အပိုင်း(၃၀)

ကျွန်မ ရှင့်ကို ယုံတယ်

‘ဒေါက်တာကျောက် အဖိုးအခြေအနေက ဘယ်လိုရှိလဲ’ ဝေ့ပင်ချင်းက ခဏကြာတော့မေးလိုက်သည်။

သူမက ရှေးဟောင်းကုသနည်းတွေကို ခံယူရန်ပိုမိုလိုလားသည်။ အခြေအနေမကောင်းပါက လီဖန်းရဲ့ ဆေးကိုစမ်းသုံးချင်သည်။

‘ဟေး ကျောက်ကျီက ခေါင်းခါလိုက်ပြီး သက်ပြင်းအကြိမ်ကြိမ်ချနေသည်။ ထိုအရာကိုမြင်တော့ ဝေ့ချန်ကုံးနှင့် ကျန်လူများမှာ တုန်လှုပ်သွားကြသည်။ မကောင်းတဲ့ သတိပေးချက်တစ်ခု သူတို့စိတ်ထဲကို ဝင်ရောက်လာသည်။

ပြီးနောက် ဖန်းဝေနှင့် ဝမ်ချင်းတို့ ချွေးမနှစ်ယောက်ထငိုကြလေသည်။ ‘အဖေ ဘာလို့ဒီလိုမျိုး ထွက်သွားရတာလဲ’ သူတို့က အော်အော်ပြီးငိုနေသည်။ ဒါပေမယ့် ဘာမျက်ရည်မှတော့မထွက်ပါ။ အသံဆိုးကြီးနဲ့ သာအော်နေကြသည်။

တစ်ဖက်မှာတော့ ဝေ့ပင်ချင်းရဲ့မျက်နှာက သွေးဆုတ်ဖြူရော်သွားသည်။ သူမရဲ့ နူးညံ့တဲ့ ခြေထောက်နှစ်ချောင်းက အားမရှိတော့ပဲ လဲကျသွားသည်။

‘ဂရုစိုက်’ လီဖန်းရဲ့မျက်လုံးက လျှင်ပါတယ်။ ဝေ့ပင်ချင်းရဲ့ ခါးကိုလှမ်းဆွဲကာ ထိန်းထားလိုက်သည်။

မွှေးကြိုင်တဲ့ သူမရဲ့ ရနံ့က ခြောက်သွေ့နေသော သစ်ရွက်ကို ပြန်လည်စိမ်းလန်းစေနိုင်သည်။ သူမကိုကြည့်ရတာ အခြေအနေမကောင်းပါဘူး။ လီဖန်းက သူမခါးကို ကိုင်ထားရင်း အနည်းငယ် စိတ်ပူနေသည်။

ဝေ့ပင်ချင်းမှာလည်း ပြာသွားသည်။ ဒါသူမကို ယောက်ျားတစ်ယောက်က ပထမဆုံး ဖက်ဖူးတာဖြစ်သည်။ သို့သော် ဒါတွေကို အခုချိန်မှာ ဂရုမစိုက်နိုင်ပါ။ကျေးဇူးတင်ပြီးနောက် လီဖန်းဆီမှ သူမရုန်းထွက်လိုက်သည်။

‘ဟန့်’ ကျောက်ပန်က မျက်ခုံးပင့်လိုက်သည်။ ပြီးနောက် မနာလိုတဲ့ အရိပ်အရောင်တွေ သူ့မျက်လုံးမှာ ဖြတ်ပြေးသွားသည်။ သူက ဝေ့ပင်ချင်းကို မြင်မြင်ချင်းချစ်ခဲ့တာပါ။ လီဖန်းရဲ့ ဖက်လိုက်မှုက သူ့ကိုမကျေနပ်စေပါ။

‘မင်းတို့ဘာလို့ငိုနေတာလဲ။ ငါဝေ့အဘိုးကြီးကို ကယ်ခဲ့တယ်’ ကျောက်ကျီက သူ့လက်နှစ်ဖက်ကို နောက်ပစ်ကာ လေးနက်စွာပြောလိုက်သည်။

‘ဟန်’ ဖန်းဝေနှင့် ဝမ်ချင်းတို့မှာ အငိုရပ်ကာ ကြောင်သွားကြသည်။ အခြားလူများကလည်း ကျောက်ကျီကို ဟာတာတာဖြင့် ကြည့်လိုက်ကြသည်။

အဖိုးကြီးကို ကယ်နိုင်တယ်ဆိုလည်း ဘာလို့ခေါင်းခါပြီး သက်ပြင်းချနေရတာလဲ။ ချစ်စရာကောင်းတယ်များ ထင်နေလား။

‘မစ္စတာဝေ့ကို ငါသေမင်းဆီက ပြန်ကယ်ခဲ့ပေမယ့် သူဘယ်လောက်ထိ အသက်ရှင်နိုင်မလဲဆိုတာ ဒီက လူငယ်ရဲ့ ဆေးအစွမ်းအပေါ်မူတည်လိမ့်မယ်’

‘ဆေးက သူပြောသလို တကယ်အစွမ်းထက်လျှင်တော့ အဖိုးကြီးက နောက်ထပ်နှစ်ဝက်နေရဦးမှာပေါ့။ ဒါမှမဟုတ်လျှင် ၃ရက်ပဲအချိန်ရတော့မှာ’ ပြောရင်းဆိုရင်း လီဖန်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်သည်။

ဝေ့ချန်ကုံးနဲ့ တခြားသူများလည်း ကြောင်သွားကြသည်။ ဘာလို့တစ်ခါတည်း မပြောတာလည်း။ ငါတို့ကို ညှင်းပန်းချင်တာလား။

‘သုံးရက် အချိန်ရှိတယ်။ ဒါဆို အဖိုးကြီးကို အမွေတောင်းရမယ် မြန်မြန်’ ဖန်းဝေက ကျေနပ်သွားကာ ဒုတိယထပ်ရှိ အိပ်ခန်းသို့ တက်သွားတော့သည်။

‘ကျေးဇူးပါ ဒေါက်တာကျောက် အိမ်က ရှုတ်ထွေးနေလို့ ခေါ်မထားတော့ဘူး။ နောက်နေ့ကျလျှင် ကျွန်တော်ကိုယ်တိုင်လာပြီး ကျေးဇူးတင်ပါ့မယ်’ ဝေ့ချန်ယဲ့ မှာလည်း ကမန်းကတမ်းပြောကာ အပေါ်တက်သွားတော့သည်။

ဝမ်ချင်း၊ ဝေ့ချန်ကုံးနှင့် ဝေ့ကျီဖန်တို့ကလည်း နောက်ကျမှာစိုးလို့ အမြန်ပြေးသွားကြသည်။ လီဖန်းရဲ့ ဆေးဆိုတာကို သူတို့မယုံပါဘူး။ ဒါကြောင့်အဖိုးကြီးက သုံးရက်ပဲ နေရတော့မှာပါ။ အခုချိန်အမွေမတောင်းလျှင် ဘယ်အချိန်သွားတောင်းရမှာလဲ။

အခြေအနေကိုမြင်တော့ ကျောက်ကျီရဲ့မျက်လုံးမှာ လှောင်ပြောင်ရိပ်တို့ ဖြတ်သန်းသွားသည်။ ချမ်းသာတဲ့သူတွေက ညစ်ပက်လွန်းကြသည်။ ဝေ့ချန်ကုံးနဲ့ သူတို့အမျိုးတွေပေါ့။

ဝေ့ဖူမှာ သုံးရက်ပဲအချိန်ရှိတော့တယ်လို့ ကြားပြီး  သူတို့ကဝမ်းမနည်းတဲ့အပြင် ဘယ်လိုအကျိုးအမြတ်ရမလဲပဲ စဉ်းစားနေကြသည်။ ဒါက ရွံ့ဖို့အရမ်းကောင်းသည်။

ထို့နောက် ဝေ့ပင်ချင်းကိုကြည့်လိုက်သည်။ သူမရဲ့ဝမ်းနည်းနေတဲ့မျက်နှာကို တွေ့တော့မှ စိတ်ထဲမှာချီးကျူးလိုက်သည်။ ဒီလို ချစ်ဖို့ကောင်း၊ ဖြောင့်မတ်ပြီး ထက်လည်းထက်မြတ်သော မိန်းကလေးက သူတို့မိသားစုရဲ့ ကျောက်ပန်နဲ့ ထိုက်တန်သည်။

‘ကောင်းပြီ ပန်အာက ဒီမိန်းကလေးကို နှစ်သက်တယ်ဆိုမှတော့ ဒီအဖိုးကြီးက ကူညီပေးရမှာပေါ့။ အဖိုးကြီးဝေ့က သူ့မြေးမလေး လက်ထပ်တာကို မသေခင်မျှော်လင့်မယ် လို့ထင်တယ်’ ထိုသို့တွေးမိပြီး ကျောက်ကျီမှာ မပြန်သေးဘဲ နေဖို့ဆုံးဖြတ်လိုက်သည်။

‘မစ်ဝေ့ လူဆိုတာ မွေးကတည်းက တစ်ချိန်ချိန်မှာ သေကြရမှာပဲ ။ ဒီသဘောတရားကို ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ အဲ့ဒါကြောင့် တအားကြီးဝမ်းနည်းမနေပါနဲ့’ ကျောက်ပန်က ဝေ့ပင်ချင်းနားကို လျှောက်သွားပြီး စိုးရိမ်စွာပြောလိုက်သည်။

‘ပန်အာပြောတာမှန်တယ်။ လူဆိုတာသေရမှာပဲ။ ဝေ့အဖိုးကြီးရဲ့ဘဝက ကျေနပ်ဖို့ကောင်းပါတယ်။ ဒါကြောင့် အရမ်းကြီးဝမ်းနည်းစရာမလိုပါဘူး’ ကျောက်ကျီက သူ့မုတ်ဆိတ်ကိုဆွဲကာ လေးနက်စွာပြောလိုက်သည်။

ဝေ့ပင်ချင်း အမူအရာက အနည်းငယ်ပြောင်းသွားသည်။ သူတို့နှစ်ယောက်က အကောင်းနဲ့နှစ်သိမ့်တာ သိပေမယ့် အဖိုးက မသေသေသေးပါ။ ဒီလိုလိုက်ပြောနေတာ ကျိန်ဆဲနေတာလားဟုပင် မှတ်ရသည်။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကျောက်ကျီက အဖိုးကို ကယ်တင်ထားတာပါ။ ဒါ့ကြောင့် ကျေးဇူးတင်ပါတယ်လို့သာပြောပြီး လီဖန်းကို ပြောလိုက်သည် ‘ဆေးယူလာပြီး ကျွန်မနဲ့အတူ အဖိုးဆီလိုက်ခဲ့’

အဖိုးက အချိန်မရှိတော့ဘူးဆိုမှတော့ လီဖန်းကို ယုံကြည်ဖို့သာ သူမရွေးချယ်နိုင်သည်။

‘မင်းငါ့ကို ယုံလို့လား’ လီဖန်းက မျက်ခုံးပင့်ပြီး အံ့ဩသွားသည်။ ဥက္ကဌဝေ့က ဝေ့ဖူကိုဆေးတိုက် ဖို့ဆုံးဖြတ်လိုက်တယ်။

‘မစ်ဝေ့ စဉ်းစားပါဦး ဒီဆေးက အဆိပ်လည်းဖြစ်သွားနိုင်တယ်။ ပိုကောင်းမလာပဲ ထိခိုက်သွားလျှင် သုံးရက်တောင် ခံမှာမဟုတ်ဘူး’ ကျောက်ပန်က အမြန်ပြောလိုက်သည်။

တကယ်ဆိုလျှင် သူကဒေါသထွက်နေပါပြီ။ သူ့အဖိုးက ဘာမှော်ဆေးမှ မကြားဖူးဘူးဟု ရှင်းရှင်းလင်းလင်းပြော ပြီးပါပြီ။ ဝေ့ပင်ချင်းက ဘာလို့မယုံတာလဲ။

‘တောင်းပန်ပါတယ် ကျွန်မ လီဖန်းကို ယုံတယ်’ ထိုစကားကိုပြောပြီး လီဖန်းနဲ့ ဒုတိယထပ်သို့တက်သွားတော့သည်။

‘ဘာလဲကွာ ဖာ့ခ်’ ကျောက်ပန်မှာ မျက်နှာပျက်စွာနဲ့ ကျိန်ဆဲလိုက်ပြီး သူတို့နောက်သို့ လိုက်သွားသည်။ ဒီဆေးရဲ့ အာနိသင်ကို သူသိချင်သေးသည်။

‘ဟေး အရူးတွေ အရူးတွေ…’ကျောက်ကျီသူ့မုတ်ဆိတ်ကို ဆွဲကာ ခေါင်းယမ်း​နေ တော့သည်။ အိပ်ခန်းထဲမှာ ခေတ်မှီဆေးပစ္စည်းတွေကို စနစ်တကျထားထားတာ တွေ့ရသည်။

ဝေ့ဖူမှာ သူ့ခန္ဓာကိုယ်တွင် ပြွန်အနည်းငယ်ရှိပြီး ကုတင်ပေါ်၌ အားနည်းစွာလဲနေသည်။ ဝေ့ချန်ကုံးနှင့် အခြားလူများက ကုတင်ဘေးတွင်စကားပြောနေကြသည်။

သူတို့နောက်မှာတော့ သူနာပြုနှစ်ယောက်ရပ်နေသည်။

‘အဖေ့အခြေအနေကို ဒေါက်တာကျောက်ပြောသွားတယ်မှတ်လား။ သေခြင်းတရားဆိုတာ တစ်ချိန်ချိန်ရင်ဆိုင်ရမှာပဲ။ အများကြီးမတွေးပါနဲ့’ ဝေ့ချန်ကုံးက သက်ပြင်းချကာပြောလိုက်သည်။

‘ဟုတ်တယ် အဖေမိသားစုရဲ့ ပျော်ရွှင်မှုကိုခံစားနိုင်အောင် ဒီသုံးရက်မှာ ကျွန်မတို့ စောင့်ရှောက်ပေးမယ်’ ဝေ့ချန်လီက ကုတင်ဘေးမှာထိုင်ပြီး ဝေ့ဖူလက်ကို ကိုင်ကာပြောလိုက်သည်။ လူတိုင်းက နှစ်သိမ့်နေကြသည်။

‘မင်းတို့ငါ့ကိုပြောစရာတစ်ခုခုရှိရမယ်။ ငါသတိရှိနေတုန်းပြောကြ အဟွတ် အဟွတ်…’ ဝေ့ဖူက သူတို့မျက်နှာတွေကိုကြည့်ရင်း အားနည်းစွာပြောလိုက်သည်။

‘ဒါက…’ ဝေ့ချန်ယဲ့နှင့် အခြားလူများရဲ့ မျက်နှာပြောင်းသွားသည်။ ပြီးနောက် ဝေ့ချန်ကုံးကို ကြည့်လိုက်ကြသည်။ အကြီးဆုံးသားဆုံးပြီးတည်းက ဒုတိယသားဖြစ်သော သူက အမွေခွဲဖို့ပြောရန် ပိုသင့်တော်သည်။

‘အိုကေ လူတိုင်းက ငါ့ကိုကြည့်နေတော့ စကားနည်းနည်းပြောပါရစေ’

‘အဖေ ဒီကိစ္စက အမွေခွဲပေးခဲ့လားလို့ပါ။ မဟုတ်လျှင် အခုသတိရတုန်း ခွဲကြရအောင်။ တခြားကြောင့်တော့မဟုတ်ပါဘူး ကျွန်တော်တို့မိသားစုစီးပွားရေးက ကြီးတော့ အဖေ အမွေတစ်ခါတည်းခွဲပေးထားလျှင် နောင်ပြဿနာမတက်တော့ဘူးပေါ့’ ဝေ့ချန်ကုံးက စဉ်းစားသောပုံစံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။

‘ဟုတ်တယ် ကျွန်တော်တို့လည်း အဲ့ဒါပဲပြောချင်တာ’

‘ဟုတ်တယ်အဖေ နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်သူမရှိလျှင်မဖြစ်သလို မိသားစုမှာလည်းခေါင်းဆောင်ရှိမှရမယ်။ စောစောစီးစီးစီစဉ်ထားတော့ ကောင်းတာပေါ့’ ဝေ့ချန်ယဲ့နဲ့ အခြားလူများကလည်း သဘောတူသည်။

အဖိုးကြီးက ဝေ့ပင်ချင်းကို အကုန်နီးပါးပေးပစ်မှာ သူတို့စိုးရိမ်သည်။ သူတို့ရှေ့မှာ အမွေခွဲမှ ကျေနပ်ကြမှာပါ။

‘အဟွတ် အဟွတ် အဟွတ်..မင်းတို့တွေ ဒီကထွက်သွား’ ဝေ့ဖူက အိပ်ယာကို ရိုက်ရင်းအော်လိုက်သည်။

သူကသေလမ်းကို လှမ်းနေပြီ ဒီမျိုးဆက်တွေက အမွေပဲအတင်းတောင်းနေသည်။ ဘယ်မှာလဲ သံယောဇဉ်။

ထို့နောက် ဝေ့ဖူမှာ လည်ချောင်းက ချိုလာပြီး သွေးများကို ထွေးထုတ်လိုက်ကာ သတိလစ်သွားသည်။


Comment

Leave a Reply

Options

not work with dark mode
Reset