းက လူအုပ်ကိုကြည့်ပြီး ပြောလိုက်သည်။

ကျောက်ပန်က သူ့ရင်ဘတ်ကနေ မိစ္ဆာစိတ်တွေ တက်လာသည်ဟု ခံစားလိုက်ရသည်။ မင်းက ငါ့ထက်ပိုကောင်းတယ်ပေါ့။ ငါလည်းမပြောမိပါလား။

ဝေ့ချန်ကုံးနှင့် အခြားလူများမှာလည်း အသက်ရှူမှားသွားကြသည်။ တော်တော်မာန်တက်တဲ့ကောင်။

ဝေ့ပင်ချင်းမျက်နှာလေးမှာထမရယ်ရုံတမယ် ထိန်းထားရသည်။ ဒီကောင်က မျက်နှာပြောင်တိုက်လွန်းသည်။ သို့ပေမယ့် ဝေ့ပင်ချင်းရဲ့မသိစိတ်က ကျောက်ပန်ထက် လီဖန်းကသာသည်ဟု ထင်နေသည်။

‘မင်းကငါ့ထက်သာတယ်လို့ ဘာလို့ပြောနိုင်ရတာလဲ’ ကျောက်ပန်က အသက်ကိုရှူချလိုက်ကာ လူကြီးလူကောင်းပုံစံမပျက်အောင် ပြောလိုက်သည်။

‘ဟုတ်တယ် အစ်ကိုကျောက်က ကျော်ကြားတဲ့ ဒေါက်တာတစ်ယောက်ဖြစ်ပြီး သူ့ဆေးပညာနဲ့ အရည်အချင်းကိုလည်း လူတိုင်းသိတယ်။ မင်းက ဘိုးဘေးတွေကပေးခဲ့တဲ့ဆေးကလွဲပြီး ဘာရှိလို့လဲ’ ပြောသူမှာ ဝေ့ပင်လျန်ဖြစ်ပြီး ဝေ့ချန်ယဲ့၏သမီးဖြစ်သည်။

ဝေ့ပင်လျန်က ပုလဲမြို့မှာကျော်ကြားတဲ့ ပန်းတစ်ပွင့်ဖြစ်သည်။ ဝေ့ပင်ချင်းကဲ့သို့ရေပန်းမစားပေမယ့် သူမမှာလည်း လှပသောမိန်းကလေးတစ်ယောက်ဖြစ်သည်။

သူမက ကျောက်ပန်ကို  မြင်မြင်ချင်းချစ်သွားတာမဟုတ်ပေမယ့် ကျောက်ပန်ကိုတော့သူမရဲ့ဖန်ဖြစ်လာစေချင်သည်။ ဒါကြောင့်ပြောပေးခြင်းဖြစ်သည်။

‘ဟုတ်တယ် မင်းကငါတို့မိသားစုက အလုပ်သမားသက်သက်ပဲ။ မင်းမှာ အစ်ကိုကျောက်ထက် သာတဲ့နေရာ ဘယ်မှာရှိမတုန်း’ဝေ့ကျီရန်က အထင်သေးစွာပြောလိုက်သည်။ သူက ဝေ့ပင်လျန်ရဲ့ အစ်ကိုဖြစ်ပြီး သူမကို ကူပြောပေးတာ ပုံမှန်ပါပဲ။ ပြီးတော့ သူလဲလီဖန်းကို ကြည့်မရပါဘူး။

‘ပင်လျန်, ကျီရန် လျှောက်မပြောနဲ့။ လီဖန်းလည်း ဆေးပညာတတ်ကျွမ်းတယ် ကြားတယ်။ သူ့ကိုကျောက်ပန်နဲ့ ပြိုင်ခိုင်းလိုက်တာပိုကောင်းလိမ့်မယ်’ဝေ့ချန်ကုံးက ထူးဆန်းစွာပြောလိုက်သည်။

လက်ထောက်ရုံးခန်းမှာတုန်းက လီဖန်းပြောတာ သူကောင်းကောင်းကြားလိုက်သည်။ ဒါပေမယ့် ဆေးပညာ နားလည်တယ်ဆိုတာ ခုနကဆေးကိုပြောတာပဲ ဖြစ်မည်။

ရှိတဲ့ ဆေးပညာလေးကတော့ သုံးပြီးပြီ။ လီဖန်းက ကျောက်ပန်ကိုဘယ်လိုယှဉ်မှာလဲ။ ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ လီဖန်းကို ကျောက်ပန်နဲ့ယှဉ်ခိုင်းလိုက်လျှင် လူတိုင်းရဲ့အရှေ့မှာ သူ့ကိုအရှက်ခွဲနိုင်ပြီး သူဘယ်လိုဆက်မောက်မာနိုင်မလဲ ကြည့်ချင်သေးသည်။

‘ကောင်းပြီ ယှဉ်ကြည့်လိုက်တာပိုကောင်းမယ်’ ကျောက်ပန်ရဲ့ မျက်လုံးအရောင်တောက်သွားပြီး စိတ်လှုပ်ရှားစွာပြောလိုက်သည်။ သူ့ဆေးပညာက ရွယ်တူကြားမှာ ပထမတန်းစားဖြစ်တယ်လို့ ယုံကြည်သည်။ လီဖန်းက ဆေးပညာနည်းနည်းပါးပါးတက်လျှင်တောင် သူနဲ့ယှဉ်ပြိုင်နိုင်စရာ အကြောင်းမရှိပါ။

‘ဒါက..ဆေးပညာလို့မဆိုနိုင်ပါဘူး နည်းနည်းပါးပါးပဲသိတာ’ လီဖန်းက ကို့ရိုကားရား ရှုပ်ထွေးနေဟန်ဖြင့်ပြောလိုက်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset