Switch Mode

အပိုင်း(၂၉)

အသက်ဆက်ဆေး

ဒီဗီလာကတော့ ဝေ့မိသားစုရဲ့ စံအိမ်ဟောင်းဖြစ်ပြီး ဝေ့ဖူမှာ ထိုအိမ်၌နေသည်။ ဝေ့မိသားစုဝင်အများစုမှာ ပထမထပ်ရှိ ဧည့်ခန်း၌ထိုင်နေပြီး ဝေ့ကျီဖန်လည်း ထိုအထဲမှာပါ။

‘ဒီအချိန်က အဖိုးကြီး သတိလစ်ရမယ့်အချိန်မဟုတ်ဘူး ဟေး..’ စတုတ္ထမြောက်သားဖြစ်တဲ့ ဝေ့ချန်ယဲ့က သက်ပြင်းချလိုက်သည်။

‘အဖိုးကြီးက သေတန်းစာတော့ရေးခဲ့ချင်ရေးခဲ့မှာ မဟုတ်ဘူးလို့ဘယ်သူ ပြောမလဲ’ ဝေ့ချန်လီက ကျောက်စိမ်းလည်ဆွဲလေးကို ထိပြီး စိတ်လောနေသည်။

‘ငါကြောက်တာက အဖိုးကြီးက ပင်ချင်းကို သူ့ပိုင်ဆိုင်မှုအများစု ပေးခဲ့မှာကိုပဲ။ ဒီလိုသာဆို ငါတို့ငိုစရာတောင် ရှိတော့မှာမဟုတ်ဘူး’ ဝေ့ချန်ယဲ့ရဲ့ ဇနီးဝမ်ချင်းက ထူးဆန်းစွာပြောလိုက်သည်။

‘ဟုတ်တယ် ငါလည်းအဲ့ဒါကို အကြောက်ဆုံးပဲ’။

‘အဖိုးက အမြဲတမ်း ဝေ့ပင်ချင်းနဲ့ပက်သက်လျှင်အလိုလိုက်လွန်းတယ်’ ဝေ့ကျီဖန်ကလည်း ပြောလိုက်သည်။

‘ဒေါက်တာကျောက် ရောက်လာလျှင် အဖိုးကြီး ခဏတော့ သေဦးမှာမဟုတ်ဘူး။ ငါတို့တစ်ခါတည်း အမွေတောင်းရမယ်။ ကျန့်ကြာလို့မဖြစ်ဘူး’ ဝေ့ချန်ယဲ့ က စားပွဲခုံကို ခေါက်ရင်း လေးနက်စွာပြောလိုက်သည်။

တခြားသူတွေကလည်း အသီးသီးခေါင်းငြိမ့်ကြသည်။ ထိုစဉ် ဝေ့ပင်ချင်းက လီဖန်းကို ခေါ်ပြီး ဧည့်ခန်းထဲကို ဝင်လာသည်။

ဝေ့ချန်ယဲ့နဲ့ အခြားသူတွေဟာ ပါးစပ်ပိတ်ပြီး လီဖန်းကို အံ့ဩစွာကြည့်လိုက်ကြသည်။ မဟုတ်သေးဘူး ဝေ့ပင်ချင်းက ယောက်ျားတစ်ယောက်ခေါ်လာတယ်။ သူမကရည်းစားတောင်မထားဖူးပါဘူး။

‘ဝေ့ပင်ချင်း သူ့ကိုဘယ်လိုလုပ် စံအိမ်ဟောင်းကို ခေါ်လာရဲတာလဲ’ ဝေ့ကျီဖန်က မတ်တပ်ရပ်ကာ လက်ညှိုးထိုးရင်း ပြောလိုက်သည်။

‘ကျီဖန် မင်းသူ့ကိုသိလို့လား’ ဝေ့ချန်ယဲ့က ရှုပ်ထွေးစွာမေးလိုက်သည်။ လူတိုင်းကလဲ ဝေ့ကျီဖန်ကို စပ်စုစွာကြည့်လိုက်သည်။

‘သူကလီဖန်းပဲ’ ဝေ့ကျီဖန်က အံကြိတ်ကာပြောလိုက်သည်။

အဖြေကိုကြားတော့ လူတိုင်းက ထူးဆန်းစွာ ရုတ်တရက် ခံစားလိုက်ရသည်။ လီဖန်းနဲ့ ဝေ့ကျီဖန်တို့ရဲ့ ရန်ကြွေးကို သူတို့သိသည်။

ပြီးတော့ ဝေ့ပင်ချင်းကလည်း သူ့ကိုကာကွယ်ပေးခဲ့သည်။ အခု သူမက စံအိမ်ဟောင်းကိုတောင် ခေါ်လာသည်။ လီဖန်းနဲ့ သူမရဲ့ဆက်ဆံရေးဟာ သာမန်တော့မဖြစ်နိုင်ပါ။

‘အဖိုးအခု ဘယ်လိုနေလဲ’ ဝေ့ပင်ချင်းက သူတို့ရဲ့ထူးဆန်းတဲ့ မျက်လုံးတွေကို ဂရုမစိုက်ပါ။ သူမသိချင်တာကိုသာ တိုက်ရိုက်မေးလိုက်သည်။

‘ဒေါက်တာကျောက်က သူ့ကိုကယ်ဖို့ အကောင်းဆုံးကြိုးစားနေတယ်။ လီဖန်း ဒီနေရာကမင်းလာရမယ့်နေရာမဟုတ်ဘူး။ အခုထွက်သွား’ ဝေ့ချန်ယဲ့က လီဖန်းကိုအော်လိုက်သည်။

‘ညီ(၄)မင်းသူ့ကို မောင်းထုတ်လို့မရဘူး။ သူက အဖိုးကြီးကို ကြည့်ဖို့လာတာ’ ဝေ့ချန်ကုံးက ဧည့်ခန်းကို ဝင်လာရင်း ထူးဆန်းစွာပြောလိုက်သည်။ သူ့နောက်မှာတော့ ဖန်းဝေက လီဖန်းကို နာကြည်းစွာကြည့်နေသည်။ မျက်လုံးကသာ သတ်လို့ရလျှင် လီဖန်းက အခုဆို မသာဖြစ်နေပါပြီ။

‘ဘာ အဖိုးကြီးကို ကုပေးမလို့၊ သူကလား’

‘ဟေး သူ့ကိုယ်သူ တရုတ်တိုင်းရင်းဆေးဆရာများမှတ်နေလား။ အဖိုးကြီးကို ကြည့်ချင်တယ်ဆိုပဲ။ အဓိပ္ပာယ်မဲ့လိုက်တာ’

‘ငါထင်တာတော့ သူက ငါတို့ဝေ့မိသားစုရဲ့ မြင့်မားတဲ့ အကိုင်းအခက်ကို တက်ဖို့ အခွင့်အရေးရှာနေတာ’

ဝေ့ချန်ယဲ့နဲ့ အခြားလူတွေက လီဖန်းကို ဝိုင်းလှောင်ကြသည်။

ဝေ့ကျီဖန်ကို ရုံးခန်းထဲက လွှင့်ပစ်လိုက်တည်းက ဝေ့မိသားစုနဲ့ လီဖန်းနဲ့က ရန်သူတွေဖြစ်သွားပါပြီ။ ဝေ့ပင်ချင်းသာ ကျန်သည်။

လီဖန်းက ပြုံးလိုက်သည်။ ဝေ့မိသားစုက စိတ်သဘောထားဒီလောက် သေးသိမ်ကြလိမ့်မယ်လို့ သူမထင်ထားခဲ့ပါ။ ပုံမှန်လူဆိုလျှင် တခြားသူက သူတို့အဖေကို ကယ်မယ်ပြောတာနဲ့တင် ပြုံးကာ ကျေးဇူးတင်ကြောင်းပြောလေ့ရှိသည်။

ဒါပေမယ့် သူတို့ကတော့ လှောင်ပြောင်ကာ စော်ကားတာပဲလုပ်ကြသည်။ လီဖန်းအသာထား ရုပ်ထုတောင် ဒေါသထွက်သွားနိုင်သည်။

‘သောက်ပါးစပ်ကိုပိတ်ထားကြ မင်းတို့အကုန်လုံး။ ငါလာချင်တယ်လို့ထင်နေတာလား။ မစ်ဝေ့မျက်နှာကြောင့်သာ’

‘မင်းတို့ကိုပြောလိုက်မယ်။ ငါ့မှာ အသက်ဆက်နိုင်တဲ့ မှော်ဆေးတစ်လုံးရှိတယ်။ မင်းတို့ သောက်ချိုးမပြေလာလုပ်နေလျှင် ဒီကသခင်လေးက ပြန်တော့မှာ’။

လီဖန်းရဲ့ စကားက မိုးကြိုးပစ်လိုက်သလိုပါပဲ။ ဝေ့ချန်ကုံးနဲ့ အခြားလူတွေကို နေရာတင်ရပ်တန့်သွားစေသည်။

‘လီဖန်း မင်းပြောလိုက်တဲ့ မှော်ဆေးလုံးရဲ့ အာနိသင်ကဘာ’ ဝေ့ပင်ချင်းက ထိပ်ဆုံးမှမေးလိုက်သည်။

အဖိုးကြီးက ဦးနှောက်သွေးကြောရောဂါဖြစ်နေတာပါ။ ခေတ်အမှီဆုံးဆေးဝါးနဲ့ ပစ္စည်းတွေသုံးထားပြီး အကျွမ်းကျင်ဆုံး သူနာပြုတွေက ပြုစုပေမယ့် သူမအဖိုးက သိပ်မနေရတော့ဘူးဆိုတာ သိသာသည်။ လီဖန်းပြောတဲ့ အသက်ဆက်ဆေးရှိတယ်ဆိုတာက သူမရဲ့ အကြီးဆုံးအံ့အားသင့်မှုပါ။

‘သူ့ဘာသူဘာပဲဖြစ်နေနေ ဒီဆေးသောက်ပြီးလျှင် အသက်ကို နှစ်ဝက်လောက် ဆွဲထားနိုင်တယ်’ လီဖန်းးက သူ့လက်ထဲမှ ကြွေပုလင်းကို ပြလိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်သည်။

‘နှစ်ဝက်….’ဝေ့ပင်ချင်းခန္ဓာကိုယ်လေးက သိမ့်သိမ့်တုန်သွားသည်။ နှစ်ဝက်ကတိုပေမယ့် ပျော်ရွှင်စရာကိစ္စပါပဲ။ ဆေးရဲ့ မှော်အဆန်ဆုံးက သောက်လိုက်တာနဲ့ ဘယ်လိုအခြေအနေရောက်ရောက် အသက်နှစ်ဝက် ရှည်တယ်ဆိုတာပဲ။

‘ဟေး ဘာမှော်ဆေးလဲ။ ငါထင်တာတော့ လူလိမ်ပဲဖြစ်မယ်။ ငါတို့ဝေ့မိသားစုကို လိမ်ချင်နေတာ’ ဝေ့ချန်ယဲ့က ပြောလိုက်သည်။

‘ဘာမှော်ဆေးလဲ တစ်သက်နဲ့တစ်ကိုယ် ကြားတောင်မကြားဖူးဘူး။ ဒီလို သူများခိုင်းတာလုပ်ရတဲ့ အလုပ်သမားက အသက်ဆက်ဆေးရှိတယ်တဲ့လား။’ ဝေ့ကျီဖန်က အထင်သေးစွာပြောလိုက်သည်။

ဒီလိုဆေးမျိုးသာရှိလျှင် အလုပ်လုပ်နေမှာလား။ ချမ်းသာတဲ့သူကို သွားရောင်းပြီး ထိုင်စားလို့ရသည်။ ဒီကမ္ဘာမှာ သေမှာကြောက်တဲ့ လူချမ်းသာတွေ အများကြီးရှိသည်။ နှစ်ဝက်အတွက် သူတို့ သန်းပေါင်းများစွာကို အကုန်ကျခံနိုင်ရာ လူပေါင်းများစွာက အပြေးလာဝယ်ကြလိမ့်မည်။

‘ဟန့် အသက်ဆက်နိုင်တဲ့ ဆေးဆိုတာရှိလျှင်တောင် သေချာသိမ်းထားရမှာ။ မင်းကသွားလေရာသယ်တယ်တဲ့လား။ ဒါ ဆေးအတုပဲဖြစ်ရမယ်’ ဝေ့ချန်ကုံးက ပြောလိုက်သည်။

‘ဆေးကို တစ်ချက်လောက်ပြလို့ရမလား’ လူတိုင်းက ဝိုင်းပြောနေစဉ်မှာပြ မီးခိုးရောင်း ကုတ်အင်္ကျီဖြင့် အဖိုးကြီးတစ်ယောက်က လူငယ်တစ်ယောက်နှင့် ဒုတိယ အထပ်မှ ဆင်းလာပြီး ပြောလိုက်သည်။

အဖိုးကြီးပေါ်လာတာနဲ့ ဝေ့ချန်ကုံးနဲ့ အခြားလူများက မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။ ဝေ့ပင်ချင်းတောင်မှ ချက်ချင်း အဖိုးကြီးကို လှည့်ကာနှုတ်ဆက်လိုက်သည်။

ထိုအဖိုးကြီးမှာ ကျောက်ကျီလို့ခေါ်ပြီး တရုတ်နှင့် အနောက်တိုင်း ဆေးပညာနှစ်မျိုးကိုပေါင်းစပ်ခဲ့ပြီး တရုတ်ဆေးလောကမှာ ဩဇာကြီးမားကာ  ကမ္ဘာ့အဆင့်တွင်လည်း ကျော်ကြားသည်။

ကျောက်ကျီနောက်မှ လူငယ်မှာ ကျောက်ပန်ဖြစ်ပြီး သူ၏မြေးဖြစ်ကာ ဆေးပညာမှာ ထူးချွန်လှသည်။

‘မရဘူး’ လီဖန်းက ခေါင်းကိုရမ်းကာ ငြင်းလိုက်ပြီး ဆေးပုလင်းကိုပြန်သိမ်းလိုက်သည်။ ဒါက စနစ်ကထုတ်ထားတာပါ။ ကမ္ဘာပေါ်မှာ တစ်လုံးတည်းရှိမှာ သေချာသည်။ ဘယ်သူ့ကိုပြပြ သိမှာမဟုတ်ပါ။

ပြီးတော့ ဒီအဖိုးကြီးကို သူလည်းမသိပါဘူး။ သူအခုလုပ်ကမှာက ဝေ့ပင်ချင်းရဲ့ ယုံကြည်မှုရဖို့ပါ။ သူမရဲ့အာမခံချက်နဲ့ ဝေ့ဖူကို ဆေးတိုက်လိုက်လျှင် ဆေးစွမ်းကို ယုံသွားကြမှာပါ။

‘မင်းမပေးရဲဘူးလို့ငါထင်တယ်။ အနည်းဆုံးတော့ မှော်ဆေးဆိုတာကို ငါတစ်ခါမှမကြားဖူးဘူး။ အဖိုးရောကြားဖူးလား’ ကျောက်ပန်က လီဖန်းကို လှောင်လိုက်သည်။

‘ငါလည်းမကြားဖူးဘူး’ ကျောက်ကျီလည်း ခေါင်းယမ်းကာပြောလိုက်သည်။

‘ပင်ချင်း မင်းကြားလိုက်လား။ ဒေါက်တာကျောက်တောင် မကြားဖူးတာ လီဖန်းက လူလိမ်ဖြစ်ရမယ်’။

‘ဟုတ်တယ်ဒေါက်တာကျောက်က ကမ္ဘာမှာကျော်ကြားတဲ့ ဆေးဆရာတစ်ယောက်ပဲ။ သူမသိတဲ့ဆေးရှိမလား။ ငါ့အထင်တော့ လီဖန်းကို မောင်းထုတ်သင့်တယ်’

ဝေ့ချန်ကုံးနှင့် အခြားလူများမှာ လီဖန်းကို တစ်ယောက်ပြီးတစ်ယောက်စွပ်စွဲလေသည်။

သူတို့ပြောတာကိုကြားတော့ ဝေ့ပင်ချင်းလည်း တွန့်ဆုတ်လာသည်။ ဒါကိုမြင်တော့ လီဖန်းမှာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူမတောင်သူ့ကို မယုံလျှင် သူကထွက်သွားဖို့ပဲ ရှိတော့တာပါ။

သူမနဲ့ပက်သက်တဲ့တာဝန်နှစ်ခုလည်း လုပ်နိုင်မှာမဟုတ်တော့ပါ။ အငယ်ကောင်က ၂cmတိုရပြီလား။

တိုသွားပြီး လျှင်ငါက ၁၈cmရှိတော့မှာပေါ့။

သွားပါပြီကွာ…@#$$%^^&*


Comment

Leave a Reply

Options

not work with dark mode
Reset