ထိုအချိန်၌ ဝေ့ပင်ချင်း တံခါးဖွင့် ဝင်လာပြီး ဝေ့ဖူသတိလစ်သွားတာကို တွေ့လိုက်သည်။
‘ဖိုးဖိုး’ ဝေ့ပင်ချင်းမှာ အိပ်ယာသို့ပြေးကာ ဝမ်းနည်းစွာ ငိုလိုက်သည်။
ဝေ့ချန်ကုံး၊ ဝေ့ချန်ယဲ့နှင့် အခြားလူများမှာလည်း ထိတ်လန့်သွားကြသည်။ ကံကောင်းစွာနဲ့ သူနာပြုမလေးနှစ်ယောက်က ပစ္စည်းတွေအမြန်ယူကာ ဝေ့ဖူကို အောက်စီဂျင်တပ်ပေးလိုက်သည်။
ဒါပေမယ့် နှလုံးခုန်တိုင်းစက်ကတော့ ဒီ ဒီ..ဖြင့် အချက်ပြအော်နေသည်။ အသက်ချက်ချင်းထွက်သွားမှာ ကြောက်ရသည်။
‘နင်တို့ဘာတွေလုပ်လိုက်တာလဲ’ ဝေ့ပင်ချင်းက ခေါင်းလှည့်ကာ ခါးသက်စွာပြောလိုက်သည်။
အခုပဲ အဖိုးရဲ့ အော်သံကိုသူမကြားလိုက်သည်။ အောက်မှာ သူ့ဦးလေးတွေပြောသွားချက်အရဆို ဘာဖြစ်ခဲ့လဲဆိုတာ သူမခန့်မှန်းနိုင်သည်။
ဒီအချိန်မှာတောင် အဖိုးကို ပျော်အောင်မထားပဲ အမွေတောင်းနေတယ်။ ရှင်တို့က အဖိုးသေမှ ပျော်ကြမှာလား။
‘ကောင်းပြီ ငါတို့ကိုအပစ်မတင်နဲ့ဦး ဒေါက်တာကျောက်ကိုမြန်မြန်ခေါ်လိုက်’ ဝေ့ချန်ကုံးက ရုပ်ပျက်ဆင်ပျက်ဖြင့် ပြောလိုက်သည်။
အဖိုးကြီးက အမွေမပေးရသေးပါဘူး။ သေလို့လုံးဝမဖြစ်ပါ။
‘ဟုတ်တယ် ဒေါက်တာကျောက်ကို သွားပြန်ခေါ်’ဝေ့ချန်ယဲ့နဲ့ အခြားသူများမှာလည်း ဝိုင်းပြောကြသည်။
‘အော်မနေနဲ့ ငါဒီမှာ’ ကျောက်ကျီက အသက်ကြီးနေရာ ဖြည်းဖြည်းချင်းပြန်ဝင်လာရင်း ဝေ့မိသားစု အသံကိုကြားတော့ မှ အပေါ်ထပ်သို့ အမြန်ပြေးလာသည်။
ငွေအပ်ကို စိုက်ကာ ဝေ့ဖူကိုကယ်ဖို့လုပ်သည်။ ခဏအတွင်း အိပ်ခန်းထဲရှိလူအားလုံး ငြိမ်ပြီးကြည့်နေကြသည်။ အချိန်ကြာတာနဲ့အမျှ ကျောက်ကျီရဲ့ နဖူးမှာ ချွေစများပင်ထွက်လာသည်။
ဒါပေမယ့် ဝေ့ဖူရဲ့ အခြေအနေမှာ ထူးမလာပါ။
‘အချိန်ဆွဲလို့မရတော့ဘူး။ လီဖန်းရှင့်ဆေးကိုထုတ်လိုက်’ ဝေ့ပင်ချင်းက ဆုံးဖြတ်ချက်ချလိုက်သော ပုံစံဖြင့်ပြောလိုက်သည်။
‘မဖြစ်ဘူး နင်က အဖိုးကြီးကို ထိခိုက်အောင်လုပ်နေတာပဲ’
‘မှော်ဆေးလား အဆိပ်လားဘယ်သူသိမှာလဲ။ သောက်ပြီးတော့မှ သေသွားလျှင်နင်တာဝန်ယူနိုင်လား’
‘ငါလည်းဒီကိစ္စကို မထောက်ခံဘူး။ ဘာမှန်းညာမှန်းမသိဘဲ။ နင်က အဖေ့အသက်ကို အလေးမထားတာပဲ’
ဝေ့ချန်ကုံးနှင့် အခြားလူများမှာ ဝိုင်းတားကြသည်။
ကျောက်ပန်မှာလည်းတိတ်တဆိတ် လှောင်နေသည်။ ဝေ့ချန်ကုံးနဲ့ အခြားလူတွေ လက်ခံမှာမဟုတ်တာ သူထင်သည်။
သို့ပေမယ့် လီဖန်းရဲ့ မှော်ဆေးဆိုလား အဲဒါကို သူတိုက်လိုက်စေချင်သည်။ ဒါမှ လီဖန်းကလူလိမ်ဆိုတာ ဝေ့ပင်ချင်းသိသွားမှာဖြစ်သည်။
‘ကျွန်မတာဝန်ယူတယ်။ လီဖန်းဆေးက အစွမ်းမထက်လျှင် ဥက္ကဌရာထူးက ချက်ချင်းနှုတ်ထွက်ပြီး ရှယ်ယာတွေပါပေးမယ်’ ဝေ့ပင်ချင်းက လူအုပ်ကို အေးစက်စွာကြည့်ရင်း ပြောလိုက်သည်။
သူမအလုပ်အရမ်းကြိုးစားတာက အဖိုးကို စိတ်မပျက်စေချင်လို့ပါ။ နောက်ပြီး သူမက ပိုက်ဆံကို မက်မောတဲ့သူမဟုတ်ပါဘူး။
လီဖန်းက မျက်ခုံးပင့်လိုက်ပြီး ဝေ့ပင်ချင်းကို စိတ်ထဲမှ ချီးကျူးလိုက်သည်။
ဥက္ကဌနေရာပဲဖြစ်ဖြစ် ရှယ်ယာတွေပဲဖြစ်ဖြစ် သာမန်လူအတွက်တော့ အိပ်မက်ပင် မက်ဝံ့မည်မဟုတ်ပါ။ ဒါပေမယ့်သူမကတော့ ဝေ့ဖူအတွက် လောင်းကြေးတင်ရဲသည်။
ပိုအရေးကြီးတာက သူ့စကားကိုကြားရုံနဲ့ ဝေ့ပင်ချင်းက ထိုသို့ဆုံးဖြတ်ချက်ချရဲတာပါ။ ဘယ်လောက်တောင် သတ္တိကောင်းလိုက်လဲ။
‘မစ်ဝေ့ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့’ ကျောက်ပန်က လည်းလန့်သွားသည်။ သူဝေ့ပင်ချင်းကို လိုလိုချင်ချင်ဖြစ်တာက ပထမအချက်က သူမရဲ့အလှနဲ့ ဒုတိယက သူမရဲ့နောက်ခံကြောင့်ပါ။
သူမသာ ဝေ့မိသားစုကထွက်ရလျှင် သူရဲ့မိန်းမဖြစ်ဖို့ သင့်တော်တယ်လို့ ဘယ်တော့မှတွေးမည်မဟုတ်ပါ။ အငယ်အနှောင်း အဖြစ်သာစဉ်းစားမှာပါ။
‘အိုကေ ဒါမင်းပြောတာပဲ။ ပြန်ရုတ်သိမ်းလို့မရဘူး’ ဝေ့ချန်ကုံးမှာ အံ့ဩစွာဖြင့် ကျေနပ်သွားသည်။ ဝေ့ပင်ချင်းက ကိုယ့်သေတွင်းကိုယ်တူးတာပါ။
သူတို့က အဖိုးကြီးအမွေပေးလျှင် သူမကို ဘယ်လိုချန်ထားနိုင်မလဲ အမြဲအကြံထုတ်နေရတာ။ သူမက အရင်ပြောလာတော့လည်း..
‘ဒီအတိုင်းဆို မခိုင်လုံဘူး။ သူမကိုစာရေးပြီး လက်မှတ်ထိုးခိုင်း’ ဖန်းဝေက လည်းပျော်သွားသည်။ တစ်ယောက်ရော့သွားလျှင် သူတို့ပိုရမှာပါ။ ဒါထက်ကျေနပ်စရာ ရှိဦးမလား။
‘ကျွန်မပြန်ပြောပေးမယ်။ ဖုန်းယူပြီးမှတ်တမ်းတင်ထားလိုက်’ ဝေ့ပင်ချင်းက ပြောလိုက်သည်။ ထို့နောက်မှတ်တမ်းတင်ကာ ‘လီဖန်း ဘာလုပ်နေတာလဲ။ အဖိုးကြီးကို ဆေးပေးလိုက်လေ’ ဝေ့ချန်ကုံးက လီဖန်းကို အမြန်ပြောလိုက်သည်။
ဆေးမတိုက်ခင် အဖိုးကြီးသေသွားလျှင် သူတို့ဘယ်လိုလုပ်ကြမလဲ။
လီဖန်းက ‘ဟန့်’ ရပ်နေဆဲဖြစ်သည်။
‘မြန်မြန် မဟုတ်လျှင် နောက်ကျသွားမယ်’ ဝေ့ချန်ကုံးက စိတ်လောနေသည်။ လီဖန်းက ရပ်မြဲတိုင်းရပ်နေရာ ဝေ့ပင်ချင်းတောင် ကြောင်နေသည်။ သူက ဆေးမတိုက်သေးပဲ ဘာကိုစောင့်နေတာလဲ။
‘လီဖန်း မင်းဘာတွေကြံဦးမလို့လဲ’ ဝေ့ချန်ယဲ့က မျက်မှောင်ကြုတ်ပြီး မကျေနပ်စွာပြောလိုက်သည်။
‘ဟေး သူလျှောက်ပြောနေတာငါသိတယ်. ဘာမှော်ဆေးလဲ လျှောက်ကြွား’ ဝေ့ကျီဖန်က အထင်သေးစွာပြောလိုက်သည်။
‘အဲ့ဒါက ငါမတိုက်ရဲလို့မဟုတ်ဘူး။ မတိုက်ချင်လို့။ အစကတော့ မစ်ဝေ့မျက်နှာနဲ့ ထုတ်ပေးခဲ့တာ မင်းတို့ကတော့ငါ့ကို ကျေးဇူးမတင်တဲ့အပြင် မောင်းထုတ်နေကြတာ။ ငါက ဘာလို့တိုက်ရတော့မှာလဲ။ မင်းတို့ကို အကြွေးတင်ထားလို့လား’
‘ဒါပေမယ့် မဖြစ်နိုင်တာတော့လည်း မဟုတ်ဘူး။ မစ္စတာဝေ့က ဒီလိုပြောလာမှတော့ ဘာလို့ဈေးမခေါ်တာလဲ’ လီဖန်းက ကြွေပုလင်းကို ထုတ်ကာ အေးအေးဆေးဆေးပြောလိုက်သည်။
သူ့ရဲ့အစကရည်ရွယ်ချက်မှာ အလကားပေးပြီး တာဝန်ပြီးအောင်လုပ်မလို့ပါ။ ဒါပေမယ့် ဝေ့ချန်ကုံးနဲ့ လူများမှာ လွန်လွန်းသည်။ သူတို့ကို မြင်လေမြင်လေ ကျက်သရေယုတ်လေပဲ။ ဒီလူတွေကိုသာ အလကားပေးရလျှင် သူနေသာမှာမဟုတ်တော့ပါ။
‘လီဖန်း’ ဝေ့ပင်ချင်းက လီဖန်းအကြောင်းကို သိပြီးတားချင်နေသည်။ ရဲစခန်းမှာလည်း ဖန်းကျွင်ရှန်းကို ဒီလိုပဲ လောင်းကြေးထပ်သေးသည်။
ဒါပေမယ့် ဒီအချိန်မှာ သူမက အရမ်းစိတ်ပူနေတာပါ။ ဘာလို့သူက ဒီလိုတွေလျှောက်လုပ်နေရတာလဲ။ အဖိုးသာ တကယ်အသက်ဆက်ရှင်နိုင်လျှင် သူမက သူ့ကိုလုံလုံ လောက်လောက် ပေးမှာပဲကို။
‘မစ်ဝေ့ ကျွန်တော့ကို မတားပါနဲ့။ ကျွန်တော်ဆုံးဖြတ်ပြီးပြီ’ လီဖန်းက ဆေးပုလင်းကို ပြန်သိမ်းလိုက်သည်။
‘ကောင်းပြီလေ မင်ဘယ်လောက်လိုချင်လဲ’ ဝေ့ချန်ကုံးက လီဖန်းဆီက ဆေးကို အမြန်လိုချင်နေပြီး အများကြီးမတွေးနိုင်သေးပါ။
‘အဲ့ဒါကရိုးရိုးလေးပါ။ ဒီအခန်းထဲမှာရှိတဲ့ ဝေ့မိသားစုတွေအကုန် တစ်ယောက်ကို ၁မီလီယံပေးရမယ်။ မစ်ဝေ့တော့မပါဘူးပေါ့’ လီဖန်းက ဝေ့ချန်ကုံးနဲ့ သူ့လူတွေကို ကြည့်ရင်းပြောလိုက်သည်။
တခြားဟာတွေတောင်းဖို့ သူ မတွေးမိလို့မဟုတ်ပါ။ ဥပမာ အမွေကို လက်လျော့ရမယ်တို့ဘာတို့။ ဒါပေမယ့် သူတို့ကသဘောတူမှာလား။ နှိုင်းယှဉ်ကြည့်လျှင် တစ်ယောက်ကိုတစ်မီလီယံကလည်း သူတို့ကို အထိနာနိုင်ပြီး လွယ်လွယ်ကူကူလဲ လက်ခံနိုင်သည်။
အသေအချာပါပဲ။ ဝေ့ချန်ကုံးနဲ့ အခြားလူတွေအကုန် ခဏလောက်တွန့်ဆုတ်ပြီး သဘောတူလိုက်သည်။ တစ်သန်းက ဘာမှမဟုတ်ပါဘူး။
‘ကောင်းပြီလေ’ လီဖန်းက ဆေးပုလင်းကိုထုတ်ကာ ဝေ့ဖူဆီလျောက်သွားလိုက်သည်။
ဆေးတိုက်ဖို့အလုပ်တွင် ‘ငါမင်းကို သတိပေးလိုက်မယ်။ မင်းကဝေ့အဖိုးကြီးရဲ့ အသက်နဲ့ ကစားနေတာပဲ။ သူသာတစ်ခုခုဖြစ်လျှင် မင်းကိုလည်းအရေးယူရလိမ့်မယ်’
‘ပြီးတော့ကောင်လေး ဒီအဖိုးကြီးက လိမ်တာကိုမုန်းတယ်။ မင်းဆေးအတုရောင်းရင် ငါမင်းကိုဖမ်းခိုင်းရလိမ့်မယ်..ဟန့်’ ကျောက်ကျီက သူကုတာအကြောင်းမထူးတော့ အပ်တွေကိုပြန်ထားလိုက်သည်။
ဒါပေမယ့် လီဖန်းရဲ့ဆေးကို သူ အယုံအကြည်မရှိပါဘူး။ ‘ဒေါက်တာကျောက် သတိပေးလို့ကျေးဇူးတင်ပါတယ်။ ဘေးကနေသာ စောင့်ကြည့်နေလိုက် ‘ လီဖန်းက ဒီကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေသည့် ကျောက်ကျီကိုသိပ်မကြည်တော့ပါ။
သူ့ဟာသူကျော်ကြားတော့ဘာဖြစ်လဲ။ စနစ်လောက် အစွမ်းထက်မလား။ ပြောပြီးနောက် လီဖန်းက ကျောက်ကျီနဲ့ သူ့မြေးရဲ့ ပျက်သွားတဲ့ မျက်နှာတွေကိုလစ်လျူရှုထားလိုက်သည်။
သူနာပြုတစ်ယောက်ကို ကူညီဖို့ခေါ်ပြီးနောက် ပုလင်းထဲမှ ဆေးထုတ်ကာ တိုက်လိုက်သည်။ သူနာပြုရဲ့အကူအညီနဲ့ ဝေ့ဖူဆီသို့ ဆေးဝင်သွားသည်။
လူတိုင်းက အသက်ကိုအောင့်က အခြေအနေကို ကြည့်နေကြသည်။ ခဏကြာသည့်တိုင် ဝေ့ဖူရဲ့ အခြေအနေက မတိုးတက်သေးပါ။
‘ဟားဟား ဒီကောင်ကလူလိမ်ပဲ။ ပင်ချင်း နင်အခုဘာပြောနိုင်သေးလဲ’
‘ဝေ့ပင်ချင်းနင်ပြောခဲ့တာနင်မှတ်မိပါတယ်နော်။ ရှယ်ယာတွေကို ပေးလိုက်တော့’
‘ပန်အာ ရဲခေါ်ပြီး ဆေးအတုရောင်းတဲ့သူကို ဖမ်းလိုက်’ ဝေ့ပင်ချင်းတောင် သွေးဆုတ်ဖြူရော်နေပြီး လီဖန်းကိုသံသယဝင်လာသည်။ ထိုအချိန်မှာ
‘ဒင် ဂုဏ်ယူပါတယ် သခင် တာဝန်ပြီးမြောက်ပါပြီ။ ဆုကြေးများကို ထုတ်လွှင့်လိုက်သည်’
‘ဒင် ဂုဏ်ယူပါတယ် သခင် EXP၁၀၀နှင့်စနစ်အမှတ်၁၀၀၀ကိုရရှိသည်’
ဝေ့ဖူရဲ့ နှစ်ဝက်အသက်ဆက်ပေးခြင်းက အောင်မြင်ပါပြီ။
Good